Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

အင်္ဂလိပ်အက္ခရာလေးတွေနဲ့ ဟောကိန်းထုတ်ကြည့်ရအောင်

ဟုတ်မဟုတ်တော.မသိဘူး အပျော်ပေါ.နော်
သင့်နာမည်ရဲ့ ရှေ့ဆုံး စာလုံးလေးတွေကို ကြည့်ပြီး ဟောကိန်း
ထုတ်ကြည့် ကြစို့

A― Romantic (စိတ်ကူးယဉ်ဆန်သူ)
B― Proud (ဂုဏ်ယူဝင့်ကြွားတတ်သူ)
C― Innocent (အပြစ်ကင်းစင်သူ)
D― Lovable (ချစ်ခင်နှစ်သက်ဖွယ် ကောင်းသူ)
E― Good but Hurtful (စိတ်ထားနူးညံ့သူ -သို့သော် -ခံစားလွယ်သူ)
F― Compassionate (မေတ္တာဂရုဏာတရားကြီးမားသူ)
G― Logical Minded (သဘာဝကျစွာ တွေးတောတတ်သူ)
H― Leadership Potential (ခေါင်းဆောင်နိုင်စွမ်းရှိသူ)
I― Helpful (ကူညီမှုတွေနဲ့ ရှင်သန်သူ)
J― Free-Spirited (လွတ်လပ်ပွင့်လင်းစွာ နေထိုင်သူ)
K― Irritating (စိတ်တို ထိခိုက်လွယ်သူ)
L― Funny (ပျော်ရွှင်တတ်သူ)
M― Emotional (စိတ်လှုပ်ရှား ထိခိုက်လွယ်သူ)
N― Sensible (စဉ်းစားတွေးခေါ် တတ်သူ)
O― Supportive (အထောက်အကူ ပံ့ပိုးပေးနိုင်သူ)
P― Crazy Q―Unpredictable (အရူးအမူး စွဲလမ်း နှစ်သက်တတ်သူ)
R― Practical (လက်တွေ့သမား)
S― Loving (ချစ်ခင် ကြင်နာတတ်သူ)
T― Fake (ဟန်ဆောင်ကောင်းသူ)
U― Sensitive (ဆတ်ဆတ်ထိမခံ ရန်စောင်တတ်သူ)
V― Genius (ထူးခြားသည့် ဉာဏ်ရှိသူ)
W― Calm (အေးဆေးတည်ငြိမ်သူ)
X― Easy-Going (အေးဆေးတည်ငြိမ် ဖော်ရွေသူ)
Y― Intelligent (ဉာဏ်ရည် ဉာဏ်စွမ်းထက်မြက်သူ)
Z― Jovial (ပျော်တတ်သော၊ ရွှင်ပျသောသူ)

credit to မြန်မာ့ရိုးရာဗေဒင်ပညာရပ်
>>>ဆက်ဖတ်ရန်>>> >>

ကာမေသုမိစ္ဆာစာရကံ

ကာမေသုမိစ္ဆာစာရကံ ထိုတ်သည့် မသွားလာအပ်သော မိန်းမ ၂၀
=====================================

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။
၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။
၃။ အများက မုန်းတီးရွံရှာခြင်း။
၎။ ရန်သူများခြင်း။
၅။ စိုးရိမ်ကြောင့်ကြများခြင်း။
၇။ ချမ်းချမ်းသာသာ မနေရခြင်း။
၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။
၉။ မျက်နှာမကြည်လင်ခြင်း။
၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်း။

ယောက်ျားတို့ မသွားလာအပ်သော မိန်းမ ၂၀-ဟူလို။

(၁) မာတု ရက္ခတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဥတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ် စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။
မှတ်ချက်။ ။၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ
ယောက်ျားများ မှာသာ ကံထိုက်သည်ဟူ၏။

(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ “လက်ထပ်ပြီးသူ” လင်အုပ်ထိန်းသောမိန်းမ၊
(၁၀)သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီသဘောတူအလိုတူ၍ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ““ပုဆိုး တန်းတင်””ပြုနေသောမိန်းမ၊
(၁၅) သြဒ ပတ္တကိနီ ရေခွက်က လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္ဗကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉)ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။

မှတ်ချက်။ ။ ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍မိန်းမရောယောက်ျားပါနှစ်ဦး စလုံးကံထိုက်သည်ဟူ၏။
>>>ဆက်ဖတ်ရန်>>> >>

ဗန်းမော်ဆရာတော် ဆုံးမစာ

ဗန်းမော်ဆရာတော် ဆုံးမစာ(မှတ်လောက်ဖွယ်ရာ)
===========================
 
တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊

အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)

Ven Siddhibala

အေးချမ်းမွန်မှ Royal Hero Media တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
>>>ဆက်ဖတ်ရန်>>> >>

၉၆၉ သံချပ်

၉၆၉ သံချပ်

( ၉၆၉ သံချပ်ဖြစ်ပါတယ် ခင်ဗျာ အဖွဲ့လိုက် အသံသွင်းနိုင်အောင်လည်း ကြိုးစားသွားပါ့မယ်...အားပေးကြပါဦး )

၉၆၉ တွေပေါ်လို့ လာ

မြန်မာပြည်မှာ သာဖို့ပါ ပဲ

မြန်မာပြည်မှာ သာဖို့ပါ ပဲ

မြန်မာပြည်မှာ သာဖို့ရာ

၉၆၉ ကိုသုံးကြပါဟေ့

၉၆၉ ကိုသုံးကြပါဟေ့

၉ ဂဏန်းရဲ့ အဓိပါယ်ဟာ

ဘုရားဂုဏ်တော် ၉ ပါးပါဗျ

ဘုရားဂုဏ်တော် ၉ ပါးပါဗျ

၆ ဂဏန်းရဲ့ အဓိပါယ်ဟာ

တရားဂုဏ်တော် ၆ ပါးပါဗျ

တရားဂုဏ်တော် ၆ ပါးပါဗျ

၉ ဂဏန်းရဲ့ အဓိပါယ်ဟာ

သံဃာ ဂုဏ်တော် ၉ ပါးပါဗျ

သံဃာ ဂုဏ်တော် ၉ ပါးပါဗျ

အသောကမင်းကြီး ကျောက်တိုင် ဟာ

သာသနာတော် ထွန်း ကားဖို့ပဲ

သာသနာတော် ထွန်း ကားဖို့ပဲ

၂၄ ပစ္စည်းအဓိပါယ် ဟာ

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

သာသနာ အလံကိုလွှင့်ထူကြစို့

သာသနာ အလံကိုလွှင့်ထူကြစို့

သာသနာ အလံကိုလွှင့်ထူပါ

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့မြန်မာတွေညီညွှတ်ကြစို့

တို့မြန်မာတွေညီညွှတ်ကြစို့

တို့မြန်မာတွေညီညီညွှတ်ညွှတ်

နိုင်ငံအ န္တရာယ် ကာကွယ်ကြစို့

နိုင်ငံအ န္တရာယ် ကာကွယ်ကြစို့

နိုင်ငံအ န္တရာယ် ကာကွယ်ကြဖို့

၉၆၉ ကိုအားပေးကြစို့

၉၆၉ ကိုအားပေးကြစို့ ။။ ။။

( Kyauk Sar , မျိုးချစ်လူငယ်များ အစည်းအရုံး)

Photo: ( ၉၆၉ သံချပ်ဖြစ်ပါတယ် ခင်ဗျာ အဖွဲ့လိုက် အသံသွင်းနိုင်အောင်လည်း ကြိုးစားသွားပါ့မယ်...အားပေးကြပါဦး )

၉၆၉ တွေပေါ်လို့ လာ

မြန်မာပြည်မှာ သာဖို့ပါ ပဲ

မြန်မာပြည်မှာ သာဖို့ပါ ပဲ

မြန်မာပြည်မှာ သာဖို့ရာ

၉၆၉ ကိုသုံးကြပါဟေ့

၉၆၉ ကိုသုံးကြပါဟေ့

၉ ဂဏန်းရဲ့ အဓိပါယ်ဟာ

ဘုရားဂုဏ်တော် ၉ ပါးပါဗျ

ဘုရားဂုဏ်တော် ၉ ပါးပါဗျ

၆ ဂဏန်းရဲ့ အဓိပါယ်ဟာ

တရားဂုဏ်တော် ၆ ပါးပါဗျ

တရားဂုဏ်တော် ၆ ပါးပါဗျ

၉ ဂဏန်းရဲ့ အဓိပါယ်ဟာ

သံဃာ ဂုဏ်တော် ၉ ပါးပါဗျ

သံဃာ ဂုဏ်တော် ၉ ပါးပါဗျ

အသောကမင်းကြီး ကျောက်တိုင် ဟာ

သာသနာတော် ထွန်း ကားဖို့ပဲ

သာသနာတော် ထွန်း ကားဖို့ပဲ

၂၄ ပစ္စည်းအဓိပါယ် ဟာ

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

မြန်မာပြည်မှာ ဘေးရန်ကင်းဖို့

သာသနာ အလံကိုလွှင့်ထူကြစို့

သာသနာ အလံကိုလွှင့်ထူကြစို့

သာသနာ အလံကိုလွှင့်ထူပါ

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့တိုင်းပြည်မှာအေးချမ်းစေဖို့

တို့မြန်မာတွေညီညွှတ်ကြစို့

တို့မြန်မာတွေညီညွှတ်ကြစို့

တို့မြန်မာတွေညီညီညွှတ်ညွှတ်

နိုင်ငံအ န္တရာယ် ကာကွယ်ကြစို့

နိုင်ငံအ န္တရာယ် ကာကွယ်ကြစို့

နိုင်ငံအ န္တရာယ် ကာကွယ်ကြဖို့

၉၆၉ ကိုအားပေးကြစို့

၉၆၉ ကိုအားပေးကြစို့ ။။ ။။

( Kyauk Sar , မျိုးချစ်လူငယ်များ အစည်းအရုံး)

>>>ဆက်ဖတ်ရန်>>> >>

သတိပြုသင့်သည့် facebook Worm Attack များ

သတိပြုသင့်သည့် facebook Worm Attack များ
----------------------------------------------------------------

Facebook မှာ လတ်တလော worm (virus) ၄ မျိုး တိုက်ခိုက်ပျံ့နှံ့နေတယ်လို့ဖတ်လိုက်ရပါတယ်...
ဒီတိုက်ခိုက်မှုတွေဟာ သင့်ကိုယ်ရေးအချက်အလက်တွေဆုံးရှုံးအောင်လုပ်နိုင်သလို သင့် Facebook အကောင့်ကိုလည်း hack သွားနိုင်ပါတယ်...

အဲ့ဒီ Worm အမျိုးအစား ၄ ခုကို ရှောင်ကျဉ်နိုင်ဖို့အတွက်လုပ်ဆောင်ရမယ့်အချက်လေးတွေကတော့

၁) PHOTO TAG ဆိုတဲ့ notice ရလာရင် ဖွင့်မကြည့်ပါနဲ့...

၂) သင့်မိတ်ဆွေတစ်ယောက်က သင့်အပြုအမူအတွက် report လုပ်နေပါတယ်... (a friend reported you for offensive behavior etc..) ဆိုတာမျိုး သတိပေးချက် ဝင်လာရင်လည်း ဖွင့်မကြည့်ပါနဲ့....

၃) ဗွီဒီယိုတစ်ခုက ၉၉ ရာခိုင်နှုန်းသောလူတွေက ဒီဗွီဒီယိုကို ၁၅ စက္ကန့်ထက်ပိုမကြည့်နိုင်ပါဘူး (99% of People cannot watch this for more the 15 Sec) လို့ပြောနေရင်လည်း မဖွင့်ပါနဲ့....

၎) သင့်မိတ်ဆွေတွေနဲ့ ချက်နေတုန်း မက်ဆေ့ခ်ျထဲမှာ ဒီလင့်ကို ကလစ်လိုက်ပါ (click this link) ဆိုရင်လည်း သွားမဖွင့်ပါနဲ့...

ဒီအချက်တွေကိုကြည့်လိုက်ရင် ကျွန်တော်တို့အနေနဲ့ ဘာမှခက်ခက်ခဲခဲလုပ်ဆောင်စရာမလိုပါဘူး... ဒါလေးတွေ တွေ့ကြုံလာရင် သွားမကလစ်ဘဲ ကျော်သွားလိုက်ရုံပါပဲ... အဲ့လိုကျော်သွားလို့လည်း ကိုယ့်အတွက်ဘာမှ ဆုံးရှုံးစရာမရှိပါဘူး... ကလစ်မိရင်သာ နောက်ဆက်တွဲ ကိစ္စတွေကို ရင်ဆိုင်ရနိုင်ပါတယ်... အဲ့ဒီတော့ ဘာမှလည်း အထိတ်တလန့်ဖြစ်စရာမရှိပါဘူး... သတိထားသင့်တဲ့အကြောင်းအရာတစ်ခုအဖြစ် မျှဝေလိုက်တာပါ...
----------------------------------------------------------------
Ref: Computer Science Engineers
နှိုင်းရင့်နွေမှ တင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------

အေးချမ်းမွန်မှ နှိုင်းရင့်နွေ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

သီလရှင် စတင်ဖြစ်ပေါ်လာပုံ ...

သီလရှင် စတင်ဖြစ်ပေါ်လာပုံ ...
**********************
Photo: သီလရှင် စတင်ဖြစ်ပေါ်လာပုံ ...
**********************

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။

ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင် စတင်ဖြစ်ပေါ် လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီ သာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံး တည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီ သာသနာ အကြောင်း ရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျု အမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက် ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာ ပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင် မယ်ကင်းတို့ ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများ ပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။

တစ်ခါ သီလရှင်ကို ယောက်ျားလေးများ၊ မိဘများက ရှိခိုးသင့်၊ ရှိမခိုးသင့်နဲ့ ပတ်သတ်ပြီး ပြောပြပေးရမယ်ဆိုရင်

သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး သီလနည်းသူက သီလများ သူကို ရှိခိုးရပါမယ်။ ဒါနဲ့စပ်ပြီး ရှင်းလင်းသွားအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကားတော်လေးပါ ပြောပြပေးပါမယ်။

မြတ်ဗုဒ္ဓ ဝေသာလီပြည်ကနေ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း တော်ကို ကြွတော်မူတဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများဟာ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ ဒါက ငါတို့ကမ္မ၀ါစာ ဆရာအတွက်၊ ဒါက ငါတို့အတွက်ဆိုပြီး အိပ်ရာနေရာများ ဦးထားကြပါတယ်။ အဲဒီလိုဦးထားတဲ့အခါ ဇေတ၀န်ကျောင်းကို နောက်မှ ရောက်လာတဲ့ မထေရ်များအတွက် အိပ်ရာနေရာ မရှိကြဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ မြတ်ဗုဒ္ဓရဲ့ လက်ယာရံ၊ ဉာဏ်ပညာမှာ ဧတဒဂ်ရထားတဲ့ ရှင်သာရိပုတ္တရာရောက်လာတာကို အိပ်စရာနေရာမပေးဘဲ နေကြတာပါ။ ဒါနဲ့ သူတော်ကောင်း ဆိုတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားကျိန်းစက်ရာ ဂန္ဓကုဋီကျောင်းဆောင်နားက သစ်ပင်ရင်းမှာ ထိုင်ရင်း၊ စင်္ကြန်သွားရင်းနဲ့ ညဥ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မနက်မိုးလင်းတော့ ဘုရားရှင်က ကျောင်းနားရပ်နေတာ “ဘယ်သူလဲ” လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါ ဘုရား” လို့ လျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က “ဘာ့ကြောင့်ဒီလို ဖြစ်ရတာလဲ”လို့ မေးတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါ တယ်။ မထေရ်စကားကိုကြားရတဲ့အခါ မြတ်ဗုဒ္ဓက “ငါဘုရားရှိစဉ်မှာတောင် ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေလေးစားခြင်း မရှိကြဘူး ဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။ ဒါနဲ့ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး၊ ဆွမ်းဦးထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ”လို့ ဘုရားရှင်က မေးတော်မူ ပါတယ်။ အဲဒီအခါ ရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ ရဟန်းကို အရိုသေ ပေးထိုက် ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ ရဟန်းကို အရိုအသေပေးထိုက် တယ်”၊ “သူဌေးကနေရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” ဆိုပြီး လျှောက်ကြသလို တချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တချို့က ဒုတိယ ဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ရတဲ့ရဟန်းကို အရိုအသေ ပေးထိုက် တယ်။ တချို့ကလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ၊ အဘိညာဉ် ရတဲ့ ရဟန်းတော်များကို အရိုအသေပေးထိုက်တယ်ဆိုပြီး အမျိုးမျိုး လျှောက် တင်ကြ ပါတယ်။

အဲဒီလို အမျိုးမျိုးလျှောက်ကြတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ အခုသင်တို့ ပြောတဲ့ မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြို ဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း စတာတွေကို ပြုလုပ်ရမယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်၊ အရွယ်ဂုဏ်ကြီး သူတို့ကို အစဉ်အတိုင်း ရိုသေလေးစားရှိခိုးရပါမယ်။ ဒါကြောင့် သီလဂုဏ် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမှာဖြစ်တဲ့အတွက် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ ဆယ်ပါးသီလ ရှိတယ် ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးရပါမယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလ ယူထားမယ် ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးရပါမယ်။ ကျန်တဲ့ယောက်ျား၊ မိန်းမများကလည်း မိမိတို့က သီလရှင်ထက် သီလ ဆောက်တည်ထားတာ နည်းနေရင် ရှိခိုးရပါမယ်။ များသောအားဖြင့် သီလရှင်များဟာ ကိုးပါးသီလကို စတင်ဝတ်ကတည်းက ယူထားကြတာ များတဲ့အတွက် လူပုဂ္ဂိုလ်များက သူတို့ထက် သီလဆောက်တည် ထားတာ နည်းနေရင် ရိုသေလေးစား ရှိခိုးရပါမယ်။ တန်းတူဖြစ်နေရင်တော့ အသက် သိက္ခာငယ်သူက ရိုသေလေးစား ရှိခိုးခြင်းများ ပြုလုပ်ကြပါ။

ဒါပြင် မြတ်ဗုဒ္ဓက သူတစ်ပါးကို ရိုသေလေးစား ရှိခိုးခြင်းကြောင့် မိမိမှာ အပြစ် မရပါဘူး။ မိမိရှိခိုး ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်ကသာ သူ့မှာ ရှိခိုးထိုက် တဲ့ဂုဏ်တွေ မရှိရင် အပြစ်ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေပေးတာ၊ လေးစားတာ၊ ရှိခိုးတာဟာ မိမိအတွက် မကောင်းကျိုးမခံစားရဘဲ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ ဆိုတဲ့ ကောင်းကျိုးများသာရလို့ သူတစ်ပါးကို ရိုသေလေးစားမှုပြုဖို့ ၀န်းမလေးသင့်ပါဘူး။ မိမိက ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်း မပြုမိဘူးဆိုရင်သာ အဲဒီလူဟာ ဖြစ်လေရာမှာ နုံးချာတဲ့မျိုးနွယ်တွင် ပေါက်ဖွားလာရပြီး ဘ၀မှာ အမြဲတမ်းနုံခြာနေပါလိမ့်မယ်။ ဒါကြောင့် မာန်မာန ဆိုတာဟာ မထားသင့်တဲ့နေရာမှာ လုံးဝမထားမိဘဲ တစ်ခါတလေ နဂါးမှန်း သိအောင် အမောက်ထောင် ပြသင့်တဲ့နေရာသာ မာန်မာနကို ထားကြဖို့ လိုပါတယ်။ ဒါဟာလည်းတကယ်လိုအပ်တဲ့အခါမှသာ ထုတ်သုံးရမဲ့ စကားပုံ ဖြစ်ပါတယ်။ မလိုအပ်ဘဲ သွားသုံးမိရင် ဒီစကားပုံဟာလည်း မိမိကို ဒုက္ခ စပါယ်ရှယ် ပေးပါလိမ့်မယ်။

တစ်ဖန် သီလယူခြင်းနဲ့ပတ်သတ်ပြီး ပြောပြရမယ်ဆိုရင်
*************************************

သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။

ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကို သိသူ၊ သီလကို အစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို
ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့
စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလ ယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်း မယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့် ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလ ကျိုးပေါက်မဲ့ ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် “အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား”လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလ မကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလ ယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကား ဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာ သွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။

သီလရှင်လေးမျိုး
***********

ဒါနဲ့ ဒီနေရာမှာ ဆပ်စပ်မိလို့ သင်္ဂဇာဆရာတော်ရဲ့ သီလရှင်လေးပါးရှိကြောင်း ဥပမာသမူဟဂီရတ္တမကျမ်း၊ သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်မှာ မိန့်တော်မူခဲ့တာကိုလည်း အမှတ်ရတာနဲ့ ရေးသားလိုက်ပါတယ်။ သင်္ဂဇာ ဆရာတော်ဟာ ဒကာ၊ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် မန္တလေးကနေ ရန်ကုန်ကို ကြွလာတဲ့အခါ သီလရှင်ဆရာလေးများက ဆရာတော်ကို လှူဖွယ်များ လာရောက်လှူဒါန်းကြပါတယ်။ ဆရာတော်လည်း ဆရားလေး များကို စကားစပ်မိတာနဲ့ နင်တို့ မယ်သီလဘယ်နှစ်မျိုးရှိလဲဆိုတာ သိကြလား။ အဲဒီလိုမေးတော့ ဆရားလေးများလည်း ယောင်ဝါးဝါးဖြစ်နေပြီး တပည့်တော် တို့ မယ်သီလ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိပါဘုရားလို့ လျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က

(၁) ရှစ်ပါးသီလနှင့် ၀ိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်ပြီး ပရဟိတအလုပ် လုပ်တဲ့ သီလရှင်ကို မယ်သီလလို့ ခေါ်တယ်။

(၂) အရပ်တကာသို့ လှည့်ပတ်ပြီး အမြဲ ဆွမ်းဆန် အသပြာ အလှူခံနေကာ ကျောင်းတွင်းမှာ မနေတဲ့သီလရှင်ကို မယ်သီလေလို့ ခေါ်တယ်။

(၃) တောင်အရပ်နဲ့မတဲ့ပြန် မြောက်အရပ် သွားလိုက်။ တစ်ခါ မြောက်အရပ် သွားတော့ မြောက်အရပ်နဲ့ မတဲ့ပြန် ဖြစ်လိုက်။ တစ်ဖန် အရှေ့အရပ်နဲ့ မတဲ့ပြန် အနောက်အရပ်လန် ဖြစ်နေတဲ့ အရပ်လေးမျက်နှာမှာ အနေမမှန်တဲ့သီလရှင်ကို မယ်သီလံလို့ ခေါ်တယ်။

(၄) မိမိအဖော်များ တစ်ခြားသွားနေချိန် ဆန်လိုက်ခိုးပြီး မိမိထဲသို့ မရိုးသားတဲ့ နည်းနဲ့ ဆန်ခိုးရောတဲ့ သီလရှင်ကို မယ်သီလောလို့ ခေါ်တယ်။

ဒီလေးယောက်မှာ ပထမတစ်ယောက်သာ ချီးမွမ်းထိုက်တယ်။ အဲဒါကြောင့် နင်တို့လည်း မမိုက်ကြနဲ့ဟု ပြောဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါက သင်္ဂဇာ ဆရာတော် မိန့်ခဲ့တာကို ဒီနေရာမှာ ဆက်စပ်မိလို့ အမှတ်ရတာနဲ့ ရေးလိုက် တာပါ။ သိချင်လို့ မေးထားကြတဲ့ မေးခွန်းတွေထဲမှာတော့ မပါပါဘူး။

ယခုလောက်ဆို ရှင်းပြရင် သီလရှင် ဖြစ်ပေါ်လာပုံနဲ့ ပတ်သတ်တာက အစ သီလရှင် ဆိုင်ရာများကို အားလုံးနားလည် လောက်ပြီလို့ ထင်မြင်ပါတယ်။ အားလုံး ဗဟုသုတ အသိဉာဏ်များ တိုးပွားကြပြီး မိမိတို့ ပန်းတိုင်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ။

ဆရာတော် အရှင်ကောမလ(ခ) ဆန်နီနေမင်း

Royal Hero Media

အရူးလို့အထင်ခံရတာကိုတောင် ... ဂုဏ်ယူကျေနပ်နေတဲ့ ဆြာပွ ...

အရူးလို့အထင်ခံရတာကိုတောင် ... ဂုဏ်ယူကျေနပ်နေတဲ့ ဆြာပွ ...

ဒါလေးကတော့ ကိုပွ ကိုယ်တွေ့ကြုံခဲ့တဲ့ ဖြစ်စဉ်လေးပါ .... ကိုပွလိုတောကတက်လာပြီး ရန်ကုန်လိုနေရာမျိုးမှာ ချစ်သူနဲ့လျှောက်လည်ဖို့ ရွေးဖြစ်ကြတော့ သိပ်များများစားစားမသွားတတ်ပါဘူးဗျာ .... တည်းခိုခန်းဆိုတာကလည်း သွားသင့်တဲ့နေရာမျိုးမဟုတ်တော့ ပြည်သူ့ရင်ပြင်ပန်းခြံရယ် ရုပ်ရှင်ကြည့်ဖို့ရယ်ဘဲ ရွေးဖြစ်ခဲ့တာပေါ့ .... ဟဲ ... သိပ်လည်းမသွားတတ်ဘူးလေ .... သိတာဆိုလို့ ရန်ကုန်ဘူတာကြီးနဲ့ ဆူးလေစေတီအနီးတ၀ိုက်လောက်သိပြီး သွားတတ်လာတတ်တာကိုး .... တော်တော်သွားတတ်လာတတ်ရှိတဲ့ ကိုပွနော် ..... အဲတာနဲ့ ရုပ်ရှင်ကြည့်မယ်ဆိုပြီး သမ္မတရုပ်ရှင်ရုံဝင်ကြည့်ဖြစ်တယ် .... ရန်ကုန်ရောက်တုန်း ရုပ်ရှင်ကြည့်တာ ချစ်သူနဲ့ဆိုတော့ ဇိမ်ကျကျကြည့်မယ်စိတ်ကူးတယ်..... .လက်မှတ်တောင်မ၀ယ်တတ်တော့ ဘယ်အတန်းဝယ်ရမယ် .......ဘယ်လိုခုံဝယ်ကြည့်ရမှန်းမသိပါဘူးဗျာ ....အဲတာနဲ့ လက်မှတ်ရောင်းတဲ့ကောင်မလေးကို ညီမရေ အပေါ်ထပ်က နောက်ဆုံးကသာပေးဆိုတော့ ...ဟီး မ၀ယ်သာမ၀ယ်တတ်တာ ဟုတ်သွားပြန်တယ်ဗျာ ... အကို...ဒါနှစ်ယောက်တည်းအေးအေးဆေးဆေးကြည့်ရတဲ့ခုံတဲ့ နောက်ဆုံးကတော့မရဘူး သူ့နောက်မှာ တစ်တန်းရှိသေးတယ်ဆိုပြီးပေးတော့ ...အဲတာဘဲ ယူလိုက်ရတာပေါ့ ... အဲမှာ နေရာရပြီး ထိုင်နေတုန်း ရုပ်ရှင်စမယ်ဆိုတော့ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းသံလွှင့်လာတယ် .... ကိုပွတို့အတွဲလည်း တောကတက်လာတာဆိုပေမယ့် နိုင်ငံကြီးသား/မြို့ကြီးသားတွေလို ပီသအောင် အရိုအသေပေး အသိအမှတ်ပြုထမတ်တပ်ရပ်တော့ ကိုပွတို့နှစ်ယောက်တည်းဆိုသလို ထီးထီးကြီးဖြစ်နေတယ် .... ဘေးပတ်ဝန်ကျင်ကလူတွေဘာလို့မထကြပါလိမ့်ပေါ့ .... သီချင်းသံဆုံးသွားတော့ ကိုပွဘေးပတ်ဝန်းကျင်ကြည့်မိတယ် .... ကိုပွတို့ကို ဒီလူတွေဝိုင်းကြည့်နေကြတယ်ဗျာ .... ကိုပွကိုကြောင်တောင်တောင်နိုင်လှတဲ့ ပုံစံတွေနဲ့ပေါ့ .... ဘယ်လိုလူတွေပါလိမ့် .... ကိုယ့်နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းလွှင့်ပေးချိန် ထမတ်တပ်ရပ် အရိုအသေပေးတာ အဲလိုကြည့်စရာဖြစ်နေကြသလား..... ဘယ်လိုစိတ်ဓာတ်မျိုးတွေပါလိမ့် ..... ကိုပွလည်း တော်တော်မခံချိမခံသာဖြစ်မိတယ် ... နိုင်ငံတော်အလံနဲ့ပတ်သက်လို့လား .... ဘယ်လိုဘဲ အတည်ပြုသတ်မှတ်ခဲ့ သတ်မှတ်ခဲ့ပေါ့ ကိုယ်မကျေနပ်သော်လည်း ဒါနိုင်ငံကို ကိုယ်စားပြုထားတဲ့ အထိမ်းအမှတ်ပါ ... အလံကို သဘောမကျလို့ (ဒါက အတည်ပြုခဲ့ချိန်မှာ ကိုယ်လက်မခံချင်သော်လည်း အများနဲ့အတည်ပြုထားပြီးသားပါ) ထားပါအုံး သီချင်းသံလွှင့်ထားတာ နိုင်ငံတော်သီချင်းပါဘဲ .... ကိုယ့်မွေးဖွားရာ နိုင်ငံ ...ကိုယ်စားပြု....ကိုယ်စောင့်ရှောက်ထိန်းသိမ်းပြီးဂုဏ်သိက္ခာမြင့်တင်ရမှာ...ဦးထိပ်ထားမြတ်နိုးတန်ဖိုးထားပြနိုင်ရမှာပါ ..... ဒါကိုမှ ကိုယ့်နိုင်ငံသားတစ်ယောက်က တန်ဖိုးမထား မမြှင့်တင်ဘူး အရိုအသေမပေးချင်ဘူးဆိုရင် ကျန်တဲ့သူတွေက ပိုဆိုးတော့မပေါ့ ... နိုင်ငံတကာအလယ် ဂုဏ်သိက္ခာကျဆင်းစေတာဖြစ်စေမှာပေါ့ ...... အကြောင်းအရာကိစ္စဆိုတာ အစကောင်းတဲ့စိတ်ဓာတ်မျိုးမွေးမြူဆောင်ရွက်နိုင်ပါမှ မျိုးဆက်သားကောင်းတွေ အတုယူကောင်းတဲ့ အလေ့အထကောင်းဖြစ်စေမှာပါ ..... အစိုးရပိုင်းပြုပြင်မှမဟုတ်ပါဘူး ..... ခင်ဗျားတို့ကိုယ်တိုင်လည်း ပြုပြင်ပေးနိုင်ပါမှ မျိုးဆက်ကလေးတွေအတွက် တန်ဖိုးထားတတ်လာမှာပါ .....ဒီမိုကရေစီကို လိုချင်တဲ့ သူတွေက ကိုယ့်နိုင်ငံအလံတော်နဲ့ ကိုယ့်နိုင်ငံသီချင်းတောင် ကလေးစိတ်နဲ့ အသိအမှတ်ပြုရွေးချယ်နေတာ မဖြစ်သင့်ပါဘူး ..... ကိုပွကတော့ ကိုပွတို့ကို ကြောင်တောင်တောင်နိုင်အောင် ၀ိုင်းကြည့်နေတဲ့ အကြည့်တွေကြားကကို ...... အလံဘာအရောင်/ဘယ်လိုဆိုတာထက် နိုင်ငံကိုယ်စားပြုအထိမ်းအမှတ်အလံတော်ဆိုတာရယ် သီချင်းရယ်ကို အရိုအသေပေးပြီး မတ်တပ်ရပ်ခဲ့တာကို ဂုဏ်ယူခဲ့မိတယ်ဗျာ ....
-------------------------------။---------------------------------
ခင်ဗျားတို့ပြောနေတယ် ... မြို့/ရွာကိုချစ်တယ် .... ဇာတိကို ခင်တွယ်တယ် ... လူမျိုးကိုစောင့်ရှောက်ချင်တယ် .... အမျိုးဘာသာ/သာသနာကို ထိန်းသိမ်းချင်တယ် .... ဘာသာတရားကွယ်ပျောက်ပြီး အမျိုးဖျက်သွားတဲ့ မိန်းခလေးတွေကို မချိတင်းကဲ ခံပြင်းစိတ်နဲ့ နာကျင်မိတတ်ကြတယ်......စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလကို အလိုမကျခဲ့ဘူး .... ဒီမိုကရေစီ နိုင်ငံကြီးဖြစ်စေချင်တယ် ..... တိုးတက်တဲ့နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်တိုးတက်ချင်ကြတယ် တည်ဆဲအစိုးရ လုပ်ဆောင်ချက်မှားယွင်းရင် လက်ညိုးထိုးဝေဖန်ချင်ကြတယ် .....အပြစ်ထောက်ချင်ကြတယ် ... သိပ်ကောင်းမွန်ပြည့်စုံတဲ့ခေါင်းဆောင်ကောင်းဆိုတာတွေနဲ့ အုပ်ချုပ်တာကို ဖြစ်စေချင်ကြတယ် ... အဂတိတရားကင်းတဲ့ ၀န်ထမ်းကောင်းတွေနဲ့ တည်ဆောက်စေချင်ကြတယ်..... သန့်ရှင်းတဲ့အစိုးရ...ကောင်းမွန်တဲ့အုပ်ချုပ်မှုဖြစ်စေချင်ကြတယ်..... ဒီမိုကရေစီအရ လူအခွင့်အရေးဆိုတာနဲ့တိုင်းတာချင်တတ်ကြတယ် ...... ...အစိုးရကောင်းဦးဆောင်တာကို ဖြစ်စေချင်ကြတယ်.... ရွေးချယ်မှုအပြိုင်အဆိုင် အင်အားကောင်းအောင် ကိုယ်ပါဝင်တဲ့အဖွဲ့အစည်း ပါတီအင်အားကောင်းအောင် ဖြစ်စေချင်ကြတယ် .... ကိုယ်နေတဲ့ မြို့/ရွာ/နိုင်ငံနဲ့လူမျိုး/ဘာသာ/သာသနာ တည်တံ့ခိုင်မြဲပြီး တိုးတက်ဖွံဖြိုးအောင် အုပ်ချုပ်သူ/တာဝန်ထမ်းဆောင်သူအားလုံးကို အလေးအနက်ထားစေချင်ကြတယ် ......ဦးဆောင်စေချင်ကြတယ် ....
..... ဒါဆို ပြန်စဉ်းစားကြည့်မိတယ် ... ကိုယ်တို့လိုအုပ်ချုပ်ခံလူတန်းစားအနေနဲ့ရော ..... မိမိကိုယ်မိမိ တန်ဖိုးရှိအောင် အလေးအနက်ထားနေတတ်ရဲ့လား? ... မိသားစုအတွင်းမှာ အလေးအနက်ထားချစ်ခင်သူတစ်ယောက်ဖြစ်ရဲ့လား?...မြို့/ရွာတိုးတက်ဖွံ့ဖြိုးအောင် ပရဟိတစိတ်ကလေးတွေနဲ့ အလေးအနက်ထားလုပ်ကိုင်ပေးနေသူတစ်ယောက်လား? တိုးတက်တဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ရအောင် မိမိတို့တစ်ဦးချင်း နိုင်ငံကြီးသားပီသအောင် စည်းကမ်းဘောင်အတွင်းက ကျင့်ကြံသွားလာနေထိုင်နေပြီလား ? ..... မိမိပါဝင်တဲ့ အဖွဲ့အစည်း/မြို့/ရွာ/နိုင်ငံနဲ့လူမျိုးအပေါ် တကယ်အလေးအနက်ထားတတ်သူလား? တကယ်ဦးဆောင်သူနောက် လိုက်ပါဆောင်ရွက်နိုင်တဲ့ နောက်လိုက်ကောင်း သို့တည်းမဟုတ် ပြည်သူကောင်းအဖြစ် အလေးအနက်ထား နေထိုင်နေသူဖြစ်နေပြီလား? အရည်အချင်းရှိခေါင်းဆောင်ရအောင် ...ဒီမိုကရေစီကျကျရွေးချယ်လုပ်ကိုင်ဝေဖန်ပိုင်းခြားတတ်ပြီလား? မိမိပါဝင်တဲ့ မိသားစု/အဖွဲ့အစည်း/ပါတီ/ မြို့/ရွာ ...နိုင်ငံနဲ့လူမျိုး ဘာသာ/သာသနာအပေါ် အလေးအနက်ထားတတ်သူ ဖြစ်ရဲ့လား?
ဆိုတာ .... စသဖြင့်ပေါ့ .... ဘာတွေပြည့်စုံပြီလဲ ဆိုတာ .... ပြောင်းလဲလိုက်ပါနေပြီလဲ ဆိုတာ .......
ကိုပွ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်လေး သတိရပြီး အပြုသဘော သတိပေးရေးလိုက်တာပါ ... ဖြစ်စဉ်ကတော့ ကိုပွ အရူးလို့အထင်ခံရတာတောင် ဂုဏ်ယူပြီး ကျေနပ်ပြန်ခဲ့ရတာလေးပါ ...
အိပ်မပျော်လို့ ရေးတာဆိုပေမယ့် .... ကိုယ်စီတာဝန်ကျေသင့်တာလေးပါ ...

အထာကျတဲ့ ... ဆြာပွ(မိုက်ကယ်လင်း)
>>>ဆက်ဖတ်ရန်>>> >>

ရှင်သာမဏေ (108)ပါး အလှူ ..

ရှင်သာမဏေ (108)ပါး အလှူ ..

ကိုပွမိတ်ဆွေတစ်ဦး၏ မိတ်ဆွေအလှူရှင်မှ နတ်တလင်းမြို့၊ မြို့လယ်စာသင်တိုက်တွင် မတ်လ(28/29 ခန့်မှန်းထား)ရက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရှင်သာမဏေမပြုရသေးသူ(108)ဦးအား အလှူကုသိုလ်ယူလိုသော စိတ်ဆန္ဒကြောင့် စီစဉ်ကျင်းပပေးမည်ဖြစ်ပါ၍ နတ်တလင်းမြို့နယ်အတွင်းနေ မည်သူမဆို မိမိ၏ရင်သွေးငယ်ဖြစ်စေ အုပ်ထိန်းမှုရှိသူဖြစ်စေ/ နီးစပ်ရာ အုပ်ထိန်းသူမရှိသူဖြစ်စေ .... ဦးရှမ်း(ခ)ဦးအောင်ဝင်း၊ ဇီးကုန်းကလေးအုပ်ချုပ်ရေးမှူးနှင့် ကိုပွ(မယ်လိုဒီလ္ဘက်ရည်ဆိုင်)တို့တွင် အမည်စာရင်းပေးသွင်းနိုင်ပါကြောင်း၊ နီးစပ်ရာသူငယ်ချင်းများမှလည်း ပံ့ပိုးနိုးဆော်ပေးပါရန် တိုက်တွန်းအပ်ပါသည်..... အလှူရှင်မှ ရှင်သာမဏေ သင်္ကန်းပရိက္ခရာစုံလင်စွာဖြင့် လာရောက်နိုင်သူ မြို့နေ ပြည်သူလူထုအားဆွမ်းစားဖိတ်ကြားစီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အုပ်ထိန်းသူရှင်သာမဏေမိဘများအနေဖြင့်လည်း မိမိထည့်ဝင်လိုသော စိတ်ဆန္ဒရှိသ၍ အလှူငွေအားလည်းထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အကျိုးဆောင်ဖော်ပြအပ်ပါသည် ....

------------------------------------------------------------

မြို့လည်ကျောင်းရှင်သာမဏေ(၁၀၈)ပါးတွင် စာရင်းကောက်ခံရရှိထားသော အမည်စာရင်း

၁။ မောင်သန့်ဇင် (၁၃)နှစ်(ဘ)ဦးအောင်ဝင်း+ဒေါ်စန်းစန်းမြင့်၊ ဇီး/ပြင်လမ်း
၂။ ဇော်ဝင်းမောင်(၁၉)နှစ်(ဘ)ဦးဝင်းလှိုင်+ဒေါ်မြခင်၊
၃။ သန်းထက်အောင်(၁၄)နှစ်(ဘ)ဦးဝင်းလှိုင်+ဒေါ်မြခင်
၎။ လင်းဆက်မောင်(၁၁)နှစ်(ဘ)ဦးဝင်းလှိုင်+ဒေါ်မြခင်
၅။ နေထက်ဦး(၁၆)နှစ်(ဘ)ဦးမျိုးထွဋ်+ဒေါ်ဝင်းဝင်းခိုင်၊ အောင်မင်္ဂလာ(၂)လမ်း၊
၆။ ဇော်ထက်အောင်(၁၁)နှစ်(ဘ) (။)
၇။ ဖြိုးဝေလင်း(၁၀)နှစ်(ဘ)ဦးအောင်သိန်း+ဒေါ်ညိုညိုစန်း၊ မြတ်ရတနာလမ်း
၈။ ဟိန်းထက်မင်းဗိုလ်(၁၀)နှစ်(ဘ)ဦးထွန်းထွန်းဝင်း+ဒေါ်ဌေး၊ မြတ်ရတနာလမ်း
၉။ ရန်လင်းအောင်(၈)နှစ်(ဘ)ဦးအောင်မြင့်စိုး+ဒေါ်ရီရီချို၊ ကံဦးဗေဒါလမ်း
၁၀။ သက်ပိုင်မှူး(၁၂)နှစ်(ဘ)ဦးတင်ညွန့်+ဒေါ်လှသန်း၊ ကံဦးဗေဒါလမ်း
၁၁။ သာအေး(၁၁)နှစ်(ဘ)ဦးစိန်သန်း+ဒေါ်မြမြအေး၊ ကံဦးဗေဒါလမ်း
၁၂။ ၀င်းကို(၂၀)နှစ်(ဘ)ဦးကျန်ငွေ+ဒေါ်စန်း၊ ကံဦးဗေဒါလမ်း၊
၁၃။ အောင်ကိုမင်း(၁၂)နှစ်(ဘ)ဦးအောင်ဆွေထွန်း+ဒေါ်သန်းသန်းဆွေ၊ ကံဦးဗေဒါလမ်း
၁၄။ ထွဋ်ညီနိုင်(၈)နှစ်(ဘ)ဦးအောင်မင်းနိုင်+ဒေါ်သင်းသင်းခိုင်၊ ကံဦး(၂)လမ်း
၁၅။ အောင်ထွန်း(၉)နှစ်(ဘ)ဦးဖိုးဇော်+ဒေါ်ခိုင်လေး၊ ကံဦးဗေဒါ
၁၆။ ပြည့်ဖြိုးအောင်(၂၃)နှစ်(ဘ)ဦးခင်မြင့်+ဒေါ်ဝင်း၊ ကံဦး(၂)လမ်း
၁၇။ မင်းသူ(၁၉)နှစ်(ဘ)ဦးဇော်ဝင်းနိုင်+ဒေါ်တင်တင်ချို၊ ကံဦးဇေယျာလမ်း
၁၈။ မျိုးမင်းသူ(၁၄)နှစ်(ဘ)ဦးဝင်းသန်း+ဒေါ်တင်နွဲ့၊ ကံဦးဇေယျာလမ်း
၁၉။ ရဲကိုထက်(၉)နှစ်(ဘ)ဦးကံမြင့်+ဒေါ်ဆောင်းရင်၊ သီရိမြိုင်(၂)ကံဘောင်လမ်း
၂၀၊ ကောင်းသူရိ(၉)နှစ်(ဘ)ဦးဇော်ဝင်း+ဒေါ်လဲ့လဲ့၊ သီရိမြိုင်(၂)ကံဘောင်
၂၁။ ဝေယံကျော်(၉)နှစ်(ဘ)ဦးမိုးဝင်း+ဒေါ်အေးအေးပြုံး၊ (။)
၂၂။ နေရှိုင်း(၁၃)နှစ်(ဘ)ဦးဝင်းထွေး+ဒေါ်အေးသီတာ၊ (။)
၂၃။ အောင်မိုးသူ(၁၄)နှစ်(ဘ)ဦးဇေယျာမျိုး+ဒေါ်ခင်မေသန်း၊ ဇီး/ရှေ့ပိုင်း
၂၄။ ကျော်မြင့်မြတ်(၉)နှစ်(ဘ) (။)
၂၅။ စိုးသူ(၁၅)နှစ်(ဘ)ဦးမြင့်ဦး+ဒေါ်မြင့်မြင့်အေး၊ ဇီး/ရှေ့ပိုင်း
၂၆။ အောင်မြတ်သူ(၁၀)နှစ်(ဘ)ဦးညွန့်ဝေ+ဒေါ်ကြည်နွယ်၊ ဇီး/ရှေ့ပိုင်း
၂၇။ ဖြိုးလင်းဇော်(၉)နှစ်(ဘ)ဦးလှရှိန်+ဒေါ်မော်ကြီး၊ ဇီး/ရှေ့ပိုင်း
၂၈။ လှကျော်(၁၄)နှစ်(ဘ) (။)
၂၉။ ညွန့်ဝေ(၂၅)နှစ်(ဘ)ဦးသောင်းဟန်+ဒေါ် ၊ဇီး/ရှေ့ပိုင်း
၃၀။ ဇော်မျိုးထွန်း(၁၂)နှစ်(ဘ)ဦးခင်လှိုင်+ဒေါ်ရွှေလုံး၊ ဇီး/ရှေ့ပိုင်း
၃၁။ မင်းခန့်(၁၁)နှစ်(ဘ)ဦးထွန်းထွန်းဦး+ဒေါ်သန်းသန်းအေး၊ ဇီး/ရှေ့ပိုင်း
၃၂။အောင်ဇော်ဦး(၁၄)နှစ်(ဘ)ဦးမြင့်ဌေး+ဒေါ်ခင်မိုးကြည်၊ (အမက)ဇီး/လေး
၃၃။စွမ်းပြည့်အောင်(၉)နှစ်(ဘ)ဦးဌေးအောင်+ဒေါ်အေးမော် (အမက)ဇီး/လေး
၃၄။ အောင်နိုင်ဝေ(၉)နှစ်(ဘ)ဦးညွန့်ဝေ+ဒေါ်နွဲ့နွဲ့စန်း၊ (အမက)ဇီး/လေး
၃၅။ ကောင်းဆက်အောင်(၉)နှစ်(ဘ)ဦးအောင်မြင့်+ဒေါ်သန်းအေး၊ (။)
၃၆။ ပြည့်ဖြိုးသူ(၈)နှစ်(ဘ)ဦးခင်မောင်သန်း+ဒေါ်ကြင်ဥ၊ (။)
၃၇။ မင်းထိုက်ကျော်(၈)နှစ်(ဘ)ဦးထွန်းလွင်+ဒေါ်မာလေး (။)
၃၈။ မြတ်သူမောင်(၈)နှစ်(ဘ)ဦးအောင်မိုး+ဒေါ်နွယ်နွယ်ဝင်း (။)
၃၉။ ဟိန်းမင်းထူး(၈)နှစ်(ဘ)ဦးမြင့်ဌေး+ဒေါ်ခင်မိုးကြည်၊ (။)
၄၀။ ထွန်းမြတ်(၈)နှစ်(ဘ)ဦးကြည်ဝင်း+ဒေါ်ရင်စန်း၊ (။)
၄၁။ ရာဇာ(၈)နှစ်(ဘ)ဦးကျော်ကျော်+ဒေါ်သန်းသန်းဌေး၊ (။)
၄၂။ အောင်အောင်(၇)နှစ်(ဘ)ဦးမြင့်ထွန်း+ဒေါ်ခင်သန်းနု၊ (။)
၄၃။ တင်ကိုကိုနိုင်(၁၄)နှစ်(ဘ)ဦးမြင့်ကြိုင်+ဒေါ်သိန်းသိန်းဝင်း၊ (။)
၄၄။ သန့်ဇင်ဦး(၁၄)နှစ်(ဘ)ဦးဝင်းနိုင်+ဒေါ်အေးအေးနိုင်၊ (။)
၄၅။ အောင်မျိုးကျော်(၁၂)နှစ်(ဘ)ဦးမြင့်အေး+ဒေါ်မာမာအေး၊ တံခွန်တိုင်တောင်စု
၄၆။ ဝေလင်းထွန်း(၁၂)နှစ်(ဘ)ဦးအောင်သန်းလှိုင်+ဒေါ်အေးအေးသန်း၊ သာဓုကံ
၄၇။ ကျော်ဝင်းသက်(၁၃)နှစ်(ဘ)ဦးအေးမြင့်+ဒေါ်ခင်ဝင်းကြည်၊ တက်နေလင်း
၄၈။ ဟန်မင်းခန့်(၁၃)နှစ်(ဘ)ဦးမောင်ဦး+ဒေါ်စန္ဒာ၊ ပြင်/ဇီ
၄၉။သီဟအာကာစိုး(၁၃)နှစ်(ဘ)ဦးစိုးစိုး+ဒေါ်နုနုရီ၊ အောင်သုခ
၅၀။ ရဲမင်းဌေး(၁၂)နှစ်(ဘ)ဦးတင်ထွန်းနိုင်+ဒေါ်လှလှဝင်း၊ တံခွန်တိုင်ကွက်သစ်
၅၁။ပြည့်စုံအောင်(၁၂)နှစ်(ဘ)ဦးညီဝင်း+ဒေါ်တင်တင်ဌေး၊ တံခွန်တိုင်တောင်စု
၅၂။ ဇင်ကို(၁၂)နှစ်(ဘ)ဦးသန်းဝင်း+ဒေါ်ခင်စန်းမြင့်၊ တံခွန်တိုင်ရွာသစ်
၅၃။ အောင်မြင့်မြတ်(၁၂)နှစ်(ဘ)ဦးမျိုးဇော်ဦး+ဒေါ်တင်စန်းမူ၊ ရှားတောကြီး
၅၄။ အောင်သူရိန်ထက်(၁၆)နှစ်(ဘ)ဦးဝင်းအောင်+ဒေါ်ခင်မာဦး၊ စံပြ(၄)လမ်း
၅၅။ ဖြိုးမင်းထက်(၁၆)နှစ်(ဘ)ဦးဆန်းထွန်း+ဒေါ်ခင်ချိုးသန်း၊ တွင်း/စည်လမ်း
၅၆။ ကောင်းမျိုးလှိုင်(၁၆)နှစ်(ဘ)ဦးဌေးလှိုင်+ဒေါ်မြင့်မြင့်ဆွေ၊ စံပြ(၁)လမ်း
၅၇။ ဖြိုးဝေအောင်(၁၆)နှစ်(ဘ)ဦးအေးကြိုင်+ဒေါ်အေးသိန်း၊ မြတ်ရတနာ
၅၈။ ကောင်းခန့်ကျော်(၁၆)နှစ်(ဘ)ဦးသန့်ဇင်ထွန်း+ဒေါ်သန်းသန်းအေး၊ တံခွန်တိုင်
၅၉။ လှိုင်မျိုးဝေ(၁၆)နှစ်(ဘ)ဦးတင်ထွေး+ဒေါ်ခင်ချို၊ တက်နေလင်းဝန်း
၆၀။ ပြည့်ဖြိုးအောင်(၁၆)နှစ်(ဘ)ဦးမြင့်ကြိုင်+ဒေါ်မြင့်မြင့်အေး၊ အလယ်သာစည်လမ်း
၆၁။ ဖြိုးသက်ပိုင်(၁၆)နှစ်(ဘ)ဦးထွန်းဇော်+ဒေါ်သင်းသင်းမော်၊ တံခွန်တိုင်
၆၂။ ကောင်းမြတ်သူ(၁၆)နှစ်(ဘ)ဦးအေးချို+ဒေါ်ခင်နွဲ့မူ၊ မှန်တန်း
၆၃။ ရဲမင်းသူ(၁၆)နှစ်(ဘ)ဦးဝင်းဌေး+ဒေါ်ရီသန်း၊ အုတ်တွင်းကုန်း
၆၄။အောင်ကျော်မင်း(၁၂)နှစ်(ဘ)ဦးမြသန်း+ဒေါ်တင်အေး၊ အောင်ရတနာ
၆၅။ နိုဝင်မောင်မောင်(၁၂)နှစ်(ဘ)ဦးခင်ဇော်ထွန်း+ဒေါ်ပွေး၊တံခွန်တိုင်
၆၆။အောင်ကျော်ကျော်(၁၁)နှစ်(ဘ)ဦးခင်မောင်သိန်း+ဒေါ်အငယ်လေး၊ အောင်မင်္ဂလာ(၂)လမ်း
၆၇။ မျိုးဇင်ကို(၁၈)နှစ်(ဘ)ဦးကိုကိုတင်+ဒေါ်သန်းသန်းဆွေ၊ ကံဦးဗေဒါ
၆၈။ ပြည့်စုံကို(၁၅)နှစ်(ဘ)ဦးကိုကိုတင်+ဒေါ်သန်းသန်းဆွေ၊ ကံဦးဗေဒါ

မှတ်ချက်-

အမည်စာရင်းဖော်ပြမှု မှားယွင်း/ကျန်ရှိပါက အကြောင်းကြားပေးနိုင်ပါကြောင်း ဖော်ပြအပ်ပါသည် ......

အကျိုးဆောင်ဖော်ပြသူ ---
တာရာ ပွကြီး(မိုက်ကယ်လင်း)

>>>ဆက်ဖတ်ရန်>>> >>

ဂွေးတောက်ရွက် အသုံးဝင်ပုံ

ဂွေးတောက်ရွက် အသုံးဝင်ပုံ
----------------------------

အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။

အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။

အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။

ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။Royal Hero Media

Photo: ဂွေးတောက်ရွက် အသုံးဝင်ပုံ

မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန်

မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန်
Lets Share For Myanmar To Be In The Guinness World Records

ကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုထက် ၂ နှစ်ပိုကြီးသူ မြန်မာနိုင်ငံမှ အဘွားဒေါ်မြကြည်(လက်ဆင့်ကမ်း Share ပေးပါရန်)

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၁၈ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၂ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂရင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

In English
Now The Oldest Grandma in the Guinness World Records is Besse Cooper 116 Year and 51 days old born in 1896 August 26... but the truth is, there is a Grandma who is 2 year older then Besse Cooper ... Her Name is (Daw) Mya Kyi who is 118 years old please share this to let the world know thanks (Translated To English By J Ki)
J Ki
People Development For Knowledge

Photo: မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန် အမြန်ဆုံး Share ပေးကြပါစို့

မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန် အမြန်ဆုံး ဒီနေရာကို ကလှစ်နှိပ်ပြီး Share ပေးကြပါစို့
>>>ဆက်ဖတ်ရန်>>> >>

ဘာကိုလေရမှန်းကိုမသိအောင်ကို လေပါတယ်ဂျာ ....

>>>ဆက်ဖတ်ရန်>>> >>

ဝလုံး- ရေးဖို့ ကျောက်တံသွေးနေသူ....ဆိုလို့

အထာကျတဲ့...ဆြာပွ ...(မိုက်ကယ်လင်း)

>>>ဆက်ဖတ်ရန်>>> >>

*** B ပိုး C ပိုး သမားတွေ အတွက် ***

*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

Photo: *** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

အသည်းရောဂါ B ပိုးအကြောင်း

အသည်းရောဂါ B ပိုးအကြောင်းနှင့် ရောဂါ အမေးအဖြေ ( ကပ်ရောဂါဘေးမှ ကင်းဝေးပါစေ Mg Mandalay )

အသည်းရောင် ဘီပိုးဆိုတာ ဘာပါလဲ။

အသည်းရောင်စေတတ်တဲ့ Virus ပိုးမျိုး ဖြစ်ပါတယ်။ Virus အမျိုးအစား ခြောက်မျိုးရှိရာ နာမည် ကွဲပြားအောင် A,B,C,D,E,G လို့ ပေးထားပါတယ်။ အဲဒီ ပိုးခြောက်မျိုးထဲက တစ်မျိုး ဖြစ်ပါတယ်။

တခြား အသည်းရောင် Virus ပိုးတွေနဲ့ ဘာကွာပါသလဲ။

အသည်းရောင် ဘီပိုးဟာ DNA Virus ဖြစ်ပါတယ်။ တခြား အသည်းရောင် ပိုးတွေက RNA ဗိုင်းရပ်စ် ဖြစ်ပါတယ်။

ရောဂါ လက္ခဏာ ဘာကွာပါလဲ။

အသည်းရောင်နည်း နှစ်မျိုး ရှိပါတယ်။ Acute Hepatitis ခေါ်တဲ့ ရုတ်တရက် အသည်းရောင် အသားဝါဆိုရင် ပျို့ချင်၊ အန်ချင်၊ မစားချင်၊ မသောက်ချင်၊ ဆီးဝါ၊ မျက်လုံးဝါ၊ ညာဘက် ရင်ဘတ်အောင့်တာတွေ ဖြစ်ပြီး အခြေအနေဆိုးလျှင် ကယောင်ကတမ်းဖြစ်၊ နေ့နဲ့ညမှားပြီး နေ့ဘက်မှာ အိပ်၊ ညဘက်မှာ မအိပ်၊ သတိလစ်၊ တက်၊ သွေးယိုစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ခွဲခြားတဲ့ သွေးစစ်နည်း Viral Markers တွေကသာ A ရယ်၊ B ရယ်၊ C ရယ်၊ D ရယ်၊ Eရယ်၊ G ရယ် စသဖြင့် ပြောနိုင်ပါတယ်။ နောက်တစ်နည်းမှာ နာတာရှည် အသည်းရောင် ဖြစ်ပါတယ်။ အသည်းရောင် A ပိုးနဲ့ အသည်းရောင် E ပိုးဟာ နာတာရှည် မဖြစ်ပါ။ ရောဂါလက္ခဏာ မပြဘဲ Viral Markers ခေါ် သွေးစစ်မှသာ တွေ့သူ၊ အသည်းစစ်ချက် LFT (Liver Function Tests) တွေ သွေးထဲမှာ မြင့်တက်နေသူ၊ ကိုယ်ပေါ်မှာ အနီစက်ကလေးတွေ ပေါ်သူ၊ မျက်လုံးနည်းနည်းဝါသူ၊ ရေဖျဉ်းရှိ၊ ခြေထောက်ရောင်သူ၊ နို့သီးစူသူ၊ ချိုင်းမွေး၊ ဆီးခုံမွေးပါးသူ၊ သားမြတ်သိမ်သူ စသဖြင့် နာတာရှည် ရောဂါလက္ခဏာတွေ တူကြပါတယ်။ သွေးစစ်ချက်သာ ကွာပါတယ်။

အသည်းရောင် ဘီပိုး Carrier ဆိုတာ ဘာပါလဲ။

ရောဂါလက္ခဏာ မပြဘဲ ခန္ဓာကိုယ်ထဲမှာ ပိုးရှိသူကို Carrier လို့ ခေါ်ပါတယ်။ ရောဂါလက္ခဏာမပြဘဲ သွေးစစ်မှသာ ဘီပိုးရှိကြောင်း သိရသူတွေကို ဘီပိုး Carrier လို့ ခေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသည်းရောင် ဘီပိုးရှိသူတွေဟာ နောင်အခါ နှစ်အကြာမှာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တတ်တဲ့အတွက် အသည်းရောင်ဘီပိုး Carrier လို့ မခေါ်ကြတော့ပါ။ အသည်းရောင်ဘီပိုး ရှိသူလို့ပဲ ခေါ်ပါတော့တယ်။

အသည်းရောင် ဘီပိုးဖြစ်တဲ့ သူများသလား။

အလွန်များပါတယ်။ ကမ္ဘာပေါ်မှာ သန်း ၄၀၀ လောက် ရှိမယ်လို့ ထင်တယ်။ သန်း ၄၀၀ ထဲက ၇၅ ရာခိုင်နှုန်းဟာ အာရှ အာဖရိက ပစိဖိတ်ဒေသမှာ ရှိပါတယ်။ ဒီဒေသတွေမှာ လူတစ်ရာမှာ ရှစ်ယောက်ကနေ ၁၀ ယောက်ခန့် အသည်းရောင် ဘီပိုး ရှိပါတယ်။

အသည်းရောင် ဘီပိုးဟာ အရေးကြီးတဲ့ ရောဂါ ဖြစ်သလား။

အရေးအကြီးဆုံး နှစ်ချက် ပြောပါမယ်။ ပထမအချက်က လူတစ်ယောက်မှာ အသည်းရောင်ဘီပိုး ရှိလို့ရှိမှန်း မသိတဲ့ အချက်ပါပဲ။ ဒုတိယ အချက်ကတော့ ရေရှည်မှာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်စေလို့ပါပဲ။

တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာလား။

တစ်ကမ္ဘာလုံးမှာ အသည်းရောင်ဘီပိုးရှိသူ များပါတယ်။ တစ်နှစ်မှာ တစ်သန်းလောက် အသည်းရောင်ဘီပိုးနဲ့ ပတ်သက်တဲ့ အသည်းရောဂါနဲ့ သေဆုံးကြရပါတယ်။

ကူးစက် တတ်သလား။

အလွန်ကူးစက်တတ်ပါတယ်။ အဓိကကတော့ ပိုးရှိတဲ့သွေး၊ ခန္ဓာကိုယ်မှထွက်တဲ့ အရည်တွေက ပွန်းပဲ့ ဒဏ်ရာကနေ ဝင်သွားတယ်။ သွေးသွင်းရာ၊ မူးယစ်ဆေး သုံးစဉ်၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ သုံးစဉ်၊ ပိုးမသန့်စင်တဲ့ ခွဲစိတ်မှု၊ သွားနုတ်မှုစတဲ့ လမ်းတွေဟာ အသည်းရောင် ဘီပိုးဝင်တဲ့ လမ်းတွေပဲ။ ကလေးမွေးစဉ်မှာ ပိုးရှိတဲ့ အမေကနေ မွေးကင်းစကလေးကို ကူးတယ်။

HIV နဲ့ အသည်းရောင် ဘီပိုး ဘယ်ဟာက ပိုကူး တတ်သလဲ။

အသည်းရောင်ဘီပိုးက HIV ကူးတဲ့နည်းတွေနဲ့ တူတယ်။ အဆတစ်ရာလောက် HIV ထက် ပိုကူးတတ်တယ်။

အသည်းရောင် ဘီပိုး ဝင်ပြီးရင် အလိုလိုကော ပျောက်နိုင်သလား။

ကံကောင်းတာက အသည်းရောင်ဘီပိုးက ဝင်ပြီးရင် အလိုလို ပျောက်နိုင်တယ်။ ဒါပေမဲ့ ကံမကောင်းတာက လူကြီးဘဝမှာ ဝင်ရင် ၉၅ ရာခိုင်နှုန်း အလိုလို ပျောက်ပေမယ့် ကလေးဘဝမှာ ဝင်ရင် ၃၀ ရာခိုင်နှုန်းသာ ပျောက်တယ်။ မွေးကင်းစမှာ ဝင်ရင် ၅ ရာခိုင်နှုန်းသာ ပျောက်တယ်။ ပိုးက ရောဂါလက္ခဏာ မပြဘဲ နှစ်၂၀၊ ၃၀ ရှိနေနိုင်တယ်။

မဝင်အောင် ကာကွယ် နိုင်ပါသလား။

သွေးကို စစ်ဆေးပြီးမှ သွင်းရမယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ် မသုံးရဘူး။ သွေးထွက်တတ်တဲ့ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား သီးသန့်သုံးရမယ်။ သွေးစွန်း ပစ္စည်းတွေကို စနစ်တကျ ဖယ်ရှားစွန့်ပစ်ရမယ်။ အဓိက ကာကွယ်နည်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။

ကာကွယ်ဆေးက ထိရောက်သလား။

အလွန်ထိရောက်တယ်။ သတ်မှတ်ထားတဲ့ ကာကွယ်ဆေး သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် ထိုးရင် လူတစ်ရာမှာ ၉၅ ယောက် အောင်တယ်။ အသက်ငယ်ရင် အောင်နှုန်းများတယ်။ အသက်ကြီးရင် အောင်နှုန်း နည်းတယ်။

မွေးကင်းစကလေးတွေ ကာကွယ်ဆေး ထိုးလို့ရသလား။

အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ကာကွယ်ဆေးထိုးနိုင်တယ်။ မွေးကင်းစတွေ ကာကွယ်ဆေးထိုးရမယ်။ ထိုးသင့်တယ်။ ထိုးနိုင်တယ်လို့ မဖြေဘဲ ထိုးရမယ်၊ ထိုးသင့်တယ်လို့ ဖြေပါတယ်။

Photo: အသည်းရောဂါ B ပိုးအကြောင်းနှင့် ရောဂါ အမေးအဖြေ ( ကပ်ရောဂါဘေးမှ ကင်းဝေးပါစေ Mg Mandalay )

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး