Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး

ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး
***********************************

Photo: ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး 
***********************************
အမျိုးသမီး တွေဟာ အမျိုးသား တွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။

အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။ ကျောက်ချဉ် လို့ ပြောလိုက်ရင် မြန်မာ စာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေ ပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြ စမြဲ ဖြစ်တာမို့ ကျောက်ချဉ် ကလည်း သူ့အစွမ်းက သီးခြား ရှိပါတယ်။

ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေ အတွက် အသုံး အတည့်ဆုံး တခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန် မရနိုင်လို့ ကလေး လိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန် အသုံးဝင် ပါတယ်။

အမျိုးသမီး ကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမ ကိုယ်သန့်ရှင်း ရေးဟာ အလွန် အရေးကြီး ပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာ တွေဟာ၊ ယားယံ တတ်တာ တွေဟာ မိန်းမကိုယ် သန့်ရှင်းရေး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ ကျောက်ချဉ်က အလွန် အသုံးတည့် ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီး နေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ် နိုင်မှုမှာ ကျောက်ချဉ် ဟာလည်း အကျိုး အလွန် ရှိပါတယ်။

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ် နေရသူများ အတွက်လည်း

Read Mroe == >http://bit.ly/Vxed7z

အမျိုးသမီး တွေဟာ အမျိုးသား တွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။

အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။ ကျောက်ချဉ် လို့ ပြောလိုက်ရင် မြန်မာ စာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေ ပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြ စမြဲ ဖြစ်တာမို့ ကျောက်ချဉ် ကလည်း သူ့အစွမ်းက သီးခြား ရှိပါတယ်။
ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေ အတွက် အသုံး အတည့်ဆုံး တခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန် မရနိုင်လို့ ကလေး လိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန် အသုံးဝင် ပါတယ်။
အမျိုးသမီး ကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမ ကိုယ်သန့်ရှင်း ရေးဟာ အလွန် အရေးကြီး ပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာ တွေဟာ၊ ယားယံ တတ်တာ တွေဟာ မိန်းမကိုယ် သန့်ရှင်းရေး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ ကျောက်ချဉ်က အလွန် အသုံးတည့် ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီး နေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ် နိုင်မှုမှာ ကျောက်ချဉ် ဟာလည်း အကျိုး အလွန် ရှိပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ် နေရသူများ အတွက်လည်း အလွန် အသုံး တည့်ပါတယ်။
ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲတာ၊ သွေးလန့် တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေ အတွက်လည်း ကျောက်ချဉ်က အသုံး ၀င်ပါတယ်။
ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှု တွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင် စေပါတယ်။ ချွေးပေါက် ကျယ်တာအစ ဒွါရပေါက် တွေလည်း ကျယ်တာ ကိုလည်း ကျဉ်းစေတဲ့ သတ္တိ ရှိပါတယ်။
ကျောက်ချဉ်ကို အသုံးပြု ပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ်ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများ အနေနဲ့ မိမိရဲ့ မိန်းမ ကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်း လုပ်ဟန်က အင်မတန် ရိုးစင်းပြီး လွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင် ပေးခြင်း ဆိုတဲ့ အရာကို အမျိုး တော်တော် များများမှာ အခက်အခဲ တွေ့တတ် ကြပါတယ်။ ဒါကိုတော့ သတိပြု စေချင် ပါတယ်။
နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေး အတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်း ကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမား လှပါတယ်။
ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေ အထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခုလည်း ဖြစ်ပါတယ်။ ငွေကုန် ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။
ဧရာဝတီ
>>>ဆက်ဖတ်ရန်>>> >>

~သံပုရာသီး အစွမ်းအံမခန်း ~

~သံပုရာသီး အစွမ်းအံမခန်း ~
https://www.facebook.com/loveBUDS.6

ကျန်းမာရေး...
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ပြီးရင်တော့ မျက်နှာ နဲ့ လက် ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေ တဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေး စွမ်းစေနိုင် တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက် ကင်းစေ တဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေ မယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့ သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတော က်ပြောင် လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ် မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်း ပါ တယ်။

*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။တစ်ပတ်လောက် လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာ တိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ်.
(note copy fr'Healthcare.)

post by နှင်းဆီဖူးလေးများ-Love BUDS
>>>ဆက်ဖတ်ရန်>>> >>

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

Photo: ဝက်ခြံ ထွက်သူများ အတွက် 
********************
ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ ပေါက်တဲ့ အခါ ဝက်ခြံ ပျောက်သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန် ရစ်တတ် ပါတယ်။

တစေးဟာ ဘက်တီးရီးယား ပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီး အရည်က အမည်းစက်နဲ့ အပြစ်အနာ အဆာ တွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ

-ဘီယာချက်ရာတွင် သုံးတဲ့တစေး

-လီမွန်သီး အရည်၊

-ရေ

ပြုလုပ်နည်း

-ဘီယာချက်တဲ့ အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီး အရည် တစ်စက်၊ ရေသင့်တင့်ရုံ ပမာဏနဲ့ ရောလိုက်ပါ။ ဝက်ခြံနဲ့ အပြစ်အနာ အဆာ တွေပေါ် လိမ်းပြီး ၁၀ မိနစ် လောက်ထားပါ။

ပင်စိမ်းရွက် တိုနာ

ဒီနည်းဟာ ဝက်ခြံ ပေါက်လွယ်တဲ့ အရေပြား အတွက် အထူး သင့်တော်ပါတယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ် အာနိ သင်ရှိပြီး ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီသို့ သွေးလှည့်ပတ်မှုကို ကောင်းမွန် စေပါတယ်။

ပါဝင်ပစ္စည်းများ

-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊

Read Mroe == >http://bit.ly/ZnOZ9u

-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက် တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေး တစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင် ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက်ဖျန်းပေးပါ။ မျက်နှာ သန့်စင်ပြီးတိုင်း မျက်နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
သော်တာမောင်
>>>ဆက်ဖတ်ရန်>>> >>

အုန်းသီးက ဗိုက်အဆီ လျော့ကျစေနိုင်

အုန်းသီးက ဗိုက်အဆီ လျော့ကျစေနိုင်
************************
Read Mroe == >http://bit.ly/10z4tc1

Photo: အုန်းသီးက ဗိုက်အဆီ လျော့ကျစေနိုင်
************************
ပျမ်းမျှအားဖြင့် သီရိလင်္ကာ လူမျိုးတစ်ဦးက တစ်နှစ်မှာ အုန်းသီး ၁၁၆ လုံးကို စားလေ့ ရှိပါတယ်။
ဒါကြောင့် သူတို့ဟာ အမေရိကန် လူမျိုးတွေထက် ဗိုက်ပူနှုန်း ထက်ဝက် လျော့နည်း နေပါတယ်။ အကြောင်းကတော့ အုန်းသီးမှာ ပါတဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ် အဆီ လောင်ကျွမ်း နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများနေလို့ပါ။ အမျိုး သမီးတွေက အုန်းဆီ ထမင်း စားဇွန်းနှစ်ဇွန်း၊ လတ်ဆတ်တဲ့ အုန်းဆန် ခြောက်အောင်စနဲ့ အုန်းနို့ ၁၀ အောင်စ စားသုံးတာကြောင့် တစ်လမှာ ကိုယ်အလေးချိန် သုံးပေါင်နဲ့ အထက် 

Read Mroe == >http://bit.ly/10z4tc1

ပျမ်းမျှအားဖြင့် သီရိလင်္ကာ လူမျိုးတစ်ဦးက တစ်နှစ်မှာ အုန်းသီး ၁၁၆ လုံးကို စားလေ့ ရှိပါတယ်။
ဒါကြောင့် သူတို့ဟာ အမေရိကန် လူမျိုးတွေထက် ဗိုက်ပူနှုန်း ထက်ဝက် လျော့နည်း နေပါတယ်။ အကြောင်းကတော့ အုန်းသီးမှာ ပါတဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ် အဆီ လောင်ကျွမ်း နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများနေလို့ပါ။ အမျိုး သမီးတွေက အုန်းဆီ ထမင်း စားဇွန်းနှစ်ဇွန်း၊ လတ်ဆတ်တဲ့ အုန်းဆန် ခြောက်အောင်စနဲ့ အုန်းနို့ ၁၀ အောင်စ စားသုံးတာကြောင့် တစ်လမှာ ကိုယ်အလေးချိန် သုံးပေါင်နဲ့ အထက် လျော့ကျ နိုင်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏအရောင်အရင့်ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။

"ဆိုးဆေးထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းတာတွေ အပြင် ဆံပင်ဆေးဆိုးက ပါဝင်တဲ့ ဓါတုပစ္စည်းတွေ နဲ့ ဆေးလိပ်ငွေ့တွေရယ် အခြားလေထု ညစ်ညမ်းစေတဲ့ အငွေ့တွေ ပေါင်းမိတဲ့အခါမှာ ကင်ဆာရောဂါ ဖြစ်နိုင် တဲ့ ဒြပ်ပေါင်း တစ်မျိုးကို ဖြစ်ပေါ်စေတယ်"ဟု မြောက်ဒဂုံမြို့နယ်၊ (၄၃)ရပ်ကွက်မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။

ဆံပင်ဆိုးဆေးအတွင်း၌ ပါဝင်သည့် ဓါတုပစ္စည်းများကြောင့် အလာဂျီ(Allergies) ဖြစ်ပွားစေနိုင်သည့်အပြင် နောက်ဆက်တွဲရောဂါ ဆိုးကျိုးများအဖြစ် သားမြတ်၊ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နှင့် သွေးကင်ဆာရောဂါ များဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များထံမှ သိရှိရသည်။

ထို့အပြင် ဆံပင်ဆိုးဆေးများအား တာရှည်စွာဆေးဆိုးခြင်းဖြင့် ဆံပင်သားကို ပျက်စီးစေခြင်း၊ အရောင်ရင့်များ(အနက်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်အစရှိသည့်) အသုံးပြုခြင်းအားဖြင့် ဆံပင်သားကြမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်နှစ်ခွ ဖြစ်ခြင်းတို့ အများဆုံးဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း ဆံပင်အလှပြုပြင်ရေးဆိုင်များက သိရှိရသည်။

"ကောင်းတာကတော့ ဆိုးဆေးကို တစ်နှစ်လုံးမှ (၂)ခါလောက်ပဲ ဆိုးသင့်တယ်။ မကြာခဏဆိုးတာက ဆံပင်သားကို အရမ်းပျက်စီးစေနိုင်ပါတယ်။ အချို့ ဆိုးဆေးတွေက ဈေးပေါတော့ quality ညံ့တယ်။ အဲ့ဒါတွေကို ဆိုးမိရင် ဆံပင်ရဲ့အဆီဓါတ်တွေ ခမ်းခြောက်ကုန်ပြီး ဆံပင်နှစ်ခွဖြစ်ပေါ်စေတယ် " ဟု ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းမှ ဆံပင်အလှပြုပြင်ရေးဆိုင်ရှင်တစ်ဦး က ပြောသည်။

ဆံပင်ဆိုးဆေးများမှာ ပြည်တွင်းထုတ်အမှတ်တံဆိပ်များအပြင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီ၊ ပြင်သစ်အစရှိ သည့်နိုင်ငံများမှလည်း တံဆိပ် အမျိုးမျိုးဖြင့် ဈေးကွက်တွင်းဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများ မှာ ငွေကျပ်(၃၀၀)၀န်းကျင်မှစ၍ ငွေကျပ်( တစ်သောင်း) ၀န်းကျင်ထိရှိကြောင်း သိရှိရသည်။

"ဆံပင်ဆိုးဆေးကို နှစ်လ တစ်ခါဆိုးရတယ်။ ဆေးဆိုးထားပြီး နှစ်လ သုံးလလောက်ကြာရင် ဆံပင်က ဟိုတစ်ကွက် ဒီတစ်ကွက်ပြန်ဖြူလာတယ်။ ဆိုးဆေးတွေကြောင့် ဆံပင်ပျက်စီးတာ သိပေမယ့် လူမြင်ကောင်းအောင် ဆိုးရတယ်။ အခု ကင်ဆာတွေဘာတွေဖြစ်နိုင်တယ်ဆိုတော့ နည်းနည်းတော့ ဆင်ခြင်ရတော့မယ် " ဟု ကြည့်မြင်တိုင်မြို့နယ်မှ ဒေါ်သန်းသန်းဌေးက ပြောသည်။

ဆံပင်ဆိုးဆေးရေရှည်အသုံးပြုခြင်းကြောင့် သွေးကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်းကိုလည်း အင်တာနက်သတင်းများအရ သိရသည်။

မြစ်မခ
>>>ဆက်ဖတ်ရန်>>> >>

SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချမည်

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချမည်ဟုဦးစိုးသိန်းဆိုလိုက်ပြန်

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။

`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။
>>>ဆက်ဖတ်ရန်>>> >>

အိပ်ရေး မဝခြင်းသည် ခန္ဓာကိုယ်တွင်း အလုပ်လုပ်မှုအား ဆိုးကျိုးများ သက်ရောက်စေနိုင်

အိပ်ရေး မဝခြင်းသည် ခန္ဓာကိုယ်တွင်း အလုပ်လုပ်မှုအား ဆိုးကျိုးများ သက်ရောက်စေနိုင်
********************************************

အအိပ်အနေ နည်းပါးမှုသည် လူ့ခန္ဓာကိုယ်အတွင်း  လုပ်ငန်းဆောင်ရွက်မှုများ အပေါ်အကျိုး သက်ရောက် မှု ရှိစေသည်ကို ဗြိတိန်  နိုင်ငံမှ သုတေသီ များက တွေ့ရှိထားသည်။ တစ်ရက်လျှင် ၆ နာရီ ပြည့်အောင်  မအိပ်သူ များသည်  သီတင်းတစ်ပတ် ကြာသည့် အခါ  ရာနှင့်ချီသော မျိုးဗီဇများ လှုပ်ရှားမှု ပြောင်းလဲ သွားကြောင်းကို ၎င်း တို့က ပြောကြား ထားသည်။

နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် ဦးနှောက် အလုပ်လုပ်မှု ကျဆင်းခြင်း တို့သည် လုံလောက်သော အိပ်စက် အနားယူမှု မရှိခြင်းနှင့် ဆက်နွှယ်မှု ရှိသည်ကို တွေ့ရသည်။
ဆာရေး တက္ကသိုလ်ရှိ သုတေသီ များက တစ်ညလျှင် အိပ်ချိန်၁ဝ နာရီဖြင့် သီတင်း တစ်ပတ်ကြာ အိပ်စက် ထားသူများ၏ သွေးများကို  ဆန်းစစ် လေ့လာခဲ့ပြီး သီတင်းတစ်ပတ်လျှင်  တစ်ညအိပ်ချိန် ၆  နာရီ  မပြည့်သော သူများ၏ သွေးနမူနာ အဖြေများနှင့် နှိုင်းယှဉ်လေ့လာ ခဲ့ကြရာ  မျိုးဗီဇ ၇ဝဝ ကျော်၏ ပြောင်းလဲမှု များကို တွေ့ရသည်။ ဗီဇ တစ်ခုစီတွင်  ပရိုတင်းဓာတ် တစ်မျိုး  တည်ဆောက်မှု အတွက် ညွှန်ကြားချက်များ ပါဝင်ပြီး မျိုးဗီဇများ ပို၍ လှုပ်ရှားလေ ပရိုတင်းဓာတ်များ ပိုမို ထုတ်လွှတ် နိုင်လေ ဖြစ်သည်။ ပရိုတင်းဓာတ် များလာခြင်းသည် ခန္ဓာကိုယ်၏ ဓာတုဗေဒ ဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။
အိပ်ရေး မဝခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝနာရီမှာ ပုံမှန် အလုပ်လုပ် နေမှုမှ ပျက်ပြားသွားပြီး အချို့ မျိုးဗီဇများသည် တစ်နေကုန် နိမ့်လိုက် မြင့်လိုက်ဖြင့် လှုပ်ရှားနေသော အကျိုးဆက် များ ဖြစ်ပေါ်ခြင်းဖြစ်သည်။
အိပ်ရေးဝဝ မအိပ်စက်ခြင်းသည်  ဗီဇ အမျိုးပေါင်း မြောက်မြားစွာ၏ လှုပ်ရှားမှု အတွင်း ဆန်းကြယ်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး ကိုယ်ခံစွမ်းအား စနစ် လျော့နည်းမှု၊ ခန္ဓာကိုယ် တုံ့ပြန်စွမ်းအား ပျက်စီး စေမှုနှင့် စိတ်ဖိစီး မှုကဲ့သို့သော အရာများ ကိုလည်း ဖြစ်ပေါ် စေကြောင်း၊ နှစ်ခြိုက်စွာ အိပ်စက် ခြင်းသည် ခန္ဓာကိုယ် ပုံမှန် လုပ်ငန်းများ လုပ်ဆောင်မှု အခြေအနေအား ထိန်းသိမ်း ထားနိုင်ခြင်း အတွက် အရေးပါကြောင်း၊  ကျန်းမာရေး ချို့ယွင်းမှုကို   ဦးတည် စေသော  ပျက်စီး ဆုံးရှုံးမှု  လက္ခဏာများ အားလုံး တွေ့ရှိရကြောင်း၊   စင်စစ် မိမိတို့သည် ဆဲလ်အသစ် များကို ပြန်လည်ဖြည့်တင်း အစားထိုးနိုင်ခြင်း မရှိခဲ့ပါက ရောဂါများကို ဖြစ်ပေါ် စေနိုင်ကြောင်း၊ လူအများစုသည် မိမိတို့ လေ့လာမှု ပြုလုပ်သော သူများထက် ၎င်းတို့ နေ့စဉ်ဘဝတွင် အိပ်ရေး မဝမှုမှာ ပိုမို ဖြစ်ပေါ်နိုင်ကြောင်း၊  ၎င်းအချက်ကို ပြုပြင် ပြောင်းလဲရန် လိုကြောင်း ပါမောက္ခ စမစ်က အကြံပြု ပြောကြားထားသည်။
အဆိုပါ လေ့လာ ဆန်းစစ်မှုသည် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ကင်းဘရစ် တက္ကသိုလ်မှ ခန္ဓာဗေဒ၏ သဘာဝ ကိစ္စရပ်များအား ထိန်းကျောင်း စေ့ဆော်ပေးမှု ဆိုင်ရာအထူးကု ဒေါက်တာ အခီလက်ရှ်ရတ်ဒီက ပြောကြားထားသည်။
လေ့လာမှု အဓိက တွေ့ရှိချက် များမှာ ကိုယ်ခံစွမ်းအား စနစ်အား ထိခိုက် စေခြင်းနှင့် ခန္ဓာကိုယ် လှုံ့ဆော်မှုများကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ၎င်းအကျိုးဆက် များနှင့် ဆီးချိုရောဂါ ကဲ့သို့သော ကျန်းမာရေး ပြဿနာ ရပ်များ အကြား ဆက်စပ်မှု ရှိသည်ကို တွေ့ရကြောင်း ဒေါက်တာ ရတ်ဒီက ပြောကြား ထားသည်။
ထို့ပြင် အိပ်ရေး ပျက်ခြင်းကို ကုသနိုင်သော ဆေးဝါး ရှာဖွေခြင်းနှင့်  အအိပ်အနေ နည်းခြင်း အကျိုးဆက် များကို ဆက်လက် သုတေသနပြု ရှာဖွေခြင်းများ  ပြုလုပ် ခဲ့ကြသည်။ အိပ်စက်ခြင်းသည် ဆဲလ်များ အားလုံး ပြန်လည် အင်အားပြည့်ဝ သန်စွမ်း လာရေး အတွက်အခြေခံ အားဖြင့် အလွန် အရေးကြီး ပါသည်။   ။
>>>ဆက်ဖတ်ရန်>>> >>

ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ

ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ
 
ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

Ref: Good Health
>>>ဆက်ဖတ်ရန်>>> >>

အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့်

အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်
အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင် 
*****************************************
အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီးများ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား

သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများအား သိသာစွာ လျှော့ ချ ပေးနိုင်ခဲ့ကြောင်း တွေ့ရှိ ခဲ့ကြ သည်။

ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာ များမှာ အမျိုးသမီး တစ်ဦး၏ ရာသီ စက်ဝန်းတွင် တစ်လမပြည့်ခင် နှစ်ပတ် အလို၌ ခံစားရလေ့ ရှိပြီး ၎င်းတို့မှာ ဆီးမထိန်းနိုင်ခြင်း၊ ရင်သား နာကျင်ကိုက်ခဲ ခြင်း၊ စိတ်ကယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်ခံစား လွယ်ခြင်းနှင့် လိင်ဆက်ဆံမှုတွင် စိတ်ဝင်စားမှု နည်းပါး ခြင်းတို့ ဖြစ်သည်။

သုတေသန ပညာရှင်များသည် ပထမဦးစွာ သတ္တုဓာတ် ပါဝင်မှုနှင့် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများ ဆက်စပ်မှုအား အမျိုးသမီးပေါင်း ၃ဝဝဝ အပေါ်၌ အကဲဖြတ် လေ့ လာခဲ့သည်။ လေ့လာမှုတွင် ပါဝင်သည့် ၎င်း အမျိုးသမီးများသည် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လကဏ္ခာ များ ကြုံတွေ့ ခံစားရသူများ မဟုတ်ပေ။ ၁ဝ လကြာ ကာလအတွင်း ၎င်း အမျိုး သမီးများ စားသုံးသည့် အစားအစာများကို လေလ့ာခဲ့ရာ

Read Mroe == >http://bit.ly/14AaghU
အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်
******************************
***********
အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီးများ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား

သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများအား သိသာစွာ လျှော့ ချ ပေးနိုင်ခဲ့ကြောင်း တွေ့ရှိ ခဲ့ကြ သည်။

ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာ များမှာ အမျိုးသမီး တစ်ဦး၏ ရာသီ စက်ဝန်းတွင် တစ်လမပြည့်ခင် နှစ်ပတ် အလို၌ ခံစားရလေ့ ရှိပြီး ၎င်းတို့မှာ ဆီးမထိန်းနိုင်ခြင်း၊ ရင်သား နာကျင်ကိုက်ခဲ ခြင်း၊ စိတ်ကယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်ခံစား လွယ်ခြင်းနှင့် လိင်ဆက်ဆံမှုတွင် စိတ်ဝင်စားမှု နည်းပါး ခြင်းတို့ ဖြစ်သည်။

သုတေသန ပညာရှင်များသည် ပထမဦးစွာ သတ္တုဓာတ် ပါဝင်မှုနှင့် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများ ဆက်စပ်မှုအား အမျိုးသမီးပေါင်း ၃ဝဝဝ အပေါ်၌ အကဲဖြတ် လေ့ လာခဲ့သည်။ လေ့လာမှုတွင် ပါဝင်သည့် ၎င်း အမျိုးသမီးများသည် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လကဏ္ခာ များ ကြုံတွေ့ ခံစားရသူများ မဟုတ်ပေ။ ၁ဝ လကြာ ကာလအတွင်း ၎င်း အမျိုး သမီးများ စားသုံးသည့် အစားအစာများကို လေလ့ာခဲ့ရာ

Read Mroe == >http://bit.ly/14AaghU
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး