Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ၁၀-မျိုး

မြတ်စွာဘုရားသခင်သည် လူသာမန် နတ်သာမန် တို့နှင့် မတူ ခြားနားသော ပင်ကိုယ် အသိဥာဏ် ရှိတော်မူ၏၊ အမျိုးမျိုးသော ထိုဥာဏ်တော် တို့ ရှိခြင်းကြောင့်ပင် သတ္တ၀ါ တစ်ဦးတစ်ယောက်ကို မြင်သည်နှင့် ဤသူသည်
ရာဂစရိုက်ရှိ၏၊ ဘယ်သို့သော တရားကို ဟောလိုက်လျင် တရားထူးရနိုင်သည်၊ ဤသူသည် ဒေါသစရိုက်၊ ဒေါသအားကြီး၏၊ ဤသူသည် မောဟစရိုက်၊ မောဟများလွန်း၏၊ ဤသူသည် သဒ္ဓါစရိုက် သဒ္ဓါတရား ယုံကြည်မှု အားကောင်း၏၊ ဤသူသည် ၀ိတက် စရိုက် အကြံအစည် သံသယများလွန်း၏၊ ဤသူသည် ဗုဒ္ဓိစရိုက် ပညာကို အလေးထား၏၊ ပညာဥာဏ် ကြီးမား၏၊ ဤသတ္တ၀ါအား ပညာနှုင့်စပ်သော ခက်ခဲ နက်နဲသော အကြောင်းအရာကို အခြေခံကာ တရားဟောလိုက်လျင် ကျွတ်တမ်းဝင်နိုင်လိမ့်မည် စသည်ဖြင့် သိတော်မူနိုင်၏၊
ယခုခေတ် တရားဟောကြသည်ကား မည်သူမျှ ဘုရားရှင်လို မသိနိုင်သောကြောင့် မှန်းခြေနှင့် ဟောကြရ၏၊ သို့ကြောင့်ပင် ယခုခေတ်၌ တရားနာရင်း တရားထူးရသူလည်း ရှိနိုင်မည် မဟုတ်ပေ၊ မိမိတို့ကိုယ်တိုင် မနေမနား အားထုတ် ကျင့်ကြံနိုင်မှသာ ရနိုင်မည်ထင်၏၊ အားတက်စရာရှိသည်ကား စွဲစွဲမြဲမြဲ အားထုတ်ကြည့်ပါက မိမိသည် သတိပဋ္ဌာန်လေးပါးတွင် အဘယ်သတိပဋ္ဌာန်နှင့် သင့်လျော်သည်၊ ဘယ်ဟာကို အားထုတ်ရတာဖြင့် သိပ်သမာဓိရလွယ်သည်၊ အကြိုက်တွေ့မိသည် စသည်ဖြင့် မိမိကိုယ်ကို ဆန်းစစ်တတ် လာ၏၊ စာရေးသူအနေဖြင့်ကား ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို အလွန်ကြိုက်၏၊ ဝေဒနာတက်လေ ရှုမှတ်ရတာ အားရပြီး စိတ်တည်ငြိမ်လေပင်၊

သတ္တ၀ါတို့သည်ကား ရှေးအတိတ် ဘ၀ါဘ၀များစွာက ဖြည့်ဆည်းပူးအပ်သော ကုသိုလ် အကုသိုလ်ကံများ မတူညီကြသောကြောင့် အကြိုက်ချင်း ခံစားချက်ချင်း သင့်လျော်သော ကမ္မဋ္ဌာန်းချင်းလဲ မတူညီကြပေ။ မိမိခန္ဓာကိုယ်သည် အဘယ်ကမ္မဋ္ဌာန်းကို အကြိုက်တွေ့သည် သင့်လျော်သည်ကိုသာ သတိထားကြည့်ဖို့ လိုအပ်ပေသည်။တရားအားထုတ်စဉ် သမထအစွမ်းကြောင့် ပေါ်လာသော နတ်ပြည် ငရဲပြည် လူတို့၏ အသားစု အရိုးစု သွေးသံရဲရဲ၊ ခန္ဓာတွင်းမှ အရေ အသား အကြော စသော မြင်ကွင်းများ နှင့် သူသေကောင် ဘီလူး ဖုတ် တစ္ဆေ စသည်ကို မြင်နိုင်ခြင်းစသော အာရုံတို့သည်လည်း တစ်ယောက်နှင့် တစ်ယောက် တူညီနိုင်မည် မဟုတ်ပေ၊ ဥာဏ်တော်အကြောင်း ရေးရင်းဖြင့် ၀ိပဿနာတရားအကြောင်း ရေးနေမိ၏၊ ဥာဏ်တော်အကြောင်းကို ဆက်ပါအုံးမည် ၊ ထိုဥာဏ်တော် အမျိုးအစားတို့ကို သရုပ်ခွဲလိုက်ပါက ( ၁၀ ) မျိုး ရှိကြောင်း ထိုထို ကျမ်းဂန်များတွင် ပြဆို ကြ၏၊ ထိုဥာဏ်တော်တို့အား လက်လှမ်းမှီသမျှ ဖော်ပြအပ်ပါသည်။

(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် -

အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်၊ ( ဥပမာအားဖြင့် ရုပ် နာမ် ဓမ္မ သင်္ခါရတရား တို့ကို မြဲခြင်းစသည် အားဖြင့် နိစ္စ ၊ သုခ ၊ အတ္တ ရှု့မှတ်ခြင်းသည် လမ်းမှန် မဟုတ်ပေ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှ လမ်းမှန်ဟု မည်သူမှ လမ်းညွှန်မှု မရှိပဲ ကိုယ်တော်တိုင် သိတော်မူခြင်းဖြစ်၏ )

(၂) အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော်

သတ္တ၀ါ တစ်ဦး၏ အတိတ် အနာဂါတ် ပစ္စုပ္ပန်၌ ရှိနေကုန်သောကုသိုလ် အကုသိုလ်ကံတို့ကို၎င်း၊ ထိုကံတို့၏ အကျိုးကို၎င်း၊ ယင်းကံတို့ကို ထောက်ပံ့နေသော ဥပတ္ထမ္ဘကအကြောင်း၊ တိုက်ရိုက် ဟေတု အကြောင်းအားဖြင့် အလုံးစုံသော ကံတို့၏ ရှေ့ဖြစ် နောက်ဖြစ် အားလုံး ကို သိတော်မူသော ဥာဏ်တော်ဖြစ်၏။
( ဥပမာ သတ္တ၀ါတစ်ဦး၏ လက်ရှိ ကာလ၊ ရောက်ရှိနေရာဘုံဘ၀ ဂတိ၊ တည်ရာ ဥပဓိ၊ ကိုယ်နှုတ်စိတ် သုံးပါး ဟူသော ပယောဂလုလ္လ၊ သမထ ၀ိပဿနာဟူသော အကြောင်းတို့ ပြည့်စုံမှ အကျိုးပေးနိုင်ကြောင်း စသည်ဖြင့် သိတော်မူနိုင်၏ )

(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်

အလုံးစုံကုန်သောသုဂတိ၊ ဒုဂ္ဂတိ ဘ၀တို့သို့ရောက်ကြောင်းဖြစ်သော ကျင့်စဉ် လမ်းစဉ်ကို သိတော်မူသော ဥာဏ်တော်၊( ဥပမာအားဖြင့် ဤအကျင့်ကိုလျင် နတ်ရွာ သုဂတိ ရောက်နိင်၏၊ ဤအကျင့်ကို ကျင့်လျင်ကား အပါယ် ငရဲ ဒုဂ္ဂတိ သို့ရောက်နိုင်၏ စသည်ဖြင့် သိတော်မူနိုင်ခြင်းဖြစ်၏ )

(၄) အနေကဓါတု နာနာဓါတု လောကဥာဏ်တော်

မတူခြားနားသော အမျိုးမျိုးသော ဓာတ် သဘာဝရှိသော သတ္တလောကကို သိတော်မူသော ဥာဏ်တော်၊
( ဥပမာအားဖြင့် ရုပ်ခန္ဓာသက်သက်သာ ရှိသော အသညသတ်ဗြဟ္မာ စသောလောကကို၎င်း၊ နာမ်ခန္ဓာ ၄ ပါးသက်သက်သာ ရှိသော အရူပဗြဟ္မာ့ဘုံစသော လောကကို၎င်း၊ ရုပ် နာမ် နှစ်ပါးစုံရှိသော လ့ဘုံ ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊ တိရိ စ္ဆာန် စသော ဘုံလောကကို၎င်း ခန္ဓာ အာယတန ဓာတ် စသည်အားဖြင့် ပိုင်းခြား သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ )

(၅) သတ္တာနံ နာနာ ဓိမုတ္တိကတာ ဥာဏ်တော်

များပြားလှစွာသော သတ္တ၀ါတို့၏ အမျိုးမျိုးသော နှလုံးသွင်း မှန် မမှန် ကို၎င်း၊ ဓာတ်ခံ ကောင်း မကောင်းကို ၄င်းသိတော်မူတတ်သော ဥာဏ်တော်ဖြစ်၏ ( ဥပမာ - သတ္တ၀ါတစ်ဦး၏ ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံ ရှိသလော၊ မြင့်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိသလော စသည်ဖြင့် ဝေနေယျတို့၏ ဟီနာဓိမုတ္တိက ၊ ပဏီတာ ဓိမုတ္တိက ဖြစ် မဖြစ်ကို ဝေဖန် သိတော်မူနိုင်ခြင်း ဖြစ်၏ )

(၆) ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော်

ယုတ်ညံ့သောသတ္တ၀ါ၊ မြင့်မြတ်သော သတ္တ၀ါတို့၏ တရားထူးရနိုင် မရနိုင် နှင့် ဣနြေ္ဒ အနု အရင့် စသည်ကို သိတော်မူနိုင်သော ဥာဏ်တော်
( ဥပမာ အားဖြင့် အပင်မှ သရက်သီးကို လှမ်းကြည့်ကာ ဤသရက်သီး မှည့်နိုင်ပြီလော၊ မမှည့်နိုင် သေးဘူးလော စသည်ဖြင့် မျှော်မှန်းကြည့်ရသကဲ့သို့ သတ္တ၀ါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံ နှင့် စရိုက်အမျိုး မျိုးကို၎င်း ကျွတ်ထိုက်ပြီလော မကျွတ်ထိုက်သေးဘူးလော၊ ဤသူ၏သန္တာန်၌ ကိလေသာနည်းသလော၊ ကိလေသာများနေသလော စသည်ဖြင့်၎င်း၊ ယုံကြည်မှုသဒ္ဓါတရား၊ ၀ီရိယ၊ သတိ ၊သမာဓိ ၊ ပညာဟူသောဣနြေ္ဒ ငါးပါးတို့ ပြည့်စုံ ရင့်ကျက်နေပြီလော၊ ယခုအချိန် တရားဟောလျင် ကျွတ်နိုင်ပြီလော မကျွတ်နိုင် သေးဘူးလော စသည်ဖြင့် သိမြင်နိုင်သောဥာဏ်တော်ဖြစ်၏။

(၇) ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသ ဝေါဒါန ၀ုဋ္ဌာန ဥာဏ်တော်

ရရှိပြီးသော ဈာန်တရား ၀ိမောက္ခတရား သမာဓိ သမာပတ်တရားတို့၏ ညစ်နွမ်းပုံ ညစ်နွမ်းကြောင်း၊ ဖြူစင်ပုံ ဖြူစင်ကြောင်း၊ ဈာန် သမာပတ်တို့မှ ထမြောက်ပုံ ထမြောက်ကြောင်း နည်းလမ်းတို့ကို အသေးစိတ် ရှင်းလင်းပီသစွာ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏။

(၈) ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော်

ရှေးကနေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်၊ ဘ၀အစဉ် တို့ကို ဘ၀ခြားသည်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ၊ ကပ်ကမ္ဘာတွေ ခြားသည်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊ ကိုယ်တော်တိုင်၏ ဘ၀ဖြစ်စဉ်ကို၎င်း၊ စကြာဝဠာအနန္တ၌ ရှိနေကြကုန်သော သုဂတိ ဒုဂ္ဂတိ သတ္တ၀ါအားလုံးတို့၏ ဘ၀ဖြစ်စဉ်ကို၎င်း သိတော်မူနိုင်သော ဥာဏ်တော် ဖြစ်၏၊
( ဤသူသည် ဘယ်ကပ်ကမ္ဘာက လူ့ဘ၀ ကို ရခဲ့ ဖြစ်ခဲ့သည်၊ မည်သူနှင့် တွေ့ခဲ့သည်၊ မည်သူနှင့် မေတ္တာ ရေစက် ရှိခဲ့ဖူးသည် စသည်ဖြင့် ဘ၀အစဉ်လိုက်ဖြစ်စေ ၊ ခုန်ကျော်ပြီးဖြစ်စေ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ ပစ္စေကဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက စသော ရဟန္တာမထေရ်မြတ်ကြီးတို့သည် ကိုယ့်ဘ၀အစဉ်ကို၎င်း၊ သူတပါးတို့၏ ဘ၀ကို၎င်း အစဉ်လိုက်သာ မြင်စွမ်းနိုင်၏၊ ဘုရားရှင်တို့သည်ကား လိုအပ်လာလျင် ခုန်ကျော်ပြီး ကြည့်လိုက ကြည့်နိုင် မြင်စွမ်းနိုင်၏။ )

(၉) စုတူပ ပါတ ဥာဏ်တော်

( စုတိ + ဥပပါတ ) သတ္တ၀ါ အားလုံးတို့၏ သေရမည့်အချိန်၊ သေခါနီးအချိန်၊ ပဋိသန္ဓေနေရမည့်အချိန်၊ ပဋိသန္ဓေနေ ပြီးခါစ အချိန်၊ စသည့် လူသာမာန်တို့ မမြင်စွမ်းနိုင်သောအရာကို သိမြင်တော်မူနိုင်သော ဥာဏ်တော်၊
( သတ္တ၀ါတစ်ဦးကို ကြည့်တော်မူကာ ဤသူသည် ဒီဘ၀မှ ဘယ်အချိန်သေလိမ့်မည်၊ ဘယ်လို သေလိမ့်မည်၊ သေပြီးက ဘယ်ဘ၀ရောက်လိမ့်မည်၊ စသည်ဖြင့် သုဂတိ ဒုဂ္ဂတိရောက်ရမည့်သူဟူသော သုဂတိပရာယဏ ဒုဂ္ဂတိပရာယဏ အားလုံးကို၎င်း၊ မိမိတို့ ပြုလုပ်ထားသော ကံအားလျော်စွာ ဖြစ်ရမည့် ယထာကမ္မူပဂ စသည်အားဖြင်၎င်း၊ အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ တစ်ချို့နေရာ၌ ဒိဗ္ဗစက္ခု အဘိဥာဏ် ဟုလည်း သုံးနှုံးကြ၏၊ ဤနေရာ၌ ဥာဏ်တော်အကြောင်းကို ဦးစားပေးကာ ရေးသား၏ )

(၁၀) အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်

အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်းကြောင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဟူသော ဥာဏ်တော်၊ ဤဥာဏ်တော်ကား ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ ကာလပတ်လုံး ပါလာသော ကိလေသာတရားတို့ကို ၀ါသနာ၊ အလေ့အကျင့်၊ အထုံပါရမီ နှင့်တကွ ပယ်သတ် အောင်မြင်တော်မူနိုင်ခြင်း ဖြစ်၏။
သဗ္ဗညု ဘုရားရှင်တို့၏ ဥာဏ်တော် ဂုဏ်တော်တို့ကို အာရုံပြုကာ ကြည်ညိုနိုင်ရန် လက်လှမ်းမှီသမျှ ကိုးကားဖော်ပြပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

ကိုးကား၊
ဥာဏ၀ိဘင်း ပါဠိတော်နှင့် အဋ္ဌကထာ
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် မဟာဝဂ္ဂ
ဖားအောက်ဆရာတော်ဘုရားကြီး၏ တရားတော်များ

သက်တန့်ချို ဝေမျှသည် ။

Photo: သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ၁၀-မျိုး 

  မြတ်စွာဘုရားသခင်သည် လူသာမန် နတ်သာမန် တို့နှင့် မတူ ခြားနားသော ပင်ကိုယ် အသိဥာဏ်  ရှိတော်မူ၏၊ အမျိုးမျိုးသော ထိုဥာဏ်တော် တို့ ရှိခြင်းကြောင့်ပင် သတ္တ၀ါ တစ်ဦးတစ်ယောက်ကို မြင်သည်နှင့် ဤသူသည် ရာဂစရိုက်ရှိ၏၊ ဘယ်သို့သော တရားကို ဟောလိုက်လျင် တရားထူးရနိုင်သည်၊ ဤသူသည် ဒေါသစရိုက်၊ ဒေါသအားကြီး၏၊ ဤသူသည် မောဟစရိုက်၊ မောဟများလွန်း၏၊ ဤသူသည် သဒ္ဓါစရိုက် သဒ္ဓါတရား ယုံကြည်မှု အားကောင်း၏၊ ဤသူသည်  ၀ိတက် စရိုက် အကြံအစည် သံသယများလွန်း၏၊ ဤသူသည် ဗုဒ္ဓိစရိုက် ပညာကို အလေးထား၏၊ ပညာဥာဏ် ကြီးမား၏၊ ဤသတ္တ၀ါအား ပညာနှုင့်စပ်သော ခက်ခဲ နက်နဲသော အကြောင်းအရာကို အခြေခံကာ တရားဟောလိုက်လျင် ကျွတ်တမ်းဝင်နိုင်လိမ့်မည် စသည်ဖြင့် သိတော်မူနိုင်၏၊
ယခုခေတ် တရားဟောကြသည်ကား မည်သူမျှ ဘုရားရှင်လို မသိနိုင်သောကြောင့် မှန်းခြေနှင့် ဟောကြရ၏၊ သို့ကြောင့်ပင် ယခုခေတ်၌ တရားနာရင်း တရားထူးရသူလည်း ရှိနိုင်မည် မဟုတ်ပေ၊ မိမိတို့ကိုယ်တိုင် မနေမနား အားထုတ် ကျင့်ကြံနိုင်မှသာ ရနိုင်မည်ထင်၏၊ အားတက်စရာရှိသည်ကား စွဲစွဲမြဲမြဲ အားထုတ်ကြည့်ပါက မိမိသည် သတိပဋ္ဌာန်လေးပါးတွင် အဘယ်သတိပဋ္ဌာန်နှင့် သင့်လျော်သည်၊ ဘယ်ဟာကို အားထုတ်ရတာဖြင့် သိပ်သမာဓိရလွယ်သည်၊ အကြိုက်တွေ့မိသည် စသည်ဖြင့် မိမိကိုယ်ကို ဆန်းစစ်တတ် လာ၏၊ စာရေးသူအနေဖြင့်ကား ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို အလွန်ကြိုက်၏၊ ဝေဒနာတက်လေ ရှုမှတ်ရတာ အားရပြီး စိတ်တည်ငြိမ်လေပင်၊

သတ္တ၀ါတို့သည်ကား ရှေးအတိတ် ဘ၀ါဘ၀များစွာက ဖြည့်ဆည်းပူးအပ်သော ကုသိုလ် အကုသိုလ်ကံများ မတူညီကြသောကြောင့် အကြိုက်ချင်း ခံစားချက်ချင်း သင့်လျော်သော ကမ္မဋ္ဌာန်းချင်းလဲ မတူညီကြပေ။ မိမိခန္ဓာကိုယ်သည် အဘယ်ကမ္မဋ္ဌာန်းကို အကြိုက်တွေ့သည် သင့်လျော်သည်ကိုသာ သတိထားကြည့်ဖို့ လိုအပ်ပေသည်။တရားအားထုတ်စဉ် သမထအစွမ်းကြောင့်  ပေါ်လာသော နတ်ပြည် ငရဲပြည် လူတို့၏ အသားစု အရိုးစု သွေးသံရဲရဲ၊ ခန္ဓာတွင်းမှ အရေ အသား အကြော စသော မြင်ကွင်းများ နှင့် သူသေကောင် ဘီလူး ဖုတ် တစ္ဆေ စသည်ကို မြင်နိုင်ခြင်းစသော အာရုံတို့သည်လည်း တစ်ယောက်နှင့် တစ်ယောက် တူညီနိုင်မည် မဟုတ်ပေ၊  ဥာဏ်တော်အကြောင်း ရေးရင်းဖြင့် ၀ိပဿနာတရားအကြောင်း ရေးနေမိ၏၊ ဥာဏ်တော်အကြောင်းကို ဆက်ပါအုံးမည် ၊ ထိုဥာဏ်တော် အမျိုးအစားတို့ကို  သရုပ်ခွဲလိုက်ပါက ( ၁၀ ) မျိုး ရှိကြောင်း ထိုထို ကျမ်းဂန်များတွင် ပြဆို ကြ၏၊  ထိုဥာဏ်တော်တို့အား လက်လှမ်းမှီသမျှ ဖော်ပြအပ်ပါသည်။

(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် -
 
အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်၊ ( ဥပမာအားဖြင့် ရုပ် နာမ် ဓမ္မ သင်္ခါရတရား တို့ကို မြဲခြင်းစသည် အားဖြင့် နိစ္စ ၊ သုခ ၊ အတ္တ ရှု့မှတ်ခြင်းသည် လမ်းမှန် မဟုတ်ပေ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှ လမ်းမှန်ဟု မည်သူမှ လမ်းညွှန်မှု မရှိပဲ ကိုယ်တော်တိုင် သိတော်မူခြင်းဖြစ်၏ )

(၂) အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော်
 
သတ္တ၀ါ တစ်ဦး၏ အတိတ် အနာဂါတ် ပစ္စုပ္ပန်၌ ရှိနေကုန်သောကုသိုလ် အကုသိုလ်ကံတို့ကို၎င်း၊  ထိုကံတို့၏ အကျိုးကို၎င်း၊ ယင်းကံတို့ကို ထောက်ပံ့နေသော ဥပတ္ထမ္ဘကအကြောင်း၊ တိုက်ရိုက် ဟေတု အကြောင်းအားဖြင့် အလုံးစုံသော ကံတို့၏ ရှေ့ဖြစ် နောက်ဖြစ် အားလုံး ကို သိတော်မူသော ဥာဏ်တော်ဖြစ်၏။
( ဥပမာ သတ္တ၀ါတစ်ဦး၏ လက်ရှိ ကာလ၊ ရောက်ရှိနေရာဘုံဘ၀ ဂတိ၊  တည်ရာ ဥပဓိ၊ ကိုယ်နှုတ်စိတ် သုံးပါး ဟူသော ပယောဂလုလ္လ၊ သမထ ၀ိပဿနာဟူသော အကြောင်းတို့ ပြည့်စုံမှ အကျိုးပေးနိုင်ကြောင်း စသည်ဖြင့် သိတော်မူနိုင်၏ )

(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော်
 
အလုံးစုံကုန်သောသုဂတိ၊ ဒုဂ္ဂတိ ဘ၀တို့သို့ရောက်ကြောင်းဖြစ်သော ကျင့်စဉ် လမ်းစဉ်ကို သိတော်မူသော ဥာဏ်တော်၊( ဥပမာအားဖြင့် ဤအကျင့်ကိုလျင် နတ်ရွာ သုဂတိ ရောက်နိင်၏၊ ဤအကျင့်ကို ကျင့်လျင်ကား အပါယ် ငရဲ ဒုဂ္ဂတိ သို့ရောက်နိုင်၏ စသည်ဖြင့် သိတော်မူနိုင်ခြင်းဖြစ်၏ )

(၄) အနေကဓါတု နာနာဓါတု လောကဥာဏ်တော်

မတူခြားနားသော အမျိုးမျိုးသော ဓာတ် သဘာဝရှိသော သတ္တလောကကို သိတော်မူသော ဥာဏ်တော်၊
( ဥပမာအားဖြင့် ရုပ်ခန္ဓာသက်သက်သာ ရှိသော အသညသတ်ဗြဟ္မာ စသောလောကကို၎င်း၊ နာမ်ခန္ဓာ ၄ ပါးသက်သက်သာ ရှိသော အရူပဗြဟ္မာ့ဘုံစသော လောကကို၎င်း၊ ရုပ် နာမ် နှစ်ပါးစုံရှိသော လ့ဘုံ ကာမာဝစရ နတ်ပြည်ခြောက်ထပ်၊  တိရိ စ္ဆာန် စသော ဘုံလောကကို၎င်း ခန္ဓာ အာယတန ဓာတ် စသည်အားဖြင့် ပိုင်းခြား သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ )

(၅) သတ္တာနံ  နာနာ ဓိမုတ္တိကတာ ဥာဏ်တော်

များပြားလှစွာသော သတ္တ၀ါတို့၏ အမျိုးမျိုးသော နှလုံးသွင်း မှန် မမှန် ကို၎င်း၊ ဓာတ်ခံ ကောင်း မကောင်းကို ၄င်းသိတော်မူတတ်သော ဥာဏ်တော်ဖြစ်၏ ( ဥပမာ - သတ္တ၀ါတစ်ဦး၏  ယုတ်ညံ့သော နှလုံးသွင်း ဓာတ်ခံ ရှိသလော၊ မြင့်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိသလော စသည်ဖြင့် ဝေနေယျတို့၏ ဟီနာဓိမုတ္တိက ၊ ပဏီတာ ဓိမုတ္တိက ဖြစ် မဖြစ်ကို ဝေဖန် သိတော်မူနိုင်ခြင်း ဖြစ်၏ )

(၆) ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော်

ယုတ်ညံ့သောသတ္တ၀ါ၊ မြင့်မြတ်သော သတ္တ၀ါတို့၏ တရားထူးရနိုင် မရနိုင် နှင့်  ဣနြေ္ဒ အနု အရင့် စသည်ကို သိတော်မူနိုင်သော ဥာဏ်တော်
( ဥပမာ အားဖြင့် အပင်မှ သရက်သီးကို  လှမ်းကြည့်ကာ ဤသရက်သီး မှည့်နိုင်ပြီလော၊ မမှည့်နိုင် သေးဘူးလော စသည်ဖြင့် မျှော်မှန်းကြည့်ရသကဲ့သို့ သတ္တ၀ါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံ နှင့် စရိုက်အမျိုး မျိုးကို၎င်း  ကျွတ်ထိုက်ပြီလော မကျွတ်ထိုက်သေးဘူးလော၊ ဤသူ၏သန္တာန်၌ ကိလေသာနည်းသလော၊ ကိလေသာများနေသလော စသည်ဖြင့်၎င်း၊ ယုံကြည်မှုသဒ္ဓါတရား၊ ၀ီရိယ၊ သတိ ၊သမာဓိ ၊ ပညာဟူသောဣနြေ္ဒ ငါးပါးတို့ ပြည့်စုံ ရင့်ကျက်နေပြီလော၊ ယခုအချိန် တရားဟောလျင် ကျွတ်နိုင်ပြီလော မကျွတ်နိုင် သေးဘူးလော စသည်ဖြင့် သိမြင်နိုင်သောဥာဏ်တော်ဖြစ်၏။

(၇) ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသ ဝေါဒါန ၀ုဋ္ဌာန ဥာဏ်တော်

ရရှိပြီးသော ဈာန်တရား ၀ိမောက္ခတရား သမာဓိ သမာပတ်တရားတို့၏ ညစ်နွမ်းပုံ ညစ်နွမ်းကြောင်း၊ ဖြူစင်ပုံ ဖြူစင်ကြောင်း၊ ဈာန် သမာပတ်တို့မှ ထမြောက်ပုံ ထမြောက်ကြောင်း နည်းလမ်းတို့ကို အသေးစိတ် ရှင်းလင်းပီသစွာ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏။

(၈) ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော်

 ရှေးကနေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်၊ ဘ၀အစဉ် တို့ကို ဘ၀ခြားသည်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ၊ ကပ်ကမ္ဘာတွေ ခြားသည်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊ ကိုယ်တော်တိုင်၏ ဘ၀ဖြစ်စဉ်ကို၎င်း၊ စကြာဝဠာအနန္တ၌ ရှိနေကြကုန်သော သုဂတိ ဒုဂ္ဂတိ သတ္တ၀ါအားလုံးတို့၏ ဘ၀ဖြစ်စဉ်ကို၎င်း သိတော်မူနိုင်သော ဥာဏ်တော် ဖြစ်၏၊
( ဤသူသည် ဘယ်ကပ်ကမ္ဘာက  လူ့ဘ၀ ကို ရခဲ့ ဖြစ်ခဲ့သည်၊ မည်သူနှင့် တွေ့ခဲ့သည်၊ မည်သူနှင့်  မေတ္တာ ရေစက် ရှိခဲ့ဖူးသည် စသည်ဖြင့် ဘ၀အစဉ်လိုက်ဖြစ်စေ ၊ ခုန်ကျော်ပြီးဖြစ်စေ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ ပစ္စေကဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက စသော ရဟန္တာမထေရ်မြတ်ကြီးတို့သည် ကိုယ့်ဘ၀အစဉ်ကို၎င်း၊ သူတပါးတို့၏ ဘ၀ကို၎င်း အစဉ်လိုက်သာ မြင်စွမ်းနိုင်၏၊ ဘုရားရှင်တို့သည်ကား လိုအပ်လာလျင် ခုန်ကျော်ပြီး ကြည့်လိုက ကြည့်နိုင် မြင်စွမ်းနိုင်၏။ )

(၉) စုတူပ ပါတ ဥာဏ်တော်

( စုတိ + ဥပပါတ ) သတ္တ၀ါ အားလုံးတို့၏ သေရမည့်အချိန်၊ သေခါနီးအချိန်၊ ပဋိသန္ဓေနေရမည့်အချိန်၊ ပဋိသန္ဓေနေ ပြီးခါစ အချိန်၊ စသည့် လူသာမာန်တို့ မမြင်စွမ်းနိုင်သောအရာကို သိမြင်တော်မူနိုင်သော ဥာဏ်တော်၊
( သတ္တ၀ါတစ်ဦးကို ကြည့်တော်မူကာ ဤသူသည် ဒီဘ၀မှ ဘယ်အချိန်သေလိမ့်မည်၊ ဘယ်လို သေလိမ့်မည်၊ သေပြီးက ဘယ်ဘ၀ရောက်လိမ့်မည်၊ စသည်ဖြင့် သုဂတိ ဒုဂ္ဂတိရောက်ရမည့်သူဟူသော သုဂတိပရာယဏ ဒုဂ္ဂတိပရာယဏ အားလုံးကို၎င်း၊ မိမိတို့ ပြုလုပ်ထားသော ကံအားလျော်စွာ ဖြစ်ရမည့် ယထာကမ္မူပဂ စသည်အားဖြင်၎င်း၊   အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူနိုင်ခြင်း ဖြစ်၏ တစ်ချို့နေရာ၌ ဒိဗ္ဗစက္ခု အဘိဥာဏ် ဟုလည်း သုံးနှုံးကြ၏၊ ဤနေရာ၌ ဥာဏ်တော်အကြောင်းကို ဦးစားပေးကာ ရေးသား၏ )

(၁၀) အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်

 အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်းကြောင့်  သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဟူသော ဥာဏ်တော်၊ ဤဥာဏ်တော်ကား  ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ ကာလပတ်လုံး ပါလာသော ကိလေသာတရားတို့ကို ၀ါသနာ၊ အလေ့အကျင့်၊ အထုံပါရမီ နှင့်တကွ ပယ်သတ် အောင်မြင်တော်မူနိုင်ခြင်း ဖြစ်၏။
သဗ္ဗညု ဘုရားရှင်တို့၏ ဥာဏ်တော် ဂုဏ်တော်တို့ကို အာရုံပြုကာ ကြည်ညိုနိုင်ရန် လက်လှမ်းမှီသမျှ ကိုးကားဖော်ပြပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
 
ကိုးကား၊
ဥာဏ၀ိဘင်း ပါဠိတော်နှင့် အဋ္ဌကထာ
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် မဟာဝဂ္ဂ
ဖားအောက်ဆရာတော်ဘုရားကြီး၏ တရားတော်များ

သက်တန့်ချို ဝေမျှသည် ။
>>>ဆက်ဖတ်ရန်>>> >>

မြန်မာတိုင်းရင်းသားတိုင်း နမူနာယူသင့်တယ် ...

သြစတြေလျ ၀န်ကြီးခုပ်ရဲ့ ရဲရင့် ပြတ်သားမှုကို သဘောကျလို့ တဆင့် ကူးယူဖေါ်ပြလိုက်ပါတယ်-

သြစတေးလျဝန်ကြီးချုပ် ဂျုလီယာဂျီလပ်ရဲ့ နိုင်ငံသားဖြစ်တည်မှုနဲ့ ရပိုင်ခွင့် အပေါ် သဘောထား
သြစတြေးလျဝန်ကြီးချုပ် ဂျုလီယာဂျစ်လတ်က အစ္စလမ်ရှာရိယ ဥပဒေနဲ့အညီ နေထိုင်လိုတယ်ဆိုတဲ့ သြစတြေးလျ မွတ်ဆလင်တွေကို ဒီက ထွက်သွားကြဖို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြီးတွေကို တာဆီးနိုင်ဖို့ရာ အစိုးရက အစွန်းရောက်သမားတွေအပေါ် ဦးတည်အာရုံစိုက်နေချိန်မှာ ဒီလို ပြောကြားလိုက်တာပါ။
သီးခြားအနေနဲ့ ဂျီလတ်က နိုင်ငံက မွတ်ဆလင်ဗလီတွေကို သူလျှိုအဖွဲအစည်းတွေကနေ စောင့်ကြပ်ကြည့်ရှုနေတာကို ထောက်ခံ အားပေးကြောင်း ဗုဒ္ဓနေ့က ပြောကြားလိုက်လို့ သြစတြေးလျှ မွတ်ဆလင်များကို ဒေါကထွက်စေခဲ့တာပါ။

“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”

“ကျွန်မတို့ဟာ တချို့ ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို စော်ကားမိသလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျမ ငြီးငွေ့လာရပြီ။ ဘာလီကျွန်း တိုက်ခိုက်မှု ပြီးကတည်းက ကျွန်မတို့ သြစတြေးလျှသား အများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တချိန်ထိုး တိုးမြင့်လာတာတွေ သိခဲ့ရပါပြီ”

“ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀ မျှမက အမျိုးသား/သမီး သန်းပေါင်းများစွာက ရုန်းကန်ကြိုးစား တိုက်ပွဲဝင် အောင်ပွဲဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ”

“ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေ မပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ အပါးအ၀င် ဖြစ်ချင်တယ်ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ”

“သြစတြေးလျလူမျိုးအားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ် ခရစ်ယန်တချို့တလေကြောင့် လင်္ကျာဝါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်ချက် စတာတွေကြောင့် မဟုတ်ပါဘူး၊ ခရစ်ယန်အမျိုးသား အမျိုးသမီးအများက ဒီနိုင်ငံတော်ကြီးကို ခရစ်ယန်အယူဝါဒအပေါ်အခြေပြုကာ ထူထောင်ခဲ့ကြကြောင်းကို ရှင်းလင်းစွာကပ္မည်းအက္ခရာ တင်ခဲ့ကြတာပါ။”

“ဒီအကြောင်းကို ကျွန်မတို့ရဲ့ စာသင်ခန်းနံရံတွေမှာ ဖေါ်ပြထားနိုင်မယ်ဆိုရင် သင့်လျော်မှာပါ ဘုရားသခင်နဲ့ သင်အဆင်ပြေဖို့ မရှိဘူးဆိုရင် သင်ရဲ့ အိမ်ရာသစ်အတွက် ကမ္ဘာ့အခြား တစ်နေရာမှာသာ စဉ်းစားပါတော့လို့ ကျွန်မ အကြံပေးပါရစေ၊”
ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ ကျွန်မတို့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းမို့လို့ပါဘဲ။

“ကျွန်မတို့ဟာ သင်တို့ရဲ့ ယုံကြည်မှုတွေကိုလက်ခံပါတယ် ဘာညာ မေးခွန်းထုတ်နေမှာလဲ မဟုတ်ပါဘူုး။ ကျွန်မတို့တောင်းဆိုနေတာ တစ်ခုလုံးက သင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့ ကျွန်မတို့နဲ့အတူတကွ အေးအေးချမ်းချမ်း အဆင်ပြေပြေနေထိုင်သွားကြဖို့ပါဘဲ”

“ဒါဟာ ကျွန်မတို့ရဲ့တိုင်ပြည်၊ နယ်မြေ၊ နေထိုင်မှုပုံစံပါ။ အဲဒီ ခံစားစံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယန်အယူ သို့မဟုတ် ကျွန်မတို့ရဲ့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့ ကျွန်မအလေးအနက် အားပေးချင်တာက သြစတေးလျသားတို့ရဲ့ အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ “ထွက်ခွာသွားနိုင်ခွင့်” ကို ရယူလိုက်ကြဖို့ပါပဲ။

“သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူုး၊ သင်ကသာ လာနေပါစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကိုလက်ခံနိုင်တဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။”

Photo: သြစတြေလျ ၀န်ကြီးခုပ်ရဲ့ ရဲရင့် ပြတ်သားမှုကို သဘောကျလို့  တဆင့် ကူးယူဖေါ်ပြလိုက်ပါတယ်-

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အိန္ဒိယခရီးစဉ် ..

မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။
>>>ဆက်ဖတ်ရန်>>> >>

စကားဆိုတာ ..

ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။

ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။
နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခ
မ်းတော့ ငါးလေးတွေ ကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊ ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။

ငါးတွေက လက်ခံကြတယ်။ ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ ပေါ့။

ဒါကို ပုစွန်လုံးက ကောင်းကောင်းရိပ်မိတယ်။ ဒီလိုနဲ့ ငါးတွေကုန်သွားတဲ့အခါ ပုစွန်လုံးရေ…မင်းဘဲကျန်တော့တယ်၊ ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။

ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား…လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။

ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။
ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။

လည်ပင်းပြတ်ပြီး ဗျိုင်းလည်း သေပါရော။ ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။

ဒီပုံပြင်လေးကို ပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။

သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား….

တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား….

အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား….တဲ့။

ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။ ဆရာကြီး မတရားဘူး။ ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ…. ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ….

Photo: ဆရာ နန္ဒသိန်းဇံ ပြောပြသော ပုံပြင်တစ်ပုဒ်

ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။

 ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။
 နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခမ်းတော့ ငါးလေးတွေ ကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊ ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။ 

ငါးတွေက လက်ခံကြတယ်။ ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ ပေါ့။ 

ဒါကို ပုစွန်လုံးက ကောင်းကောင်းရိပ်မိတယ်။ ဒီလိုနဲ့ ငါးတွေကုန်သွားတဲ့အခါ ပုစွန်လုံးရေ…မင်းဘဲကျန်တော့တယ်၊ ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။ 

ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား…လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။ 

ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။ 
ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။ 

လည်ပင်းပြတ်ပြီး ဗျိုင်းလည်း သေပါရော။ ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။

ဒီပုံပြင်လေးကို ပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။

သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား….

တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား….

အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား….တဲ့။

ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။ ဆရာကြီး မတရားဘူး။ ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ…. ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ….
>>>ဆက်ဖတ်ရန်>>> >>

““စီးပွားဖြစ် စိုက်ပျိုးသင့်သည့် ဆေးဖက်ဝင် သဘာဝ ပြောင်းဖူး””

“'အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းေ
စတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်''
တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာရှိ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းသို့ စာရေးသူသွားရောက်လေ့လာခဲ့သည်။ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းအနီးရောက်တော့ လူများစုစုဝေးဝေးဖြစ်နေကြသည်ကို တွေ့ရပြီး MRTV-4 က အဖွဲ့သားများ ဆေးဖက်ဝင်ပြောင်းဖူးအကြောင်း သတင်းမှတ်တမ်း လာရိုက်နေသည်ကို တွေ့ရသည်။

ဦးဖိုးပြုံးနှင့်အတူ ပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ ဦးဇော်ဝင်းကိုပါ အသင့်တွေ့လိုက်ရသည်။

ပံပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်ဝင်းအား စာရေးသူသိလိုသမျှ မေးမြန်းမိသည်။

''ဆေးဖက်ဝင်ပြောင်းဖူးမျိုးကို ဘယ်နိုင်ငံက မှာယူတင်သွင်းတာပါလဲခင်ဗျာ ''

'' ဒီပြောင်းဖူးမျိုးတွေကို နိုင်ငံခြားမှ တိုက်ရိုက်မှာယူတင်သွင်းပြီး နိုင်ငံအတွင်း ပြန်လည် ရောင်းချပေးနေတာပါ။ အမြို့မြို့ အနယ်နယ်က စိုက်ပျိုးရေးမျိုးစေ့ဆိုင်တွေမှာ ၅ဝဝ ဂရမ် ပြောင်းဖူးမျိုးစေ့ တစ်ဘူးကို ငွေကျပ် ၁၄ဝဝဝ၊ တစ်ကီလို ပြောင်းဖူးမျိုးစေ့ဘူးတစ်ဘူးကို စာမျက်နှာငွေကျပ် ၂၇ဝဝဝ အထိ ရောင်းချနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီကို တိုက်ရိုက် မှာယူမယ်ဆိုရင် ဈေးနှုန်းပိုမိုသက်သာပါတယ်''ဟု ဆိုသည်။

''ဦးလေး ဒီဆေးဖက်ဝင်ပြောင်းဖူးတွေက ဘယ်လိုသဘောသဘာဝရှိသလဲဗျ''ဟု မေးရာ
''ဒီဆေးဖက်ဝင် ပြောင်းဖူးတွေက သဘာဝအနီရောင် နဲ့ ခရမ်းရောင်ပေါင်းစပ်ထားတဲ့အတွက် နီညိုရောင်ဖြစ်တယ်။ ဒေသခံတွေက ပတ္တမြားပြောင်း၊ ငချိပ်ပြောင်းလို့လည်း ခေါ်ကြတယ်။ ဈေးကွက်ဝင် စီးပွားဖြစ်နေကြလို့လည်း ဒီဆေးဖက်ဝင်ပြောင်းဖူးကို ပိုမိုစိုက်ပျိုးလာကြတယ်။ ပြောင်းဖူးရဲ့အူတိုင် ပြောင်းဖူးအဆံ အားလုံးက နီညိုရောင်ဖြစ်ပြီးပင်စည်၊ အရွက်၊ အခွံမှာအစိမ်းရောင်နှင့် နီညိုရောင်စပ်ကြားဖြစ်တယ်'' ဟုဖြေကြားသည်။

''ဦးလေး ဆေးဖက်ဝင်တယ်ဆိုတဲ့ကိစ္စကရော ဘယ်လိုလဲဗျ'' ဟုမေးရာ

''လက်တင်အမေရိကနိုင်ငံတွေဘက်မှာ ဒီပြောင်းဖူးကို Peruvian Purple Corn လို့ ခေါ်တယ်။ ဒီပြောင်းဖူးမှာပါတဲ့ အနီရောင်Anthocyanin မှာ အလွန်အစွမ်းထက်တဲ့ Antioxidant က Biological antivities ဆိုတဲ့ ဇီဝဗေဒသတ္တိပါတဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်လို့ အမေရိကန်နိုင်ငံ Agricultural Utilization Reserch Institute နဲ့ ဂျပန်နိုင်ငံက H San Ei Gen F.F.I Inc တို့ရဲ့ တွေ့ရှိချက်စာတမ်းတွေမှာ ရေးသားဖော်ပြထားကြတယ်။ ဒီစာတမ်းတွေအရ အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်ဗျ'' ဟူ၍ ပြောကြားသည်။

ထို့နောက် ၄င်းကပင် ''အနောက်ဥရောပနိုင်ငံတွေနဲ့ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ သြစတြေးလျစတဲ့ နိုင်ငံတွေမှာ ဈေးကြီးပေးပြီး ဝယ်ယူစားသုံးနေကြရတယ်။ အချို့က ပြောင်းဖူးပြုတ်တဲ့အရည်ကို ဒီအတိုင်းသောက်သုံးကြ၊ စားသုံးကြတယ်၊ အချို့က ပြောင်းနို့အဖြစ် ထုတ်ယူပြုပြင်စားသုံးကြတယ်။''

အဆိုပါ ပြောင်းဖူးများ မည်သို့ စိုက်ပျိုးကြသည်ကို သိရှိလို၍ လက်တွေ့ စိုက်ပျိုးအောင်မြင်နေသည့် ဦးဖိုးပြုံးအားမေးမြန်းမိပြန်သည်။

''ဒီဆေးဖက်ဝင်ပြောင်းဖူးက အခြားပြောင်းဖူးတွေ စိုက်သလိုပဲ စိုက်ပျိုးစနစ် တူညီပြီး လွယ်ကူစွာစနစ်တကျစိုက်ပျိုးနိုင်တယ်။ စစိုက်တဲ့ရက်ကနေ ၄၅ ရက်မှာ အဖူးစဖူးပြီး ၇၅ ရက်မှာ ဈေးကွက်ဝင်ပြောင်းဖူးတွေရပြီဗျ၊ စိုက်ပျိုးစရိတ်ကတော့ မြေယာထွန်ယက်ခ၊ ပေါင်းရှင်းခ၊ အစခပ်သိမ်းပေါ့ဗျာ။ တစ်ဧကကို ငွေကျပ်သုံးသိန်းခန့် ကုန်ကျတယ်။ ဒါပေမယ့် ပြန်ရောင်းတော့တစ်ဧကကို ၁ဝ သိန်းကျော်လောက်ရလို့တွက်ခြေကိုက်တယ်ဗျ၊ နောက်ပြီး ဒီအရောင်က ဆေးဆိုးထားတာ မဟုတ်ဘူး၊ သူ့သဘာဝ၊ သူ့ပင်ကိုအရောင်ဆိုတော့ အမြင်တစ်မျိုးလေးနဲ့ ကြည့်လို့ကောင်းတယ်၊ မြို့ကြီးတွေမှာရှိတဲ့ ဈေးကွက်တိုင်းမှာ ဈေးပိုရတယ်၊ ရောင်းအားကောင်းနေတဲ့ ပြောင်းဖူးပေါ့။ ရာသီမရွေး ဒေသမရွေး စိုက်ပျိုးနိုင်တယ်၊ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး စိုက်ပျိုးရလွယ်ကူတယ်ဗျာ'' ဟု ဖြေသည်။

ယနေ့ ကမ္ဘာ့သတင်းမီဒီယာလောက စာနယ်ဇင်းလောကတွင် သဘာဝဆေးဖက်ဝင် အစားအစာ၊ အာဟာရများအကြောင်း ကမ္ဘာ့ပြည်သူများ အကျိုးရှိရှိ အသုံးချနိုင်အောင် ကျယ်ပြန့်စွာ ဖော်ထုတ်ရေးသား တင်ပြလျက်ရှိရာ စာရေးသူအနေဖြင့်လည်း စီးပွားဖြစ် စိုက်ပျိုးသင့်သည့်ဆေးဖက်ဝင် သဘာဝပြောင်းဖူးအကြောင်းကိုစိုက်ပျိုးသူများအတွက်လည်း စီးပွားဖြစ်၊ စားသုံးသူများအတွက်လည်းကျန်းမာရေးအတွက် အထောက်အကူပြုစေခြင်းငှာ ရေးသားတင်ပြလိုက်ရပါကြောင်း။ ။
သတင်း မင်းမင်းဇော် (ကလေး)
ညွှန်း - ဇူလိုင် ၃၀၊ တနင်္လာနေ့ မြန်မာ့အလင်း

Photo: ““စီးပွားဖြစ် စိုက်ပျိုးသင့်သည့် ဆေးဖက်ဝင် သဘာဝ ပြောင်းဖူး””

“'အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်''

နတ်တလင်းမြို့တွင် ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်စာအုပ် လက်မှတ်ထိုးရောင်းချမှု

3.8.2012 ရက်နေ့တွင် နတ်တလင်းမြို့၊ ရန်ကုန်ပြည်လမ်းရှိ ကိုမင်းမင်းဦး+မသဉ္ဇာဝင်း၏ ဟိုက်ချိ လ္ဘက်ရည်ဆိုင်တွင် ညနေ (၇)နာရီမှ (၇)နာရီခွဲထိ ပြည်မှအပြန် ခေတ္တရပ်နားပြီး ကိုမင်းကိုနိုင်ရေးသား ထုတ်ဝေသည့် နောက်ကြည့်မှန် ၀တ္တုစာအုပ်တစ်အုပ်လျှင်(၂၀၀၀ိ/-)ကျပ်နှုန်းဖြင့် ကိုမင်းကိုနိုင်ကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးရောင်းချခဲ့ပါသည်.....

ကိုမင်းကိုနိုင်ကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးပေးနေစဉ်

ကိုမင်းကိုနိုင်ကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးပေးနေစဉ်

ကိုမင်းကိုနိုင်ကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးပေးနေစဉ်

အမှတ်တရ လက်မှတ်ထိုးပေးနေစဉ် လာရောက်ဝယ်ယူနေသူများ မြင်ကွင်း

ဟိုက်ချိ လ္ဘက်ရည်ဆိုင်နှင့် လာရောက်ဝယ်ယူနေသူများ မြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

မုဒိမ်းတရားခံ နိုင်ငံခြားသားအား လွှဲပြောင်းပေးအပ်

မဲဆောက်၊ ဇူလိုင် ၂၄

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့
ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိ
ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။
အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့်
ကရင်ပြည်နယ်ဘားအံမြို့၌သွားရောက်တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ညနေပိုင်းတွင် မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ကျန်းမာရေးကြောင့်လမ်းမလျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့ 
လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင် ပြန်လည်
တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည်
ကိုပြောကြားရန် သတင်းထောက်များ၏မေးခွန်းကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ
တိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့်
မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်။

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
 
>>>ဆက်ဖတ်ရန်>>> >>

တာပွန် ဦးမောင်းကူလ္ဘက်ရည်ဆိုင်

တာပွန်တွင် ဖွင့်လှစ်ထားသော ဦးမောင်းကူ လ္ဘက်ရည်ဆိုင်

တာပွန်တွင် ဖွင့်လှစ်ထားသော ဦးမောင်းကူ လ္ဘက်ရည်ဆိုင် မြင်ကွင်း

တာပွန်တွင် ဖွင့်လှစ်ထားသော ဦးမောင်းကူ လ္ဘက်ရည်ဆိုင်အတွင်းမြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

2012 ခုနှစ် သကျမဟာမြတ်မုနိဘုရားကြီး၏ ၀ါတွင်းဝတ်ပတ် မြို့တွင်း ရုပ်ပွားဆင်းတုတော် အပူဇော်ခံမှု

2012 ခုနှစ်၊ သကျမဟာမြတ်မုနိဘုရားကြီး၏ ၀ါတွင်း(၁၃)ပတ် ပထမ၀တ်ဦးပတ် မြို့တွင်းလှည့်လည်အပူဇော်ခံမှု အား ဗုဒ္ဓဝေယျာဝစ္စအသင်းဥက္ကဋ္ဌဦးထွန်းမြင့်၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဆရာကြီး ဦးအေးမြင့်တို့ ဦးစီးဆောင်ရွက်မှုဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းသားများ၊ ကုသိုလ်ဖြစ်ရောင်တော်ဖွင့်လူငယ်များ (အလှူခံသူများနှင့် စီတန်းလှည့်လည်သူဦးရေ ၂၅၀ ခန့်) မှ ကုသိုလ်ယူဆောင်ရွက်နေမှု မြင်ကွင်း....

မြို့တွင်းလှည့်လည်စီတန်းလှည့်လည်မှု မြင်ကွင်း

မြို့တွင်းလှည့်လည်စီတန်းလှည့်လည်မှု မြင်ကွင်း

မြို့တွင်းလှည့်လည်စီတန်းလှည့်လည်မှု မြင်ကွင်း

ဗုဒ္ဓရုပ်ပွားဆင်းတုတော်

သကျမဟာမြတ်မုနိဘုရားကြီး အာရုံခံတန်ဆောင်း အလှူငွေလက်ခံရန် ပြင်ဆင်မှု မြင်ကွင်း

အလှူခံအဖွဲ့၏ အလှူငွေအပ်နှံမှုနှင့် ပန်း၊ ဆီ၊ မီး ကပ်လှူရန် ၀င်/ထွက်သွားလာမှုမြင်ကွင်း

ဗုဒ္ဓဝေယျာဝစ္စလူကြီးများနှင့် အားလပ်သည့် ကူညီသူတို့၏ အလှူငွေလက်ခံမှု မြင်ကွင်း

ဗုဒ္ဓဝေယျာဝစ္စလူကြီးများနှင့် အားလပ်သည့် ကူညီသူတို့၏ အလှူငွေလက်ခံမှု မြင်ကွင်း

>>>ဆက်ဖတ်ရန်>>> >>

၈၈ မျိုးဆက်ကျောင်းသားများ ဆေးဝါးပစ္စည်းများလှူ

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများမှ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွာသို့ ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ကြသည်။ ( သြဂုတ်လ၊ ၂ ရက် )
>>>ဆက်ဖတ်ရန်>>> >>

အီတိုး ကွာရှင်းမှု

အဆိုတော်ဇော်ဝင်းထွဋ်၏သားဖြစ်သူ ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့်ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင်သမီး မမြင့်မြတ်သူတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပေါင်းသင်းနေထိုင်စဉ်တွင် ခွင့်မလွှတ်နိုင်သောလုပ်ရပ်များကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးချုပ်ဒုတိယမြို့နယ်တရားသူကြီး (၂) ရှေ့တွင် လက်မှတ်ရေးထိုးကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ် သည်ဟုဖော်ပြထားသည်။

ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးအနေဖြင့် ဒေါ်မြင့်မြတ်သူ၏ ဂုဏ်သိက္ခာကျဆင်းစေမည့်အပြောအဆို အပြုအမူများလုံးဝမပြုလုပ်ရန် အကြောင်းကြားသတိပေးပါကြောင်း အများသိစေရန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
>>>ဆက်ဖတ်ရန်>>> >>

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ သစ် ၊ ငွေကြေး လဲလှယ်နှုန်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပြင် လယ်ယာ စိုက်ပျိုးရေး ၊ သားငါးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ဧည့်လမ်းညွှန် ကဏ္ဍ အစရှိသည် တို့ကိုအထူးပြု ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ရှန်နန် (Shannen) က ပြောသည်။

“မြန်မာမှာလာပြီးရင်နှီးမြှုပ်နှံဖို့စောင့်နေတဲ့ ကုမ္ပဏီတွေအတွက် အကျိုးရှိနိုင်သလို ၊ မြန်မာ နိုင်ငံထဲမှာရှိနေတဲ့ ကုမ္ပဏီတွေ အတွက်လည်း အဆက်သွယ်အတွေ့အကြုံတွေ ပိုမိုရရှိနိုင်မှာပါ” ဟု ယင်းကဲ့သို့ ထိပ်သီး အစည်းအဝေးကျင်းပရခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များနှင့်ပက်သက်၍ ၄င်းက ရှင်းပြခဲ့သည်။

အစည်းအဝေးကျင်းပမည့် နေရာအတည်အကျကိုမူ ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ် လျက်ရှိရာ တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၄၇ ဘီလီယံ ရှိပြီး ၊ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆၈ ဘီလီယံ ရှိကြောင်း ၊ ကျန်နိုင်ငံများမှာ ဟောင်ကောင် ၊ တောင်ကိုရီးယား ၊ ဗြိတိန် ၊ စင်ကာပူ နိုင်ငံတို့ဖြစ်ကြသည်။
>>>ဆက်ဖတ်ရန်>>> >>

"အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်"

Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှ
ံတော့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက်တွန်းချက်အရ ထိုသို့ရင်းနှီးမြှုတ်နှံမှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင်တန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အမေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကထက်စာလျှင် များစွာပြောင်းလဲလာပြီဖြစ်သော်ငြား၊ ပွင့်လင်းမြင်သာမှုမရှိသည့်ကိစ္စရပ်အချို့ရှိနေသေးကြောင်း နိုင်ငံတကာအသိုင်းအ၀န်းကပြောနေကြဆဲပင်ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၃

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွား အပြီး ပထမဆုံး အကြိမ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် ရခိုင်ပြည်နယ် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

“စစ်တွေမြို့ထဲကိုတောင် မ၀င်ခဲ့ဘူး“ ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
>>>ဆက်ဖတ်ရန်>>> >>

မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကာကွယ်နိုင်ရန်

by ကိုလင်း- သလ္လာဝတီ on Friday, August 3, 2012 at 1:54am ·
ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြသလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူကအမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ အခိုးခံရသူများအတွက် ဟာကွက်တစ်ခုဖြစ်သောအချက်တစ်ခုကိုကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။

ကွန်ပျူတာ ၀င်းဒိုးတက် လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။။။။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်
တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက်ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက်လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။

ဒါက စက်တိုင်းမှာ ဟာကွက် တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခု နည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။

ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ ဦးစွာ My computer ကို လုပ် Right Manage ကိုရွေးပါ။ Local User and Groups ကို ဖွင့်ပါ။ User တွင် Administrator ကို Double Click လုပ်။ Box ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ ApplyOk လုပ်ပါ။

ဒါဆိုရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေများဖြင့် ၀င်ရောက်နေသည့်နည်းလမ်း များကိုတော့မဆိုလိုပါ။ ယခုနည်းလမ်းသည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများအတွက်အင်မတန်လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်ပါ။

>>>ဆက်ဖတ်ရန်>>> >>

ဟိုတယ် များအား ဖုန်းဆက်ရုံဖြင့် Reservation ၀န်ဆောင်မှုပေး

ပြည်တွင်းရှိ ဟိုတယ် များအား ဖုန်းဆက်ရုံဖြင့် Reservation ၀န်ဆောင်မှုအား Call Centerမှ ပြုလုပ်ပေး လျက်ရှိ

ပြည်တွင်း မှာရှိတဲ့ ဟိုတယ် များသို့ ကြိုတင်ပြီး Reservation ပြုလုပ်နိုင်ဖို့ Call Center မှ ၀န်ဆောင်မှု ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ
ဝန်ဆောင်မှု အတွက် Call Center ရဲ့ နံပါတ်အသစ် ဖြစ်တဲ့ ၁၈၇၅ကို ဆက်၍ Reservation ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ ၀န်ဆောင်မှုကို Call Center မှ ၂၄ နာရီ ပြုလုပ်ပေးပြီး ဘာသာစကား မျိုးစုံ အတွက် Tour Guide များ ငှားရမ်းဖို့ အတွက် ကိုလည်း ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။

ဟိုတယ် ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဟိုတယ်များရဲ့ ဖုန်းနံပါတ်များ၊ လိပ်စာများ ကိုလည်း ဖြေကြားပေးပြီး ဟိုတယ် Reservation ၀န်ဆောင်မှု ကိုတော့ လက်ရှိမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ပုပ္ပါးစတဲ့ နေရာတွေကို အဓိကထား ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ချောင်းသာ၊ ငွေဆောင်၊ ငပလီ ကမ်းခြေ မှာရှိတဲ့ ဟိုတယ် အချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထား ပေမယ့်လည်း လက်ရှိမှာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ကမ်းခြေ ဟိုတယ်နဲ့ ပတ်သက် ပြီးတော့ ၀န်ဆောင်ပေး ရမှုမှာ အနည်းငယ်သာ ရှိတယ်လို့ Call Center မှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ Call Center ရဲ့ ဟိုတယ် ၀န်ဆောင်မှု ကဏ္ဍကို စုံစမ်း မေးမြန်းမှု နှုန်းဟာ ပျမ်းမျှ တစ်ရက်ကို ၁၀၀ ဦး မေးမြန်းမှု ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့တဲ့ နေ့မှာ ၁ မိနစ်ကို ဖုန်းဘီလ် အပြင် ၀န်ဆောင်ခ အနေနဲ့ ၁၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထား ပေမယ့် ယခုလက်ရှိ မှာတော့ ၁ မိနစ် ၃၀ ကျပ်နှုန်းနဲ့သာ ၀န်ဆောင်မှုပေး လျက်ရှိတယ်လို့ သိရှိရပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

မြစ်ရေကြီးမှု အခြေအနေသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဟင်္သာတမြို့တွင် (၁၃၄၉)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၇)စင်တီမီတာ (၀.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း (၁၅)စင်တီမီတာ (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး၊ ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၃၄၂)စင်တီ မီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၇၇)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၄၇)စင်တီ မီတာ ( ၁-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် (၇၆၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီမီတာ (၂.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှနောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၀၀)စင်တီမီတာအထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
>>>ဆက်ဖတ်ရန်>>> >>

Photo Editing Freeware

ဖိုတိုအက်ဒစ်တင်း ဆိုတာနဲ့ လူတိုင်းကPhotoshopကို ပြေးမြင်ကြပါတယ်။ တကယ်တော့Photoshopဟာ အခကြေးငွေပေးပြီး
သုံးစွဲရတဲ့ ဆောဖ့်ဝဲလ် ဖြစ် ပါ တယ်။ စွမ်းဆောင်မှု အမြင့်မားဆုံး ဆိုတာကိုတော့ မပြောလိုတော့ပါဘူး။ စွမ်းဆောင်ရည် မြင့်မားတာနဲ့ အမျှ စက်ထဲမှာ နေရာယူတာလည်း များပါတယ်။

ဖိုတိုရှော့ပ် သုံးဖို့အတွက် မန်မိုရီ များများစားစားလည်း လိုအပ်ပါသေးတယ်။ တကယ်လို့များ ပိုင်ရိတ် ဆော့ဖ်ဝဲလ်တွေသာ ဝယ်မရဘူးဆိုရင်၊ ကိုယ့်စက် ကလည်း ဖိုတိုရှော့ပ်က တောင်းဆိုတဲ့ သတ်မှတ်ချက် မပြည့်မှီဘူးဆို ရင် ဟောဒီ ဖရီးဝဲလ်လေးကို သုံးကြည့်သင့်ပါတယ်။

Pixia လို့ခေါ်တဲ့ ပရိုဂရမ်လေးဟာ အရင်က ဂျပန်ဗားရှင်းသာ ရှိတာပါ။ နာမည် အတှောကြီးပါတယ်။ အဲဒီပရိုဂရမ်လေးမှာ ဖိုတိုရှော့က လုပ်နိုင်တဲ့ အရာတွေ များစွာကို လုပ်နိုင်ပါတယ်။

လေယာတွေ ထပ်ခြင်း ပေါင်းစပ်ခြင်းများလည်း လုပ်နိုင်တယ်။ စုတ်တံ ကိုလည်း နှစ်သက်ရာ ရွေးချယ်နိုင်သလို ကိုယ်တိုင်လည်း ပြု လုပ်နိုင်ပါတယ်။ ဖိုင်ဆိုဒ်က ၃.၉ မက်ဂါဘိုက်လောက်ပဲ ရှိပါတယ်။

http://www.snapfiles.com/get/pixia.html

အဆင်ပြေကြပါစေဗျား..
 
>>>ဆက်ဖတ်ရန်>>> >>

ကိုယ်နှစ်သက်ရာဖိုင်ကို Acrobat ဖိုင်ပြောင်းဖို့

ကိုယ့်ဖိုင်တွေကို PDFလုပ်ဖို့ရာ အရင်ကဆို အတော်ခက်ခဲပါတယ်။ Adobe Acrobat 6 ကို အတော် လိုက်ရှာရပါတယ်။ လေးလည်း လေးပါတယ်။ အခု ဖရီးဝဲလ်ဖြစ်တဲ့ PDF Creator ကတော့ သေးသေးလေးနဲ့ ကိုယ်နှစ်သက်ရာဖိုင်ကို အခရိုဘတ် ဖိုင်အဖြစ် လွယ်လွယ်ကူကူ ပြောင်းယူနိုင်ပါတယ်ခင်ဗျား။

http://sourceforge.net/projects/pdfcreator/
 
>>>ဆက်ဖတ်ရန်>>> >>

Logichacker software လေးပါ

ဒါကတော့ Logichacker software လေးပါ ... အသုံးပြူပုံလေး ကတော့ ..

Zip ကိုဖြည်ပါ .. ပြီးနောက် မိမိ attack လုပ်လိုသော လင့်အာ .. 1.select you target URL

ဆိုတဲ့နေရာလေးမှာ ထည့်ပြီး .. Log on လုပ်ပါ ..။
...
ထို့နောက် select ဆိုသော Box ကြီးထဲ တွင် IP ပေါ်လာပါမည် .. ။

၎င်း IP အား URL အောက်မှ IP ဆိုသောနေရာတွင် ကူးရေး၍ ဖြည့်ပါ .. ။

3.Attack Option Tools တွင် Time out အား 00000000 ထားပါ..။

methot နေရာတွင် HTTP အားရွေးပါ .. ။

Speed ကတော့ မိမိတို့ Connection အနေထားပေါ်မူတည်၍ အသုံးပြူပါ ..။

အားလုံးပြီးသွားရင်တော့ ..... 2 READY? ဆိုသောနေရာမှ IMMA CHARGIN MAH LAZER

ဆိုသော ခလုပ်ကြီးအား နှိပ်၍ အောင်မြင်စွာ Hack နိုင်ပါပြီ ... ။ အားလုံး မြန်မာလူမျိုး ပီသပါ .. ။း)See More
MediaFire
www.mediafire.com
logichackersoftware.rar

င့ါဆိုဒ်လေးတော့လုပ်နဲ့နော် ....
>>>ဆက်ဖတ်ရန်>>> >>

Website တစ်ခုရဲ့  Admin Page ကိုရှာကြည့်ခြင်း

Ko Lin-thalarwaddy

Website တစ်ခုရဲ့ admin user / pass ရပြီဆိုပါစို့...admin page ကိုဘယ်လိုရှာမလဲ...ဒီအောက်က နည်းလေးတွေသုံးပြီးရှာမယ်နော်...80% တော့ အာမခံပါတယ်...

... နံပါတ်တစ် - url add ပါမယ်... www.site.com ဆိုပါစို့...တစ်ချို့ဆိုဒ်တွေက သူ့ index page မှာတင် login ၀င်ဖို့ပါတတ်တာကို မတွေ့ဘဲ စွတ်စပ်ရှာတတ်ကြပါတယ်....ဒါကြောင့်မို့ ပထမဆုံး index ကို သေချာပြန်စစ်ပါ...နောက် .com နောက်မှာ အောက်ကပုံစံအတိုင်းလိုက်စစ်ပါ....
www.site.com/admin
www.site.com/administrator
www.site.com/login
www.site.com/admin.php
www.site.com/admin.asp
www.site.com/wp-login.php
ဒါနဲ့ပထမဆုံးစစ်ပါ...မတွေ့ဘူးဆိုပါစို့...နောက်တစ်မျိုးနဲ့ထပ်စစ်ပါမယ်...

နံပါတ်နှစ် - Online Scanner သုံးပါမယ်...လွယ်လွယ်ကူကူ tool တွေ ဘာတွေသွင်းနေရတာ ရှုပ်သေးတယ်...ရလို ရငြား online acp finder နဲ့အရင်စမ်းပါမယ်...ဒီမှာ ကျွန်တော်ဘာသုံးလေ့ရှိတုန်းဆို ကျွန်တော်ကတော့ တုတ်ကောက်ကို သုံး အဲလေ.....
www.dongoth.com/acp.php
ကိုသုံးပါတယ်ဗျာ....လိုင်းအထိုက်အလျောက်ရှိရင် ဒီကောင် စစ်တာ တော်တော်မြန်ပါတယ်... လိုင်းမရှိရင်တော့ ဘာမှကို မတက်တာ.... ဟီး...
ဒါလည်း မဟန်ဘူးဆိုပါစို့...နောက်တစ်ဆင့်ဗျာ....

နံပါတ်သုံး - Tool အသေးစားလေးတွေ လွယ်လွယ်ကူကူ Admin Page Finder တွေသုံးပါမယ်... Havij ပေါ့ဗျာ... Havij ကို
http://mmhackforums.noonhost.com/havji--register-vt95.html
မှာ download ဆွဲသုံးနိုင်ပါတယ်...သူ့ Havij Admin Page List မှာက 410 ပဲပါတယ်ဗျ...ဒီတော့ Havij ကို extract လုပ်ပြီးရင် admin.txt ထဲကို
http://mmhackforums.noonhost.com/vt489.html
က admin page hottest list ဖြည့်ပြီး save ပြီးသုံးပါ...ဒါဆို list 900 ကျော်ရပါမယ်....Havij ကို မကြိုက်ဘူးဆိုပြန်ရင်းလည်း တခြား admin finder တွေကို ကိုယ့်ဘာသာကိုယ် googling ပြီးလိုက်ရှာ ဒေါင်း သုံးကြပေရောဗျာ.....ကဲ...ဒီတစ်ဆင့်လည်း မဟန်သေးဘူး ဆိုကြပါစို့...

နံပါတ်လေး - dorking လေးနဲ့စမ်းကြည့်မယ်ဗျာ...
ဒါလေးနဲ့ထည့်ရှာဗျာ...

Dork: site:webpage.com "admin"
site:webpage.com "login"
နံပါတ်ငါး - robots.txt ကိုစစ်မယ်ဗျာ...
www.site.com/robots.txt ကိုတစ်ချက်ရှိုးကြည့်ပါ...

နံပါတ်ခြောက် - Web Scanner နဲ့သာ crawl လုပ်ပြီးသာ url တစ်ခုချင်းစီသာ စစ်ချပါတော့...ကျွန်တော်သုံးရင်တော့ albaloo 1.3 ကိုသုံးပါတယ်...2MB ကျော်ကျော်ပဲရှိတော့ ပေါ့ပေါ့ပါးပါးလေးနဲ့မို့ပါ...ဒီမှာဆွဲနိုင်ပါတယ်...
http://mmhackforums.noonhost.com/albaloo-web-vulnerability-scanner-1-3-vt31.html
ဒါနဲ့ ကျွန်တော်ပြောထားပြီးသားနော်.....80% လောက်ပဲ လို့.....
post by hacker1989

>>>ဆက်ဖတ်ရန်>>> >>

IP Hide ချင်သူတွေ ... ယူစေဗျာ ....

MediaFire
www.mediafire.com
Super Hide IP v3.0.8.6 By Adrian Dennis.rar

 ကိုကို တို့ရေ .. Fight လည်း Fight ... Hide လည်း Hide ချင်သူတွေ တွက်ပါ ဂျာ ..

Andriod ip Hider လေး နော် .. MB တော့ များတယ်နော် .. 10.21MB ရှိတယ်..း)

အစဉ်ပြေကြပါစေ .. ။
MediaFire
www.mediafire.com
kingsoft_office_android.apk

>>>ဆက်ဖတ်ရန်>>> >>

မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေး ကာကွယ်နိုင်ရန်

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြသလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူကအမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ အခိုးခံရသူများအတွက် ဟာကွက်တစ်ခုဖြစ်သောအချက်တစ်ခုကိုကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။

ကွန်ပျူတာ ၀င်းဒိုးတက် လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။။။။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်
တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက်ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက်လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။

ဒါက စက်တိုင်းမှာ ဟာကွက် တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခု နည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။

ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ ဦးစွာ My computer ကို လုပ် Right Manage ကိုရွေးပါ။ Local User and Groups ကို ဖွင့်ပါ။ User တွင် Administrator ကို Double Click လုပ်။ Box ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ ApplyOk လုပ်ပါ။

ဒါဆိုရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေများဖြင့် ၀င်ရောက်နေသည့်နည်းလမ်း များကိုတော့မဆိုလိုပါ။ ယခုနည်းလမ်းသည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများအတွက်အင်မတန်လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်ပါ။

<photo id="1" />
>>>ဆက်ဖတ်ရန်>>> >>

ကောင်လေးတွေ ဘောင်းဘီဝတ်ရတာ ဒါကြောင့်ပါတဲ့ ...

ကောင်လေးတွေဘာလို့ ဘောင်းဘီဝတ်ရတာတုန်း..?
Very cute!
WHY MEN WEAR CLOTHES
Early experiences that convince the male to clothe himself.....

If this brightened your day

Don't let it stop here
Pass it on with a smile

keep spreading the cheer!

Please pass this on to your friends!
>>>ဆက်ဖတ်ရန်>>> >>

ကြိုဆိုသင့်တဲ့ သဘောထားကြီးမှုများ

Photo: “ NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များပထမဆုံးအကြိမ်သန်လျင်တွင် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများစုပေါင်းပါဝင်သည့် ပထမ
ဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖိတ်ကြား၍ပြုလုပ်ခြင်းဖြစ်ပြီး ၄င်းပါတီနှစ်ခုအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်တွင်းမီဒီယာများနှင့် ဒကာ၊ဒါယိကာမများလည်းတက်ရောက်လှူဒါန်းခဲ့ကြသည်။
“ပါတီအနေနဲ့ကတော့ နှစ်စဉ်အဖွဲ့ချုပ်ရုံးမှာ လုပ်ပါတယ်။ အခုလိုစုပေါင်းလှူဒါန်းတာကတော့ ပထမဆုံးပါပဲ”ဟု သန်လျင်မြို့ NLDပါတီမှ ဦးစိုးဟန်က ပြောသည်။
အလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့မှသံဃာတော်အပါး ၃၀ နှင့် ဗဟိုဝန်ဆောင်သံဃာတော် ၁၈ ပါးတို့အားဝါဆိုသင်္ကန်းကပ်လှူကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းတက်ရောက်လှူဒါန်းခဲ့သည်။
၎င်းအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဥာဏ်ထွန်း၊ ပြည်တွင်းမီဒီယာအဖွဲ့မှ ဦးဇေယျာမြတ်ခိုင်တို့မှလည်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး