Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

gmail ဟက်ခံရတယ်ဆိုတာ

ကိုညီ...

အဲ gmail ဟက်ခံရတယ်ဆိုတာ တကယ်တော့ကိုယ့်အမှားက 90% ပါ ၀င်ပါတယ်။ဗဟုသုတနေနဲ့ တင်ပြ တာ ပါ။မသိသေးတဲ သူတွေအတွက်ဆောင် ရန်ရှောင်ရန် အတွက်ပါ။ကျွန်တော်နည်းကတော့ 99% အလုပ်ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် ကိုယ်နပ်မှကိုယ်ရမှာပါ။

gmail hacking လုပ်မယ်ဆိုရင်

1.keylogger

2.Phishing method

3.cookies stealing

စတာတွေနဲ့ လုပ်ရမှာပါ။

ဒီထဲမှာ အသုံးအများဆုံးကတော့ Phishing method ဖြစ်ပါတယ်။

Phishing method ဆိုတာ gmail login page အတုလုပ်တာပါ။

အောက်ပါလင့်နေ gmail phisher လေးကိုဒေါင်းလိုက်ပါ။

http://www.ziddu.com/download/14956229/Gmail_Hacker_by_www.thepirat

ပြီးရင် free hosting site မှာ အကောင့်တစ်ခုဖွင့်လိုက်ပါ။အောက်ဖော်ပြပါဆိုက်က တော်တော်သုံးရလွယ်ပါတယ်။

http://www.ripway.com

အဲဒီမှာအကောင့်လုပ်ပြီး ခုနက ဒေါင်းထားတဲ့ ဖိုင် ၃ ဖိုင်ကို upload လုပ်လိုက်ပါ။

<photo id="1" />

ပြီးရင် အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။

<photo id="2" />

အပေါ်ဆုံးက http://h1.ripway.com/htetnyi/index.htm လင့်က သင့်ရဲ့ gmail login အတု ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့် gmail အကောင့်နဲ့စမ်းပြထားပါတယ်။ အဲဒီအတု စာမျက်နှာမှာ login ၀င်ပြီးတော့စမ်းပြထားတာပါ။

အဲဒီလိုအကောင့်ဝင်ပြီးတော့ သင် hosting တင်တားတဲ့ log.txt ဖိုင်ထဲမှာ ခုနက gmail login ၀င်ထားတဲ့ password ကိုမြင်ရပါလိမ့်မယ်။ log.txt ဖိုင်အောက်က edit ထဲကိုဝင်ကြည့်ပါ ။ အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။

<photo id="3" />

ကဲ ဒါကိုဘယ်လိုနေရာမှသုံးမလဲ။

online ပေါ်မှာဆိုရင် ကိုယ့် gmail အတု လင့်ကို သူများတွေကိုပေးခြင်း။

အင်တာနက် ကဖီးတွေမှာဆိုရင် firefox မှာ ကို့်လင့်ကို homepage ပေးထားခြင်းဖြင့်သုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ အရင် ဆုံး ကိုယ်ကမေးသုံးမယ်ဆို အရင် ဆုံး site address ကို အရင်စစ်ပါ။

သူများပေးတဲ့လင့်တိုင်း မ၀င်ရ။

ကိုယ်ဝင်လင့်တိုင်းကိုစစ်ဆေး ခြင်းဖြင့်အလွယ်တကူကာကွယ်နိုင်ပါတယ်။

ဒါကနောက်ထပ်ဟို့ တခုမှာသူငယ်ချင်းတယောက်တင်ထားတာလေးပါ ဗဟုသုတအဖြစ်ထည့်ပေးတာပါ..

000 webhosts မှာ အကောင့်သွားလုပ်လိုက်လေ။ FTP account.

ပြီးရင် html နဲ့ php ဖိုင်ကို upload လုပ်လိုက်။

အကောင်းဆုံးနည်းလမ်းက -

- လက်ရှိ အသစ်ဖြစ်သွားတဲ့ Gmail page ကို Save လုပ်လိုက်။

- ပြီးရင် Notepad နဲ့ ဖွင့်ပြီး action ဆိုတဲ့ နေရာမှာ ကိုယ့် ရဲ့ php ဖိုင်နာမည်ကို ထည့်လိုက်။

Example : <form id=”gaia_loginform” action=”explore.php” method=”post”>

(explore.php ဆိုတာက ကိုယ့်ရဲ့ php ဖိုင်နာမည်ပေါ့)

- နောက်ပြီးသွားရင် FTP Server ရဲ့ Public_Html folder အောက်မှာ ServiceLogin.html, ServiceLogin_Files, explore.pho

သုံးခု ကို တင်လိုက်။

ဒါဆိုရပြီ။ ကိုယ့် Gmail page အတု လိပ်စာကို ပေးပြီး သူ Sign In လုပ်မှာကို သာထိုင်စောင့်နေပေတော့။000webhost မှာ တစ်ခုကောင်း တာက Address က နည်းနည်း ဆင်တူရိုးမှားလုပ်လို့ ရတယ်။

မယုံရင် စမ်းကြည့်လေတစ်ခုပြောချင်တာက ဒီနည်းက လှည့်စားဖို့ ၊ မသမာမှုတွေ လုပ်ဖို့ အတွက် မရည်ရွယ်ပါဘူး။

မတတ်သာတဲ့ အခြေအနေတွေမှာ သုံးဖို့ နဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပဲရည်ရွယ်တာပါ။
>>>ဆက်ဖတ်ရန်>>> >>

(မော်ဇီလာမြန်နှုန်းမြင့်စေမည့်နည်လမ်းများ)

• SPEED UP YOUR FIRE FOX ! (မော်ဇီလာမြန်နှုန်းမြင့်စေမည့်နည်လမ်းများ)
မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်း ချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကိုTRUE ပြောင်း လိုက်ပါ။

network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။

CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာ
RIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲက
NEW ကိုရွေးပြီး BOOLEAN ကိုတဆင့် ရွေးပေးပါ။ ပေါ်လာတဲ့ New boolean
value pop-up window ထဲမှာ content.interrupt.parsingလို့ရိုက်ထည့်ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို2250000 လို့ထားလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ750000 လို့ထားပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာcontent.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5လို့ထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာcontent.switch.threshold လို့ရိုက်ထည့်ပါ။

OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာnglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့
ပြီပေါ့။

ကိုလင်းဆီကကူးထားတာလေး whalemoon summer အတွက်တင်ပေးလိုက်တယ်။
>>>ဆက်ဖတ်ရန်>>> >>

LCD မော်နီတာအကြောင်း သိရှိထားသင့်သည်များ

LCD မော်နီတာအကြောင်း သိရှိထားသင့်သည်များ
အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက် ပြီ ဖြစ်ပါ တယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။

အဲဒါတွေကတော့
(1) Resolution
(2) Contract Ratio
(3) Monitor Ratio
(4) Response Time
(5) View Angle
(6) Port (DVI/VGA) နဲ့
(7) Warranty တို့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

(1) Resolution
Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏနဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခုကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။

(2) Contract Ratio
Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ် ပါတယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။

(3) Monitor Ratio
Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာ ရှိတဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုး မှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT   မော်နီတာတွေမှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။

(4) Response Time
မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။

(5) View Angle
Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်း ကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်း တာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။

(6) Port
မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။

(7) Warranty
Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေ မယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ် ယူသင့်ပါတယ်။

Ref : Internet
>>>ဆက်ဖတ်ရန်>>> >>

Firefox ကို အရမ်းလေးပြီး crash ဖြစ်နေသူများတွက်

Step 1:Fixed Memory Cache in Firefox
1.Type about:config in the Firefox address bar.
2.filter ဆိုတဲ့ box လေးမှာ browser.cache.memory.enable ဆိုတာလေးကိုရိုက်ရှာပြီးတော့
vale ကို ၂ချက်ကလစ်ပြီး true ပြောင်းပေးပါ.

3.about.config ကိုရိုက်ထားပြီးတော့ ညာဘက်က လွတ်နေတဲ့ နေရာ တခုခုမှာ Right click လုပ်ပြီး
New Integer ခေါ်လိုက်ပါ.အဲ့ထဲမှာတော့ browser.cache.memory.capacity ဆိုတာကိုရိုက်ပါ
vale ကိုတော့ 8192 ထားပြီး အိုကေပေးလိုက်ပါ.
( ဒီတန်ဖိုးကိုဘယ်လိုတွက်လဲဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ RAM ကိုကြည့်ပြီးတော့တွက်ပါတယ်.ကိုယ့်စက်မှာ
RAM 256MB ဆိုရင် 4096 ထားပါမယ်.RAM 512 ဆိုရင် 8192 value ထားပါတယ်.ကျနော်ဆို RAM4G
တပ်ဆင်ထားတဲ့အတွက် Value တန်ဖိုးကို 65536 ထားရပါတယ်.)

Step 2.Release Memory when you minimize Firefox
1.Type about:config ကို Firefox address bar မှာရိုက်ပါမယ်.
2.Right click လုပ်ပြီး New ကနေ Boolean လေးတခု ခေါ်လိုက်ပါ.
3.အဲ့ထဲမှာတော့ config.trim_on_minimize ဆိုတာလေးကိုရိုက်ထည့်ပြီး vale ကို true လုပ်ပြီး အိုကေပေးလိုက်ပါ.

(ဒါဆိုရင် ကျနော်တို့ firefox လေးကို taskbar ပေါ် minimize လေးလုပ်ထားတဲ့အချိန်မှာ memory usage ကို လျော့ချပေးပါလေ့မယ်)
Step3.Reduce the Browsers Session History
ကျနော်တို့ လက်ရှိ default သုံးနေတဲ့ Firefox က websites ၅၀ခုကို အော်တို save ပေးနိုင်ပါတယ်.
ဘယ်လိုမျိုးလဲဆိုရင် ကျနော်တို့tab တခုထဲကနေ website link ၅၀ လောက်ကို တခုချင်း ကလစ်ပြီး
ကြည့်မယ်.အားလုံးပြီးသွားရင် ဟိုးစစချင်းကြည့်ခဲ့တဲ့ link နံပတ် ၁ကိုback လုပ်ပြီး ပြန်သွားလို့ရတယ်.
ဒီလို သိမ်းပေးအောင်လုပ်ထားတာလဲ memory ကို cache ဖြစ်စေပါတယ်.အဲ့လောက်ကြီးလဲ ကျနော်တို့
လင့် ၅၀ လောက်ကိုမဖွင့်တဲ့အတွက် ကိုယ်သုံးသလောက်လေး ပြင်ပေးလိုက်ရင် ရပါတယ်.ကျနော် ဆို ၅၀
ကို ၁၀လောက်ပဲ ထားပြီး memoryကိုသိပ်မသုံးအောင် လျော့ချထားပါတယ်.ကဲဘယ်လို လျှော့ချမလဲဆိုရင်
type about:config ကို address bar မှာ ရိုက်မယ်ပြီးရင်
filter မှာ browser.sessionhistory.max_entries ဆိုရိုက်ပြီး enter ခေါက်လိုက်ပါ
၅၀ ဆိုတာကို ၂ချက်ကလစ်ပြီး ၁၀လို့ပြောင်းပေးလိုက်ပါ.ဒါဆိုရင် ရပါပြီ.
Step 4.Do not Accumulate Download History
ဒီအဆင့်က ဘာကိုပြောတာလဲ ဆိုရင် ကျနော်တို့ firefox နဲ့ဒေါင်းလုပ် လုပ်ထားတာကို စုထား
တာကို ပြောတာပါ.ကျနော်တို့တွက် မလိုအပ်တဲ့အတွက်ဒါကိုဖြုတ်ပစ်ရပါမယ်.ဒါဆို Tool>
Option> Privacy ထိရောက်အောင်သွားပါ.ပြီးရင် remember what i have downloaded
ဆိုတာလေးက အမှတ်ခြစ်လေးကိုဖြုတ်ပေးလိုက်ပါ
Step 6.Speed Up Page Display Time
type about:config ကိုရိုက်ပါ ပြီးရင် ညာဘက်က လွတ်နေတဲ့ နေရာလေး တခုမှာ new ကနေ
Integer လေးကိုခေါ်လိုက်ပါ ပြီးရင် အဲ့ထဲမှာnglayout.initialpaint.delay ဆိုတာလေးက
ိုရိုက်ထည့်ပါ.တန်ဖိုး value ကိုတော့ o လို့ ထားလိုက်ပါ.
Step 7.Avoid Add Ons
မလိုအပ်တဲ့ add ons တွေကို disable or uninstall လုပ်ပစ်ပါမယ်.မလိုပဲ Install လုပ်ထားရင်လဲ
firefox ကို လေးစေတဲ့ အကြောင်းတခုပါပဲကိုယ်သုံးနေတဲ့ firefox ထဲ က add on ကိုစစ်ပေးပါ မလို
တာကို ဖြုတ်ပစ်ပါ.ဒီလောက်ဆို firefox ခဏခဏ crash ဖြစ်နေတဲ့ Users များတွက် အဆင်ပြေပါ
လေ့မယ်.မဖြစ်တဲ့သူများလဲ firefox ကို speed တင်ချင်တယ်ဆိုရင်ခုကျနော်လုပ်ထားတဲ့ နည်းလမ်းတွေနဲ့
speed up နိုင်ပါတယ်.နောက်တခု firefox အတွက် အသုံးဝင်မယ့် လင့်တချို့ကိုရွေးချယ်ပေးလိုက်ပါမယ်.
Firefox users များတွက် အသုံးဝင်တဲ့ လင့်လေး တချို့ပါ

1.Mozzila ကိုသုံးရင် virus ရှိတဲ့လင့်တွေကို အလွယ်တကူရှောင်ချင်တယ် ဆိုရင် WOT လေးကိုသုံးပါ
(ကျနော် လဲသုံးစေချင်ပါတယ် ကျနော်တို့အလွယ်တကယ်မမြင်နိုင်တဲ့ Virus ရှိမယ့်ဆိုဒ်တွေကို သူက
အနီရောင်လေးနဲ့ ပြသပေးပါလေ့မယ်)
https://addons.mozilla.org/en-US/firefox/addon/wot-safe-browsing-tool/

2.Language support အတွက်ကိုတော့ page တွေကိုတိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့ gTranslator
လေးကိုသုံးသင့်ပါတယ်.ဘယ်ဘာသာနဲ့ရေးထားတဲ့ဆိုဒ်တွေကိုပဲဖြစ်ဖြစ် english လို အော်တိုပြောင်းခိုင်း
လို့ရပါတယ် (myanmar to eng ကိုတော့ ရသေးဘူးဗျ )
https://addons.mozilla.org/en-US/firefox/addon/gtranslator/
3.website တွေကိုကြည့်နေရင်း screenshot လေးရိုက်ထားချင်ရင်တော့ Awesome ကတော့
အကောင်းဆုံးပါ.သုံးလို့ကောင်းပါတယ်.ကိုယ်ကြည့်နေတဲ့ဝပ်ဆိုဒ်လေးကို page တခုလုံး အရှည်လိုက်
သူနဲ့ရိုက်လို့ရတယ် ပြီးရင် save ပြီးတော့ zoom လေးနဲ့ပြန်ဖတ်လို့ရတယ်လေ မြန်မာဆိုဒ်တွေကို ရိုက်ပြီးပြန်
ဖတ်ရင် အသုံးဝင်ပါလေ့မယ်.ဒါပေမယ် သူက ခု version 4.0 ကနေပဲ စပြီးအလုပ်လုပ်ပါလေ့မယ်.
https://addons.mozilla.org/en-US/firefox/addon/awesome-screenshot-capture-/

4.flashfox ဆိုတာက ကိုယ်ကြည့်နေတဲ့ဆိုဒ်လေးရဲ့ ဆာဗာ ကဘယ်နိုင်ငံကလဲ ဆိုတာကို address bar
မှာ ကြည့်လို့ရအောင်ပါ တခါလေတော့ အသုံးဝင်ပါလေ့မယ်.
https://addons.mozilla.org/en-US/firefox/addon/flagfox/

5.Turn off the light ဆိုတာလေးက ကိုယ်ကြည့်နေတဲ့ပုံလေး ဖြစ်ဖြစ် movie လေးတခုခုကိုဘေးက
အလင်းရောင်မပါပဲ ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ add on
လေးပါ ကျနော်ကတော့ သဘောကျတယ် တခါတလေ ကျနော်စာဖတ်ရင် အလင်းအရမ်းစူးလို့ ဒီကောင်လေးကို
သုံးပြီးတော့ ဖတ်ရင် နဲနဲသက်သာပါတယ်.
https://addons.mozilla.org/en-US/firefox/addon/turn-off-the-lights/

ဒါကနောက်တခုပါဘယ်ကကူးထားတာလဲမှတ်မိတော့လို့ဆိုက်ပိုင်ရှင်ကိုဒီနေရာကတောင်းပန်ပါတယ်
>>>ဆက်ဖတ်ရန်>>> >>

ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထား

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထား

သီလ၀ါ အထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့် မြေကွက် ၁၀ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေး မှူးဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရှိရသည်။

Read More -> http://goo.gl/wzD6F

>>>ဆက်ဖတ်ရန်>>> >>

တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ စုပုံနေ

မြန်မာ့ ဆန်အရည်အသွေး ညံ့ဖျင်းမှုကြောင့် တရုတ်နိုင်ငံက တင်ပို့ခွင့် ပိတ်ထားသဖြင့် နယ်စပ်ဂိတ်များ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ စုပုံနေ

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား အရည်အသွေး ကောင်းမွန်မှု မရှိသည့်အတွက် တရုတ်နိုင်ငံမှ လက်ခံမှု မရှိတော့သဖြင့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာဆန်များ စုပုံနေသဖြင့် မြန်မာ့ဆန် တင်ပို့မှုအား တရုတ်နိုင်ငံမှ ပြန်လည် လက်ခံရေးအတွက် တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာရေးထိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

Read More -> http://goo.gl/1LdU2

>>>ဆက်ဖတ်ရန်>>> >>

‎"မန်းတွင် အသက်၁၆နှစ်ပြည့်သူများ ဆိုင်ကယ်လိုင်စင်ရပြီ"

မန်းတွင် အသက်၁၆နှစ်ပြည့်သူများ ဆိုင်ကယ်လိုင်စင်ကို သြဂုတ်၁ရက်မှ စတင် ပြုလုပ်နိင်ပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်လိုက်ကြောင်းသိရသည်။
စက်စွမ်းအား၁၁၀စီစီနှင့်အောက် ဆိုင်ကယ်သာမောင်းနှင်ရမည်ဖြစ်ြ့ပီး ၁၈နှစ်ကျော်မှသာ စက်စွမ်းအား၁၁၀စီစီနှင့်အထက်မောင်းနှင်ရန် လိုင်စင် ပြန်လဲရမည်ဟုသိရသည်။

သက်နိုင်

>>>ဆက်ဖတ်ရန်>>> >>

မြန်မာအလုပ်သမားသုံးဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တစ်ရက်တည်းသေနတ်ပစ်မှုနှစ်ကြိမ်ဖြစ်ပွားကာမြန်မာအလုပ်သမားသုံးဦး သေဆုံး
by 7Day News Journal on Wednesday, August 1, 2012 at 11:26am ·
ရန်ကုန်၊ ဇူလိုင် - ၂၈
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၅ ရက် တစ်ရက်တည်း နေရာနှစ်ခု၌ မြန်မာအလုပ်သမားများကို သေနတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းအလုပ်သမားများအား အကူအညီပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(GHRE)  အမှုဆောင်ဒါရိုက်တာဦးထူးချစ်ထံမှသိရသည်။      

ထိုင်းနိုင်ငံတောင်ပိုင်း ရာနွတ်မြို့နယ် ဆွတ်ခလခရိုင်တွင် ရှိသော မြန်မာအလုပ်သမားများ အလုပ်လုပ်နေရာ CPF ပုစွန်စက် ရုံတွင် ဇူလိုင်လ၂၅ရက် နံနက် ၃နာရီက အမည်မသိလူနှစ်ဦး သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ် သွားသဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ပြီး အတွင်းလူနာအဖြစ် ဆေးကုခံနေရကြောင်းနှင့် ထိုနေ့ညနေပိုင်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့အနီးရာဘာခြံတွင် အမည်မသိလူတစ်ဦးက အသက် ၂၇နှစ်အရွယ် ကိုထူး နိုင်အမည်ရှိမြန်မာအလုပ်သမား တစ်ဦးကို  သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် သေဆုံးသွားခဲ့ကြောင်း ဦးထူးချစ်ကပြောသည်။

CPF    ပုစွန်စက်ရုံတွင် ဖြစ်ပွား ခဲ့သော သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်မှုကြောင့် အသက် ၂၆နှစ် အရွယ် မြန်မာအလုပ်သမ မစံပယ်
ဖြူနှင့် ကိုအောင်အောင်တို့  သေဆုံးသွားပြီး မကွေးမြို့မှ လာရောက် အလုပ်လုပ်နေသော ကိုခင်မောင်ထွန်းဆိုသူမှာ နောက်ကျောတွင်
သေနတ်ဒဏ်ရာနှစ်ချက်၊   ပေါင်တွင် တစ်ချက်ထိမှန်ကာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံနေရသည်။

ရာဘာခြံတွင် ဖြစ်ခဲ့သော ဖြစ်စဉ်၌ ကိုထူးနိုင်မှာ သေနတ် ဒဏ်ရာခြောက်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူကိုစုံစမ်းရှာဖွေ နေဆဲဖြစ်ကြောင်း   GHRE မှသိရသည်။“သူတို့(မြန်မာရွှေ့ပြောင်းအလုပ်သမား
များ)  တော်တော်  ကြောက်နေကြ တယ်။ ပြန်ဖို့ပဲပြောနေကြတယ်”ဟု ဦးထူးချစ်ကပြောသည်။

“အခုလိုအဖြစ်မျိုး ထိုင်းနိုင် ငံမှာဖြစ်ခဲ့တာ ကြိမ်ဖန်များစွာရှိပါ ပြီ။ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ အခုကိစ္စမှာ မြန်မာသံရုံးနဲ့ ပထမဦး ဆုံး
 ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ သံရုံးအကူအညီမပါရင် ဒီလိုကိစ္စမျိုး ဖြေရှင်းဖို့ တော်တော်ခက်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။

ယခုအခါ မြန်မာသံရုံး၏ အကူအညီဖြင့် စက်ရုံများအတွင်း ၀င်ရောက်ကူညီပေးနိုင်ခဲ့ပြီး သေနတ်ပစ်မှုဖြစ်ပွားခဲ့သော စက်ရုံ၊
 ရာဘာခြံပိုင်ရှင်များက ဥပဒေအတိုင်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇူလိုင် ၂၅ ရက် တစ်ရက် တည်း ထိုင်းနိုင်ငံတောင်ပိုင်း နှစ် နေရာတွင် ဖြစ်ပွားခဲ့သောအဖြစ်များ၏ တရားခံများကို သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ကရှာဖွေစုံစမ်း ဆဲဖြစ်ကြောင်းသတင်းရရှိသည်။ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်နှစ်သန်းခန့် ရှိပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမားများသည်  ရေလုပ်ငန်းများ၊ အအေးခန်းစက်ရုံ
များ၊ ရာဘာခြံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အများဆုံး အလုပ်လုပ်ကိုင်လျက်ရှိကြသည်။
>>>ဆက်ဖတ်ရန်>>> >>

ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး သမ္မတထံပေးပို့ရန်

ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်” ဟု ဖေါ်ပြပါရှိသည်။

ကောင်းမွန်တဲ့အစဉ်အလာကိုစတင်ပြီလို့ထင်ပါတယ်။ကြိုဆိုလျှက်ပါ

>>>ဆက်ဖတ်ရန်>>> >>

ဓမ္မစေတီ ခေါင်းလောင်းကြီး ကို ပြန်လည် ဆယ်ယူရေး

‎[ Quote Of The Day ]
''နှစ်ပေါင်း ၄၀၀ ရေအောက်တွင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကြီး ကို ပြန်လည် ဆယ်ယူရေး အတွက် မြန်မာ ပညာရှင်များနှင့် နိုင်ငံခြား ကျွမ်းကျင်သူ များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃၀ ရက် စနေနေ့တွင် ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်၌ ကျင်းပပြီးနောက် ၂ ရက် အကြာတွင် ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ၁၄ ရက်အတွင်း ဆယ်ပေးနိုင်သည်ဟု ပြောဆိုသူ တစ်ဦး ပေါ်လာခဲ့သည်။

ဦးစံလင်းသည် ကော့သောင်းမြို့တွင် မိသားစုနှင့် စီးပွားရေး လုပ်ငန်းများ ကို ထားရစ်ကာ ရန်ကုန်မြို့တွင် တစ်ကိုယ်တည်း လာရောက်၍ ခေါင်းလောင်းကြီး ဆယ်ယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

''ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူဖို့ နိုင်ငံတော် က ခွင့်ပြုရင် ဝါခေါင် လကွယ်မှာ လုပ်ငန်းစဖို့ ရည်ရွယ်ပါတယ်။ အင်္ဂလိပ်လို ဆိုရင် စက်တင်ဘာ ၁၅ ရက် ဖြစ်ပါတယ်။ ဘယ်ရက်မှာပဲ စစ နှစ်ပတ်အတွင်း ဆယ်ယူဖို့ တာဝန်ယူပါ တယ်။ ပထမ သုံးရက် အတွင်းမှာ ရပ်တော်မူ ရွှေသား ရုပ်ပွားတော် နှစ်ဆူ ဆယ် မယ်။ ရုပ်ပွားတော်တွေ ဆယ်နိုင်ရင် တစ်နိုင်ငံလုံး အုန်းအုန်း ကျွက်ကျွက် ဖြစ်လာ မယ်။ လူတိုင်း စိတ်ဝင်စား လာမယ်။ ကမ်းလုံးညွတ်အောင် လူတွေ လာကြည့် လိမ့်မယ်။ နောက်သုံးရက်မှာ မြုပ်နေတဲ့ လှေနှစ်စင်း ဖော်မယ်။ အဲဒီလို အလုပ်နဲ့ သက်သေပြဖို့ စီစဉ် ထားပါတယ်'' ဟု ပြော ခဲ့သည်။ "

ဇူလိုင်လ ၁၁ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်ပါ 'ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရေး နောက်ဆက်တွဲ သတင်း တစ်ပုဒ်' မှ ကောက်နုတ်ချက်
>>>ဆက်ဖတ်ရန်>>> >>

အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ၌ ပန်းကန်ပြားပျံတစ်ခုတွေ့ရှိဟုဆို

လန်ဒန် ဇူလိုင် ၃၁

အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား၌ မီးရှူးမီးပန်းများ ပစ်လွှတ်စဉ်ကောင်းကင်၌ ပန်းကန် ပြားပျံတစ်ခုအား တွေ့ရှိခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်တွင် ဖော် ပြထားသည်။
လန်ဒန်မြို့အထက်ရှိကောင်းကင် ယံတွင်တွေ့ရှိရသည့် အဆိုပါအရာ ဝတ္ထုသည် ပန်းကန်ပြားပျံဖြစ်နိုင် သော်လည်း ကောင်းကင်၌နှေးကွေး စွာရွေ့လျားနေခဲ့ပြီး အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ယခုအချိန်ထိ တိကျ ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။ ပန်းကန်ပြားပျံဟုယူဆ ရဖွယ်ရှိသည့် ၄င်းအရာဝတ္ထုအား လန်ဒန်မြို့အရှေ့ဘက်ရှိ စတန့်ဖို့ဒ် အရပ်ရှိ အိုလံပစ်အားကစားရုံ၌ ဇူလိုင် ၂၇ ရက် နံနက်က ဖွင့်ပွဲအခမ်း အနားကျင်းပစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲကျင်းပစဉ် အခြားကမ္ဘာမှဂြိုဟ်သားများသည် လူသားများနှင့်အတူ ပါဝင်ဆင်နွှဲရန်အတွက် အာ ကာသယာဉ်များဖြင့် ရောက်ရှိလာမည် ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်က ဗြိတိန်နိုင်ငံမှ ထိပ်တန်းပန်းကန်ပြားပျံ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ နစ်ခ်ပိုပီက ခန့်မှန်းပြောကြားခဲ့သည်။
သို့ရာတွင် You Tubue ဝက်ဘ်ဆိုက် ပေါ်တွင် ကြည့်ရှုခဲ့ကြသူအချို့က အဆိုပါအရာသည် ရဟတ်ယာဉ်တစ်ခု သာဖြစ်သည်ဟု ယူဆကြောင်းသိရသည်။
 
>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည်နယ် ပဋိပက္ခများတွင် အိုင်အင်န်ဂျီအိုဝန်ထမ်းကိုးဦး ပါဝင်ပတ်သက်ခဲ့

by 7Day News Journal on Wednesday, August 1, 2012 at 11:20am ·
အသိုင်းအ၀ိုင်းအချို့က ဘာသာရေးပြဿနာအဖြစ် နိုင်ငံရေးနှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန်ကြိုးပမ်းမှုကို မြန်မာနိုင်ငံက လုံးဝပယ်ချ
ရန်ကုန်၊ ဇူလိုင်-၃၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစိုးရက တရားဝင်သတင်းထုတ်ပြန်လိုက်ပြီဖြစ်ရာ ပဋိပက္ခများ
၌ အိုင်အင်န်ဂျီအိုသုံးခုမှ ၀န်ထမ်းကိုးဦးပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး
ဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက  ပြောကြားသည်။

ယခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သော  နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)
သုံးခုမှ ၀န်ထမ်း ၁၀ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ဦးမှာ အပြစ်မရှိသည့်အတွက် ဇူလိုင် ၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီး
၍ ရုံးတင်တရားစွဲခံနေရသောဝန်ထမ်းကိုးဦးမှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့နှစ်ခု ဖြစ်သော UNHCR မှ ငါးဦး၊   WFP မှ တစ်ဦးဖြစ်ပြီး   AZG   မှလည်း သုံးဦးပါဝင်သည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွား နေစဉ် နေအိမ်မီးရှို့မှုများ၊ လှုံ့ဆော်သော လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်းစသည့်
 ဥပဒေပ လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ INGO ၀န်ထမ်းများက အဖွဲ့အ စည်းအဓိကတာဝန်ကို မဆောင်ရွက်ဘဲ ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့ ခြင်းကို ခိုင်လုံသော အထောက်အထားများ၊ သက်သေများ အခိုင်အမာရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက
ပြောသည်။ ၎င်းတို့အား တရားစွဲဆိုရာတွင် ဥပဒေနှင့်အညီ သက်သေငှားရမ်းခွင့်လည်း ပြုထားပြီး၊  တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းခံယူရမည်ဖြစ်ကြောင်း  ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။ အပြစ်မရှိ၍ ပြန်လွတ်ပေးလိုက်သူတစ်ဦးမှာ   AZG   မှ ၀န်ထမ်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက် ၍ မြန်မာအစိုးရက အာဆီယံနှင့် နိုင်ငံတကာသို့ အသေးစိတ် ရှင်းပြ ရန်
 မျှော်လင့်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရန်ပစ်ဆူဝမ်က ဇူလိုင်၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့ပြီး ၄ရက်အကြာဇူလိုင် ၃၀တွင် မြန်မာအစိုးရကမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စား
လှယ် မစ္စတာကင်တားနား၊ နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ NGO, INGO   များမှ တာဝန်ရှိ
သူများ၊ ပြည်တွင်း ပြည်ပသတင်းထောက်များရှေ့တွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရသူ ၁၀၉ ဦး ရှိခဲ့ သည်။ လူနေအိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း နှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။  ပြစ်မှုကျူးလွန်သူ ၈၅၈ ဦးအား
ဖမ်းဆီး အရေးယူခဲ့သည်။  သေဆုံးသူများထဲတွင် ဥပဒေချိုးဖောက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သော
ကြောင့် သေဆုံးသူရှစ်ဦးပါဝင် ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဋိပက္ခများကြောင့် ဒုက္ခရောက်ရသူများအတွက် ကယ်ဆယ်ရေးစခန်း ၈၉ ခုကို တည်ဆောက်ပေးထားပြီး လက်ရှိတွင် ဒုက္ခသည်
အရေအတွက်မှာ ရခိုင် လူမျိုး ၁၄၃၂၈ ဦး၊ အစ္စလာမ် ဘာသာဝင် ၃၀၇၄၀ ဦး၊ စုစုပေါင်း ၄၅၀၆၈ ဦးရှိသည်။ ကယ်ဆယ်ရေးစခန်းများမှာ
 မိသားစုအချို့ မှာ ဒေသပြန်လည်တည်ငြိမ်လာသည့်အတွက်မိမိနေရပ် ပြောင်းရွှေ့သူများလည်းရှိသည်ဟုဆိုသည်။  နိုင်ငံခြားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က  “ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ
 အင်အားအလွန်အကျွံ အသုံးပြုကြောင်း အချို့အသိုင်းအ၀ိုင်း၏ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေ ဖြင့် အခိုင်အမာငြင်းဆိုသည်။

အထက်ပါဖြစ်စဉ်များမှာ  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းငယ်တွင်းပေါ်ပေါက်ခဲ့သော အုပ်စုချင်းအကြမ်းဖက်မှုများသာဖြစ်သည်။
 သို့ဖြစ်ရာ ဖြစ်ရပ်မှန်အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် ခဲ့သည့် ကိစ္စရပ်များအား  အချို့
အသိုင်းအ၀ိုင်းမှ   ဘာသာရေး ပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေး အသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို
 မြန်မာနိုင်ငံက လုံးဝပယ်ချသည်”ဟု သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။

မေ ၂၈ ရက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအနီး ရခိုင်အမျိုးသမီးငယ်တစ်ဦးအား မွတ်ဆလင် လူငယ်သုံးဦးက လုယက်၊ အဓမ္မပြု၊သတ်ဖြတ်ခြင်းနှင့် ဆက်စပ်၍ ဇွန်၃ရက်တွင် တောင်ကုတ်၌ ခရီးသည်တင်ကားပေါ် မှ မွတ်ဆလင်အမျိုးသား၁၀ဦးအား ဒေသခံများကသတ်ဖြတ်ရာမှ အကြမ်းဖက်မှုများမှာ စတင်ခဲ့သည်။

သို့သော် အဆိုပါအသတ်ခံရသူ ၁၀ဦးမှာ အိနိယနိုင်ငံတောင်ပိုင်းမှ အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါ
 ဖြစ်ရပ်နှစ်ခုဖြစ်ပွားပြီး စစ်တွေ၊ မောင်တောနှင့် ဘူး သီးတောင်မြို့များတွင် အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း
 အစိုးရ၏ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

“တစ်ဦးနှင့်တစ်ဦး ဘာသာရေးအယူအဆ ကွဲပြားခြင်း၊ အထင်အမြင် လွဲမှားခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှုများကြောင့်
 ဥပဒေမဲ့ စရိုက်များ ပြန့်နှံ့သွားခဲ့ခြင်းဖြစ် ကြောင်း တွေ့ရှိရသည်”ဟု အစိုးရက အကြမ်းဖက်မှုများ၏ ဇစ်မြစ်ကို ဖော်ပြသည်။
အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ရသူများအတွက်  နေထိုင်စားသောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် အစိုးရ၊
 နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သော UNHCR, Care Myanmar, WFP ကုလသမဂ မဟာမင်းကြီးရုံးစသော အစိုးရ မဟုတ်သော
 နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအလှူရှင်များ၏ အကူအညီများဖြင့်  ဆောင်ရွက်လျက်ရှိကြောင်းလည်း
 တရားဝင်သတင်းထုတ်ပြန်သည်။ ထို့အပြင် မောင်တော၊ စစ်တွေမြို့များကို မြို့ပြစီမံကိန်းသစ်ရေးဆွဲအကောင်အထည်ဖော်မည့် အစီ
အစဉ်များကိုလည်း  ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြခဲ့သည်။

  အဆိုပါ ပဋိပက္ခများကို ပြည်ပမှ အဖွဲ့အစည်းအချို့နှင့် ပြည်ပမီဒီယာအချို့က ဘာသာရေး ပြဿနာတစ်ရပ်အသွင်၊ အစိုးရက
ဘင်္ဂါလီများကို အင်အားသုံး ဖြိုခွင်းနေသည့်အသွင် ယခုလပိုင်းတွင် ပိုမိုစွပ်စွဲဖော်ပြလာသည်။ ရခိုင်ပြည်နယ်အရေးကို စုံစမ်းရန် မစ္စတာ
 ကင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၉ ရက်မှ စတင်ရောက်ရှိလာပြီး၊ ရခိုင်ပြည် နယ်သို့ သွားရောက်မည်ဖြစ်သည်။ ကင်တားနားသည်အစိုးရမှ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်   လည်းခရီးစဉ်အတွင်း တွေ့ဆုံမည်ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

ဆရာဝန်ရဲ့ စမ်းသပ်ပုံ

အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။

အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။
ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။
ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက
“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့
ဒေါသတကြီး ပြန်အော်လိုက်တယ်။

....................................................................................................................................
>>>ဆက်ဖတ်ရန်>>> >>

သိတတ်တယ်.....

သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက "သား ကြီးလာလို့ မိန်းမယူရင်ကော
မေမေနဲ့ပဲအိပ်မလား!"

"မေမေနဲ့ပဲ အိပ်မှာပေါ့"

"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"

"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"

ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"

.................................................................................................................................

>>>ဆက်ဖတ်ရန်>>> >>

ဒါကြောင့်မို့လို.

ချီကာဂိုမြို.မှ ဆာရာဂိုးစတိန်း ဆိုသူ အမျိုးသမီးကြီးသည် မိမိ မရောက်ဘူးတဲ့ ဖလော်ရီဒါပြည်နယ်သို. ခရီးထွက်ရန်ဆုံးဖြတ်လိုက်သည်။
ေ၇ာက်သောအခါ ဟိုတယ်တစ်ခုသို.၀င်တယ်။ဒီဟိုတယ်မှာ အချို.လူမျိုးကို လက်မခံသော ဟိုတယ်ဖြစ်တယ်။
ဟိုတယ်မန်နေဂျာကိုမစ် ဂိုးလ်စတိန်းက ပြောတယ်။ " နှစ်ပတ်ကြာနေဖို့ ကျွန်မ အခန်းတစ်ခန်းလိုချင်တယ်။ "
မန်နေဂျာ က ပြန်ပြောတယ်။ '' ၀မ်းနည်းပါတယ်... ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး။
ထိုအချိန်တွင် ဧည့်သည်တယောက် အခန်းလာအပ်တာကိုတွေ.ရတော့ ၀မ်းသာအားရ ပြောတယ်။
" ကြည့်စမ်း.. အဆင်ပြေလိုက်တာ။ အခန်းတခန်း လွတ်သွားပြီလေ။ အဲဒီအခန်းကျွန်မကိုပေးလို.ရပြီပေါ.။ "
"ဒီလိုလွယ်လွယ် တွက်လို.မရဘူး။.. ကျွင်္နတော်တို.ဆီမှာ ဂျူးလူမျိုးတွေကို လက်မခံပါဘူး။ "
" ဘယ်သူလဲ ဂျူးလူမျိုး.. ကျွန်မလား..ကျွန်မ ကတ်သိုလစ် ဘာသာဝင်ရှင့် "
" ဒါကို ယုံကြည်ဖို. ခက်ပါတယ်။ မေးခွင်.ပြုပါ။ ဘုရားသခင်ရဲ့ သားတော်ဟာဘယ်သူပါလဲ။ "
" မယ်တော် မေရီ ကမွေးတဲ့ ယေရှု သခင်ပေါ့ရှင်. ..."
" သူ. ကိုဘယ်မှာမွေးတာလဲ။ "
" နွားတင်းကုတ်မှာ "
" ဘာဖြစ်လို. နွားတင်းကုတ်မှာမွေးရတာလဲ ...။"
" နင်တို.လို အကောင်မျိုးတွေကြောင့် မယ်တော် မေရီ အခန်းငှားမရလို.တဲ့ဟေ...။

***************************
>>>ဆက်ဖတ်ရန်>>> >>

အရင်းမစိုက်ပဲ အမြတ်ထုတ်ခြင်း

ရာဘင်နိုဘစ်ခ်ျ နယူးယောက်ကို ရောက်လာတယ်။ စါးသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီး ဆိုင်မန်နေဂျာကိုမေးတယ်။
" ဒီဆိုင်မှာ .. ဆာရာ ဆိုတဲ့ အမျိုးသမီး အလုပ်လုပ်နေတယ်လို့ ကြားရပါတယ်။သူမကို ဘယ်မှာတွေ.နိုင်မလဲ ခင်ဗျာ။
မန်နေဂျာက ဘားကောင်တာ ဘေးမှာရပ်နေတဲ့ အမျိုးသမီးကိုညွန်ပြလိုက်တယ်။ ကောင်မလေးနားကို ရာဘင်နိုဘစ်ခ်ျ ကပ်လာပြီးပြောတယ်။
"ခင်ဗျားဟာ အင်မတန်လှတဲ့ မိန်းကလေးပါလား။ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါလား။ ဒေါ်လာ နှစ်ရာပေးမယ်လေ။ဘယ့်နှယ့်လဲ။ "
ကောင်မလေး သဘောတူလိုက်တယ်။(ပုံမှန်ဈေး 50/100 $ ထက်မပို ဟုကြားဖူးသည်။)
နောက်တနေ. ရာဘင်နိုဘစ်ခ်ျ ထပ်ရောက်လာပြီး မနေ.ကအတိုင်း ကမ်းလှမ်းတယ်။ကောင်မလေးက သဘောတူပြန်တယ်။
တတိယနေ.တွင်လည်း ယခင်ရက်များကအတိုင်း ရာဘင်နိုဘစ်ခ်ျ ကမ်းလှမ်းပြန်တယ်။ ကောင်မလေး ဒီတခါလဲမငြင်း။
ဟိုတယ်ခန်းထဲတွင် ကောင်မလေးက သူ.ကိုမေးတယ်။ " အစ်ကိုကြီး ပိုက်ဆံသိပ်ပေါတယ်နော် ။ ဘယ်ကလာတာလဲဟင်။
" မော်စကိုက....."
" ဟယ် ..ဟုတ်လား။ ကျွန်မရဲ. ဒေါ်လေး အဲဒီမှာနေတာရှင့် "
" အေး... မင်းကို ဒေါ်လာ ခြောက်ရာပေး ပေးပါလို. သူကပဲငါ့ကို လူကြုံပါးလိုက်တာလေ။ "
****************

>>>ဆက်ဖတ်ရန်>>> >>

သြော် အလုပ်

Company တစ်ခုတွင်အလုပ်ချိန်ဝင်ချိန်အမြဲတမ်းနောက်ကျရောက်ပြီးအိမ်ပြန်ချိန်စော၍ပြန်တတ်သည့်ဝန်ထမ်း တစ်ဦးအား မန်နေဂျာကခေါ်ယူသတိပေးလေသည်။
" အလုပ်ဝင်ချိန်နောက်ကျပြီး ပြန်ချိန်ကျတော့ စောနေတယ် "
" ဟုတ်ကဲ့ပြင်ပါ့မယ် "
" နေ့လည်မှာလည်းလက်ဖက်ရည်သောက်ချိန်၊ ထမင်းစားချိန်၊ စကားပြောချိန်တွေကများပြီး အလုပ်ချိန်ကနဲနဲပဲရှိနေတယ် ပြင်ပါ "
" ဟုတ်ကဲ့ပါ "
" တစ်နှစ်လုံးမှာ ခင်ဗျားအလုပ်ချိန်ကနဲနဲလေးပဲရှိနေတယ် ဒါကြောင့်...မနက်ဖြန်က တစ်နှစ်လုံးရဲ့နောက်ဆုံးနေ့ပဲ ၈နာရီအပြည့်အလုပ်လုပ်ရမယ်
>>>ဆက်ဖတ်ရန်>>> >>

ဖယ်ရှားလိုက်ပုံက

မြေးဖြစ်သူ၏လည်ချောင်းအတွင်း အိမ်ရိုက်သံတစ်ချောင်းဝင်သွား၍ ပုဂ္ဂလိကဆေးခန်းတစ်ခန်း၌ ခွဲစိတ်ဖယ်ရှား နေမှုကိုကြည့်ရှုနေသောတူဖြစ်သူအား အဘွားဖြစ်သူက ဖုန်းဖြင့်လှမ်းမေးခဲ့သည်။
" ဘယ်လိုနေလဲ "
" ခွဲစိတ်နေတုန်းပါပဲ "
" ကြာလိုက်တာ "
" ခက်ခက်ခဲခဲ ခွဲစိတ်နေရတယ် "
" လွယ်ပါ့မလား "
" ကြိုးစားနေကြပါတယ် "
" အဲဒီသံချောင်းက မထွက်သေးဘူးလား "
" ဟာ..... ထွက်သွားပြီ "
" ဟဲ့.... ဘာထွက်သွားတာလဲ သံချောင်းလား... "
" ဟုတ်ဘူး.... အသက် "

>>>ဆက်ဖတ်ရန်>>> >>

ရပါတယ်

Company ပိုင်ရှင်တစ်ဦးက မန်နေဂျာရာထူးအတွက် လျှောက်ထားသူသုံးဦးအား လူတွေ့စစ်ဆေးမေးမြန်းလျက် ရှိရာ ထိုရာထူးအတွက် အင်ဂျင်နီယာဘွဲ့ရတစ်ဦး၊ ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးနှင့် စာရင်းအင်းကျွမ်းကျင်သူ တစ်ဦးတို့အား မေးခွန်းမေးရာ
ပိုင်ရှင်။ ။ ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလဲ...
အင်ဂျင်နီယာဘွဲ့ရ။ ။ ကိန်းဂဏန်းများတွက်ချက်နိုင်သည့်ပေတံကိုအိတ်ထဲမှထုတ်ကာစစ်ဆေးကြည့်ရှုပြီး
၎ရပါတယ်ဆရာ။
ပိုင်ရှင်။ ။ ခင်ဗျားကရော ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလည်းပြောပါဦး....
ကွန်ပျူတာကျွမ်းကျင်သူ။ ။ အိတ်ထဲမှဂဏန်းပေါင်းစက်ကိုထုတ်ကာခလုတ်များနှိပ်ပြီးနောက် ၄ရပါတယ်ဆရာ
ပိုင်ရှင်။ ။ ကဲ.... ခင်ဗျားလည်းပြောပါဦး.....
စာရင်းအင်းသမား။ ။ ပိုင်ရှင်၏မျက်နှာကိုအတန်ကြာစူးစိုက်ကြည့်ရှုပြီးမှ ဘယ်လောက်ဖြစ်စေချင်လည်း
ပြောပါဆရာ

>>>ဆက်ဖတ်ရန်>>> >>

အကြံပြုလိုက်ပုံက

Company ပိုင်ရှင်သူဌေး၏ မော်တော်ယာဉ်ပျောက်ဆုံးသွားသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို သူ၏မန်နေဂျာ များနှင့်ဆွေးနွေးရာ
သူဌေး ။ ။ စီမံမန်နေဂျာ အကြံဥာဏ်ပေးပါဦး...
စီမံမန်နေဂျာ။ ။ ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်သူဌေး
သူဌေး ။ ။ အင်း... ဟုတ်တော့ဟုတ်ပါတယ်...ကဲ အုပ်ချုပ်မှုမန်နေဂျာ ပြောပါဦးခင်ဗျာ
အုပ်ချုပ်မှုမန်နေဂျာ။ ။ သံသယရှိတဲ့ လူတွေစာရင်းပြုစုပြီး ရဲစခန်းကိုပေးလိုက်တာကောင်းမယ်
သူဌေး ။ ။ ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ ကဲ...ငွေစာရင်းမန်နေဂျာကကောဘယ်လိုသဘော
ရလဲ
ငွေစာရင်းမန်နေဂျာ။ ။ သူဌေးရဲ့ ဘဏ်စာရင်းကို ကြည့်လိုပါတယ်
သူဌေး ။ ။ ဘာဖြစ်လို့လဲ
ငွေစာရင်းမန်နေဂျာ။ ။ ကားအသစ်တစ်စီးဝယ်ဖို့ မှတ်ချက်ပြုမလို့ပါ

>>>ဆက်ဖတ်ရန်>>> >>

ဒါကြောင့်ပါ

အကြိတ်အနယ်ယှဉ်ပြိုင်ကစားရသည့်ဗိုလ်လုပွဲကို ကြီးကြပ်ခဲ့ရသည့်ဒိုင်လူကြီးအား ဘောလုံးပွဲအပြီးတွင် သတင်း ထောက်တစ်ဦးက တွေ့ဆုံမေးမြန်းလေသည်။
" ဒီနေ့ပွဲက အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲလို့ထင်ပါသလား "
" စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါပဲ "
" ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ ကစားပုံနည်းနည်းကြမ်းတယ်နော် "
" အနိုင်ရလိုစိတ်နဲ့ပါ "
" ဒီလောက်ပွဲကြမ်းနေပေမယ့် အ၀ါကတ်၊ အနီကတ်တွေထုတ်မသုံးခဲ့ဘူးနော်... အဲဒါ... ဘာဖြစ်လို့ပါလဲ... "
" နှစ်ကတ်စလုံး အိမ်မှာမေ့ကျန်ခဲ့လို့ပါ "

>>>ဆက်ဖတ်ရန်>>> >>

ဖြစ်ပုံက

နယူးယောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ပျံသန်းလာသောခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ် မှူး၏ အသံထွက်ပေါ်လာသည်။
" ကျွန်တော်တို့ ခရီးသည်တင်လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့သို့ဦးတည်ပျံသန်းနေပါတယ် "
" ခါးပတ်ဖြုတ်လို့ရပြီလား "
" ဟုတ်ကဲ့ အခုချိန်မှာခါးပတ်တွေဖြုတ်ပြီး အေးအေးဆေးဆေးနေလို့ရပါပြီ "
" ကျေးဇူးတင်ပါတယ် "
နောက်မိနစ်၂၀ခန့်ကြာသော်...
" ခရီးသည်များခင်ဗျား ကျွန်တော်တို့လေယာဉ်ကို ဆီမဖြည့်ခဲ့မိပါဘူး။ ခါးပတ်များပြန်ပတ်ပြီး အသင့်သာပြင်ထား ကြပါတော့ "

>>>ဆက်ဖတ်ရန်>>> >>

နှစ်၂၀ပြည့်ပြီလေ

အမျိုးသမီးတဦးသည် ညသန်းခေါင်အချိန်မှအိပ်ရာမှနိုးလာစဉ် ခင်ပွန်းဖြစ်သူအိပ်ရာထဲတွင်မရှိသည်ကို သိလိုက် ရလေသည်။ ထို့ကြောင့် သူမအောက်ထပ်သို့ဆင်းခဲ့ရာ မီးဖိုချောင်အတွင်းရှိစားပွဲတွင် ကော်ဖီတစ်ခွက်ကိုရှေ့၌ချ လျက်ထိုင်နေသော ခင်ပွန်းသည်အားတွေ့လိုက်ရလေသည်။ သူသည်ရှေ့ရှိနံရံကိုစိုက်ကြည့်ကာ အတွေးနယ်ချဲ့ လျက်ရှိသည်ကို သူမတွေ့လိုက်ရပြန်သည်။ ထို့အပြင် ခင်ပွန်းဖြစ်သူမျက်ရည်သုတ်ပြီး ကော်ဖီတစ်ငုံသောက် လိုက်သည်ကိုလည်း သူမတွေ့လိုက်ရသဖြင့် သူမသိလိုသည်ကိုမေးလိုက်သည်။
" ဘာဖြစ်လို့လဲ ယောက်ျားရေ ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ အောက်ဆင်းထိုင်နေရတာလဲ "
" ဟိုး... လွန်ခဲ့တဲ့နှစ်၂၀တုန်းက မင်းအသက်၁၆နှစ်အရွယ်မှာ မင်းနဲ့ကိုယ်ချိန်းတွေ့ခဲ့ကြတာ မင်းမှတ်မိရဲ့လား "
" မှတ်မိတာပေါ့ "
"အဲဒီတုန်းက ကိုယ့်ကားရဲ့နောက်ခန်းမှာရှိနေကြတဲ့မင်းနဲ့ကိုယ့်ကိုမင်းအဖေမိသွားတာကိုလည်းမှတ်မိသေးလား"
" ဒါလည်းမှတ်မိတာပဲ "
" အဲဒီအချိန်မှာ မင်းအဖေက ကိုယ့်ရဲ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီး မင်းငါ့သမီးကိုယူရင်ယူ၊ မယူရင်ထောင်ထဲမှာ နှစ်၂၀နေရစေ့မယ်လို့ပြောခဲ့တာလည်း မှတ်မိဦးမှာပေါ့ "
" သိပ်မှတ်မိတာပေါ့ "
ခင်ပွန်းသည်က သူ၏ပါးပြင်ပေါ်သို့ကျနေသော မျက်ရည်ကိုထပ်သုတ်ရင်း ပြောလိုက်သည်မှာ
" ဒါဆို ဒီနေ့ကိုယ်မင်းနဲ့နေခဲ့တာ နှစ်၂၀ပြည့်ပြီဖြစ်လို့ ကိုယ်ထွက်သွားလို့ရပြီပေါ့ "
"ဘာရယ် "

>>>ဆက်ဖတ်ရန်>>> >>

တူလိုက်တာနော်

ဘောလုံးပွဲများကြည့်လွန်းသဖြင့်ဇနီးဖြစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူသည်ဇနီးဖြစ်သူမီးဖွား ကြောင်း တယ်လီဖုန်းဝင်လာသဖြင့် ဆေးရုံသို့အမြန်လိုက်သွားခဲ့သည်။
" စိုးရိမ်လိုက်တာ၊ နေကောင်းရဲ့လား "
" ကောင်းပါတယ် "
" သားလေးဆိုတော့ ကိုယ်ဝမ်းသာလိုက်တာကွာ "
" ဟုတ်တယ် "
" ကလေးလည်းကျန်းမာတယ်လို့ ဆရာဝန်တွေကပြောတယ်မဟုတ်လား "
" ကျန်းမာတယ် ဘာရောဂါမှမရှိဘူးတဲ့၊ သားလေးကိုကြည့်စမ်း ဘယ်သူနဲ့တူလဲဟင် "
" ကိုယ့်သားလေးက စီရိုနယ်ဒိုနဲ့တပုံစံတည်းပဲနော်... "

>>>ဆက်ဖတ်ရန်>>> >>

ပိုကောင်းသွားမှာပါ

ဘောလုံးပြိုင်ပွဲတစ်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲ၌ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူတစ်ဦးက အိမ်ရောက်သည်နှင့် သူတာဝန်ယူခဲ့မှုကို သူ့ဇနီးအား ပြောပြလေသည်။
" ဒီနေ့ဘောလုံးပွဲကြည့်သေးလား "
" ကြည့်တာပေါ့ "
" ဘောလုံးသမားတွေ ကစားတာကြမ်းတော့ အတော်လေးထိန်းခဲ့ရတယ် "
" အင်း "
" ပွဲကလည်းကောင်းတယ်ကွာ "
" ဟုတ်တယ် "
" ငါဘောလုံးပွဲကြီးကြပ်တာ ကောင်းတယ်မဟုတ်လား "
" အမှန်အတိုင်းပြောရရင်... "
(ဇနီးသည်က စကားကိုဆက်မပြောပဲရပ်ထားရာ)
" ပြောလေကွာ အမှန်အတိုင်းပြောစမ်းပါ "
" ရှင်မပါရင်အဲဒီပွဲက ဒီ့ထက်ပိုကောင်းသွားမှာ "

>>>ဆက်ဖတ်ရန်>>> >>

စောင့်ပါ

ဂျွန်နှင့်စမစ်အမည်ရှိမိတ်ဆွေနှစ်ဦးအားလပ်ရက်တစ်ရက်၌ ငါးမျှားရင်းစကားပြောလျက်ရှိသည်။
" အိမ်မှာနေရတာ အဆင်မပြေပါဘူးကွာ "
" ဘာဖြစ်လို့လဲ "
" ငါ့မိန်းမနဲ့စကားမပြောတာကြာပြီ "
" ဟုတ်လား "
" အဲဒါ ဒီမိန်းမကို ကွာရှင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတယ် "
" ကောင်းတယ် မြန်မြန်သာကွာရှင်လိုက်ကွာ "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ကွာရှင်းပြီးတဲ့အထိစောင့်ပါလို့ ငါ့ကိုပြောထားလို့ "

>>>ဆက်ဖတ်ရန်>>> >>

ဟုတ်ကဲ့ဆရာ

အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့ လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက် တီးတိုးမှာကြားလေသည်။
" မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဥ့်ကလျားရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ "
" ဟုတ်ကဲ့ဆရာ "
" နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊ အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက် ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ "
" ဟုတ်ကဲ့ဆရာ "
" ဝေယျာဝစ္စတွေနဲ့သူ့ကို ၀န်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊ ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊ အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ လုံးလုံးပြန်ကောင်းလာလိမ့်မယ်"
" ဟုတ်ကဲ့ဆရာ "
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
" ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ "
" ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် "

>>>ဆက်ဖတ်ရန်>>> >>

ပူဆွေးလိုက်ပုံက

အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "

>>>ဆက်ဖတ်ရန်>>> >>

နှစ်(၂၀)ပြည့်

အိမ်ထောင်သက်နှစ်၂၀ပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
" လွန်ခဲ့တဲ့နှစ်၂၀ဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် "
" ဟုတ်တာပေါ့ "
" အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး "
" အင်း... ဟုတ်တယ် "
" အဲဒီနေ့ကိုဘယ်တော့မှမမေ့ဘူး၊ ၀မ်းသာလွန်းလို့။ ရှင်ရော... "
" ငါလည်းဘယ်တော့မှ မမေ့ပါဘူး "
" ပျော်လွန်းလို့လား "
" ငါ့ဘ၀မှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ "

>>>ဆက်ဖတ်ရန်>>> >>

တူဘူးလေ

ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်

“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “

ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော

“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “

“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “

အ၀င်မခံဘူး

“ သမီးရဲ့ယောက်ျားက သူ့ကြောင့်အရောင်းအ၀ယ်တည့်သွားလို့ ပွဲခပေးတာကို
ပုတ်ထုတ်လိုက်တယ်ဆို “

“ ဟုတ်တယ် .. အမေ … သူက ဂိုးသမားဆိုတော့ အကျင့်ပါနေလို့တဲ့ “

ကိုယ့်အကြောင်းနှင့်ကိုယ်

“(၁-၀) နဲ့ရှုံးလာလို့ အသင်းသားတွေက စိတ်ညစ်နေကြတယ် … အဓိကကတော့ ဂိုးသမားပေါ့ “

“ စိတ်ညစ်မနေပါနဲ့ဗျာ … ဟိုဘက်သင်းက တဒိုင်းဒိုင်းရှုးနေတာ ..
တစ်ဂိုးတည်းဝင်တာ တော်သေးတာပေါ့ “

“ မင်းတို့မသိပါဘူးကွာ .. တခြားအလုံးတွေက ဘားတန်းဝင်မှန်လို့သာကိုး ”

ခွင့်လွှတ်နိုင်အောင်

ဟိုဘက်ရွာ ဒီဘက်ရွာ ဘောလုံးကန်ကြတော့ ဒီဘက်ရွာအသင်းက (၅)
ဂိုးတောင်ရှုံးလာသတဲ့ … ဒီတော့ ရွာသားတွေက ဂိုးသမားကို

“ ခင်းဗျားဗျာ … (၅) ဂိုးတောင် အ၀င်ခံရတယ်လို့ “

“ ဟိုဘက်အသင်းက (၄၊၅) ယောက် ၀ိုင်းသွင်းတာကွ “

“ လေးငါးယောက်ရှုးလည်း ဘောလုံးက တစ်လုံးတည်းပါဗျာ “

“ ငါကလည်း အဲဒီတစ်လုံးတည်းမို့ မကျေနပ်တာပေါ့ကွာ .. (၄၊၅) လုံး
ဝိုင်းရှုးရင် ကျေနပ်သေးတယ် … မင်းတို့ငါ့ကို ခုလိုပြောမှာ မဟုတ်ဘူး “

>>>ဆက်ဖတ်ရန်>>> >>

ဖြစ်မှဖြစ်ရလေ

တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က

“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “

ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “

ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာ
ပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “

“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “

>>>ဆက်ဖတ်ရန်>>> >>

စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “

“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “
>>>ဆက်ဖတ်ရန်>>> >>

ရယ်မောစရာ

 လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ....
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....

>>>ဆက်ဖတ်ရန်>>> >>
မျိုးပေါက်နှုန်းစစ်ဆေးပြီး မျိုးကောင်းမျိုးသန့် ကိုရွေးချယ်ဝယ်ယူနည်း

17.2.2011 နေ့တွင် ထုတ်ဝေသော ပြည်သူ့ခေတ်ဂျာနယ်တွင် ဆောင်းပါးရှင် စောအိမ်သူ ရေးသားထားမှုအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
    မျိုးစေ့ဝယ်ယူမည့် လယ်သမားများအနေနှင့် ၀ယ်ယူမည့်မျိုးစပါးများကို မျိုးပေါက်နှုန်းသန့်စင်မှု နှုန်းနှင့် အခြားမျိုးစပါးများ ပါဝင်မှုနှုန်းတို့ကို စစ်ဆေးပြီးမှ ၀ယ်ယူသင့်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်၊
    ပညာပေးဝန်ထမ်းတွေက ပြောထားပြီးပါပြီ၊ မျိုးပေါက်ရာခိုင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို လာရောင်းတဲ့လူပြောတိုင်းမယုံပါနဲ့ ကိုယ်တိုင်မျိုးပေါက်နှုန်းကို စစ်ဆေးပြီးမှ ၀ယ်ယူသင့်တယ်၊ ဒါကြောင့်လည်း မျိုးစေ့ဥပဒေ ထုတ်ပြန်ပြီးနည်းဥပဒေတွေ ရေးဆွဲနေတာပါ၊ အဲဒီမှာမျိုးစေ့တစ်ခုထုတ်ရင် ကိုယ်ကျိုးမကြည့်ရဘူး၊ တိုင်းပြည်အကျိုးကိုကြည့်ရမယ်၊ လယ်သမားတွေကိုကာကွယ်ဖို့ မျိုးစေ့ဥပဒေကိုထုတ်တာပါ၊ လို့မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်၊
   လယ်သမားများအနေဖြင့် လာရောက်ရောင်းချသော စိုက်စပါးမျိုးစေ့ကို အပင်ပေါက်တဲ့ ရာခိုင်နှုန်းမည်မျှရှိသလဲဆိုသည်ကို အစေ့တစ်ရာကို ယူပြီးနောက် ပန်းကန်ပြားမှာ မှိုင်းခံစက္ကူသို့မဟုတ် အ၀တ်စကို ရေဆွတ်ပြီးချကာ ထိုအပေါ်တွင် မျိုးစေ့များအား တင်ထားသည့် နည်းဖြင့် စမ်းသပ်နိုင်သည်၊ ထိုနောက် သုံးလေးရက်အကြာတွင် အညှောင့်လေးများ ထွက်လာသည့်အခါ အစေ့တစ်ရာလုံးထွက်လျှင် တစ်ရာရာခိုင်နှုန်းမျိုးအောင်သည်ဟု သိနိုင်ကြောင်း သိရသည်၊
    ဒီတိုင်းပြည်ကလယ်သမားတွေကို မှီခိုနေရတာပါ၊ 70 ရာခိုင်နှုန်းရှိတဲ့တောင်သူကို အသိပညာပေးဖို့ရယ် သူတို့လိုက်နာဖို့ရယ် လိုပါတယ်၊ အထူးသဖြင့် မျိုးစေ့ကစပြီး စပါးကို ကွဲဖိုလိုပါတယ်၊ ဒီလယ်ထဲကပဲသင့်တော်တယ်ထင်တဲ့ စပါးလေးကို ခြောက်အောင်လှမ်းပြီးစည်ထဲပုဒ်ထဲထည့်လိုက်တယ်၊ အမှန်က ဒါဟာမျိုးစေ့မဟုတ်ဘူး၊ စပါးဘဲလို့ လပွတ္တာမှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်၊ မျိုးစေ့ဥပဒေကို 1/2011 ဖြင့် ထုတ်ပြန်ခဲ့ပြီး ယခုအခါနည်းဥပဒေများထပ်မံထုတ်ပြန်နိုင်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များနှင့် ဥပဒေကျွမ်းကျင်သူများပူးပေါင်းကာ ထုတ်ပြန်ရန် ရေးဆွဲနေကြောင်း သိရှိရသည်။
မယ်လိုဒီကောင်မလေး

ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု

ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု နှင့်ပတ်သက်၍ ဆောင်းပါးရှင် Lester R Brown ၏ဆောင်းပါးအား 23.5.2011 နေ့ထုတ် နိုင်ငံတကာသတင်းဂျာနယ်တွင်  ပြည်စိုး၏ ရေးသားဖော်ပြထားမှုအား ကောက်နုတ်ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
    စားနပ်ရိက္ခာကို တောင်းဆိုနေသော (Demand) ဘက်ကိုကြည့်ပါက အချက်သုံးချက်ကိုတွေ့နိုင်သည်ဟု ဆိုသည်၊ ပထမလူဦးရေတိုးတက်လာမှု(Population growth)ဖြစ်သည်၊ နေ့စဉ် ထမင်းစားဝိုင်းများတွင် လူဦးရေ 219000 ခန့်တိုးနေသည်ဟု ဆိုသည်၊ အချို့မှာ စားစရာပန်းကန်ရှိသော်လည်း ထမင်းနှင့်ဟင်းဗလာဖြစ်နေသည်၊ ဒုတိယအချက်မှာ ကြွယ်ဝချမ်းသာမှု (Affluence) တိုးပွားလာခြင်းဖြစ်၏၊ သုံးဘီလီယံမျှသော လူများသည် ပိုမိုစားသောက်နိုင်စွမ်းရှိကြသည်၊ အသား၊ နို့နှင့် ကြက်ဥများ၊ ဖြစ်သည်၊ အားလုံးမှာ ကောက်ပဲသီးနှံနှင့် ဆက်စပ်နေသော စားသောက်စရာများဖြစ်ကြသည်၊ ကောက်ပဲသီးနှံပမာဏ အမြောက်အမြားကို မော်တော်ကားများတွင် လောင်စာဆီအဖြစ် လွှဲပြောင်းအသုံးပြုရန် လုပ်ဆောင်နေသည့် ကိစ္စသည် တတိယအချက်ဖြစ်သည်၊
    အမေရိကန်နိုင်ငံတွင် သီးနှံတန်ပေါင်း 400 ခန့်သည် အီသနောလ် (Ethanol) စက်ရုံများဆီသို့ ရောက်ရှိနေသည် ဟု ၄င်းကဆိုသည်။
    9.5.2011 နေ့တွင်ထုတ်ဝေသော နိုင်ငံတကာသတင်းဂျာနယ်တွင် ဆောင်းပါးရှင် ကိုတင်ဇော်မင်း ၏ သတင်းဆောင်းပါးအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
အစားအစာ ငတ်မွတ်နေသော နိုင်ငံတွင် ကောက်ပဲသီးနှံတစ်စေ့ မျှပင် အလေအလွင့်ဖြစ်ပေါ်စေခြင်းသည် ရာဇ၀တ်မှု ဖြစ်သည်ဟု ဗဟိုတရားရုံးချုပ်ကပင် ပြောခဲ့သည်၊ အစားအသောက် ငတ်မွတ်သည့်နိုင်ငံများကိုစိစစ်သည့် International food Policy Research Institute ၏Global Hunger Index သတ်မှတ်ချက်အရ 84 နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် 67 အဆင့်တွင် ရှိပြီး ရ၀မ်ဒါ၊ ဇင်ဘာဘွေ၊ ပါကစ္စတန်တို့အောက်တွင် ရှိနေသည်ဟု ဆိုသည်၊ အိန္ဒိယနိုင်ငံအနေဖြင့် ဆိုခဲ့ပြီးသော အလေအလွင့် အားလုံးကို ရာနှုန်းပြည့် ထိန်းသိမ်းနိုင်သည့်တိုင် နိုင်ငံသူ၊ နိုင်ငံသားများအား ၀၀လင်လင်ကျွေးမွေးနိုင်ရန် နောက်ထပ်သီးနှံ တန်ပေါင်းသန်း 60 ခန့်လိုအပ်မည်ဟုဆိုသည်။
မယ်လိုဒီကောင်မလေး

အော်ဂင်းနစ်နည်းပညာသုံး စပါးစိုက်ခင်းများ တိုးချဲ့သွားရန်

13.1.2011 ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ်တွင် မိုးတိမ်၏ ဖော်ပြထားမှုအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရားသုံးဆူကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် အော်ဂင်းနစ်နည်းသုံးပြီး စပါးစမ်းသပ်စိုက်ပျိုးမှုများ စတင်နေပြီ ဖြစ်ရာ နောက်ထပ်အလုံးအရင်းနဲ့ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း သရက်ပင်ကျေးရွာမှ ကိုအောင်သူရကပြောသည်၊ "ကျွန်တော်တို့ သရက်ပင်ကျေးရွာကလူငယ် 24 ယောက်စုပြီး ဒီအော်ဂင်းနစ်စိုက်ခင်းလေးကို ဒီဇင်ဘာ 1 ရက်နေ့ကမှ စတင်ခဲ့တာပါ၊ ကုန်ကျစရိတ်ကိုလည်း ကျွန်တော်တို့အဖွဲ့ထဲက လူငယ်တွေ တစ်ပတ်ကို 500 လောက်စုပြီး လုပ်ကြတာပါ။ မြေကွက်ကိုကျတော့ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် ဦးစန်းလွင်ကထောက်ပံ့ပေးတယ်၊ အလကားသဘောမျိုးပေါ့၊ စပါးပင်လေးတွေကို စပျိုးကတည်းက သဘာဝနည်းဖြစ်တဲ့နွားချေးတို့၊ မြေဆွေးတို့၊ စပါးခွံတို့သုံးပြီးလုပ်ခဲ့တာ၊ အကုန်အကျလည်းအရမ်းသက်သာတယ်၊ မြေဆီလွာလည်းမပျက်ဆီးတော့ဘူး၊ ကျွန်တော်တို့ဘက်မှာက ဓာတုဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေတအားသုံးလို့ လယ်တွေကပျက်နေတာကြာပြီ၊ ဥပမာ-ဒီနှစ်ဓာတ်မြေသြဇာ(၂)အိတ်ပက်ရမယ်ဆို နောက်နှစ်(၃)အိတ်လောက်တိုးသုံးနိုင်မှ အထွက်နှုန်းကတော်ရာကျမယ်၊လယ်သမားတွေက အထွက်နှုန်းနောက်လိုက်နေကြတာ၊ ဒီအတွက် ဆေးတွေအလွန်အကျွံသုံးကြရတယ်၊ ဒီမှာက ပုလဲဆိုတဲ့ ယူရီးယား ဓာတ်မြေသြဇာကို အရမ်းသုံးစွဲကြတာ၊ တစ်ဧကကို ၃ အိတ်လောက်သုံးရတယ်၊ တစ်အိတ်(ကီလိုဂရမ် ၅၀ ပါ)ကိုလည်းဈေးနှုန်းက ၂သောင်းခွဲလောက်ထိရှိတယ်၊ ပိုးသတ်ဆေးဖိုးနဲ့ စပါး ထွက်တာနဲ့ဆိုမကာမိတာတောင်ရှိတယ်၊ ၀မ်းစာတောင်မနည်းရအောင်လုပ်နေရတာ ဟု ကိုအောင်သူရကဆိုသည်၊ ကျွန်တော်တို့အနေနဲ့ ဒီနည်းလေးကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ရန်ကုန်မြို့မှာ လုပ်တဲ့မြေဆီလွှာပြပွဲမှာ ဒီအကြောင်းလေးကိုသိခဲ့ရတာပါ၊ အဲပြပွဲမှာ အော်ဂင်းနစ်နည်းပညာ အကြောင်းကိုပညာရှင်တစ်ယောက်ကမျှဝေပေးခဲ့တာ၊ နောက်စိုက်ပျိုးရေးသင်တန်းတွေလည်း တက်တာပါတယ်၊ ဓာတုစိုက်ခင်းတွေက လူတွေကို ဥပဒ်ဖြစ်စေတယ်၊ နောက် ဓာတု အစားအစာတွေကလူတွေ ရောဂါရစေတယ် ဆိုတာလေးတွေ သိလာခဲ့တယ်၊ ဒီအော်ဂင်းနစ်နည်းကျတော့ မိရိုးဖလာနည်း သုံးတာဖြစ်လို့ အန္တရာယ်တွေမရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဒီအော်ဂင်းနစ်နည်းသုံးပြီး စိုက်ခင်းတွေ တိုးချဲ့သွားဖို့စီစဉ်နေပါတယ်၊ အောင်မြင်မယ် ဆိုတာလည်း ယုံကြည်တယ် ဒီနည်းအသုံးပြုခြင်းဟာ သဘာဝနည်းကို အသုံးပြုတာဖြစ်လို့လည်း လယ်မြေတွေရဲ့ မြေဆီလွှာပျက်စီးနေမှုကို ကာကွယ်ပေးရာ ရောက်တဲ့အပြင် အကုန် အကျလည်း အရမ်းသက်သာစေတယ်ဆိုတာ အားလုံးသိအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ၊ ဟု သူကဆက်လက်ပြောသည်၊ ယခုဆိုလျှင်ရာသီပင်များဖြစ်သည့် မုန်လာ၊ ကန်စွန်း၊ ချဉ်ပေါင်အပြင် ဒေသခံဘုရားပန်းတို့ကိုလည်း အော်ဂင်းနစ်နည်းဖြင့် စိုက်ပျိုးထားရာ အောင်မြင်နေကြောင်း ကိုအောင်သူရက ဆက်လက်ပြောသည်၊
မယ်လိုဒီကောင်မလေး

ဓာတ်မြေသြဇာ အတုလျော့နည်းအောင်ပြုလုပ်သွားမည်ဟုဆို

ပြည်သူ့ခေတ်ဂျာနယ်မှ ကိုပိုင်စိုးဦး ၏ရေးသားတင်ပြထားမှုအား ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်-
    လတ်တလော လယ်သမားများတွင် ဖြစ်နေသည့်ပြဿနာများကို စစ်ဆေးပြီး လျော့နည်းအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေး မန်နေဂျာ ဦးအေးကိုကိုကပြောသည်၊ "ပထမအနေနဲ့ ဓာတ်မြေသြဇာအတုရောင်းတာလား အစစ်ရောင်းတာလားကို ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီက ရောင်းတဲ့ဆိုင်တွေကို လိုက်ပြီးစစ်မယ်၊ နောက်ပြီး လယ်သမားတွေကို ဓာတ်မြေသြဇာအတုနဲ့ပတ်သက်ပြီးပညာပေးမှုတွေ ပြုလုပ်သွားမယ်"ဟု ဦးအေးကိုကိုကရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချသည့်ဆိုင်များ မှတ်ပုံတင်ထာဒခြင်းရှိမရှိ ကိုလိုအပ်သလို စစ်ဆေးသွားမည် ဖြစ်ပြီး ရောင်းချသည့် ဓာတ်မြေသြဇာများလည်း မှတ်ပုံတင်ထားခြင်းရှိ/မရှိ ကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးခြင်းအပြင် ဓာတ်မြေသြဇာများတွင် ဖော်ပြထားသည့် ဓာတ်မြေသြဇာ အဟာရ အချိုးအဆများ မှန်မှန်ကန်ကန် သုံးစွဲထားခြင်းရှိ/မရှိ ကို ဓာတ်မြေသြဇာ ရောင်းချသည့် ဆိုင်များမှ နမူနာများ ယူကာ စိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "စစ်ဆေးလို့ မှတ်ပုံတင်ထားတာမရှိတဲ့ ဓာတ်မြေသြဇာ ရောင်းတာတွေ့ရင် ပထမအနေနဲ့ ပညာပေးမယ်၊ ဒုတိယ အနေနဲ့ပညာပေးမယ်၊ တတိယအကြိမ် ဆိုရင်တော့ လိုင်စင်သိမ်းသည်အထိ အရေးယူပါမယ်"ဟု ဦးအေးကိုကိုက ရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချခွင့်လိုင်စင်များကို 2010 ခုနှစ်မှစတင်ချထားပေးလျှက်ရှိရာ မှတ်ပုံတင်ထားသည့် မည်သည့် ဓာတ်မြေသြဇာမဆို ရောင်းချနိုင်ပြီး လိုင်စင် သက်တမ်းမှာ နှစ်နှစ်ခန့်ရှိကြောင်း၊ ဓာတ်မြေသြဇာ ရောင်းချခွင့် လိုင်စင်မှာ တစ်ဆိုင်လျှင် ကျပ် 5 သောင်းခန့် ရှိကြောင်း ဦးအေးကိုကိုက ပြောသည်၊ ဓာတ်မြေသြဇာ အတုဆိုသည်မှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဓာတ်မြေသြဇာများကို ဆိုလိုပြီး တောင်သူများအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာများသာ ၀ယ်သုံးသင့်ကြောင်း၊ တချို့အမျိုးအစားမှာ ဓာတ်မြေသြဇာအိတ်တွင် ဖော်ပြထားသည့် အဟာရပမာဏကို လျော့နည်းအောင် ပြန်လည်ပြုပြင်ပြုလုပ်ထားသည်ကိုတွေ့ရကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "ဒီနှစ် ဒီလောက်ကောင်းတဲ့ဟာက နောင်နှစ်လည်းကျရော အရည်အသွေးကလျော့သွားတယ် ဒါနဲ့ပြန်နောက်ထပ်အသစ်ကို ပြန်သုံးကြတယ်၊ အဲတော့ သူရဲ့အရည်အသွေးက မမှန်တော့လို့စပါးမှာ သွားပြီးထိခိုက်တာ" ဟုသနပ်ပင်မြို့နယ်ရှိတောင်သူတစ်ဦးကဆိုသည်၊ တောင်သာတို့ မြင်းခြံတို့ ဘက်ကထုတ်တဲ့ မြေသြဇာတစ်ခုဆိုရင် အိတ်ထဲမှာ မြေကြီးခဲတွေရောထည့်တာမျိုးတောင် လုပ်တယ်၊ တောင်သူတွေကလည်း အညိုရောင်တို့ အ၀ါရောင်တို့ ဆိုရင်ကောင်းတယ်ထင်တာ၊ နောက်ပြီး အဲဒါတွေကလည်း ဈေးပေါတယ်ဟု ဦးကိုကိုကြီးက ပြောသည်၊ 
    လယ်သမားများ အသုံးပြုနေကြသော နာမည်ကြီးဓာတ်မြေသြဇာများမှာ ပုလဲ၊ တီစူပါ၊ အစရှိသည်တို့ဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်၊ ထိုင်းအစရှိသည့် နိုင်ငံများမှတင်သွင်း သည့်ဓာတ်မြေသြဇာများလည်းရှိသေးကြောင်း တောင်သူများကဆိုသည်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်း ထုတ်လုပ်မှုမလုံလောက်သည့် အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှ မှာယူတင်သွင်းနေရပြီး ယင်း အခြေအနေအောက်တွင် ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမပြည့်မီသည့် ဓာတ်မြေသြဇာများ တဖြည်းဖြည်းများပြားလာနေကြောင်း သိရသည်၊
မယ်လိုဒီကောင်မလေး

ပိုးသတ်ဆေးကြွင်းကြောင့် ရောဂါတွေတိုးလာ
ပိုးသတ်ဆေးကြွင်းကြောင့် ရောဂါတွေ တိုးလာ..
““ ပိုးသတ်ဆေးကြွင်းတွေကြောင့် ဆီးချို၊ ကင်ဆာ၊ စိတ်ကျရောဂါတွေ အဖြစ်များလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စီမံရေးထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာဦးချစ်စိုးက ပြောကြောင်း၊ ပိုးသတ်ဆေးကြွင်းကြောင့် အော့အန်တာ၊ထုံကျင်တာအပြင် သွေးကင်ဆာရောဂါ၊ သွေးအားနည်းတာနဲ့ကလေးပျက်ကျတာ၊ ကလေးမွေးရင် ခန`ဓာချို့ယွင်းချက်တွေပါလာတာတွေ ဖြစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ခံစားမှု လွယ်တယ်လို့ အဲဒီဆရာဝန်ကြီးကပဲပြောဆိုကြောင်း”” 20.8.10 ရက်နေ့ထုတ် Weekly ဂျာနယ်မှာ ဖော်ပြထားပါတယ်...
ပိုးသတ်ဆေးကြွင်းတည်ရှိမှု
    ပိုးသတ်ဆေးကြွင်းတွေကို လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ စည်သွတ်ထားတဲ့ အသီးအနှံ၊ အသားငါးနဲ့ပိုးသတ်ဆေးဖျန်းထားတဲ့ ကောက်ပဲသီးနှံတွေကို ထုတ်ထားတဲ့ ဖျော်ရည်၊ အရက်တွေမှာလည်း တွေ့ရတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ သုတေသနမှတ်တမ်းတွေအရ အဲသည်နိုင်ငံမှာ သက်ကြီး(၈၀)ရာခိုင်နှုန်းနဲ့ ကလေး(၉၀)ရာခိုင်နှုန်းမှာ ခန`ဓာကိုယ်ထဲ ပိုးသတ်ဆေးကြွင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်၊ အခြားနိုင်ငံတွေမှာ စိုက်ခင်းတွေကို ပိုးသတ်ဆေးဖျန်းရင် လေယာဉ်တွေနဲ့ ဖျန်းတယ်၊ အဲဒီလိုဖျန်းတော့ ပိုးသတ်ဆေးတွေက လေထဲကနေ တစ်ဆင့် အခြားနေရာနဲ့ လူနေအိမ်တွေပေါ်ရောက်ကုန်တယ်၊ စိုက်ခင်းပေါ်ရောက်တာက (၁၀)ရာခိုင်နှုန်းလောက်ပဲရှိတာ အခြားနေရာတွေကို(၉၀)ရာခိုင်နှုန်းလောက်ရောက်ကုန်းတယ်....
ပိုးသတ်ဆေးမိုး
    ပိုးသတ်ဆေးကို စိုက်ခင်းတွေမှာ သုံးတဲ့အခါ မြေကြီးပေါ်ရောက်သွားပြီး အဲသည်ကနေတဆင့် ရေမြောင်း၊ မြစ်ချောင်းတွေထဲ စီးဝင်ကုန်တယ်၊ နေပူရှိန်ကြောင့် မြစ်ချောင်းတွေက အငွေ့ပြန်တဲ့အခါ ပိုးသတ်ဆေးတချို့ပါသွားတယ်၊ အဲသည်ကနေ မိုးပြန်ရွာတော့ ပိုးသတ်ဆေးမိုးအဖြစ်ပြန်ရွာတာမျိုးဖြစ်တယ်လို့ ဒေါက်တာဦးချစ်စိုးက ပြောပါတယ်...အဲဒီလိုအဖြစ်မျိုး အမေရိကားကရွာတစ်ရွာမှာ ဖြစ်ခဲ့ဖူးတယ်၊ မိုးရွာတဲ့အခါမှာလည်း ပိုးသတ်ဆေးပါတယ်၊ အဲဒီရွာမှာ နောက်တော့တရွာလုံးသွေးအားနည်းပြီး ရောဂါဖြစ်လာတယ်...နောက်ဆုံးစစ်ဆေးတော့ ပိုးသတ်ဆေးကြောင့် ဖြစ်မှန်းသိသွားတော့ တစ်ကမ္ဘာလုံးကြောက်သွားတယ်လို့ ဖြစ်ရပ်မှန်တစ်ခုနဲ့ ယှဉ်ပြီး ပြောပြတယ်..မြန်မာနိုင်ငံမှာမိုးစပါးစိုက်ဧက(၁၇)သန်း၊ နွေစပါးစိုက်ဧက(၃)သန်းခန့်စိုက်ပျိုးခဲ့တယ်၊ အဲဒီစပါးစိုက်ဧကသန်း(၂၀)မှာ စပါးတင်းသန်းပေါင်း(၁၅၆၀)ထွက်ရှိတယ်လို့ သိရတယ်...အခုဆို...ဓာတုဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအစားထိုး သုံးစွဲမှုကို လျှော့ချပြီး သဘာဝအော်ဂင်းနစ်မြေသြဇာနဲ့ ပိုးသတ်ဆေးအစားထိုးသုံးစွဲရေးစီမံချက် တွေကို ဆောင်ရွက်ဖို့ စိုက်ပျိုးရေး ကုမ္ပဏီတချို့နဲ့ စိုက်ပျိုးရေးတောင်သူတချို့ ကြိုးပမ်းနေတာ တွေ့လာရကြောင်း ပြောပါတယ်....
ပိုးသတ်ဆေးဝင်ရောက်နိုင်တဲ့အခြေအနေ
    ပိုးသတ်ဆေးကြွင်းတွေကို ခန`ဓာကိုယ်ထဲကို ၀င်ရောက်နိုင်တဲ့ အခြေအနေထဲမှာ လတ်ဆတ်တဲ့ အသီးအနှံစားရာကတဆင့် အူလမ်းကြောင်း၊ အစာအိမ်နဲ့ သွေးထဲကိုပျော်ဝင်နိုင်တယ်..ပိုးသတ်ဆေးကြွင်းပါတဲ့ လေကိုရှုမိပြီး လေပြွန်ကနေ အဆုတ်ထဲကို ၀င်နိုင်တယ်..ပိုးသတ်ဆေးကို ခန`ဓာကိုယ်အရေပြားနဲ့ တိုက်ရိုက်ထိနေတဲ့ နေရာတွေကနေ ခန`ဓာကိုယ်တွင်း ၀င်နိုင်ပါတယ်..ဒီမှာက ပိုးသတ်ဆေးဖျန်းရင် ပိုးသတ်ဆေးဘူးကို ပုခုံးပေါ်ထမ်းပြီးဖျန်းတာဆိုတော့ အဲဒီအရေပြားကနေ၀င်နိုင်တယ်...ပိုးသတ်ဆေးဖျန်းရင် နားခေါင်းစည်းပိတ်ရမယ်၊ ပိုးသတ်ဆေးဖျော်ရင် လက်နဲ့ဖျော်တဲ့အခါမှာ ပိုးသတ်ဆေးတွေ ၀င်နိုင်တယ်လို့ဆိုပါတယ်၊ ပိုးသတ်ဆေးအသုံးပြုတဲ့အခါမှာဖြစ်ဖြစ်၊ ပိုးသတ်ဆေးပက်ဖျန်းတဲ့အခါမှာဖြစ်ဖြစ်၊ မျက်စိ၊ နားခေါင်း၊ အရေပြားကို ပိုးသတ်ဆေးမ၀င်အောင်အကာအကွယ်အသုံးပြုဖို့လိုတယ်၊ စိုက်ခင်းမှာ အသုံးပြုတဲ့အခါသတ်မှတ်ထားတဲ့ နည်းအတိုင်းပဲ ပိုးသတ်ဆေးသုံးစွဲသင့်တယ်လို့ပြောတယ်...
ပိုးသတ်ဆေးသုံးစွဲခဲ့တာ...
    ပိုးသတ်ဆေးသုံးစွဲခဲ့တာ ကမ္ဘာမှာ လွန်ခဲ့တဲ့ ဘီစီ 2000 ကတည်းကသုံးစွဲခဲ့တာတွေ့ရတယ်..မစ်ဆိုပိုတေးနီးရားလို့ခေါ်တဲ့ ဆာလဖာကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုခဲ့တာလို့ ဖော်ပြထားပါတယ်....ပိုးသတ်ဆေးတစ်ခါဖျန်းထားတဲ့မြေကြီးထဲမှာ ပျမ်းမျှအားဖြင့် (၁၅)နှစ်လောက်ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိနိုင်တယ်လို့ ဒေါက်တာဦးချစ်စိုးက WHO ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြတယ်..
ပိုးသတ်ဆေးအန္တရာယ်..
    တစ်ကမ္ဘာလုံးမှာ ခန့်မှန်းကြည့်ရင်တစ်နှစ်ကို ပိုးသတ်ဆေးအကြွင်းအကျန်အန္တရယ်ကြောင့် လူပေါင်း ၁၈၀၀၀ လောက်သေဆုံးနေပြီး လူပေါင်းသုံးသန်းလောက်ပိုးသတ်ဆေးအကြွင်းအကျန်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုတယ်...ဒေါက်တာဦးချစ်စိုးက မြောက်အမေရိကနဲ့ ဥရောပမှာ ဆိုရင် ပိုးသတ်ဆေးသုံးစွဲခွင့်မပြုတာ အနှစ်(၂၀)လောက်ရှိပြီ ဒါတောင် အခုထိ နို့၊ ဒိန်ခဲ၊ အမဲသားတွေမှာ စစ်ကြည့်ရင် ပိုးသတ်ဆေးကြွင်းကျန်းပါတာ တွေ့နေရကြောင်းနဲ့ ပိုးသတ်ဆေးအန္တရာယ်က မသေးတဲ့အတွက် သတိထားသုံးသင့်ကြောင်းလည်း ရှင်းပြထားပါတယ်...
အဆင်ပြေပါစေ...
မယ်လိုဒီကောင်မလေး

ဓာတ်မြေသြဇာစစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည်

7 DAY NEWS JOURNAL မှ 19.5.2011 တွင် ထုတ်ဝေသော အကြောင်းအရာ အားထည့်သွင်းမှတ်သားပေးခြင်းဖြစ်ပါသည်-
ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာများ၏ အရည်အသွေးနှင့် မှတ်ပုံတင်ခြင်းရှိ/မရှိ စစ်ဆေးရန် ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေးမန်နေဂျာ ဦးအေးကိုကိုက ပြောကြားသည်။
    ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာအချို့သည် အိတ်တွင် ရိုက်နှိပ်ထားသော အဟာရပမာဏ အတိအကျပါဝင်မှုမရှိခြင်းကြောင့် သုံးစွဲသူ တောင်သူလယ်သမားများ  အကျိုးမရှိဖြစ်နေရသည်ဟု ဆိုသည်။
ထိုဓာတ်မြေသြဇာများမှာ ဈေးနှုန်းသက်သာသည့်အတွက် လယ်သမားများကလည်း ၀ယ်ယူသုံးစွဲနေကြသည်၊ နိုင်ငံတော်က အထွက်တိုးရန် ကြိုးစားနေချိန်တွင် ယင်းကဲ့သို့ အရည်အသွေးမမှီ ဓာတ်မြေသြဇာများကြောင့် တောင်သူများသာမက တိုင်းပြည်အတွက်လည်းနစ်နာရကြောင်း အထက်ပါပုပ်ကိုလ်ကဆိုသည် ထိုကြောင့် အထက်ပါကော်မတီ ဖွဲ့ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် သွားရောက်စစ်ဆေးမည်ဟုဆိုသည်။
      "သုံးစွဲသူအပေါ်မှာလည်းမူတည်သည် သုံးစွဲသူက ဈေးသက်သာတာကို အဓိကမကြည့်ဘဲ အရည်အသွေးပြည့်မှတ်ပုံတင်ထားတာတွေကိုဘဲ သုံးသင့်တယ်ဟု အဆိုပါတိုင်းမန်နေဂျာက ဆိုသည်၊ တရားဝင် တင်သွင်းလာသော ဓာတ်မြေသြဇာ များကို ပုပ်ကလိကသို့ 2010 မှစတင်ပြီး တရားဝင်တင်သွင်းရောင်းချခွင့်ပြုခဲ့သည်၊ လိုင်စင်တစ်စောင်လျှင် သက်တမ်း 2 နှစ် သတ်မှတ်ပြီး လိုင်စင်ကြေးမှာ ကျပ်ငါးသောင်းဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိထားသော လုပ်ငန်း 216 ခုရှိပြီး တင်သွင်းခွင့် ရရှိသူ 426 ဦး ရှိသည်၊ ထိုအတူ ဓာတ်မြေသြဇာ တင်ပို့ခွင့်ရရှိထားသူ 2 ဦး ရှိသည်၊ ထိုကြောင့် ဓာတ်မြေသြဇာအတွက် မှတ်ပုံတင်ထုတ်ပေးထားမှုမှာ 644 ခုရှိသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမမီဓာတ်မြေသြဇာများမှာ မှောင်ခိုတင်သွင်းသူများနှင့် တောင်သာ၊ မြင်းခြံဘက်မှ မြေကြီးလုံးပြီးရောင်းချနေသူများကြောင့် ဈေးကွက်ကြီးလာသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများကြောင့် အရည်အသွေးမှီဓာတ်မြေသြဇာများမှာလည်းရောင်းချရာတွင် အခက်အခဲရှိလာသည်၊ တောင်သူများမှလည်း ငွေကြေးအခက်အခဲ၊ ရာသီဥတုကြောင့် သီးနှံပျက်စီးမှု များလာခြင်းတို့ကြောင့် ဈေးသက်သာသော မြေသြဇာများကို အသုံးပြုရန် တွန်းအားဖြစ်စေကြောင်း သိရသည်။
မယ်လိုဒီကောင်မလေး

ကုမ္မဏီအသစ် ထူထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ တစ်ကြိမ်တည်း တစ်နေရာတည်းနှင့် အပြီးဝန်ဆောင်မှုပေးပြီ

7 DAY NEWS JOURNALမှ 26.5.2011 တွင် ထုတ်ဝေသော ဂျာနယ်တွင် ပါလာသော အကြောင်းအရာဖြစ်ပါသည်-
ကုမ္မဏီအသစ် မှတ်ပုံတင်ခြင်းနှင့်သက်တမ်းတိုးခြင်းများကို အချက်အလက်ပြည့်စုံပါက တစ်ကြိမ်တည်းနှင့် အပြီးဆောင်ရွက်ပေးသည့်စနစ် (ONE Stop Service)ကို မေလ 18 ရက်မှစတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်ကပြောကြားသည်၊
"One Stop Service"ကို 18.5.2011 ကစလုပ်နေပြီဟု နေပြည်တော်တွင် မေလ 20 မှ 22 ရက်အထိ ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာကံဇော်က မေ 21 ရက်တွင် ပြောကြားသည်။
ထိုဝန်ဆောင်မှုစတင်ချိန်မှ မေ 22 ရက်အထိ ကုမ်မဏီ 25 ခု ကိုကုမ်မဏီစတင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးခြင်းအတွက် ထိုစနစ်ဖြင့် ၀န်ဆောင်မှုပေးခဲ့ပြီဖြစ်ကြောင်းအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအေးကိုက မေ 22 ရက်တွင် ပြောကြားသည်။
ထိုကြောင့် ကုမ်ပဏီသစ်ဖွဲ့စည်းလိုသူများမှာ ကုမ်ပဏီအမည်တူမရှိဘဲ အခြားလိုအပ်သောအချက်အလက်များဖြစ်သည့် သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းများ၊ ဒါရိုက်တာအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အပြည့်အစုံစသော အချက်အလက်များပြည့်စုံပြီး မှန်ကန်ပါက တစ်ကြိမ်တည်း တစ်နေရာတည်းအပြီး နာရီပိုင်းအတွင်း ခြောက်လသက်တမ်းရှိ ယာယီကုမ်ပဏီလိုင်စင်ကို ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ဦးအေးကိုက ဆက်လက်ရှင်းပြသည်။ ကုမ်ပဏီအသစ်ဖွဲ့စည်းခြင်းအတွက် မှတ်ပုံတင်ကြေးမှာ ပြောင်းလဲခြင်းမရှိဘဲ ကျပ် 10 သိန်း ကိုတပါတည်းပေးဆောင်ရန်လည်းလိုသည်၊ ထိုကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကုမ်ပဏီနောက်ခံသမိုင်းကို စစ်ဆေးပြီးပါက မူရင်းကတ်ကို ဆက်လက်ထုတ်ပေးမည်ဖြစ်သည်။
ယခင်က ကုမ်ပဏီ အသစ်မှတ်ပုံတင်ပါက ခြောက်လသက်တမ်းရှိ ယာယီလိုင်စင် ရရှိရန်ကိုပင် နှစ်လခန့် ကြာမြင့်ကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုကြောင့် တကြိမ်တည်းတထိုင်တည်းနှင့် လိုင်စင်ထုတ်ပေးခြင်းမှာ ကုမ်ပဏီထူထောင်လိုသူများအတွက် အလွန်ကောင်းကြောင်းလည်း ဆက်လက်ပြောသည်၊ထိုအတူ လိုင်စင်သက်တမ်းတိုးခြင်းများကိုလည်းအဆိုပါဝန်ဆောင်မှုတွင် ပါဝင်ပြီး အချက်အလက်ပြည့်စုံကာ ကျပ်ငါးသိန်းပေးသွင်းပါက တစ်ကြိမ်တည်းတစ်နေရာတည်း ဆောင်ရွက်နိုင်သည်၊ အထက်ပါဝန်ဆောင်မှုများအတွက် ငွေပေးသွင်းခြင်းများကို နေပြည်တော်ရုံးအမှတ်-32 ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးမှာပင် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားကြောင်း ဦးအေးကိုကဆက်လက်ပြောကြားသည်။
ကုမ်ပဏီ ထူထောင်မည့်သူမှာ နိုင်ငံခြားသားဖြစ်ပါက မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ2500 သတ်မှတ်ထားပြီး သက်တမ်းတိုးပါက ဒေါ်လာ 500 သတ်မှတ်ထားသည်၊ ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်မည့် နိုင်ငံခြားကုမ်ပဏီ ဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 300000 ရှိရန် သတ်မှတ်ထားပြီး ကုန်ထုတ်လုပ်မှု ကုမ်ပဏီဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 500000 ရှိရန် သတ်မှတ်ထားသည်။
ယခင်က ကုမ်ပဏီအသစ်မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများဆောင်ရွက်ရာတွင် အချိန်ကြာခဲ့ခြင်းမှာ အချက်အလက်မပြည့်စုံခြင်း၊ အခွန်ငွေများမရှင်းလင်းခြင်း စသော အကြောင်းများကြောင့် ဖြစ်သည်ဟု ဦးအေးကိုကဆိုသည်၊ အဆိုပါဌာနတွင် မှတ်ပုံတင်ထားသော ကုမ်ပဏီပေါင်းနှစ်သောင်းကျော်ရှိသည်၊ ထိုထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လိုသော ပို့ကုန်၊ သွင်းကုန်ကုမ်ပဏီပေါင်းသုံးထောင်ခန့်ရှိသည်။
ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်သော နိုင်ငံပေါင်း 30 ကျော်ရှိပြီး၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ 35 ဘီလီယံဝန်းကျင်ရှိသည်။
ကွမ်းနှင့်ပတ်သက်သော ဆွေးနွေးပွဲ ပြုလုပ်ခဲ့
19.5.2011 နေ့တွင် ထုတ်ဝေသော ပြည့်သူ့ခေတ်ဂျာနယ်တွင် မင်းကံလှ၏ ရေးသားမှုအား ထည်းသွင်းပေးခြင်း ဖြစ်ပါသည်-
    မေလ 14 ရက်နေ့က ရန်ကုန်မြို့မြေပဒေသာ စိုက်ပျိုးရေးနည်းပညာအားပေးရေးဌာနမာ ကွမ်း စိုက်ပျိုးရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့စိုက်ပျိုးရေးမှ ဦးဝင်းသန်းမှ ကွမ်းစိုက်ပျိုးရေးဆိုင်ရာများကို ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြခဲ့သည့်အပြင် အချို့ကွမ်းကုန်သည်များအနေဖြင့် ကွမ်းကိုကြွပ်ပြီး နူးညံ့ကာ ဈေးကွက်ဝင်စေရန် ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Furadan-3G နှင့် ဖျော်စပ်ထားသော ရေတွင်စိမ်ပြီးမှ ဈေးကွက်တင်ရောင်းချကြကြောင်း၊ ယခုလို ပြုလုပ်မှုကြောင့် ကွမ်းစားသူများ ရေရှည်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သတိပေးဆွေးနွေးခဲ့သည်၊ အဆိုပါ ဖျူဒရန် ပိုးသတ်ဆေးမှာ ရေနှင့်ရောစပ်ပြီး လူသောက်မိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ် ပေးနိုင်သော အပင်သုံးပိုးသတ်ဆေးတစ်မျိုးဖြစ်ကြောင်းလည်းရှင်းပြသည်၊ ဆွေးနွေးပွဲပြုလုပ်သည့် မြေပဒေသာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာ အားပေးရေးဌာနကို 2004 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်၊ လစဉ် ၀ယ်ယူသူ၊ လေ့လာသူ၊ စိုက်ပျိုးရေး ၀ါသနာရှင်များနှင့် ဌာန၀န်ထမ်းတွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည်၊ မူလတွင် ဥယျာဉ်ခြံပန်းမန်စိုက်ပျိုးရေး၊ အပင်ရောဂါ မှိုသတ်ဆေးများ၊  ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်၊
    နာဂစ်အလွန် ကာလတွင် NGO,INGO များတွင် တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေး ဘွဲ့ရ၀န်ထမ်းများ၏ တောင်းဆိုချက်အရ စိုက်ပျိုးရေးတက္ကသိုလ်ဌာနဆိုင်ရာမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရှင်များကို ဖိတ်ခေါ်လျှက် Information sharing ကဏ္ဍကို စတင်၍ ဆောင်ရွက်ခဲ့ပါသည်၊  2011 ဖေဖော်ဝါရီလ တွင် ဥယျာဉ်ခြံသီးနှံဘာသာရပ် ဆိုင်ရာကို ဒေါက်တာစိန်လှဗိုလ်(ညွှန်မှူး၊ ငြိမ်း စိုက်-သု)(ယခုနိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်) ကလည်းကောင်း၊ 2011 ခုနှစ် (မတ်)တွင် ဒေါက်တာချိုချိုမြင့်(ဒုတိယပါမောက္ခချုပ်(ငြိမ်း)စိုက်-တက္ကသိုလ်)က (ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲမှု) Alternative Agriculture ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ပါသည်၊ 2011 ခုနှစ် မေလ 14 ရက်တွင် အပင်ရောဂါနှင့် မှိုသတ်ဆေးများ၊ ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးပညာရှင် ဦးဝင်းသန်း ဦးဆောင်ကာ ကွမ်းကို အဓိကထားဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်၊

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး