Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

The Voice Weekly · 167,987 like this
July 8 at 12:53pm near Yangon ·
နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

နတ္တလင်း၊ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်အတွင်းရှိ မှန်တန်းရွာမှ ဒမငယ်ရွာသို့ အရှည် ခုနစ်မိုင်ခန့် ကျောက်ခင်းလမ်း ဖောက်လုပ်နေသော ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ် ကာလအတွင်း လုပ်ငန်းခွင် ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ယင်းဒေသရှိ ရွာသူ ရွာသားများမှ ဇူလိုင်လ ၃ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

နတ္တလင်းမြို့နယ် မှန်တန်းရွာမှ ဒမငယ်ရွာသို့ အကျယ် ၁၂ပေ၊ အရှည် ခုနစ်မိုင်ခန့်ရှိသော ကျောက်ခင်းလမ်းကို စည်ပင်မှ တင်ဒါ စနစ်ဖြင့် ရွှေလွင်လွင် ကုမ္ပဏီကို ဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရမည်ဟု ဆိုထားသော်လည်း သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးခြင်းမရှိသောကြောင့် ဒေသခံများမှ ဇွန်လ ၂၅ရက်နေ့ တွင် ပထမအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ရာ အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ကြောင်း ပေါက်တုန်းကျေးရွာနေ ကိုဝင်းဇော်က The Voice သို့ ပြောကြား သည်။

အဆိုပါလမ်းသည် ကျေးရွာပေါင်း ၃၀ကျော်ရှိ ရွာသူ ရွာသားများ နေ့စဉ် အသုံးပြု သွားလာလျက်ရှိပြီး ယခုအခါ ကုမ္ပဏီက လမ်းပြင်ရန် ကျောက်တုံး များ ချထားကြောင်း မိုးကာလ ဖြစ်သည့်အတွက် လမ်းအခြေအနေ ဆိုးဝါးမှု များကြောင့် လယ်ယာ ထွက်ကုန်များ မြို့သို့ သယ်ယူ ပို့ဆောင်ရသည့် စရိတ်များ မြင့်တက်သွားကြောင်း ကျောင်းသူ ကျောင်းသားများ သွားလာရန် အခက်အခဲ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကုမ္ပဏီက ဧပြီလ ပြီးအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် ခုချိန်ထိ မပြီးသေးဘူး ပဲခူးတိုင်း ဝန်ကြီးချုပ် လာသွားတုန်းက ဇွန်လမှာ ပြီးအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ မပြီးပြန်ဘူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီမှာ ဒီလကုန် ပြီးအောင် လုပ်ပေးမယ်လို့ ထပ်မံ ကတိပေးထားတာ ကြားမိတယ်။ လမ်းက သွားရေး လာရေး ခက်ခဲနေတော့ ကယ်ရီခတွေ လေးဆလောက် တက်သွား တယ် အရင်က စပါး တစ်တင်း ဆိုရင် သယ်ယူခ ကျပ် ၁၅၀ လောက်ဘဲရှိတာ အခု ၆၀၀၊ ၇၀၀ လောက် ပေးနေရတယ်” ဟု ကြို့ပင်သာ ကျေးရွာမှ ဦးဝင်းကြည် က ပြောသည်။

ရွှေလွင်လွင် ကုမ္ပဏီအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်း ရာတွင် လုပ်ငန်းခွင် နှောင့်နှေးရခြင်းမှာ မိုးတွင်းကာလ ဖြစ်နေခြင်း၊ တောင်ညိုဘက်မှ ဆင်းလာသည့် သစ်လုံးတင်ကား များ ပြေးဆွဲနေခြင်းနှင့် နေ့စား အလုပ်သမား လိုအပ်ချက် များကြောင့် ဖြစ်ကြောင်း၊ ယခု လကုန်အတွင်း စက်ဘီး၊ ဆိုင်ကယ်များ အဆင်ပြေသွားလာနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်တင်တင်နုက The Voice သို့ ပြောသည်။

ခိုင်စိုးလင်း
>>>ဆက်ဖတ်ရန်>>> >>

ဖိုတိုရှော. မြန်မာဘာသာပြန်

ဓာတ်ပုံဆရာများအတွက် ဖိုတိုရှော. မြန်မာဘာသာပြန်လေးပါခင်ဗျာ
https://www.facebook.com/myanmaronlinelearning?ref=stream
ဓာတ်ပုံဆရာများအတွက် ဖိုတိုရှော. မြန်မာဘာသာပြန်လေးပါခင်ဗျာ

Photoshop မြန်မာဘာသာစာအုပ်များ

(၁)Adobe Photoshop CS5 စာအုပ်
http://www.mediafire.com/?rt8216w0s00cu6m

(၂)Photoshop CS Tools များရဲ့အသုံးပြုနည်းလှို့ဝှက်ချက် (မျိုးဆက်-Mr.Photo)
http://www.mediafire.com/?wq1ifwtawoy

(၃)Adobe Photoshop Design Tutorial (အောင်နိုင်မော်)
http://www.mediafire.com/?xc8mr9kvk5zqe55

(၄)Adobe_Photoshop_CS4
http://www.mediafire.com/?2jsok66r6nutuyg

(၅)ဖိုတိုရှော့ မှတ်စုများ
http://www.mediafire.com/?jr7g73hz60qhoyb

(၆)အခြေခံဖိုတိုရှော့သင်ခန်းစာများ (Basic Photoshop Lesson)
http://www.mediafire.com/?3931qnwmpp85aam

(၇)photoshop 7 စာအုပ်
http://www.mediafire.com/?339q3ds14z2s15i

Thx to
အေစီမ
>>>ဆက်ဖတ်ရန်>>> >>

ဆော့ဝဲမလိုပဲ ဒေါင်းလုလုပ်နည်း ...

Myanmar Online Learning shared Maung Pauk's photo.
ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်း


မူရင်းလင့်လေးပါ www.maungpauk.org
ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်း **************************************************** ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်းကို သိပြီးသားမိတ်ဆွေများလည်းရှိမှာပါ. ခု မျှဝေတာက မသိသေးသူတွေအတွက်ပါ.. ဘာ Software မှ မလိုပါဘူး.. တစ်ခုတော့ရှိတယ်.. Browser ကတော့ Mozilla Firefox ကိုသုံးရမှာပါခင်ဗျ.. လုပ်နည်း ******* 1. Mozilla Firefox ရဲ Menu Bar ပေါ်က Tools အောက်မှာ Add-ons ဆိုတာကိုနှိပ်ပါ.. ( Shortcut = Control + Shift +A) 2. ကျလာတဲ့ New Tab မှာ ဘယ်ဘက်က Get Add-ons ကိုရွေးလိုက်ပါ.. ညာဘက်အပေါ်နားလေးက Search Box လေးထဲမှာ Download Video Helper ဆိုပြီး ရိုက်ထည့်လိုက်ပါ.. ပုံမှာ ပြထားသလို Video DownloadHelper နဲ့ အခြား Downloader Add-ons တွေကို တွေ့ရမှာဖြစ်ပါတယ်.. 3. ပထမဆုံး Video DownloadHelper ရဲ့ဘေးက Install ကိုနှိပ်လိုက်ပါ.. ပြီးရင် အထက်မှာပြထားသလို ကိုယ်ကြိုက်တဲ့ Downloader Add-ons တွေကို ၂ ခု ၃ ခုလောက် Install လုပ်လိုက်ပါ.. ပြီးရင် Firefox ကို ပိတ်လိုက်ပြီး ပြန်ဖွင့်ပါ.. Restart လုပ်တာပေါ့ဗျာ.. ဒါဆိုရင်တော့ IDM လို Software မသုံးဘဲနဲ့ Video နဲ့ သီချင်းတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဒေါင်းနိုင်ပြီးပေါ့ဗျာ.. အဆင်ပြေပါစေ.. မောင်ပေါက် <www.maungpauk.org>
ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်း
****************************************************
ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်းကို သိပြီးသားမိတ်ဆွေများလည်းရှိမှာပါ. ခု မျှဝေတာက မသိသေးသူတွေအတွက်ပါ.. ဘာ Software မှ မလိုပါဘူး.. တစ်ခုတော့ရှိတယ်.. Browser ကတော့ Mozilla Firefox ကိုသုံးရမှာပါခင်ဗျ..

လုပ်နည်း

*******

1. Mozilla Firefox ရဲ Menu Bar ပေါ်က Tools အောက်မှာ Add-ons ဆိုတာကိုနှိပ်ပါ.. ( Shortcut = Control + Shift +A)

2. ကျလာတဲ့ New Tab မှာ ဘယ်ဘက်က Get Add-ons ကိုရွေးလိုက်ပါ.. ညာဘက်အပေါ်နားလေးက Search Box လေးထဲမှာ Download Video Helper ဆိုပြီး ရိုက်ထည့်လိုက်ပါ.. ပုံမှာ ပြထားသလို Video DownloadHelper နဲ့ အခြား Downloader Add-ons တွေကို တွေ့ရမှာဖြစ်ပါတယ်..
3. ပထမဆုံး Video DownloadHelper ရဲ့ဘေးက Install ကိုနှိပ်လိုက်ပါ.. ပြီးရင် အထက်မှာပြထားသလို ကိုယ်ကြိုက်တဲ့ Downloader Add-ons တွေကို ၂ ခု ၃ ခုလောက် Install လုပ်လိုက်ပါ.. ပြီးရင် Firefox ကို ပိတ်လိုက်ပြီး ပြန်ဖွင့်ပါ.. Restart လုပ်တာပေါ့ဗျာ.. ဒါဆိုရင်တော့ IDM လို Software မသုံးဘဲနဲ့ Video နဲ့ သီချင်းတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဒေါင်းနိုင်ပြီးပေါ့ဗျာ..

အဆင်ပြေပါစေ..

မောင်ပေါက် <www.maungpauk.org>
>>>ဆက်ဖတ်ရန်>>> >>

Android Internet Setting ချိန်နည်း။

Android Internet Setting ချိန်နည်း။

*********************************************************************************
ချိန်ပုံချိန်နည်းမှာ ဖုန်းတိုင်း မတူနိုင်ပါ။ အရင်ဆုံး ချိန်မည် ဆိုပါက Data Switch ကို ဖွင့်ပေးထားပြီး Name,APN နှစ်မျိုးသာထည့်၍ Save လုပ်ပါ။
အများစုမှာ ၄င်းအတိုင်းတွင် လိုင်းတက်ပါသည်။ မတက်လျှင် Authentication type ကို ထည့်ပေးရပါမည်။
အများစုမှာ PAP or CHAP နှင့် တက်ပါသည်။ samsaung >2.3.6 အများစုတွင်တော့ CHAP ကိုသာ လက်ခံပါသည်။
မတက်လာသေးလျှင် username ထည့်ကြည့်ပါ။
ထိုမှ မတက်လာသေးလျှင်တော့ password ကို ထည့်ကြည့်ရပါမယ်။
ဒါပါပဲ အားလုံးပဲ အဆင်ပြေကြပါစေ။
*********************************************************************************

GSM Internet Setting ချိန်နည်း။

ဖုန်းတိုင်း မတူညီ၍ တသတ်မှတ်တည်းတော့ သတ်မှတ်၍ မရပါဘူး။
Name _ နှစ်သက်ရာ ထည့်နိုင်ပါသည်။
APN _ mptnet
Proxy _ မလိုပါဘူး။
Port _ မလိုပါ။
Username_ မလိုပါ။ (တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ mptnet ပဲ ထည့်ပေးပါ)
password _ မလိုပါ။ ( တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ 123 or 12345 ထည့်ပေးပါ)
ှServer _ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_ မလိုပါ။
MMS port _ မလိုပါ။
MCC _ 414 ( ထည့်ပေးစရာမလိုပါ။ APN ကို mptnet ထည့်တာနှင့် အလိုအလျောက် တက်ပါမည်)
MNC _ 01 ( သူလည်း APN ထည့်တာနှင့် အလိုအလျောက်တက်ပါသည်)
Authentication type _ (PAP or CHAP) or ( CHAP)
APN type_ပုံမှန်အားဖြင့် ထည့်စရာမလိုပါ။ ( Samsung များတွင် internet +mms ကို ရွေးပေးရပါမည်။)

CDMA 800 Internet setting ချိန်နည်း။

အလုံးတိုင်းတော့ မတူနိုင်ပါဘူးနော်။ ကိုယ်ဥာဏ်ရှိသလို အဆင်ပြေအောင် လုပ်ကြည့်ပါ။

Name _နှစ်သက်ရာ ထည့်နိုင်သည်။
APN _#777
Proxy _မလိုပါ။
Port _မလိုပါ။(တစ်ခါတစ်ရံတွင်တော့ 80 ကို ထည့်ပေးပါ)
Username_anyname@c800.mm
Password _ပုံမှန်အားဖြင့် မလိုပါ။( 123 or 12345)
Server_မလိုပါ။
MMSC_မလိုပါ။
MMS Proxy_မလိုပါ။
MMS port_မလိုပါ။
MCC_default အနေဖြင့် တက်ပါသည်။
MNC_default အနေဖြင့် တက်ပါသည်။
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်ဆို ထည့်စရာမလိုပါ။ (လိုခဲ့သော် default ဟုသာ ထည့်ပေးပါ)
Data bearer_မလိုပါ။
Prompt password_ #777

ယခု ထွက်ရှိသော 1500 တန် CDMA 800 ဖုန်းများအတွက် Internet Setting ချိန်နည်းလေးပါ။

Name _ Mectel (or) Card
APN _ #777
Proxy _ မလိုပါ။
Port _ မလိုပါ။
Username _ mectel@c800.mm (or) card@c800.mm
password _ 123 (or) 12345 (or) card
Server_ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_မလိုပါ။
MMS port_မလိုပါ။
MCC_460
MNC_03
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်အားဖြင့် မလိုပါဘူး။ ( default ကိုသာ ထည့်ပေးပါမယ်။)
Data bearer_ မလိုပါ။
Prompt password_#777

APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။
Connection name တောင်းခဲ့ရင် mectel ပါနော်။

Credit : Unknown
>>>ဆက်ဖတ်ရန်>>> >>

ငွေတစ်ထောင်လောက်နဲ့  ကျောက်ကပ်ဆေးရအောင်


ငွေတစ်ထောင်လောက်နဲ့  ကျောက်ကပ်ဆေးရအောင်


နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့ မလိုလားအပ် တဲ့ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးခဲ့ရတယ်။ ဒီအချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့် စင်ဖို့ လိုပြီင်္ပေါ့။

ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ ) ရှိနေရင်လည်း ကျောက်ကပ်ဟာ
ပိုပျက်စီးလွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကို
ခြိမ်းခြောက်နေပါတယ်။

ဒါကိုဘယ်လိုလုပ်ကြမလဲ???
(ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့စက်ကလေးနဲ့  သန့် စင်ပြီးမှ ချက်ပြုတ်စားသောက်ရင်တော့ အကောင်းဆုံးပေါ့)
ကျောက်ကပ်ဆေးဖို့  အလွယ်ဆုံးနည်းကတော့...
အရွက်စားမုန်လာပင်တစ်မျိုးဖြစ်တဲ့ နံနံပင် တစ်စည်းကိုယူရေနဲ့ သန့် စင်အောင်ဆေး အသေးလေးတွေဖြတ် ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုတ် ဖန်ခွက်ထဲစစ်ထည့်
ရေခဲသေတ္တာထဲထည့်အအေးခံ။ နေ့ စဉ် တစ်ဖန်ခွက်သောက်ပေးရင် စုပုံနေတဲ့အဆိပ်တွေ ဆီးထဲပါသွားပြီပေါ့။
နံနံပင်ဟာ ကျောက်ကပ်ကုသဆေးအဖြစ် အများသိတဲ့ သဘာဝအပင်တစ်ခုပါဘဲ။ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။MTHN( UNIM )

ကို ကွန်း
လူဗိုလ်ဟူသည် ...
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး