Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

Android ဖုန်းနဲ့ပတ်သက်ရင်

Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း
Samsung Galxy Series ဖုန်းတွေတိုင်းအတွက် မြန်မာဖောင့်သွင်းလို့အဆင်ပြေပါတယ် ...
အောက်မှာ Download Link ရှိပါတယ်

http://www.mediafire.com/download.php?5asqzs61h0u888d
...
ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်းရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့အခါမှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message box
တစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ်ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်
မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထားမယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်
လိုပြန်ပြောင်းရိုက်ချင်တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာက
တော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ်ဘက်ထောင့်လေးမှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့
ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

စမ်းသုံးကြည့်ကြပါ ။ ပျော်ရွှင်နိုင်ကြပါစေ။
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
MediaFire
www.mediafire.com
All Samsung Galaxy Series.rarSee More
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
 

Android ဖုန်းနဲ့ပတ်သက်ရင်
သူကလည်းလမ်းညွှန်ထားပါတယ် ......
Android Application များ မြန်မာလိုသုံးနိုင်အောင် ဘာသာပြန်နေပါသည်(အား၂ယား၂)
မြန်မာလို လန်းလန်းလေးသုံးချင်သူများ aungkyawzin2013@gmail.com သို့
request ပို့နိုင်ပါ၏ Mail နဲ့ ပို့ပေးပါသည်.....
Android OS ဖုန်းတွေအတွက် ဇော်ဂျီမြန်မာ ကီးဘုတ် နဲ့သွင်းပုံသွင်းနည်း
ကလှစ်ကြည့်လိုက်ပါ....

>>>ဆက်ဖတ်ရန်>>> >>

ဒေ၀ဒတ်မြေမြိုတဲ့နေရာ

ဒေ၀ဒတ် မြေမြိုခံရတယ်ဆိုတဲ့နေရာဟာ သာဝတ္တိကနေ ပြန်အထွက် သရက်ဖြူကုန်းဆိုတဲ့ စေတီပျက် အနီးနား တံတားလေးရှိတဲ့နေရာက ရေအိုင်နေရာပဲဖြစ်ပါတယ်။

Photo: ဒေ၀ဒတ် မြေမြိုခံရတယ်ဆိုတဲ့နေရာဟာ သာဝတ္တိကနေ ပြန်အထွက် သရက်ဖြူကုန်းဆိုတဲ့ စေတီပျက် အနီးနား တံတားလေးရှိတဲ့နေရာက ရေအိုင်နေရာပဲဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

နာဆာတွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိ


ကမ္ဘာ့အကြီးဆုံး သုတေသန ဌာန ဖြစ်သည့် နာဆာ (National Aeronautics and Space Administration (NASA) တွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိကြောင်း နာဆာဂြိုလ်တု မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ အဖိုးတန်တွင်းထွက် သိုက်ကြောများကို ရှာဖွေပေးနေသူ ဘူမိဗေဒ ပါမောက္ခ (အညိမ်းစား) ဦးစိုးသိန်းက the voice weekly သို့ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှုး ဦးသန့် လက်ထက်မှ စတင်၍ မြန်မ...
ာပညာရှင် အမြောက်အများသည် မိမိတို့ သင်ယူတက်မြောက်ထားသော ပညာရပ်များမှာ မြန်မာနိုင်ငံတွင် အသုံးချရန် မကိုက်ညီသဖြင့် ပြည်ပသို့ထွက်ခွါခဲ့ကြပြီး အာကာသသိပံ္ပ ပညာ အပါအဝင် နျူကလီးယား နည်းပညာများ တက်မြောက်ထားသော မြန်မာ ပညာရှင်များအနေဖြင့် နာဆာတွင် အလုပ် လုပ်ကိုင်လျှက် ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် ပညာရှင်များ ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ အမိနိုင်ငံတိုးတက်ရေးအတွက် ပြန်လာရန် မေလ၁၁ ရက်နေ့က ဒုတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်ခဲ့သည်။

"ပြန်လာဖို့မှာ အဓိက က နိုင်ငံချစ်စိတ်ပါပဲ" ဟု ပြည်ပရောက် မြန်မာ စီးပွါးရေးပညာရှင် ဦးဘိုဘိုကျော်ညိမ်းက
သုံးသပ် ပြောကြားသည်။

"ဒီမှာ ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး" ဟု လက်ရှိ
ဖွံ့ဖြိုးတိုးတက်မှု အခြေနေအရ အဆိုပါ ပညာရှင်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးကြောင်း ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ၎င်း၏ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသည်။

NASA တွင် အာကာသသိပံ္ပပညာ လေ့လာမှု သာမက ဆေးပညာ၊ ဇီဝဗေဒ၊ သိပံပညာနှင့် ဆိုင်သော ပညာရေးတိုးတက်မှုများ၊ ကမ္ဘာ့မိုးလေဝသ၊ ဘူမိဗေဒ၊ နျူကလီးယား စွမ်းအင် သုတေသနက အစ လေ့လာ လုပ်ကိုင်
ကြကြောင်း၊ ယင်းအပြင် အခြားအခြားသော အစိုးရ သုတေသနများ ဖြစ်သည့် National Institute of Health N/H၊ အမျိုးသား ပင်လယ်ပြင်နှင့် မိုးလေဝသဗေဒ အဖွဲ့စသည့် အစိုးရအဖွဲ့ ပေါင်းစုံအပြင် ပုဂ္ဂလိက
စက်မှုလုပ်ငန်းကြီးများ ဖြစ်သော Boeing၊ Rockwell Internatoinal တို့နှင့်လည်းကောင်း၊ ကမ္ဘာ့နာမည်ကြီး ဆေးရုံကြီးများဖြစ်သည့် Cleueland Clinic, Mayo Clinic တို့နှင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အများအပြားကို ထောက်ပံ့ကြေး ပေးလျှက် သုတေသန လုပ်ငန်းများစွာကို လုပ်ကိုင်နေကြောင်း နာဆာတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသော မြန်မာလူမျိုး အာကာသသိပံ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောကြားသည်။ နာဆာတွင် သိပံပညာရှင်ပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အိန္ဒိယ ပညာရှင် ၃၂ ရာခိုင်နှုန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ယင်းသုတေသန ဌာန၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

By Valuu G AungFrom- (edinooyin) via through Movie Crazies

>>>ဆက်ဖတ်ရန်>>> >>

မိမိကွန်ပြုတာသို့ မသမာနည်းဖြင့်ဝင်နိုင်သော ၀င်ပေါက်များ

by ကိုလင်း- သလ္လာဝတီ on Thursday, August 2, 2012 at 3:56am ·
ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ ။

ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။



ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ်


အီလက်ထရောနစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါကသင်တို့ အနည်းငယ် အံသြနိုင်ပါ တယ် နိုင်ငံတစ်ကာ မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေProgrammer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့ ခိုးယူခဲ့ကြရာမှာ


1. email & Password များ

2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ

3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ
4. Software များ၏ လိုင်စင် ကီးများ
5. နိုင်ငံတော် လျှို့ဝှက်ချက်များ
6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ

ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ

ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ

1.UNTRUSTED WEBSITE
Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ   ဗြောင်ဖြစ် သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက
  • ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊

  • ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊

  • ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
  • နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်

ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....

သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....


2.လင့်များ ကလစ်မိခြင်း

ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...

ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်
ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါတယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါသင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။

ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
ှSocial Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ...

နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......

သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။


3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ

ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်


 
 ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...

အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်လိုအပ်ပါတယ် ............

သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။

ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်


4. Software Key Gen များ
နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်းKey Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ...

အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..

သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။

5. Desktop Gedgets များ (Widgets)

ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် ....
ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ...
သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........

ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက

ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်းတတ် ရန် လိုအပ်ပါတယ် ....

ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက် လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ် ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင်

အွန်လိုင်းပေါ်မှ အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း အထူးသတိပေးရင်း တစ်နှစ်ပြည့် အင်တာနက်သုတ ဘလော့ အမှတ် 2 ကို အဆုံးသတ်ပါတယ် ။ (မှတ်ချက် ။ ။ စေတနာဖြင့် မျှဝေပေးသော မြန်မာဆိုဒ်များမှ Software များမပါ )
ဗဟုသုတဖြင့်ပြန်လည်မျှဝေခြင်းသာ......
>>>ဆက်ဖတ်ရန်>>> >>

သမ္မတကြီး စစ်တွေလာမည် ...

( သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည် )

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိ
ုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

သမ္မတကြီးသည် သြဂတ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။

ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

narinjara.com

Photo: ( သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည် )


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်  စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။

ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။


narinjara.com

>>>ဆက်ဖတ်ရန်>>> >>

သမိုင်းပေး တာဝန်

မြန်မာနိုင်ငံကို..ဒီလက်တွဲမှုတွေနဲ...ကာကွယ်ကြဟေ့....
အမိနိုင်ငံ..ဘယ်တိုင်းရင်းမဟုတ်..တဲ...ဘယ်လူမျိုး...လက်ခံကြနဲ.......
ဒါက..ငါတိုကိုပေး.တဲ သမိုင်းပေးတဲ....တာဝန်......ပဲ....

>>>ဆက်ဖတ်ရန်>>> >>

ချောက်မြို့တွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံ မီးလောင်မှုဖြစ်ပွား

by Yangon Media Group on Thursday, 2 August 2012 at 19:32 ·

ချောက် သြဂုတ်၂။

ချောက်မြို့တွင် လည်ပတ်နေသော စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းလက်အောက်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံသည် သဘာဝဓါတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှုလုပ်ငန်း များဆောင်ရွက်နေစဉ် သြဂုတ် ၂ရက် နေ့လည် ၁၂နာရီ ၅၀မိနစ်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန်မဟုတ်သော ထူးခြားသည့် အသံကြီးပေါ်ထွက်လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည်များ (working solution) အောက်သို့စီးကျကာ ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပေါ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်၊ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင် မီးကိုထိန်းနိုင်ခဲ့ပြီး ညနေခြောက်နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာသို့ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံဝန်ထမ်း (၅)ဦးနှင့် မီးသတ်ဝန်ထမ်း (၁)ဦးတို့ အနည်းငယ်ဒဏ်ရာရရှိသွားကြပြီး ဓာတုအရည်ထိမှန်သည့် ၀န်ထမ်းတစ်ဦးကို ချောက်မြို့ပြည်သူ့ဆေးရုံတွင် တင်ပို့ထာ့းကြောင်း စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အဦများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးသွားကြောင်းသိရှိရသည်။

မီးလောင်မှုဖြစ်ပွားသည့် အဆိုပါစက်ရုံသို့ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိနေပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း စက်မှုဝန်ကြီးဌာနမှသတင်းရရှိသည်။

(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်။)
 

>>>ဆက်ဖတ်ရန်>>> >>

မျက်ရည်



`မျက်ရည်´ ဆိုသည်မှာ
ကျွန်တော် တို့ ဘယ်လောက်နာကျင်နေသလဲ
ဆိုတာကို 
`နှုတ်ခမ်း´ တွေက
ထုတ်ဖော် မပြောနိုင်တဲ့အခါ
`နှလုံးသား´ က ကူပြီးပြောပေးတဲ့
`အသံမဲ့ ဘာသာစကား´


`မျက်ရည်´ ဆိုသည်မှာ
ကျွန်တော် တို့ ဘယ်လောက်နာကျင်နေသလဲ
ဆိုတာကို
`နှုတ်ခမ်း´ တွေက
ထုတ်ဖော် မပြောနိုင်တဲ့အခါ
`နှလုံးသား´ က ကူပြီးပြောပေးတဲ့
`အသံမဲ့ ဘာသာစကား´
>>>ဆက်ဖတ်ရန်>>> >>

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ၏ ထုတ်ပြန်ကြေညာချက်


ရက်စွဲ- ၁.၈.၂၀၁၂

၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်ပြောင်းလဲမှုများကိုထိခိုက်စေသည့်နောက်ပြန်ဆွဲသောမည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ်ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သောမည်သည့်ရေးသားမှုကိုအစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။

အထက်ပါတောင်းဆိုချက်များကိုချက်ချင်းလုပ်ဆောင်ပေးရန် ယနေ့တက်ရောက်လာသောသတင်းမီဒီယာသမား ၉၂ ဦးကသဘောတူလက်မှတ်ရေးထိုးလိုက်သည်။

ကော်မတီဝင်များစာရင်း

၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး

ကော်မတီများ

၁။ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်

၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း

၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)
>>>ဆက်ဖတ်ရန်>>> >>

အိန္ဒိယနိုင်ငံမှ ပြည်တွင်း ဆန်စက်လုပ်ငန်းရှင်များအား လာရောက်လေ့လာရန် ဖိတ်ခေါ်



ရန်ကုန် သြဂုတ် ၁

အိန္ဒိယနိုင်ငံမှ ဆန်စက်လုပ်ငန်းရှင်များသည် ၎င်းတို့နိုင်ငံ၏ ဆန်စက်လုပ် ငန်းများနှင့်ပတ်သက်၍ လာရောက်လေ့ လာမှုပြုလုပ်ရန် ပြည်တွင်းလုပ်ငန်းရှင် များဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၂၄၊ ၂၅၊ ၂၆ ရက်များ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍ၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည့်ပွဲ Intro Myanmar Agri Trade, Investment & Infrastructure Global Summit 2012 ၌ အိန္ဒိယနိုင်ငံမှ ဆန်စက်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများလည်း လာရောက်ခဲ့ပြီး ၎င်းတို့မှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

မြန်မာ့ရိုးရာခြင်းလုံးအားကစား ထည့်သွင်းကျင်းပမည်


အာဆီယံ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား ထည့်သွင်းကျင်းပမည်

ရန်ကုန် သြဂုတ် ၁

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်က နေပြည်တော်၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံများအားလုံးပါဝင်သည့် (SEA- GAMES) အစည်းအဝေးတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို လာမည့်ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပရေးကို အဆိုတင်သွင်းခဲ့ရာ အစည်းအဝေး တက်ရောက်သည့် အာဆီယံနိုင်ငံများ အားလုံးက သဘောတူထောက်ခံခဲ့ကြသည်။ ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း ထည့်သွင်းကျင်းပရန် နိုင်ငံတော်မှလည်း ထုတ်ပြန်ပေးခဲ့ သည်။ မြန်မာ့ရိုးရာ ခြင်းလုံးအား ကစားနည်းသည် အရှေ့တောင်အာရှ အားကစားတွင် ပထမဆုံးအကြိမ် ပါဝင် လာမည့် အားကစားနည်းသစ်တစ်မျိုး ဖြစ်လာသည်။
>>>ဆက်ဖတ်ရန်>>> >>

အလွဲသုံးစားလုပ်သည့် မီးရထားဝန်ထမ်း ၄၅ ဦးကို တာဝန်မှရပ်စဲသည်အထိ အရေးယူ


ရန်ကုန်၊ ဇူလိုင်-၃၀

မြန်မာ့မီးရထားမှ အလွဲသုံးစားလုပ်သည့် ၀န်ထမ်း ၄၅ ဦးကို တာဝန်မှရပ်စဲကာ အလုပ်ဖြုတ်သည်အထိ အရေးယူလိုက်ကြောင်း မြန်မာ့မီးရထား ရုံးချုပ် (နေပြည်တော်)အဆင့်မြင့်အရာရှိတစ
်ဦးက ပြောသည်။

ထို့အပြင် မိုးညှင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းအဆင့်အရာရှိတစ်ဦးကိုလည်း လက်ထောက်တိုင်းအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။ ထိုကြောင့် ၀န်ထမ်း ၄၆ ဦးကို အရေးယူလိုက်ခြင်းဖြစ်သည်။ “မီးရထားမှာ အရေးယူမှုတွေ လုပ်ဖူးတယ်ဆိုပေမယ့် ဒီတစ်ကြိမ်က အရေးယူတဲ့လူအရေအတွက် အများဆုံးပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၎င်းဝန်ထမ်းများမှာ စက်သုံးဆီအလွဲသုံးစားပြုလုပ်မှုဖြင့် အရေးယူ လိုက်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားနေပြည်တော်ရှိ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်

“အရေးယူတာက လမ်းထဲကို ကျောက်ချရတဲ့ ရထားတွေကလည်း ကျောက်မချဘဲ ကျောက်ချတယ်ဆိုပြီး ဆီထုတ်ယူတဲ့သူတွေရယ်၊ လူစီးရထား ရှေ့မှာ လှည့်တဲ့ရထားကလည်းမလှည့်ဘဲ ဆီထုတ်ယူတဲ့သူတွေကို အရေးယူလိုက်တာ”ဟု ၎င်းကပြောသည်။ ၎င်းတို့ကိုစက်ခေါင်းမောင်းသူ အချင်းချင်း အဆင်မပြေဖြစ်၍ တိုင်ကြားရမှသိရ၍ ဒုတိယအထွေထွေမန်နေဂျာများ သွားရောက် စစ်ဆေးအတည်ပြုကာအရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါတွေကို အရေးယူနိုင်ဖို့ မန်နေဂျာနဲ့ အထွေထွေမန်နေဂျာ ၁၀ ဦးလောက်ကဆုံးဖြတ်ပြီး ၀န်ကြီးရုံးကို တင်ပြပြီး အရေးယူလိုက်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ လက်ရှိတွင် ၎င်းတို့ကို မိမိတို့သုံးစွဲထားသော ငွေပမာဏအတိုင်း ပေးလျော်ရန် ပြောကြားထားပြီး
ပေးလျော်နိုင်ခြင်း မရှိပါက ထောင်ကျသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ လျော်ကြေးပေးရမည့်အများဆုံးဝန်ထမ်းမှာ ကျပ် ၆၂ သိန်းဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

ဒါက...ဒီလိုရှိပါတယ်..သူငယ်ချင်း..........


                                                          
                                           
Why MYANMAR is in trouble............................
Population: 56 MILLIONS   ၅၆ သန်းကျော်ရှိပါတယ်...။
9 Millions retired........  ၉ သန်းကျော်က လူအိုတွေ(အငြိမ်းစားတွေ......)


့ိ့
 

30 millions in States & Townships Employee
သန်း ၃၀ ကျော်ကတိုင်းနဲ့မြို့နယ်ကအလုပ်သမားတွေ...
17 millions in Central Govt. in NPT
၁၇ သန်းက လက်အောက်ခံ....အလုပ်သမားတွေ ..
(Both categories don't work) နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့လူတွေ....





1 million IT professional (don't work for Myanmar )

၁ သန်းက IT ပညာရှင်တွေ...(ဒါပေမဲ့....နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး...)




25 millions in school ....
၂၅ သန်းက ကျောင်းသား၊ကျောင်းသူတွေ.....




1 million are under 5 years..... ၁ သန်းက ၅ နှစ်အောက်တွေလေ...





15 millions unemployed ...၁၅ သန်းကျော်က အလုပ်လက်မဲ့....





 1.5 millions, u can find anytime in hospitals
.... 
၁ သန်းခွဲကျော်က ဆေးရုံမှာအချိန်နဲ့အမျှ...




Statistics says u find 79,99,998 people anytime in jail....

 ၇၉,၉၉,၉၉၈ က အချိန်မရွေးထောင်ထဲမှာလေ.....


The Balance
 two are U & Me.
လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ  လေ....
ဒါပေမဲ့.....


U
are busy ' checking Mails /sending fwds.. '..!!
မင်းကလည်း မအားဘူးလေ....မေးလ်တွေဖတ်ရ...၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့လေ...



 

HOW CAN I HANDLE MYANMAR alone?
ကဲ...ပြော..ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် မြန်မာနိုင်ငံကြီးကို
ထိန်းမလဲ...
>>>ဆက်ဖတ်ရန်>>> >>

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်



ရန်ကုန်-သြဂုတ်၂
၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ်ကိုယ်ရေးအရာရှိဘ၀က နေထိုင် ခဲ့သော နေ အိမ်အားမကြာမီပြန်လည်ပြုပြင်ကာဦးသန့်၏ဘ၀အစိတ်အပိုင်းနှင့်သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏ အစိတ်အပိုင်းအချို့တွင် ပြတိုက် ငယ်အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး၊အိမ်၏အချို့အစိတ်အပိုင်းများတွင် အများပြည်သူနှင့်ဆိုင်သော ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချချက်မျာြး ပု လုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏မြေးတော် စပ်သူ စာရေးဆရာဦးသန့်မြင့်ဦးကသူ၏ ဖေ့ဘွတ်စာမျက်နှာတွင်
် ယနေ့မွန်းလွဲပိုင်းက ရေးသားထားသည်။
ယခင်အစိုးရလက်ထက်ကလျှစ်လျှူရှု့ထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာအချိန်ယူပြင်ဆင်ပြီး အကောင်မထည်ဖော်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်းဦးသန့်မြင့်ဦး
ကရေးသားထားသည်။
အဆိုပါအိမ်မှာ အမှတ်(၃၁)၊ ၀င်ဒါမီရာ Garden (ဆာကူရာ Resident နောက်လမ်းမှဝင်ရ) ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။
ဓာတ်ပုံ - U Thant Myint U FB Page
 

>>>ဆက်ဖတ်ရန်>>> >>

"FRIENDS"

A - Accepts you as you are.

သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့ မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains(i.e, explains) thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့ စကားကိုနားမထောင်ပါက အော်တတ်သူ


Z - Zaps you back to reality.

သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ
>>>ဆက်ဖတ်ရန်>>> >>

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့်
လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး
ထုတ်ဖော်ပြောဆို......

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ
အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်
နောက်
သမ္မတ၏ အမိန့် ဖြင့်
မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော
နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို
စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ 
ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ
( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။

" တိုင်းပြည်လုံခြုံရေးအတွက်ပါ... အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က
ခြံစည်းရိုးလိုပါဘဲ... လုံခြုံအောင်ဆောင်ရွက် သွားမှာပါ... " ဟု
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။

ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ်
လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု့ များဆောင်ရွက်နေပြီ
ဖြစ်ကြောင်နှင့် ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော
အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

( ပြည်မြန်မာ )

>>>ဆက်ဖတ်ရန်>>> >>

မြန်မာစာ မြန်မာစကား

မြန်မာစကား ဝေါဟာရကြွယ်ဝလိုက်ပုံများ...

(မြန်မာစကားတတ်တာကို ဂုဏ်ယူလိုက်စမ်းပါ )
 
>>>ဆက်ဖတ်ရန်>>> >>

Facebook Application

 by ကိုလင်း- သလ္လာဝတီ on Thursday, August 2, 2012 at 12:03am ·


ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင် ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာ ပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေး တာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။

ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေ မှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါ ဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေး အချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ ပေါ်လ စီ ကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက် တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်း ဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေး အချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင် တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့ အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။

ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက် အလက်တွေ ဖြည့်နေ ရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထား ပါ တယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေ ကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့ အ တိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

Ref: Understanding what Facebook apps reall Know (FAQ)
ရေးသားသူ -  ဆန်းသော်တာ
>>>ဆက်ဖတ်ရန်>>> >>

လမ်းညွှန်နည်းပညာ/ဆော့ဝဲဆိုက်လင့်များ

www.Myanmartalk.net
ပြည်တွင်းဖြစ်အီးမေး၊ chart phone တွေကိုဝန်ဆောင်မှုပေးမယ့်ဆိုက်






 www.etelegram.net.mm
မြန်မာ့ဆက်သွယ်ရေးမှ လွင့်တင်ထားသော online မှ ကြေးနန်းပို့နိုင်သော ဝက်ဆိုက်


www.Myanmar-pac.org
မြန်မာအင်တာနက်ကဖေးဆိုင်များ အတွက်ဝက်ဆိုက်


 www.ezy.haiovs.org
100 Mb file များကို upload တင်၍ share လုပ်နိုင်သောပြည်တွင်းဝက်ဆိုက်


nativemyanmar.net
ကဏ္ဍစုံပါတဲ့မြန်မာဝက်ဆိုက်ကလေးပါ


 www.myanmarengineering.org
မြန်မာကွန်ပျူတာပညာရှင်များမှဖွဲ့စည်းထားပြီး IT.ပညာရပ် များသင်ကြားပေးသောဆိုက်


www.MCPA-myanmar.org
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်း၏ ဝက်ဆိုက်


 www.Networksolution.Net
သင်လိုချင်တဲ့ဝက်ဆိုက်လိပ်စာအသစ်ဟာ ရှိပြီးသားလား၊မရှိသေးဘူးလား
ရှာကြည့်နိုင်တဲ့ဆိုက်


 www.fixingmycomputer.com
ကွန်ပျူတာပြုပြင်ရေး လမ်းညွှန်ဆိုက်


www.majorgeeks.com
ကွန်ပျူတာဆားဗစ် recovery /back-up ဆော့ဖ်ဝဲ များဝက်ဆိုက်


www.myanmaritpro.com
ပြည်တွင်း ITနည်းပညာဝက်ဆိုက်


www.Tutorialized.com
လေ့လာဖို့ Tutorial ဆော့ဝဲများ အစုံရှိတဲ့ဆိုက်


 www.webdesign.org
www.w3schools.com
ဝက်ဆိုက်ဒီဇိုင်းတွေလေ့လာဖို့သင်ခန်းစာတွေ နမူနာတွေအစုံရှိ


www.sixrevisions.com
web page လုပ်ချင်သူများနမူနာလမ်းညွှန်နဲ့ ဒီဇိုင်းတွေရယူဖို့ဆိုက်


www.newevolutiondesigns.com
web page လုပ်ချင်သူများ လမ်းညွှန်ဆိုက်


 www.getnetwise.com
အင်တာနက်ကို လုံခြုံစွာသုံးနိုင်ရေးအတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုက်


 www.w3schools.com
HTML,NET,XML,Flash စတဲ့သင်ခန်းစာတွေ အခမဲ့သင်ယူ၊ ဖြေဆိုနိုင်တဲ့ဝက်ဆိုက်


 www.computerhope.com
ကွန်ပျူတာဆိုင်ရာ software/hardware ပြဿနာများ
ဖြေရှင်းနည်းမျိုးစုံ ရေးထားသောဝက်ဆိုက်


 tizag.com
website ရေးသားဖို့အတွက် လေ့လာချင်သူတွေအသုံးတည့်မယ့် ဝက်ဆိုက်


 www.webteacher.org
ဝက်ဆိုက်အခြေခံဗဟုသုတတွေ၊ ကိုယ်ပိုင်ဝက်ဆိုက်စာမျက်နှာတစ်ခုပြုလုပ်ပုံ စတာတွေ
ရှင်းပြထားတဲ့ ဝက်ဆိုက်


www.world-cat.org
ကမ္ဘာတစ်ဝန်း ကစာကြည့်တိုက်တွေကို ကွန်ရက် ချိတ်ဆက်ပေးနေတဲ့ဆိုက်


 www.elo-godesign.com
လိုဂိုအကောင်းဆုံးလင့်ခ် ၃၀၀ ကျော်ကိုစုစည်းပေးထားတဲ့ဝက်ဆိုက် portableapps.com ပေါ့ပါး
သေးငယ်အသုံးကြွယ်တဲ့ဆော့ဝဲလေးတွေကိုစုစည်းထားတဲ့ဆိုက်


 www.pic-nik.com
သင့်ရုပ်ပုံတစ်ပုံကို အင်တာနက်ပေါ်မှာ တည်းဖြတ်နိုင်မယ့်ဝက်ဆိုက်


 www.betterworldlinks.org
website သုံးသောင်းကျော်အဖြစ်အပျက်တွေကို
ရွေးထုတ်ပေးထားတဲ့ ဝက်ဆိုက်ပါ


 www.the-zeal.com
ဝင်ငွေထွက်ငွေ၊ရင်းနှီးမြှုပ်မှု၊အမြတ်အရှုံးတွေကိုစီမံခန့်ခွဲနိုင်ဖို့
Money Manager Ex ဆိုတဲ့Freewareကို ရယူနိုင်တဲ့ဆိုက်


 www.photobucket.com
ဗီဒီရို ဖိုင်တွေ တင်နိုင်/ကြည့်ရှုနိုင်သည့် ဝက်ဆိုက်


 www.3dtotal.com
သရီးဒီ ပုံတွေကိုခေါင်းစဉ်နဲ့ အကြောင်းအရာအသီးသီး
အောက်မှာရှာနိုင်တဲ့ဝက်ဆိုက်


www.pagebybagebooks.com
အခမဲ့ရနိုင်တဲ့ E-book တွေကိုဖတ်ရှုနိုင်၊အခမဲ့ ဆွဲချနိုင်


 www.meebo.com
Yahoo သုံးသူရော၊Gtalk သုံးသူရော MSN သုံးသူရောတစ်နေရာတည်းမှာ 
စကားပြောနိုင်တဲ့ဝက်ဆိုက်


 www.com-puter.howstuffworks.com
ကွန်ပျူတာနဲ့ပတ်သက်တဲ့အရာတွေ ဘယ်လိုအလုပ် လုပ်ကြတယ်ဆိုတာပြောပြပေးတဲ့ဆိုက်


 www.dafont.com
စာလုံး Fonts ရာပေါင်းထောင်ပေါင်းများစွာရှိ


 www.fileinfo.net
သင်မသိတဲ့ ဖိုင်အမျိုးအစားတွေကို အဓိပ္ပါယ်ဖွင့်ပေးတဲ့ဝက်ဆိုက်


 www.bok.google.com
မြန်မာရှေးဟောင်း စာအုပ်များကို အခမဲ့ဆွဲယူရရှိနိုင်သော ဝက်ဆိုက်


 www.scratch.mit.edu
ကွန်ပျူတာပရိုဂရမ် ဗဟုသုတမရှိဘဲလှုပ်ရှားမှု ရုပ်ပုံများကို
အလွယ်တကူဆွဲချပြီး လုပ်နိုင်တဲ့ဝက်ဆိုက်


 www.box.net
နေရာတိုင်းကနေ ဆွဲယူအသုံးပြုနိုင်တဲ့အပြင် file တစ်ခုချင်းကို share လုပ်လိုသူထဲ
အလွယ်တကူ ပေးနိုင်စွမ်းရှိတဲ့ဆိုက်


 www.Yantanarpon.com.mm
ကဏ္ဍစုံပါဝင်သော ပြည်တွင်းဝက်ဆိုက်တစ်ခု


 www.wikipedia.org
ဝေါဟာရပေါင်းစုံ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များရှာရန်ဆိုက်

 www.sizeablesend.com
ကြီးတဲ့ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုအီးမေးနဲ့အခမဲ့ပို့နိုင်တဲ့ဆိုက်ပါ ပို့သူရဲ့အီးမေးနဲ့ ပို့မယ့်နေရာရဲ့အီးမေးရိုက်ထည့်ရပါတယ်


 www.emailfuture.com
အီးမေးကို လေးငါးနှစ်ကိုယ်ကြိုက်တဲ့အချိန်ကျမှအလိုအလျောက်ပို့ပေးနိုင်တဲ့အခမဲ့ဆိုက်


 www.nodevice.com
ကွန်ပျူတာဒရိုက်ဘာ ဆော့ဝဲသုံးသောင်းကျော် အခမဲ့ရနိုင်တဲ့ဆိုက်


 www.Funmunch.com
ဝေါပေပါအိုင်ကွန်၊ screensaner ကဗျာ၊ဟာသဂိမ်း ecard များအစုံရနိုင်တဲ့ဆိုက်


 www.engadget.com
နည်းပညာပစ္စည်းလေးတွေ မျိုးစုံအကြောင်းဖေါ်ပြထားတဲ့ဝက်ဆိုက်


 www.sovrceforge.net
အခမဲ့ဆော့ဝဲလ်လေးတွေရနိုင်တဲ့ဆိုက်ပါသင့်ဆော့ဝဲလ်ကိုလည်းတင်ပေးနိုင်


 www.it men.com
ကွန်ပြူတာနည်းပညာဆိုင်ရာများကို ဖေါ်ပြထားသောပြည်တွင်းဆိုက်


 www.mmitdevelopment@Jacomda.im
အိုင်စီတီနည်းပညာများကို GTalkမှ မေးမြန်းနိုင်သည့်cbartroom


 www.speakingfaces.com
သင့်မျက်နှာဓာတ်ပုံကိုပို့ပေးလိုက်ရင် စမတ်ကျသူလား
အရှက်ကြီးသူလား ဆွဲတောင်မှုရှိတဲ့သူလား ပြန်ဖြေပါလိမ့်မယ်


 www.Whoreadme.com
သည်ဆိုက်ကနေ အီးမေးပို့ရင်သင့်အီးမေးကို လက္ခံသူဖတ်မဖတ်ပို့ပြီး ဘယ်အချိန်မှ
ဖတ်လဲဆိုတာကိုသိနိုင်ပါတယ်


 www.festisite.com
ကမ္ဘာ့ငွေကြေးစက္ကူတွေပေါ်မှာသင့်မျက်နှာကိုထည့်သွင်းကြည့်နိုင်တဲ့ ပျော်စရာဆိုက်


 www.myxer.com
ဖုန်းအတွက် Dingtone များ ဖုန်းဆော့ဝဲများရနိုင်တဲ့ဆိုက်


www.Myxer.com
ဖုန်းအတွက် Ring tone wallpaper.video.game တွေအခမဲ့ရနိုင်တဲ့ဆိုက်


www.zamzar.com
သင့်ဖိုင်ကို ဓာတ်ပုံ၊ရုပ်ပုံနဲ့ဆိုင်တဲ့ဖိုင်အမျိုးမျိုး စာစီစာရိုက်နဲ့ဆိုင်တဲ့ဖိုင်အမျိုးမျိုးအပြင်အခြားဗီဒီယို power point စသဖြင့် လွယ်လင့်တကူပြောင်းပေးသောဝက်ဆိုက်


 imagevenue.com
သင့်ဘလော့ဂ်ထဲမှာပုံလေးတွေ ထည့်နိုင်အောင်အခမဲ့ယူလို့ရတဲ့ဝက်ဆိုက်


www.pvsusa.com
မောက်စ်ဖြင့်ရုပ်ပုံ၊စာလုံးတို့ရေးဆွဲပြီး အီးမေးလ်နဲ့ပို့နိုင်တဲ့ဝက်ဆိုက်


 www.Brave.net
free webpage ရနိုင်သောဆိုက်


www.pattern8.com
 www.patternHead.com
photoshop တွင်သုံးနိုင်သော pattern များကိုအခမဲ့ရနိုင်သည်


 www.brusheezy.com
photoshop အတွက် Brush များအခမဲ့ရနိုင်တဲ့ ဆိုက်


 www.patternHead.com 
စာတွေ၊ဇယားတွေ၊ခေါင်းစဉ်တွေ၊ပြက္ခဒိန်တွေကိုအခမဲ့သုံးလို့ရတဲ့ ဝက်ဆိုက်


 www.fontcubes.com
စာလုံးဖောင့်များအခမဲ့ရယူနိုင်သောဆိုက်


www.mediafire.com
ဖိုင်တွေကိုဝက်ဘ်ပေါ်မှာ ယူသုံးဖို့အခမဲ့သိမ်းပေးတဲ့ဝက်ဆိုက်


 www.handwarecentral.com
ကွန်ပျူတာဆိုင်ရာနည်းပညာဝက်ဆိုက်



www.webmonkeh.com
programing ဆိုင်ရာဝက်ဆိုက်



www.similicio.us
တူတဲ့ website တွေစုပေးထားသည့်ဝက်ဆိုက်



 www.InternetArchieve.com
နာမည်ကြီးဝက်ဆိုက်ထောင်သောင်းရဲ့ဟိုးယခင်မူလအစကစာမျက်နှာဟောင်းတွေကိုပြန်လည်ဖေါ်ပြထားတဲ့ဆိုက်ပါ
Aardvark.com Search Engine အသစ်တစ်ခုsiteပါ



 www.only-positive-news.com
ကမ္ဘာရဲ့ဝမ်းသာစရာသတင်းကောင်းတွေကိုပဲရွေးပြီးဖေါ်ပြပေးနေတဲ့ဝက်ဆိုက်



www.avto-horkey.net
မန်မိုရီစတစ်ထဲမှဖိုင်တွေ ဖျက်ပစ်ပြီးရင်ပြန်ရှာလို့ရအောင်အမှိုက်ပုံးလုပ်ပေးနိုင်တဲ့ iBin2.8 ဖိုင်ကိုအခမဲ့ရနိုင်တဲ့ဝက်ဆိုက်



 www.sputtik.com
အကောင်းဆုံးနဲ့အခမဲ့ဝက်ဆိုက်တွေကိုရှာဖွေညွှန်ပြပေးနိုင်မယ့် search engine ဝက်ဆိုက်



www.filetac.com
ဖိုင်တွေဓာတ်ပုံတွေကို 2G ပမာဏအထိချုံ့နိုင်အီးမေးလ်ပို့ပေးနိုင်တဲ့ဆိုက်



 www.cs4fn.org 
ကွန်ပျူတာသိပ္ပံနဲ့ပတ်သက်ပြီးပျော်ရွှင်စရာဆောင်းပါးတွေတင်ပြထားတဲ့ဆိုက်



www.mrpicassohead.com
www.brothorsoft.com
ပီကာဆို လက်ရာလူပုံတွေကိုသင်ကိုယ်တိုင်ရေးဆွဲကြည့်လို့ရတဲ့ပျော်စရာဆိုက်



 www.elibrary.net.mm
ဘာသာပြန်ဆော့ဝဲများကိုအခမဲ့လေ့လာနိုင်

www.getjar.com
mobile phone နဲ့ပက်သက်တာတွေကိကြည့်နိုင်ပါတယ်



 www.freenaturepictures.com
ဝေါပေပါများအခမဲ့ရနိုင်သော ဆိုက်



 www.magwecity.com.mm
အခမဲ့ဆော့ဝဲများရမယ့်ဆိုက်တစ်ခု



 www.ezy.haiovs.org
100 Mb file များကို upload တင်၍ shareလုပ်နိုင်သောပြည်တွင်းဝက်ဆိုက်




 www.dowtheme.com
Wallpaper များကိုရနိုင်သော site



 www.iconfinder.net
အိုင်ကွန်ပုံပေါင်း ၁သိန်းကျော်အခမဲ့ရနိုင်တဲ့ဆိုက်



 www.socwall.com
ဝေါပေပါများထောင်သောင်းချီရှိတဲ့ဆိုက်



 www.kidzdon.com
online ပေါ်မှ Animation အရုပ်လေးတွေ လှုပ်လိုရတဲ့ဆိုက်



www.blibs.com
ကိုယ့်အိုင်ကွန်ကို Animation လုပ်လို့ရတဲ့ဆိုက်



www.picasion.com
Animation အရုပ်လေးတွေလှုပ်လိုရတဲ့ဆိုက်



 www.gickr.com
Animation အရုပ်လေးတွေလှုပ်လိုရတဲ့ဆိုက်



 www.aniboom.com
Animation အရုပ်လေးတွေလှုပ်လိုရတဲ့ဆိုက်



 www.fluxtime.com
Animation အရုပ်လေးတွေလှုပ်လိုရတဲ့ဆိုက်



 www.animasher.com
Animation အရုပ်လေးတွေလှုပ်လိုရတဲ့ဆိုက်



www.friend18.com
ရုပ်ပုံများ၊ flash animationများဟာသများကိုအခမဲ့မျှဝေ/ရယူနိုင်



 www.Coolclips.com
clipartပုံလေးတွေမျိုးစုံယူလို့ရတဲ့ဆိုက်



 entheosweb.com
Flashanimationဖိုင်နမူနာများရှိသည်



 www.getjar.com
mobile phoneနဲ့ပက်သက်တာတွေကိုကြည့်နိုင်ပါတယ်



 www.stardownloader.com
ဖိုင်ကြီးတွေကိုအပိုင်းအပိုင်းစိတ်ပြီး download ချလို့ရတဲ့ဆော့ဝဲ ရှိတဲ့ဆိုက်ပါ



 www.portablefreeware.com
အခမဲ့ portable soft ware ရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.esoft.web.Id
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.esoft.web.Id
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.softpedia.com
 free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.download.cnet.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.makeuseof.comf
ree wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.sharewareplaza.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။


 www.Zqware.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.freewarefiles.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.fileforum.betanews.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.download.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.sourceforge.net
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.winaddon.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



 www.soft82.com
free wareများရနိုင်သောဝက်ဆိုက်တစ်ခုဖြစ်ပါသည်။



www.magwecity.com.mm
free ware များရနိုင်သော မြန်မာဝက်ဆိုက်တစ်ခုဖြစ်ပါသည်။


 www.Ircmm.org
မြန်မာပြည်မှတင်ထားသော Linux နည်းပညာဆိုင်ရာဝက်ဆိုက်ပါ။


 www.Lyngsat.com
ဂြိုဟ်တုစလောင်း tv ကုတ်နံပါတ်တွေရှာနိုင်တဲ့ဝက်ဆိုက်ပါ


  

ထူးခြားဆိုက်များ
 
 www.uneyclopedia.org 
ဝီကီပီးဒီးယားနဲ့ဆင်တူတဲ့စွယ်စုံကျမ်းဝက်ဆိုက်ပါပဲ  

www.aftervote.com 
ဂူဂဲလ်၊ရာဟူး၊MSN,Diggဝက်ဆိုက်အားလုံးပေါင်းရှာသလိုကြည့်နိုင်  

 www.answerbag.com
မေးချင်တာမေးတစ်မိနစ်အတွင်းဖြေပေး၏  

www.langid.net
မသိတဲ့စာကြောင်းကိုကော်ပီကူးပြီး ကိုရီးယားလားဂျပန်စာလား၊ရုရှစာလား.သိမယ့်ဆိုက်ပါ

 www.Ultrasonic-ringtones.com
ကိုယ်ပဲကြားရပြီးတစ်ခြားလူတွေမကြားရတဲ့ထူးဆန်းသောဖုန်းသံများရှိပါသည်  

 www.scopesys.com
သင်သိချင်တဲ့နေ့စွဲကိုရိုက်ထည့်ပြီးအဲဒီနေ့ရဲ့ ထူးခြားချက်နဲ့နေ့ထူးနေ့မြတ်တွေကိုဖော်ပြပေး  

 www.onlinefunsite.com
ဟာသဆန်ဆန်ဓာတ်ပုံတွေ ဂိမ်းတွေ၊ရုပ်ပုံတွေဖေါ်ပြထားတဲ့ဆိုက်ပါ။  

 www.oddee.com
ကမ္ဘာပေါ်မှအထူးအဆန်းဆုံး၊သတင်း၊ပစ္စည်း၊ဖြစ်ရပ်၊ကိစ္စများကိုဖော်ပြထားသည်  

 www.Dailymotion.com
ထူးဆန်းတဲ့ဖြစ်ရပ်တွေကြည့်လို့ရတဲ့ဆိုက်ပါ  

 www.onlinefunsite.com
ဟာသဆန်ဆန်ဓာတ်ပုံတွေ ဂိမ်းတွေ၊ရုပ်ပုံတွေပါတဲ့ဆိုဒ်ပါ။  

 www.beautifulpeople.com
ရုပ်ချောသူများကိုသာဝင်ခွင့်ပြုသည့်ဝက်ဆိုက်  

 www.cracked.com
ရယ်စရာအစုံရှိနေတဲ့ဆိုက်ပါ

 www.bluesfear.com
  ရုပ်ပုံချည်းစုပေါင်းရေးဆွဲထားတဲ့စုစုပေါင်အရှည် ၈၂ပေကျော်ပြီးသင်လည်း ပါဝင်နိုင်တဲ့ကိုယ့်အလှည့်စောင့်ဖို့လိုမယ့်အင်တာနက်ပေါ်မှာအရှည်ဆုံးဆိုတဲ့ဝက်ဆိုက် တစ်ခုပါ-


ဗိုင်းရပ်ဆိုင်ရာများ

 www.virustotal.com
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်


 www.virusscan.Jotti.org
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်


 www.viruschief.com
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်


 www.home.mcafee.com
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်


 www.onlinescan.avast.com
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်


 www.bitdefender.com
အင်တာနက်မှအခမဲ့ဗိုင်းရပ်စ်စစ်ပေးနိုင်သာဆိုက်



http://youth-it-technican.blogspot.com/
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး