Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ခိုင်သီတာ လ္ဘက်ရည်ဆိုင်

အွန်လိုင်း သူငယ်ချင်းများအတွက် နတ်တလင်း ခိုင်သီတာ လ္ဘက်ရည်နဲ့ နတ်တလင်းထမင်းသုပ်ဆိုင် အား ရန်ကုန်-ပြည်လမ်းတွင် ဖွင့်ပေးလိုက်ပြီ ...
ကြိုက်တာမှာနော် ...

ခိုင်သီတာလ္ဘက်ရည်ဆိုင် အပြင်ဘက်မျက်နှာစာ မြင်ကွင်း

ခိုင်သီတာလ္ဘက်ရည်ဆိုင် အတွင်းပိုင်း ပြင်ဆင်မှု မြင်ကွင်း

ခိုင်သီတာလ္ဘက်ရည်ဆိုင် အတွင်းပိုင်း ပြင်ဆင်မှု မြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

ခက်တယ် (မှတ်သားစရာလေးမို့)

ခက်တယ်

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

ကောင်းကင်ကို
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲပြီး ဆောင်ရွက်မည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲပြီး ဆောင်ရွက်မည် ဟု နိုင်ငံတော်သမ္မတကြီးပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲခြားပြီးဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သ မ္မတကြီးက ပြောကြားလိုက်သည်။

ဇူလိုင်လလယ်ပိုင်းက ဒီမိုကရေစီညီနောင် ၁၀ ပါတီအဖွဲ့တို့မှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံခဲ့စဉ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ပထမဦးစားပေးအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အ လမ်းများစွာ ပေးနိုင်သည့် စက်မှုလုပ်ငန်းများ၊ဒုတိယအနေဖြင့် ရော်ဘာ၊ သစ်စသည့် သဘာဝထွက်ကုန်များကို Value Added တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်သည့် လုပ်ငန်းများ၊ တတိယမှာ အဖိုးတန်သတ္တုများ ထုတ် လုပ်ခြင်း လုပ်ငန်းများနှင့် စတုတ္ထမှာ IT နှင့် Telecommunication လုပ်ငန်းများ ထူထောင်ရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အနောက်နိုင်ငံများမှလည်း မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီး လာရောက်ရင်း နှီးမြှုပ်နှံမှုများ စတင်တာစူနေကြချိန်လည်း ဖြစ်သည့်အတွက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာနိုင်မည့် အရေးပင်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

“လာရောက်လုပ်ကိုင်ကြမယ့် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအနေနဲ့ စစချင်းမှာ နယ်ပယ်အ လိုက် ပြည်တွင်းကျွမ်းကျင်လုပ်သားတွေ နည်းမယ်။ အလုပ်ရှင်တွေက နှစ်စဉ် ကျွမ်းကျင်လုပ်သား ၂၅ ရာခိုင် နှုန်းကို မွေးထုတ်ပေးသွားရမယ်။ ဒိလိုအလုပ်အကိုင်လုပ်နိုင်ဖို့ကို သင်တန်းတွေကနေ မွေးထုတ်ပေးနိုင်ဖို့အ တွက် မူကြမ်းထဲမှာ ရေးဆွဲထားတယ်”ဟု ယင်းဥပဒေမူကြမ်းပါ အချက်ကို ဒေါက်တာမြတ်ဥာဏစိုးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းပါ အချက်အချို့ကို ပြောသည်။

နိုင်ငံကြီးပွားချမ်းသာတိုးတက်ရေးအတွက် စိုက်ပျိုးရေးနိုင်ငံအဆင့်မှ စက်မှုနိုင်ငံဖြစ်လာအောင် ပြောင်းလဲကြရမည်ဖြစ်ကြောင်း၊ အရင်းအနှီးနှင့် နည်းပညာများ လိုအပ်သည့်အတွက် ဖိတ်ခေါ်လျက်ရှိကြောင်း ဖြင့်လည်း ယင်းတွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောကြားခဲ့သည်။

စိုက်ပျိုးရေး အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်လာသည့်အတွက် ကုန်ကြမ်းအဆင့်တင်ပို့မှုမှ သည် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး ဦးတည်သင့်ကြောင်းလည်း မန္တလေးကုန်သည်ကြီးများအသင်းမှ ဦးကို ကြီးကပြောသည်။

“ပို့ကုန်တွေထဲမှာမှ ကုန်ကြမ်းအဆင့်မှာပဲ ပို့နိုင်သေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရင် နည်းပညာမြင့်မားတဲ့အတွက် ကုန်ချောအဆင့်ထုတ်လုပ်မှုတွေ လုပ်လာနိုင်မယ်။ ဒီနည်းပညာတွေကိုလဲ မြန်မာ တွေယူနိုင်ဖို့လိုတယ်”ဟု ဦးကိုကြီးကဆိုသည်။

တိုင်းရင်းသားတို့၏ အကျိုးစီးပွား၊တိုင်းပြည်ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ မထိခိုက်ရေး၊ သဘာဝပတ်ဝန်းကျင် မပျက်ယွင်းစေရေးတို့ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သမ္မတကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။ (ပန်းသတင်းဂျာနယ်)
 
>>>ဆက်ဖတ်ရန်>>> >>

ဆရာကြီးလား..? ခေါင်းဆောင်လား ..?

>>>ဆက်ဖတ်ရန်>>> >>

ပြူတင်ပေါက်များ ပြင်ဆင်ခြင်း (Adjust Windows Setting)

by ကိုလင်း- သလ္လာဝတီ on Sunday, July 29, 2012 at 10:57am ·
            
ဝင်းဒိုးစ်ဆက်တင်များ ပြင်ဆင်ခြင်း (Adjust Windows Setting)
ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။

ဖော်မတ် ချခြင်း (Formatting Drive-D)
ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။ Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။ အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။

1. My Computer ကိုဖွင့်ပါ။
2. Drvie-D > Right Click > Format လုပ်ပါ။ (ဘာညာ ဘာညာတွေမေးရင် OK လို့သာ အဖြေပေးလိုက်ပါ။) ဖော်မတ်ချချိန် ၁၅မိနစ်ကနေ နာရီဝက်လောက်အထိ ကြာနိုင်ပါတယ်။
3. ပြီးသွားတဲ့အခါမှာ Report Message box ပေါ်လာပါမယ်။ OK လုပ်ပါ။ နောက်ထပ် Close လုပ်ပါ။ Drive-D ကို သုံးလို့ ရပါပြီ။

အော်တိုအပ်ဒိပ်နဲ့ ဖိုင်းယားဝေါ (Automatic Update & Windows Firewall)
အော်တိုအပ်ဒိတ်ကို ပိတ်ထားပါ။ နောက်မဟုတ်ရင် သူကခဏခဏ လာရှုပ်နေပါမယ်။ နောက်ပြီး မလိုအပ်တဲ့ ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ (ဥပမာ- ကိုယ်သုံးနေတဲ့ ၀င်းဒိုးစ်ဟာ ၀ယ်ထားတာ မဟုတ်ဘူး။ ရီဂျစ်စတာ ပြန်လုပ်ပါ။ စသဖြင့် ပေါ့လေ။) သူ့ကို ပိတ်ထားဖို့အတွက်

1. Start > Control Panel ကိုဖွင့်ပါ။
2. Automatic Update ကိုဖွင့်ပါ။
3. Turn off Automatic Updates ကို Check လုပ်လိုက်ပါ။ OK လုပ်ပါ။

ဝင်းဒိုးစ်ဖိုင်းယားဝေါကိုလည်း ပိတ်ထားပါ။ ဘာလို့ဆိုတော့ ၀င်းဒိုးစ်ရဲ့ ဖိုင်းယားဝေါက မစွံလို့ပါ။ သုံးဖို့လိုအပ်မယ်ဆိုရင် အခမဲ့ရတဲ့ Zone Alarm Firewall ကိုသုံးပါ။ သူက ပိုကောင်းပါတယ်။ ၀င်းဒိုးစ်ဖိုင်းယားဝေါကို ပိတ်ဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Windows Firewall ကိုဖွင့်ပါ။
3. Off (not recommanded) ကို Check လုပ်လိုက်ပါ။
4. အပေါ်ဒေါင့်မှာရှိတဲ့ close ကနေ ပိတ်လိုက်ပါ။

စက်တွင်အသုံးပြုမည့် ဘာသာစကား (Regional and Language Options)
Regional & Language Options ကိုလည်း တခါတည်း ပြင်ထားရင် ပိုကောင်းပါတယ်။ ဘာလို့ဆို နောက်ထပ် ဆော့ဝဲတွေ ထပ်ထည့်တဲ့အခါမှာ အမြဲတမ်း English Language အဖြစ် ပေါ်လာဖို့ဖြစ်ပါတယ်။ နောက်မဟုတ်ရင် အခြား ဘာသာစကား တွေနဲ့ ပေါ်လာတတ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Regional and Language Options ကိုဖွင့်ပါ။
3. အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ English / United State ပြောင်းပေးပါ။ (ကွန်ပြူတာကို ဘယ်ဘာသာစကားနဲ့ သုံးမှာလဲဆိုတာကို သတ်မှတ်ပေးတာပါ။ ကိုယ်နှစ်သက်ရာ ဘာသာစကားကို ပြောင်းထားပေးနိုင်ပါတယ်။)
4. Advanced ကိုဖွင့်ပြီး အနီဝိုင်းပြထားတဲ့နေရာမှာ English (United State) ပြောင်းပေးပါ။

အခြားဘာသာစကားများ ထည့်သွင်းခြင်း (Add other language)
ကွန်ပြူတာမှာ စာတွေရိုက်တဲ့အခါမှာ Eng: ဘာသာစကား တခုတည်းမကဘဲ အခြား ဘာသာစကား တွေနဲ့ပါ သုံးချင်တယ်ဆိုရင် Language tab မှာလည်း ပြင်ထားဖို့ လိုပါမယ်။

1. Install files for complex …. (Including Thai) နေရာကို check လုပ်ထားပေးပါ။ (Windows CD တောင်းရင် ထည့်ပေးပါ။ သူ့ဘာသာသူ အင်စတောလုပ်သွားပါလိမ့်မယ်။ Restart တောင်းရင်လည်း လုပ်ပေးရပါမယ်။)
2. ကွန်ပြူတာပြန်ပွင့်လာတဲ့အခါမှာ အဲဒီ Regional Language ကိုတခါပြန်ဖွင့်ပြီး Detail ကိုဖွင့်ပါ။
3. ပေါ်လာတဲ့ box မှာ Add ကိုကလစ်ပါ။ (ပြီးရင် ကိုယ်ထည့်ပေါင်းချင်တဲ့ ဘာသာစကားကို ရှာပြီး ကလစ်လုပ်ပေး လိုက်ရုံပါဘဲ။)

ကွန်ပြူတာအသုံးပြုသူ အမျိုးအစား (User Accounts)
ဝင်းဒိုးစ်စနစ်မှာ User Account အများကြီးထားခွင့်ပြုပါတယ်။ Admin Account (စီမံခန့်ခွဲသူ)၊ Limited Account (ကန့်သတ်ချက်ရှိသူ)၊ Guest Account (ဧည့်အသုံးပြုသူ) စသဖြင့် Account အဆင့်အတန်း အမျိုးမျိုးခွဲခြား သတ်မှတ်ပေးနိုင် ပါတယ်။

Admin အဆင့်ရှိသူက ၀င်းဒိုးစ်စနစ်တခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။ ဆော့ဝဲတွေ ထည့်သွင်းတာ၊ ဖျက်ပစ်တာ စတာတွေကို လုပ်နိုင်ခွင့်ရှိပါတယ်။ အခြား Account တွေကို ဖျက်ပစ်နိုင်ခွင့် ရှိပါတယ်။

Limited အဆင့်သာဆိုရင်တော့ ကွန်ပြူတာမှာ ထည့်သွင်းထားပြီးသား ဆော့ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ အားလုံးကို အသုံးပြုခွင့် ရှိပေမယ့် အသစ်ထည့်သွင်းတာ၊ ရှိနေတာတွေကို ဖျက်ပစ်တာ စတဲ့လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မရှိပါ။

Guest အဆင့်ကတော့ ကွန်ပြူတာမှာ ရှိနေတာတွေအားလုံးကို အသုံးပြုခွင့်မရှိပါဘူး။ အချို့ဆော့ဝဲတွေ၊ အချို့ဟာ့ဒ်ဝဲတွေကို သုံးခွင့်ရှိမှာမဟုတ်ပါ။ ဥပမာ- ပရင်တာအသုံးပြုခွင့်မရှိတာမျိုး။

ဝင်းဒိုးစ်ကို အင်စတောလုပ်ပြီးတဲ့အချိန်မှာ Administrator Account တခုဘဲ ပေါ်ပါမယ်။ အဲဒါက built-in account (တခါတည်း ပါလာပြီးသားအကောင့်) ဖြစ်ပါတယ်။ ပထမဆုံးလုပ်ယူတဲ့ အကောင့်ဟာ Admin ဘဲဖြစ်ပါမယ်။ ဒုတိယနဲ့ နောက်ထပ်လုပ်တဲ့ အကောင့်တွေကိုတော့ Admin ဖြစ်စေ၊ Limited ဖြစ်စေ သတ်မှတ်ပေးနိုင်ပါတယ်။

ကိုယ့်အနေနဲ့ နောက်ထပ် Account တွေ ထပ်လုပ်နိုင်ပါတယ်။ သတိပြုရမှာက နောက်ထပ် အကောင့်အသစ်လုပ်ပြီး ကွန်ပြူတာ ရီစတတ်လုပ်ချိန်ကျရင် မူလကရှိခဲ့တဲ့ Administrator Account ပျောက်သွားမှာဖြစ်ပါတယ်။

Account အသစ်ထည့်သွင်းဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. User Accounts ကို ဖွင့်ပါ။
3. Administrator နဲ့ Guest နှစ်ခုကိုဘဲ တွေ့ရမှာဖြစ်ပါတယ်။
4. အသစ်တခု ရယူချင်ရင် Create new account ကို ကလစ်လုပ်ပါ။
5. နောက်ထပ်ပေါ်လာတဲ့ box မှာ account name ထည့်ပေးပါ။
6. နောက်ထပ် box မှာ Computer Admin / Limited တခုခုကိုရွေးပေးပါ။

ဝင်းဒိုးစ်သို့ဝင်ရောက်ရန်ပုံစံ ရွေးချယ်ခြင်း (Welcome Screen & Fast User Switching)
ဒီဟာကတော့ ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ user acc: အားလုံးကို ဖော်ပြပေးဖို့နဲ့ user acc: တခုကနေ တခုကို ပြောင်းတဲ့အချိန်မှာ Log out လုပ်ဖို့ မလိုအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel > User Accounts ကို ဖွင့်ပါ။
2. Change the way users log on or off ကိုကလစ်လုပ်ပါ။
3. ပုံမှာပြထားတဲ့အတိုင်း check box ၂ခုလုံးကို အမှတ်ခြစ်ထားပြီး Apply Options ကို ကလစ်လုပ်ပါ။

ဝဘ်စာမျက်နှာများကို အင်တာနက်မချိတ်ဆက်ထားဘဲ ကြည့်ရှုခွင့် (Enable Offline)
အကယ်၍ check box တွေကို ပိတ်ထားတယ် (check လုပ်လို့မရဘူးဆိုရင်) ဆိုရင် Enable Offline ကို အရင် ပြန်ပိတ်ထားပေးဖို့ ပြောပါလိမ့်မယ်။ အဲဒီ box တက်လာရင် Enable Offline ကိုပိတ်လိုက်ပါ (uncheck လုပ်လိုက်ပါ။)

ပြင်ပကွန်ပြူတာများနှင့် ချိတ်ဆက်မှု (Client Services for Netware)
နောက်တခုဖြစ်နိုင်တာက Client Services for Netware ရှိနေလို့ ဖြစ်ပါမယ်။ အဲဒီ Client Services ကို Unstall လုပ်ပေးရပါမယ်။ Client Services ကို Unstall လုပ်ဖို့အတွက် …

1. Start > Control Panel > Network Connections ကိုဖွင့်ပါ။
2. Local Area Connection ကို Right Click > Properties ကို ကလစ်လုပ်ပါ။
3. အပေါ်ဆုံးမှာ ရှိနေမယ့် Client Services for Netware ကိုကလစ်လုပ်ပါ။
4. သူ့အရှေ့မှာရှိတဲ့ check box ကိုဖြုတ်ပါ။ (အမှန်ခြစ်ထားတာကို ဖျက်ပစ်ပါ။)
5. အောက်မှာရှိတဲ့ Unstall ကို ကလစ်လုပ်ပါ။ (ခဏနေရင် Restart တောင်းပါမယ်။ Restart လုပ်ပြီးမှ Change the way users log on or off ကို ပြန်ပြင်ပေးလို့ ရမှာဖြစ်ပါတယ်။)
>>>ဆက်ဖတ်ရန်>>> >>

*ငြိမ်းအေးသောဘ၀ပိုင်ရှင်*

*ငြိမ်းအေးသောဘ၀ပိုင်ရှင်*

သူများလောက်မလုပ်နိုင်လို့လည်း
ဘာမှစိတ်ပျက်စရာမလိုပါဘူး....။
သူများထက်ပိုလုပ်နိုင်လို့လည်း
ဘာမှ စိတ်တက်စရာမလိုပါဘူး..။
သူလည်း သူစွမ်းနိုင်သလောက်လုပ်
ကိုယ်လည်းကိုယ်စွမ်းနိုင်သလောက်လုပ်ရုံပါဘဲ..။
အကျိုးတရားခံစားရတဲ့နေရာမှာလည်း
သူများနဲ့နှိုင်းယှဉ်ပြီး
စိတ်ပျက်စရာ၊ စိတ်တက်စရာ
လုံးဝမလိုပါဘူး...။
သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ
လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်
ခံစားစရာရှိတာ အေးအေးဆေးဆေးခံစားပေါ့ ...။
                                        
                                          အရှင်ဆန္ဒာဓိက
>>>ဆက်ဖတ်ရန်>>> >>

သူယောင်မယ်သီး

ဒါကတော့ ဗုဒ္ဓစာပေအချို့မှာပါတဲ့ ရသေ့ဇော်ဂျီတပသီတွေ ပျော်ပါးဖို့ရာအတွက် လူအစစ်အဖြစ်
ဖန်တီးနိုင်တဲ့ဟိမ၀န္တာတောင်တန်းမှာ တွေ့ရတဲ့ လူပုံစံသစ်သီးတစ်မျိုးဖြစ်တယ်လို့ပါပါတယ်။
သူယောင်မယ်သီးလို့ခေါ်ပါတယ်။ ဒီဓာတ်ပုံကတော့ ဖြစ်နိုင်ချေမရှိတဲ့ပုံတွေပါပဲ။ ဒါပေမယ့် ဗဟုသုတရစေချင်လို့ ပြန်ဝေငှပေးလိုက်ပါတယ်နော်။ အကယ်၍ မူရင်းဆိုဒ်ကို သွားကြည့်ချင်တယ်ဆိုရင်တော့ http://www.hoax-slayer.com/nareepol-tree.shtml
ထိုင်းနိုင်ငံမှာ တွေ့နိုင်တယ်ဆိုပြီး စာထဲကအတိုင်း အမြည်းထည့်ပေးလိုက်ပါတယ်။ This is amazing tree named "Nareepol" in Thai. Naree means "girl/woman" and pol means plant/tree or "buah" in Malay. It means women tree. It is amazing what God create the World in many forms that amused human beings….
You can see the real tree at Petchaboon province about almost 500 kms away from Bangkok.

>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

By The Voice Weekly
တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

ရန်ကုန် ၊ ဇူလှိုင် ၂၉

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေးကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသော
စားဝတ်နေရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီးရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းလယ်မြေ ဧကများစွာကို အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

PC လက်ဆွဲစာအုပ်

PC လက်ဆွဲစာအုပ်လေးပါ..

ဆရာဇော်လင်း{Youtn}ရေးထာတဲ့ စာအုပ်ပါ သူငယ်ချင်းတွေလေ့လာလို့ရအောင်ပါ..
အောက်ကလင့်မှာDownload

http://minus.com/lbZNVORQxakz7

အဆင်ပြေကြပါစေဗျာ
 
>>>ဆက်ဖတ်ရန်>>> >>

PC လက်ဆွဲစာအုပ်

PC လက်ဆွဲစာအုပ်လေးပါ..PC UPGRADE AND REPAIR SIMPLIFIED
.pdfအောက်ကလင့်မှာDownload

http://minus.com/lSFFvKqwDPmf7

အဆင်ပြေကြပါစေဗျာ...
>>>ဆက်ဖတ်ရန်>>> >>

ရင်ဘတ်အောင်ခြင်း အကြောင်း

ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ ....(သင် မှတ်ထားလိုက်ပါ )

ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးသောရောဂါလက္ခ္ခ္ခဏာတစ်ခုဖြစ်ပါသည်။
· သင်၏ ရောဂါရာဇ၀င်သည် သင်ဖြစ်သောရောဂါကို အဖြေရှာရန်အတွက်အလွန်အရေးပါသည်။
· ရောဂါ အမျိုးမျိုးပေါ်မူတည်ပြီး ရင်ဘတ်အောင့်မှုပုံစံ ကွဲပြားကြပါသည်။
· ထို့ကြောင့်ရောဂါကို သေချာစွာသိနိုင်ရန်အတွက် ဆရာဝန်ဖြင့်တိုင်ပင်ရန် အရေးကြီးသည်။

ဖြစ်နိုင်သောရောဂါများ .....
စူး၍ (နေရာသေချာစွာပြောနိုင်သည်) အောင့်ခြင်း
တစ်နေရာရာတွင် စူး၍ အသက်ပြင်းပြင်းရှူလိုက်လျှင် ပိုအောင့်သည်။ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပိုအောင့်သည်။

ဖြစ်နိုင်သောရောဂါများ .....
· အဆုတ်တွင်လေများ ပိတ်မိသောရောဂါ (Pneumothorax)
· အဆုတ်ရောင်ခြင်း(Pneumonia)
· အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary embolism)
· နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis)
· Bornholm disease (Coxakie B ဗိုင်းရပ်စ်ရောဂါ – ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူကြွက်သားရောဂါ)

ရင်ဘတ်အလယ်တွင်( ကြပ်၍ ၊ ဖိထားသလို ၊ ညှစ်ထားသလို) အောင့်ခြင်း
· နှလုံးသွေးကြောကျဉ်းရောဂါ (Angina)
· နှလုံးကြွက်သားပျက်စီးရောဂါ (Myocardial Infarction, MI)
· သွေးလွှတ်ကြောမကြီးကွှဲပြတ်ရောဂါ (Dissecting aortic aneurysm) ဆွဲဖြဲထားသလိုနာသည်။
· အစာရေမျိုရောင်ခြင်း (ပူ၍နာသည်) (esophagitis)
· အစာရေမျိုကြွက်သားကျုံ့ခြင်း (Esophageal spasm)
· အစာရေမျိုစုတ်ပြဲခြင်း (Esophageal tear)

ရင်ဘတ်ပေါ်တွင်နာခြင်း
· နံရိုးကျိုးခြင်း
· ရေယုန်ကြီး (herpes zoster) အရေပြားအနာဦးစွာ ပေါက်မည်။
· ရင်ဘတ်အရိုးနု ရောင်ခြင်း (Tietze’s syndrome)
· အာရုံကြောပိမိခြင်း

ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများ
စိတ်စိုးရိမ်ပူပန်ခြင်း၊ ကျောရိုးမကြီး ပျက်စီး၍ အာရုံကြောပိမိခြင်း သို့မဟုတ် ၀မ်းဗိုက်တွင်းပြဿနာ တစ်ခုခုကြောင့် (ဥပမာ – သရက်ရွက်ရောင်ခြင်း (pancreatitis), အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer), သည်းခြေပြွန်ရောင် ရောဂါ (biliary tree disease) တို့ကြောင့်ဖြစ်တတ်ပါသည်။
ထို့အပြင် အထက်ကဖော်ပြခဲ့သော ရောဂါများသည်လည်း ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများအနေဖြင့် ဖြစ်လာတတ်ပါသည်။

ဥပမာ အန္တရာယ်ရှိသော နှလုံးကြွက်သားပျက်စီးရောဂါ (MI) သည်ဗိုက်အောင့်ခြင်း မေးရိုးတွင်နာခြင်း အနေဖြင့်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်တွင် လက္ခ္ခ္ခဏာတစ်ခုခု ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်း၏ ရောဂါရာဇ၀င်ပေါ်မူတည်ခြင်း
အဓိကကတော့ သင့်ရဲ့ ရာဇ၀င်ပေါ်မူတည်ပြီး သင့်ရဲ့ရောဂါကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ယခင်ကဖြစ်ခဲ့တဲ့ ရောဂါနှင့် လူနေမှုပုံစံ (ဥပမာ – သွေးတိုး၊ ဆေးလိပ်သောက်သုံးမှု) နဲ့ သင့်ရဲ့ယခင်ဆရာဝန်နဲ့ ပြသခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ဆရာဝန်က မေးပါလိမ့်မယ်။ ဒါ့အပြင် လူမှုရေးအဖြစ်အပျက်များ (အလုပ်အကိုင်၊ ဆေးဝါးများသုံးစွဲနေရခြင်းနဲ့ စိတ်ခံစားမှု အခြေအနေများ – ဥပမာ- စိုးရိမ်သောကစိတ်များ၊ စိတ်ဖိစီးမှုများ) ကိုလည်းမေးမြန်းပါလိမ့်မယ်။ ဒါတွေမေးပြီးတော့မှ အဲ့ဒီအပေါ် မူတည်ပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်မှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ တချို့မေးခွန်းတွေကို မဆိုင်တာတွေ မေးနေတယ်လို့ မထင်စေချင်ပါ။

သင့်မှာ ဘယ်လိုရင်ဘတ်အောင့်မှုမျိုးရှိလဲ
စတင်အောင့်ပုံနှင့် အောင့်မှုပုံစံ
အရေးကြီးသော နှလုံးရောဂါများသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်းအောင့်လာသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စိတ်ခံစားမှု၊ ရာသီဥတုအေးခြင်းတို့တွင် အောင့်လာတတ်သည်။
နှလုံးသွေးကြောကျဉ်းရောဂါတွင် ရင်ဘတ်အောင့်ခြင်းသည် အနားယူခြင်းနှင့် sub-lingual nitroglycerin (NTG) ဟုခေါ်သော လျှာအောက်တွင်ငုံရသည့် ဆေးနှင့်သက်သာသွားတတ်ပါသည်။

မတည်ငြိမ်သော နှလုံးသွေးကြောကျဉ်းရောဂါ (Unstable angina) တွင်မူ ရင်ဘတ်အောင့်ခြင်းသည် အနားယူနေစဉ်တွင်လည်း ဖြစ်ပေါ်လာနိုင်သည်။ အောင့်လိုက်ပျောက်လိုက်ဖြစ်နေပြီး တခါတရံပြင်းထန်လိမ့်မည်။
နှလုံးကြွက်သား ပျက်စီးရောဂါ (MI) တွင်ရင်ဘတ်အောင့်မှုသည် ပြင်းထန်လိမ့်မည်။ တခါတရံတွင် ပျို့ခြင်း၊ အန်ခြင်း၊ ချွေးပျံခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပြီး အနဲဆုံးမိနစ် သုံးဆယ်ခန့်ကြာတတ်ပါသည်။

အဆုတ်တွင်လေပိတ်မိသောရောဂါ (pneumothorax) နှင့် အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) တွင်မူ နာကြင်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသည်။
ရင်ဘတ်အောင့်ခြင်းသည် အန်ခြင်းနောက်တွင်မှ ဖြစ်ပေါ်ခြင်းနှင့် အထူးသဖြင့်တွင် သွေးအန်ခြင်းနှင့်အတူ ဖြစ်ပါက အစာရေမျိုရောဂါကြောင့် (esophageal disease) ဖြစ်တတ်ပါသည်။

သင်ရင်ဘတ်အောင့်ခြင်းသည် သင်ဘာလုပ်နေစဉ်တွင် အောင့်သည်ဆိုခြင်းသည် အရေးကြီးသည်။ ထိုအချက်မှ သင်သည် ဆရာဝန်အား တန်ဖိုးရှိသော အချက်ကိုပြောပြနိုင်ပါလိမ့်မည်။

အောင့်သောနေရာနှင့် ပျံ့နှံ့သွားပုံ
နှလုံးရောဂါများသည် ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပါသည်။ နှလုံးကြွက်သားရောဂါတွင် နာကျင်
မှုသည် မေးရိုး၊ လည်ပင်း၊ လက်မောင်းတို့ကို ပျံ့နှံ့သွားတတ်သည်။ နှလုံးသွေးလွှတ်ကြောမကြီးလွှဲပြတ်ရောဂါ (dissecting aortic aneurysm) တွင် နာကျင်မှုသည် လက်ပြင်ရိုးကြားတွင် ဆွဲဖြဲထားသလို နာတတ်သည်။

အဆုတ်နှင့်သက်ဆိုင်သောရောဂါတွင် တဖက်တည်းတွင် နာတတ်ပြီး သင်သည်ထိုနေရာကို အတိအကျထောက်ပြနိုင်လိမ့်မည်။
အစာရေမျိုရောဂါသည်လည်း ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပြီး နှလုံးအောင့်ခြင်းနှင့် ဆင်တူ ပါသည်။
ကျောရိုးပျက်စီးရောဂါနှင့် ရေယုန်ကြီးတို့တွင် နာကျင်မှုသည် သက်ဆိုင်ရာ အာရုံကြောထောက်ပံ့သော နေရာတွင် ဖြစ်လိမ့်မည်။

နာကျင်မှုအခြေအနေ
သင်၏ နာကျင်မှုအခြေအနေသည် ရောဂါအရင်းအမြစ်ရှာဖွေခြင်းအတွက် အရေးကြီးသောသဲလွန်စလည်း ဖြစ်သည်။ (ဥပမာ – ကွဲပြတ်သလို၊ စူးစူးရှရှ ပူပြီးအောင့်ခြင်း၊ စူးဖြင့်ထိုးထားသလို)

သင့်တွင်တခြားဘာလက္ခ္ခ္ခဏာတွေ ရှိသေးသလဲ
အရေးကြီးတဲ့ ပူးတွဲလက္ခ္ခ္ခဏာတွေကတော့
· မောခြင်း – အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism)၊ အဆုတ်ရောင်ရောဂါ(pneumonia)၊ အဆုတ် လေပိတ်မိသော ရောဂါ(pneumothorax)၊ နှလုံးရောဂါမှ အဆုတ်ရေမွန်းရောဂါ(pulmonary edema)ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ် များကြောင့် ဖြစ်သောအသက်ရှူမြန်ခြင်း။

· ချောင်းဆိုးခြင်း
o အဆုတ်ရောဂါကြောင့်ဖြစ်သော သလိပ်ကပ်ခြင်း၊
o အဆုတ်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော ချောင်းဆိုးသွေးပါခြင်း
o အဆုတ်ရေမွန်းခြင်းကြောင့်
· Rigors – အဆုတ်ရောင်ခြင်း
· ခြေသလုံးရောင်ခြင်း
o အဆုတ်သွေးကြောပိတ်ရောဂါသည် သွေးပြန်ကြောသွေးခဲကြောင့် ဖြစ်ခြင်း
o နှစ်ဖက်လုံးရောင်ခြင်းသည် နှလုံးမောခြင်း(Heart failure) ကြောင့်ဖြစ်နိုင်သည်။
· ရင်တုန်ခြင်း
o နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသည်။
o နှလုံးကြွက်သားရောဂါကြောင့်လည်း ဖြစ်နိုင်သည်။
o အဆုတ်သွေးကြောပိတ်ခြင်း(PE) ၊ အဆုတ်ရောင်ခြင်း(pneumonia) ကြောင့်လည်း ဖြစ်နိုင်ပါသည်။

အေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ချွေးစေးပျံခြင်းတို့သည် နှလုံးကြွက်သား ပျက်စီးရောဂါ(MI) သို့မဟုတ် ပြင်းထန်သောအဆုတ်သွေးကြောပိတ်ရောဂါကြောင့် ဖြစ်နိုင်ပါသည်။

ရောဂါဖြစ်ခြင်းကို အားပေးစေသောအချက်များ သင့်တွင်ရှိလား
နှလုံးကြွက်သားရောဂါ – ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးတွင်ထိုရောဂါ ရှိခြင်း၊ (cholesterol) များခြင်း၊ သွေးတိုးရောဂါ (hypertension)၊ ဆီးချိုသွေးချိုရောဂါ (Diabetes)၊ အမျိုးသားဖြစ်ခြင်း၊ အသက်ငါးဆယ်ကျော်ခြင်း။

အဆုတ်သွေးကြောပိတ်ရောဂါတွင် –
လတ်တလောတွင်ခရီးသွားလာခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ခွဲစိတ်မှုခံထားရဖူးခြင်း၊ မျိုးရိုးရာဇ၀င်ရှိခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း။
အဆုတ်တွင်းလေပိတ်မိခြင်းတွင် – လူငယ် ပိန်ပိန်ပါးပါးအမျိုးသားများ ထိခိုက်မှုရှိခြင်း၊ အဆုတ်လေအိတ်ငယ်များ ဖောင်းပွခြင်းရောဂါ (emphysema) ရှိခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အဆုတ်သလိပ်များသောရောဂါတမျိုး (cystic fibrosis)

ရောဂါရှာဖွေခြင်း
ရင်ဘတ်အောင့်သူများသည် ECG (Electrocardiogram)ဆွဲသင့်ပါသည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။

ထိုအဖြေများပေါ်မူတည်၍ တခြားစစ်ဆေးခြင်းနည်းစနစ်များ ပြုလုပ်သင့်မသင့်ကို သင့်အားစမ်းသပ်စစ်ဆေးပြီး ဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။
Health

Photo: ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ  ....(သင်  မှတ်ထားလိုက်ပါ )

သမိုင်းဝင်မကြီးမငယ်ဘုရား

ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား   
  •  
    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား မြင်ကွင်း

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  

    ဒမငယ်ကျေးရွာ၊ မကြီးမငယ်ဘုရားရှိ မြစိမ်းရောင်ဆရာတော် ဘဒ္ဒန္တ ဇောတိက ဦးစီးပြီး ဒမငယ်ကျေးရွာ ဒါယကာ/ ဒါယိကာမများ စုပေါင်း၍ ၁၃၇၂ ခုနှစ်၊ နယုန်လဆန်း(၁၅) ရက်နေ့တွင် စတင်ခဲ့ပြီး ၀ါခေါင်လပြည့်ကျော်(၅)ရက်နေ့ တွင် ပြီးစီးသည့် အနန္တ သဗ္ဗသိဒ္ဓိလျှောင်းတော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  
    သမိုင်းကြောင်း ဆက်လက်ဖော်ပြပေးပါမည်...

>>>ဆက်ဖတ်ရန်>>> >>

Folder ဆောက်မယ်

by ကိုလင်း- သလ္လာဝတီ on Sunday, July 29, 2012 at 2:01am ·
                                            
ဒါကတော့ Desktop ပေါ်မှာ Folder ဆောက်ရင် right click>>New >>folder
 ဆိုပြီးဆောက်တာကိုလူတိုင်းသိပြီးသားနေမှာပါ။ အခုကအဲလိုမဟုတ်တော့ဘူး။

အောက်ကပေးထားတဲ့ code တွေကိုကူး

@echo off
color a
Title Folder Creator
echo Folder Creator
echo -----------------------------------------------------------
echo.
echo.
echo Enter Folder to create
set /p a=
md %a%
msg /time:1 * successfully create New Folder!
cls

notepad ထဲထည့် ပြီး၇င် (Folder Creator.bat) နဲ့ desktopပေါ်မှာ save

လုပ်လိုက်။ အဲဒါကို doubleclick နှိပ်ရင် cmd ကျလာမယ်။

Enter Folder to create ဆိုတဲ့ အောက်မှာ မိမိဆောက်ချင်တဲ့ folder နာမည်ကို

space မခြားဘဲ ရိုက်ထည့်လိုက်ပါ။ ပြီး၇င် enter ခေါက်လိုက်ပါ။ desktop ပေါ်မှာ

folder ဆောက်ပြီးသားလေးဖြစ်သွားပါပြီ။ အကယ်လို့ တစ်ပြိုင်တည်းနဲ့  Folder

၁၀ ခုလောက်ဆောက်ချင်ရင်တော့ folder နာမည်တွေကို space ခြားပြီး ရိုက်

သွားလိုက်ပါ။ အဲဒါဆိုရင်ရပါပြီ။ folder တစ်ခုတစ်လေ ဆောက်တာအတွက်တော့

မသိသာဘူးပေါ့အလုပ်ရှုပ်တယ်လို့ ထင်ချင်ထင်မှာပေါ့လေ။ ဒါပေမယ့် folder

တွေအများကြီးဆောက်တဲ့အချိန်ကျရင်တော့တော်တော်လေးအသုံးဝင်ပါတယ်။

အချိန်ကုန်လဲသက်သာသွားပါတယ်။ စမ်းကြည့်လိုက်ပေါ့ဗျာ။
>>>ဆက်ဖတ်ရန်>>> >>

ကွန်ကရစ်တုံးများတပ်ဆင်

ရန်ကုန်မြို့ရှိ လမ်းမကြီးများ၏ လမ်းလယ်ကျွန်းနေရာများတွင် ကွန်ကရစ်တုံးများတပ်ဆင်

ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ ထူထပ်များပြားပြီး လမ်းလယ်ကျွန်းမရှိ သေးသည့် လမ်းမကြီးများ၊ လမ်းလယ် ကျွန်းနေရာတွင် နှစ်ဖက်မျက်နှာချင်းဆိုင် ယာဉ်ကြောအကြား အတားအဆီးအဖြစ် ကွန်ကရစ်တုံးများ တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ကွန်ကရစ်တုံးများတပ် ဆင်ထားသဖြင့် မျက်နှာချင်းဆိုင် ယာဉ်ကြောသို့ လမ်းပြောင်းပြန်ကျော်တက် မောင်းနှင်လေ့ရှိသည့် စည်းကမ်းမဲ့ယာဉ်များကြောင့် ဖြစ်ပွားတတ်သည့် ယာဉ်မတော်တဆမှုများကို တားဆီး နိုင်မည်ဖြစ်သည့်အပြင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောသို့ ဖြတ်ဝင်ကာ တန်းစီမောင်းနှင်နေသည့် ယာဉ်တန်း များအတွင်းသို့ ပြန်လည်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် မလိုလားအပ်ဘဲ ယာဉ်ကြောများ ပိတ်ဆို့မှုကိုလည်း တားဆီးနိုင်မည်ဖြစ်သည်ဟု သိရသည်။
''စည်းကမ်းမဲ့ ယာဉ်မောင်းတွေရဲ့ ယာဉ်ကြောလုပြီး မျက်နှာချင်းဆိုင်ယာဉ် ကြောကနေ အတင်းဖြတ်ကျော် တိုးဝင် တာကြောင့် တန်းစီစောင့်နေရတဲ့ ယာဉ်တန်းဟာ ရှေ့မတိုးနိုင်တော့ဘဲ ယာဉ်ကြောကျပ်နေတာတွေ မကြာ မကြာကြုံရပါတယ်။ ဒီလိုမျက်နှာချင်း ဆိုင်ယာဉ်ကြောကနေ ပုံမှန်ယာဉ်ကြောကို လုဝင်တဲ့အတွက် ယာဉ်မတော်တဆမှုတွေ မကြာမကြာဖြစ်လေ့ရှိပါ တယ်။ အခုဒီလိုဆောင်ရွက်လိုက်တဲ့ အတွက် ခုနက မတော်တဆမှုတွေကို တားဆီးသွားနိုင်မှာပေါ့''ဟု ရန်ကုန်မြို့ ခံယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိ လမ်းလယ်ကျွန်းနေရာတွင် ကွန်ကရစ်တုံးများ အစားထိုးခြင်း လုပ်ငန်းကို ရန်ကုန်မြို့ရှိ လေးထောင့် ကန်လမ်းမကြီး၌ ဆောင်ရွက်နေကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသုံး ဆင်းကတ် အခမဲ့ပေး

ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်လေဆိပ်တွင် ယခုလဆန်း မှစတင်၍ ထိုင်းနိုင်ငံသို့ သွားရောက် မည့်သူများအား ၎င်းနိုင်ငံတွင် အသုံး ပြုနိုင်သည့် မိုဘိုင်းလ်ဖုန်းဆင်းကတ်များကို အခမဲ့ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွား ရောက်သူများကို ဗန်ကောက်၊ အဲဝေး၊ အမ်အေအိုင် စသည့်လေကြောင်းလိုင်း များကလည်း ဈေးကွက်မြှင့်တင်သည့် အနေဖြင့် မိုဘိုင်းလ်ဖုန်းဆင်းကတ်များ အခမဲ့ပေးခြင်းများရှိကြောင်း ရန်ကုန် အခြေစိုက် လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောကြားကြောင်း သတင်းရရှိသည်။

>>>ဆက်ဖတ်ရန်>>> >>

ရုရှားသမ္မတပြောကြား

နိုင်ငံအပေါ်ခြိမ်းခြောက်မှုများပြုလုပ်လာပါက နိုင်ငံအတွင်းရှိနျူလက်နက်များ အသင့်ဖြစ်စေရန် ထားရှိမည်ဟု ရုရှားသမ္မတပြောကြား

မော်စကို ဇူလိုင် ၂၇

ရုရှားနိုင်ငံသည် လက်နက်အပြိုင် တပ်ဆင်ရေးတွင် ပါဝင်သွားမည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အား ခြိမ်းခြောက်လာပါက နိုင်ငံတွင်းရှိ နျူကလီးယားလက်နက်များ၏ထိရောက် အစွမ်းထက်မှုကိုမူ မည်သည့်နိုင်ငံကမျှ သံသယမဖြစ်သင့်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံ့ကာကွယ် ရေးနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ နျူကလီးယားလက်နက်များရှိခြင်း သည် နိုင်ငံအချုပ်အခြာအာဏာနှင့် နိုင်ငံ နယ်မြေများ တည်တံ့ခိုင်မြဲမှုအတွက် အဓိကအာမခံချက်တစ်ရပ်ဖြစ်ကြောင်း၊ ဒေသတွင်းသာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်မှုနှင့် ညီမျှမှုရှိရေးတို့အတွက် လည်း အဓိကအခန်းမှပါဝင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ပူတင် သည် နိုင်ငံ၏လေကြောင်းရန်ကာကွယ် ရေးစွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ပြီး ထိုးစစ်ဆင်လာမည့် ရန်သူ၏အစီအစဉ် များကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ ကို ညွှန်ကြားခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံအား တိုက်စစ်များ ပြုလုပ်လာခဲ့ပါ က ခုခံကာကွယ်ရန်အတွက် အဆင် သင့်ဖြစ်နေရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။ ရုရှားနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စက်ရုံများအား ၈၅ ရာခိုင် နှုန်းအထိ အရည်အသွေးမြှင့်တင်နိုင် ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၆ဝဝ ဘီလီယံ ထားရှိထားကြောင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းများကိုလည်း ၇ဝ ရာခိုင်နှုန်း မြှင့်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

>>>ဆက်ဖတ်ရန်>>> >>

တောင်ကိုရီးယားကျောင်းသားတစ်ဦး ကိုယ်တိုင်လုပ် ဂြိုဟ်တုတစ်လုံး လွှတ်တင်မည်

ဆိုးလ် ဇူလိုင် ၂၇

တောင်ကိုရီးယားနိုင်ငံမှ ကျောင်း သားတစ်ဦးသည် ၎င်းကိုယ်တိုင် အိမ်၏မြေအောက်ခန်း၌ ခြောက်နှစ်ကြာ အချိန်ယူ တည်ဆောက်ထားသည့် အမေရိကန်ဒေါ်လာ ၅ဝဝ တန် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တု OpenSat သည် တစ်ကီလိုဂရမ်ရှိပြီး ၁ဝ ကုဗမီတာ ရှိကြောင်း သိရသည်။ ၎င်းဂြိုဟ်တုသည် ဘက်ထရီ၏ အလုပ်လုပ်ဆောင်သည့် အခြေအနေ၊ အပူချိန်နှင့်လှည့်ပတ်နှုန်းစသည့် သတင်းအချက်အလက်များကို ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
၎င်းဂြိုဟ်တုသည် မော့စ်အချက်ပြ သင်္ကေတစနစ်ဖြင့် အဆက်အသွယ်ပြုလုပ်နိုင်ကြောင်း သိရသည်။ ၎င်းကျောင်းသားသည် ဂြိုဟ်တုပြုလုပ်ရန်အတွက် နည်းပညာများကို ကမ္ဘာတစ်ဝန်းရှိပညာရှင်များထံမှ အင်တာနက်မှတစ်ဆင့် အကူအညီတောင်းခဲ့ ကြောင်းသိရသည်။ အဆိုပါဂြိုဟ်တု လွှတ်တင်ရန် ပြင်သစ်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်း ဂြိုဟ်တုကို ယခုနှစ် ဒီဇင်ဘာလတွင် ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။

“မူလတန်းပြ ဆရာ/မ တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား
ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။
khinyi
နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ဓါတ်ပုံ - မဇ္ဈိမ)

ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာ
ကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။

၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။

၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင် နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန် အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊ အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။ ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။

ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)
>>>ဆက်ဖတ်ရန်>>> >>

~ ဂုတ်ထိပ်တံတား ~

မြန်မာပြည်၏ ထင်ရှားသော မီးရထားတံတားဖြစ်သည်။ ၁၉၀၃ ခုနှစ် တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုအချိန်တွင် သက်တမ်း အားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ မန္တလေး၊ လားရှိုး၊ နောင်ချို ဘူတာအလွန် ၇ မိုင်အကွာ မိုင်တိုင် အမှတ် ၄၆၃/၀၉ တွင် ရှိသည်။ ပေ ၃၀၀ ခန့်နက်ရှိုင်း၍ မတ်စောက် လှသော လျှိုကြီးနှစ်ခုအပေါ်တွင် ဖြတ်ကျော် တည်ဆောက် ထားခြင်း ဖြစ်သည်။ တံတားပေမှာ ၂၂၆၀ ဖြစ်သည်။

ကမ္ဘာသစ်
www.newworldnanda.ning.com

>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး