Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ငါးပါး အသိ

၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။
၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။
၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။
၎။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။
၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။

မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅

Photo: ၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။
၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။
၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။
၎။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။
၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။

မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅

>>>ဆက်ဖတ်ရန်>>> >>

သားသမီးများ သတိထား.

သားသမီးများ သတိထား.

ရှုမငြီးသည့်၊ သားသားမီးမီး
တွတ်တီးတွတ်တာ၊ ပြောချင်ရာပြော
သဘောကျခဲ့၊ အိုချည့်ဖမိ
သတိအားနည်း၊ ပြောပြီးထပ်ခါ
နေရာတကာ၊ ၀င်ပါသည်ဟု
ငြူစူသမှု၊ ပြုလားပြုသည့်
သားသမီးများ၊ သတိထား...
သင်လည်း တစ်နေ့ အိုဦးမည်...။

အမည်မသိ စာဆို..

Photo: သားသမီးများ သတိထား.

ရှုမငြီးသည့်၊ သားသားမီးမီး
တွတ်တီးတွတ်တာ၊ ပြောချင်ရာပြော
သဘောကျခဲ့၊ အိုချည့်ဖမိ
သတိအားနည်း၊ ပြောပြီးထပ်ခါ
နေရာတကာ၊ ၀င်ပါသည်ဟု
ငြူစူသမှု၊ ပြုလားပြုသည့်
သားသမီးများ၊ သတိထား...
သင်လည်း တစ်နေ့ အိုဦးမည်...။

အမည်မသိ စာဆို..
>>>ဆက်ဖတ်ရန်>>> >>

သင်သိ ငါသိ အားလုံးသိ

သင်သိ ငါသိ အားလုံးသိ

သင်ကောင်း,မကောင်း, သင့်အကြောင်းကို, သင့်ခေါင်းထဲက, သိပါ၏။
သင့်ကိုစောင့်ကြပ်, ကိုယ်စောင့်နတ်လည်း, ပြတ်ပြတ်သားသား, သိပါ၏။
နတ်တို့သနင်း, သိကြားမင်းလည်း, ရှင်းရှင်းလင်းလင်း, သိပါ၏။
ငရဲသနင်း, ယမမင်းလည်း, ကွင်းကွင်းကွက်ကွက်, သိပါ၏။
ဈာန်အဘိဥာဏ်, တန်ခိုးရှင်လည်း, ထင်ထင်ရှားရှား, သိပါ၏။
သင်ပြုလုပ်စဉ်, သင့်ဝန်းကျင်မှ, မြင်မြင်သမျှ, လူ, နတ်ကလည်း, ဂဃနဏ သိပါ၏။
လိမ်ညာမရ, ဤလောက၀ယ်, ဓမ္မလမ်းစဉ်, လျှောက်လှမ်းချင်က, အသင်ပြုပြင်နိုင်သေး၏။

{အရှင်နေမိလ္လ-နတ်မောက် ဘုန်းနွယ်}

Photo: သင်သိ ငါသိ အားလုံးသိ

ဗုဒ္ဓဘာသာဝင်တိုင်း သိထားရမည့် ဗုဒ္ဓဘာသာအလံတော်

ဗုဒ္ဓဘာသာဝင်တိုင်း သိထားရမည့် ဗုဒ္ဓဘာသာအလံတော် အကြောင်း....
(မိမိဝေါပေါ်တွင် ဘာသာတရားအလေးအနက်ထားသူတိုင်း ရှယ်နိုင်သည်)
ဗုဒ္ဓဘာသာအလံတော်အကြောင်း......( သိကောင်းစရာ ဗဟုသုတဖြစ် တင်ပေးလိုက်ပါသည် )

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း

တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်

ဓမ္မစေတီ။ဓမ္မစေတီဆရာတော်ကြီး ဟောကြားတဲ့တရားတော်ထဲက ဗုဒ္ဓဘာသာအလံတော်အကြောင်း ဖွဲ့ဆိုချက်ပါ။

သမိုင်း

အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။

အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။

Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။

၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။

အရောင်များ

အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။

ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။

ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။

နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။

ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊

လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။

အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။

တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။

ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ

ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။

~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
Mg Mandalay note

Photo: ဗုဒ္ဓဘာသာအလံတော်အကြောင်း......( သိကောင်းစရာ ဗဟုသုတဖြစ် တင်ပေးလိုက်ပါသည် ) 

ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုး

ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုးခြင်း

“ကျပ်တန်နော်”

“ဟုတ်ပါတယ် ပြားတစ်ရာကျပ်ပါ “

“အခုနေတဲ့လိပ်စာက “

“ မြောင်းတောင်းမှာပါ “

“ဒေါင်းတောင်း မဟုတ်ဘူးလား“

“မဟုတ်ဘူး။ လူစည်ကားရာမှာ မနေတာကြပြီ “

“သြော်..သြော် လူတွေကြားမှာ ကျပ်မပြည့်ဘူး ပြောပြောနေတာ ခင်ဗျားနဲ့ ဘယ်လိုပတ်သက်နေလဲ “

“ပြားတစ်ရာမပြည့်ဘူး လို့ပြောတာနေမှာပေါ့။ကျုပ်နဲ့ မပတ်သက်ပါဘူး။ကျုပ်က ကျပ်ပြည့်တာပဲ“

“ခင်ဗျားနဲ့ ခေတ်ပြိုင် ငါးကျပ်တန် ဆယ်တန်တွေ ရှိသေးတယ် မဟုတ်လား။ သူတို့ဘာလုပ်နေကြလဲ“

“ငါးကျပ်တန်က အလှူခံပုံးထဲမှာ။ဆယ်တန်က ဒလသင်္ဘောပေါ်မှာ ထိုင်ခုံရောင်းနေတယ်“

“သူက အထက်ကအကြီးကောင်ကရော“

“နှစ်ဆယ်တန်ကိုပြောတာလား။ဒီကောင်က ကိုးလို့ကန့်လန့်ကောင်“

“ဘာဖြစ်လို့“

“ရှစ်ဆယ်တန် ပစည်းက တစ်ရာဖြစ်ရတာ သူ့ကြောင့်။ နှစ်ဆယ်ဘယ်သူမှ မကိုင်ဘူး။ တစ်ရာယူလိုက်ကြတာ“

“ဟုတ်သားပဲ ဒါနဲ့ ဟိုပါဝါကောင်ရော“

“ခင်ဗျားကလည်း နတ်ခတ်တွေ ပါဝါတွေလုပ်နေပြန်ပြီ။ ခုထိခင်ဗျားတို့ဆီမှာ နှစ်လုံးသုံးလုံး မရှင်းသေးဘူးလား။ငါးဆယ်တန်လုပ်စမ်းပါ“

“ဟုတ်ကဲ့ ငါးဆယ်တန် အကြောင်းမေးတာပါ“

“လိုင်းကားစီးလို့ရသေးတယ်။ဒလသင်္ဘောစီးလို့ရသေးတယ်။တစ်ခါတစ်ခါ တစ်ရှုးထုပ်တွေ နဲ့လဲတာခံရတယ်။ဒါပေမယ့် အကြွေပေး အကြွေပေးလို့ စပယ်ယာတွေ နာနာအအော်ခံရရင် ဒီကောင်လည်း မလွယ်တော့ဘူး ကျုပ်ဆီေ၇ာက်ခါနီးပြီ“

“ဒါနဲ့ အချို့အလုပ်တွေမှာ ရာနှုန်းအပြည့်ဘူးလို့ အော်အော်နေသံကြားတယ်။ ခင်ဗျားတို့ ဆီက တစ်ရာနဲ့များပတ်သက်နေမလား“

“မဟုတ်တာ ကန်စွန်းရွက်နှစ်ပင်တစ်ရာတန်နေတာပဲ။မြို့ပတ်ရထားစီးလို့ရနေတာပဲ ။သူနဲ့ မဆိုင်ပါဘူး သူ့အလုပ်သမားတွေ အရည်အသွေးညံ့လို့နေမှာပါ“

“ခင်ဗျားက တစ်ကျပ်တန်နော် ခင်ဗျားကို နှစ်ရာလို့ပြောရင် ခင်ဗျားရဲ့ သဘောက“

“အဲဒီလို့ပြောရုံနဲ့ အထူးလိုင်းကားတိုးစီးလို့ မရဘူးလေ။ကိုယ့်တန်ဖိုးကိုယ် မသိရင် ကျပ်မပြည့်ရာကျမှာပေါ့။ ကျပ်ပြည့်ပြည့်နဲပပဲ မြောင်းတောင်းမှာ အေးအေးဆေးဆေးနေပါ ရစေ“

“ဟိုထောင်ဝတ်ကောင်ကြီးရော“

“အထူးလိုင်းကားစီးရင် ခဏစောင့်လို့ ဆောင်ကြီးအောင့်ကြီး အပြောခံရတဲ့ ကောင်ကြီးလား“

“ဟုတ်တယ် ငါးရာတန်“

“ဂိတ်သာဆုံးသွားတယ် တစ်ရာပြန်မလာလို့ လေးရာပဲ တန်တော့တယ်။ အခုတလော ဂျာနယ်အရောင်းသမားတွေ ဆီကိုတော့ များများစားစား လာကြသားပဲ။ဒါပေမယ့် ၀ယ်ဖတ်ရတာ မတန်ဘူးလို့ အပြောခံရရင်တော့ သူ့တန်ဖိုးတက်မယ့်ပုံပဲ။ ငါးရာဖိုးနှစ်စောင် ပေးလိုက်ပေါ့ များများဖတ်ပါစေ“

“တစ်ပြားနှစ်ပြား လင်ဗန်းပြားတွေရော ခင်ဗျားဘယ်လိုပြောချင်လဲ“

“လမ်းဘေးမှာ ဘိနပ်စုတ်ဖင်ခုထိုင်ရင်း ကွမ်းတံထွေး တစ်ဗျစ်ဗျစ်မလုပ်ရတော့ဘူး။ ကိုးဆယ့်ကိုးပြား န၀င်းကြေအောင် ကြိုးစားပါ။ အသိကလေး တစ်ပြားဖိုးလောက်ထည့်ရင် ကျပ်ပြည့်သွားမယ်။ ကျပ်စဉ်မီ သွားမယ်လို့ပြောချင်ပါတယ်“

“ခင်ဗျားပဲ ကျပ်စဉ်မီမြောင်းတောင်းဆို“

“ဟုတ်ပါတယ် ဒါပေမယ့် အသိသတိ ကြေးသွန်းဘုရားကြီးရှေ့က အလှူခံပုံးထဲများ တစ်စုတစ် ဝေးရောက်ခဲ့ရင် တန်ဖိုးရှိသွားနိုင်တယ်လေ။ ဘ၀ပြောင်း သွားနိုင်သေးတယ်မို့လား“

“ဒါဆိုကျပ်တန်တစ်ရွက်ရဲ့ မျှော်လင့်ချက်လို့ပြောနိုင်တာပေါ့“

““မြောင်းတောင်းသမားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါနဲ့ ခင်ဗျားမေးတာတွေကြည့် ကျုပ်ဖြေနေရတယ်။ ခင်ဗျားက ဘယ် မီဒီယာကလည်း“

“ မီဒီယာ တစ်ထောင်တန်ကပါ“

“သြော်.. သြော် ငါးထောင်တန် ခိုင်းလိုက်တာနဲ့ တူတယ်။ အခုလို ကျပ်ရာလာသွင်းတာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါဗျာ......“

Photo: ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုးခြင်း

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး

မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း..........
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
အောက်မှာ ဒေါ်ဝင်းမင်းသန်းရဲ့ ပရိုဖိုင်ကို တွေ့သမျှ တင်ပြလိုက်ပါတယ်။

Photo: မြန်မာနိုင်ငံ၏ပထမဦးဆုံးဟောလိဝုဒ်ရုပ်ရှင်မင်းသမီး....ဒေါ်ဝင်းမင်းသန်း..........
၁၉၅၄ ခုနှစ်တုန်းက (ဒေါ်)၀င်းမင်းသန်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ
Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
အဲဒီပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် Purple Plain ဆိုတဲ့ မြန်မာနိုင်ငံကို နောက်ခံထားရိုက်တဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ မင်းသမီးဖြစ်ခဲ့တယ်။
ဟောလိဝုဒ်ရဲ့ ပထမဆုံးသော မြန်မာအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ပေါ့။.........
ထူးခြားတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
ဟောလိဝုဒ်မှာ နာမည်ကျော် မင်းသမီးဖြစ်တဲ့တဲ့ (ဒေါ်)၀င်းမင်းသန်းဟာ မလုံတလုံအ၀တ်အစားနဲ့ ကိုယ်လုံးအလှပြရမယ့် ရေချိုးတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့တော့ မြန်မာအမျိုးသမီးပီသစွာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုခေတ် .. တောမရောက် တောင်မရောက် မင်းသမီးမမတွေနဲ့များ ဂုဏ်သရေကွာခြားလှချည်ရဲ့လို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
အောက်မှာ ဒေါ်ဝင်းမင်းသန်းရဲ့ ပရိုဖိုင်ကို တွေ့သမျှ တင်ပြလိုက်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ်

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဆက်လက်ဖက်ရန်။
http://mee-pya-tite.blogspot.com/2012/02/viber-free-message-free.html

Photo: Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဆက်လက်ဖက်ရန်။
http://mee-pya-tite.blogspot.com/2012/02/viber-free-message-free.html

>>>ဆက်ဖတ်ရန်>>> >>

window စတက်တာနဲ့ သီချင်းလေးနဲ့

window စတက်တာနဲ့ မိမိကြိုက်တဲ့ သီချင်းလေးနဲ့တက်လာအောင်လုပ်မယ်

ပထမဆုံးအနေနဲ့ မိမိထည့်လိုတဲ့သီချင်း (သို့) အသံဖိုင်တစ်ခုရှာထား ရပါမယ်..format ကတော့*.wav ဖြစ်မှရမယ်နော်။။ကျန်တဲ့ format တွေကို window က မသိပါဘူး။ပြီးရင်task bar ပေါ်က speaker icon လေးပေါ်မှာ Right click လုပ်၊ Adjust Audio Properties ဆိုတာကို နှိပ်၊ပေါ်လာ တဲ့ box မှာ sound tab ကိုနှိပ်။

program event အောက်က start window ဆိုတာလေးကို select လုပ်( speakerပုံးလေးနဲ့)အဲဒီအောက် မှာ Browse ကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင် ကို open လုပ်ပြီး apply လုပ်၊ok လုပ်လိုက်ပါ။

ဒါဆိုရင် Window ကို အစကနေ Restart ပြန်လုပ်ကြည့်လိုက်ပါက မိမိထည့်ထား တဲ့ သီချင်းသံလေး ထွက်လာပါလိမ့်မယ်..

by : Myanmar Engineer forum

သူငယ်ချင်းတွေအဆင်ပြေပါစေ..........

Photo: window စတက်လာနဲ့ မိမိကြိုက်တဲ့ သီချင်းလေနဲ့တတ်လာအောင်လုပ်မယ်

ပထမဆုံးအနေနဲ့ မိမိထည့်လိုတဲ့သီချင်း (သို့) အသံဖိုင်တစ်ခုရှာထား ရပါမယ်..format ကတော့*.wav ဖြစ်မှရမယ်နော်။။ကျန်တဲ့ format တွေကို window က မသိပါဘူး။ပြီးရင်task bar ပေါ်က speaker icon လေးပေါ်မှာ Right click လုပ်၊ Adjust Audio Properties ဆိုတာကို နှိပ်၊ပေါ်လာ တဲ့ box မှာ sound tab ကိုနှိပ်။ 

program event အောက်က start window ဆိုတာလေးကို select လုပ်( speakerပုံးလေးနဲ့)အဲဒီအောက် မှာ Browse ကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင် ကို open လုပ်ပြီး apply လုပ်၊ok လုပ်လိုက်ပါ။

ဒါဆိုရင် Window ကို အစကနေ Restart ပြန်လုပ်ကြည့်လိုက်ပါက မိမိထည့်ထား တဲ့ သီချင်းသံလေး ထွက်လာပါလိမ့်မယ်..

by : Myanmar Engineer forum

သူငယ်ချင်းတွေအဆင်ပြေပါစေ..........

>>>ဆက်ဖတ်ရန်>>> >>

အနိုင်အရှုံး အကျိုးအမြတ်

အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်
အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်တွေတွက်ပြီး အငြင်းပွားနေကြရင် ဖြင့်
စည်းလုံးညီညွတ်မှုပြိုကွဲမှာ မလွဲဧကန်ပါပဲ။ စည်းလုံးရေး ပျက် ပြားခဲ့တဲ့
သာဓကတွေလည်း အများအပြား ရှိခဲ့ဘူးကြပါပြီ။
နိုင်သူမှာလည်း နိုင်လို့ ရတက်မီးတွေပွား၊ ရှုံးသူမှာလည်း ဒုက္ခတွေများ၊
ဒီတော့ အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်ရလိုမှုကို ဦးတည်ရင်ဖြင့် ငြိမ်း
ချမ်းရေးရဘို့ မလွယ်ကူပါဘူး။
(ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး)

Photo: အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်

မိမိကိုယ်ကို ဆင်ခြင်နည်း

“မိမိကိုယ်ကို ဆင်ခြင်နည်း”

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --

“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး။
http://tknn.org/index.php?PHPSESSID=5fc1litjvpfv5ea9elhrlp7bu5&...

Photo: “မိမိကိုယ်ကို ဆင်ခြင်နည်း”

gtalk ကနေ အခမဲ့ ဆက်သွယ်နိုင်

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Photo: နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...

ဟမ်းဖုန်းသုံးရင် ဂရုစိုက် ...သတိ....

ဟမ်းဖုန်းကို သတိလက်လွတ်သုံးမိလို့ အသက်ဆုံးရှုံးနိုင်လို့ပါတဲ့ ........သတိထားအသုံးပြုနိုင်အောင် ရှယ်ပေးလိုက်ပြီ .....
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
Translated by: Zan Htet Ko
(ဘာသာပြန်တာ ဆီလျော်အောင်ပြန်ရတဲ့အတွက် အသုံးအနှုန်းမှားရင် သည်းခံဖတ်ပေးပါ ...မူရင်း စာစောင်ရဲ့ အရေးအသားကို အောက်မှာဖော်ပြထားပါတယ်)

READ THIS!!!! IMPORTANT FROM THE UNIVERSITY OF MIAMI HOSPITAL .....VERY SERIOUS WARNING...

I do this all the time! I guess I won't be doing it ANY more !

A few days ago, a person was recharging his mobile phone at home.

Just at that time a call came in and he answered it with the charging Instrument still connected to the outlet.

After a few seconds electricity flowed into the cell phone unrestrained and the young man was thrown to the floor with a heavy thud. As you can see, the phone actually exploded.

His parents rushed to the room only to find him unconscious, with a weak heartbeat and burnt fingers.

He was rushed to the nearby hospital, but was pronounced dead on arrival.

Cell phones are a very useful modern invention.

However, we must be aware that it can also be an instrument of death.

Never use the cell phone while it is hooked to the electrical outlet! If you are charging the cell phone and a call comes in, unplug it from the charger and outlet.

PLZ SHARE IT Maximum as u Can and let all come to know about this.!!
>>>ဆက်ဖတ်ရန်>>> >>

ပြောတတ်ပါစေ

ပြောတတ်ပါစေ
၁။အလောတကြီးကိစ္စ
ဖြည်းဖြည်းပြောပါ။
၂။အရေးကြီးကိစ္စ
ရှင်းရှင်းလင်းလင်းပြောပါ။
၃။အရေးမကြီးကိစ္စ
ဟာသနှော၍ ပြောပါ။
၎။မပိုင်နိုင်သောကိစ္စ
ဆင်ဆင်ခြင်ခြင် ပြောပါ။
၅။ပျော်ရွှင်ဖွယ်ကိစ္စ
ကာလံ၊ဒေသံကိုလိုက်၍ ပြောပါ။
၆။မပျော်ရွှင်ဖွယ်ကိစ္စ
ပြောသင့်သူကိုမှ ပြောပါ။
၇။ဝမ်းနည်းဖွယ်ကိစ္စ
လူတွေ့တိုင်း မပြောနဲ့။
၈။သူတပါးကိစ္စ
သတိထားပြီး ပြောပါ။
၉။မဖြစ်ပျက်သေးသော ကိစ္စ
လက်လွတ်စပယ် မပြောနှင့်။
၁၀။မလုပ်နိုင်သော ကိစ္စ
ကြွားဝါမပြောနှင့်။
၁၁။သူတစ်ပါးကိုထိခိုက်မည့်ကိစ္စ
လုံးဝမပြောနှင့်။
၁၂။လင်မယားကိစ္စ
တိုင်ပင်ဆွေးနွေးပြောပါ။
၁၃။မိမိကိစ္စ
သူများမည်သို့ပြောသည်ကို နားထောင်။
၁၄။သက်ကြီးဝါကြီးသူနှင့် ပြောလျှင်
များများနားထောင် နည်းနည်းပြောပါ။
>>>ဆက်ဖတ်ရန်>>> >>

ဒီလိုလူကိုအလိုမရှိ

ဒီလိုလူကိုအလိုမရှိ

ရာထူးဂုဏ်ဟိတ် ၊ ဘွဲ့တံဆိပ်နှင့်

ခေါင်ထိပ်ကလူ ၊ ဖြစ်စေမူလည်း

လာဘ်ယူခြစား ၊ ကျင့်ပျက်ပြားလျက်

အမျိုးသားဂုဏ်ပျောက် ၊ သစ္စာဖောက်ကာ

ဘာသာတရား ၊ ပျက်ပြားစေသူ

ဒီလို … လူကို … အလိုမရှိ … ။

ဘုရားတည်ကာ ၊ ကျောင်းဆောက်ကာနှင့်

ဂုဏ်ဝါရှိသူ ၊ ဖြစ်စေမူလည်း

ဆင်းရဲသူများ ၊ ချမ်းသာပွားအောင်

သနားညှာတာ ၊ မပြုပါဘဲ

ဥစ္စာဝင့်ကြွား ၊ အမြတ်ကြီးစားသူ

ဒီလို … လူကို … အလို မရှိ ။

ဘွဲ့ဒီဂရီ ၊ ပညာရည်နှင့်

ပြည့်မှီတဲ့သူ ၊ ဖြစ်စေမူလည်း

ပြည်သူအများ ၊ ကောင်းကျိုးပွားဖို့

လုပ်အားမထည့် ၊ အလုပ်လက်မဲ့သူ

ဒီလို … လူကို … အလို မရှိ ။

မျိုးသန့်မျိုးထွား ၊ မိဘနှစ်ပါးမှ

မွေးဖွားလာသူ ၊ ဖြစ်စေမူလည်း

ပြုမူညစ်ညူး ၊ သေရည်မူးကာ

လွန်ကျူမူးယစ် ၊ အလုပ်မဖြစ်သူ

ဒီလို … လူကို … အလို မရှိ ။

သာကီနွယ်ရိုး ၊ လွန်မြတ်နိုးဖွယ်

အမျိုးကောင်းသမီးများ ၊ ဖြစ်ပါငြားလျက်

အယူခြားသူ ၊ မျိုးမတူကို

ကြည်ဖြူဖောက်ပြား ၊ လင်ယူမှားသူ

ဒီလို … လူကို … အလို မရှိ ။

မြန်မာ့မြေနေ ၊ မြန်မာ့ဆန်စား

ဧည့်သည်များသာ ၊ ဖြစ်ကြပါလျက်

မိစ္ဆာလောဘ ၊ အဓမ္မဖြင့်

မြန်မာ့အိမ်ကို ၊ အပိုင်စီးလိုသူ

ဒီလို … လူကို … အလို မရှိ ။

ရွာကြီးတရွာ ၊ လူ့ကမ္ဘာတွင်

ပါဝင်လူသား ၊ ဖြစ်ပါငြားလျက်

အများအကျိုးငှာ ၊ သည်ပိုးရာတွင်

မပါဝင်နိုင် ၊ က္ကုဿာကိုင်လျက်

ဘေးထိုင်ဘုပြော ၊ သဘောမမှန်သူ

ဒီလို … လူကို … အလိုမရှိ ။

အများရှေ့တွင် ၊ လုပ်ငန်းခွင်တွင်

ပါဝင်အတူ ၊ လုပ်ပါမူလည်း

သူလုပ်သည်က ၊ ဟန်ရေးပြနှင့်

နုတ်ကများများ ၊ ဂုဏ်ယူကြွားလျက်

စကားအတင်းဆို ၊ အစားပိုသူ

ဒီလို … လူကို … အလို မရှိ ။

အမျိုးဘာသာ ၊ သာသနာတွက်

စေတနာမှန် ၊ ဂရုဏာသန်လျက်

အနစ်နာခံကာ ၊ နာသုံးနာဖြင့်

ကျရာတာဝန် ၊ ကျေပွန်ကြိုးပမ်း

အားသွန်ထမ်းမည့်

`` စွမ်းအားရှင်(ခေါင်းဆောင်ကောင်း)ကို ၊ အလိုရှိသည် ´´

>>>ဆက်ဖတ်ရန်>>> >>

မှဲ့အနက်အဓိပ္ပာယ်

မှဲ့အနက်အဓိပ္ပာယ်

မှဲ့အနက်အဓိပ္ပာယ်
မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။

နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။

နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

လူ့ဘဝ

လူ့ဘဝ
အသက်အရွယ်နဲ့ မဆိုင်ပါဘူး... စိတ်ဓာတ်နုပျိုဖို့ပဲ အဓိကကျတယ်။

အဝတ်အစား
ခေတ်မီ မမီနဲ့ မဆိုင်ပါဘူး... သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့လိုက်ဖက်ဖို့ပဲ အဓိကကျတယ်။

အစားအသောက်
အစားကောင်း အသောက်ကောင်းနဲ့ မဆိုင်ပါဘူး.... အာဟာရမျှတဖို့ပဲ အဓိကကျတယ်။

အိမ်
အကြီး အသေးနဲ့ မဆိုင်ပါဘူး.... သန့်ရှင်း ချမ်းမြေ့ဖို့ပဲ အဓိကကျတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း
နွေ မိုး ဆောင်းရာသီနဲ့ မဆိုင်ပါဘူး.... အမြဲ ဇွဲရှိရှိလုပ်နိုင်ဖို့ပဲ အဓိကကျတယ်။

စိတ်ဓာတ်
တမင်မွေးမြူစရာမလိုပါဘူး... လိုက်လျောညီထွေ နေထိုင်တတ်ဖို့ပဲ အဓိကကျတယ်။

စိတ်ဝင်စားမှု
ခမ်းနားကြီးကျယ် ခေတ်မီစရာ မလိုပါဘူး.... စိတ်ပါဝင်မှုကို ထိန်းထားနိုင်ဖို့ပဲ အဓိကကျတယ်။

သူငယ်ချင်း
နည်းတာ များတာနဲ့ မဆိုင်ပါဘူး.... စိတ်တူ ကိုယ်တူဖြစ်ဖို့ပဲ အဓိကကျတယ်။
>>>ဆက်ဖတ်ရန်>>> >>

အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရင်

၁။ မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။ ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။ အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။ ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။ လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။ မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။ လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။ ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။ ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။
>>>ဆက်ဖတ်ရန်>>> >>

A,B,C,D များအကြောင်း

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့ နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့် အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . . စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့ စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။ အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။
 
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး