Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

အောင်လံတော် ခင်စိန်

အောင်လံတော်ခင်စိန်၏ ငယ်နာမည်မှာ မောင်ခင်ဖြစ်သည်၊ မြောင်းတကာဇာတိဖြစ်သော်လည်း ငယ်စဉ်က (စက္ကင်းအောင်မောင်း)မင်းသားဘ၀ကပင်နတ်တလင်းမြို့သို့ရောက်လာပြီးသာစည်တန်းဦးထွန်းအောင်ဇံ +ဒေါ်ကျော့တို့ကမွေးစား၍မင်းသားအဖြစ်ဇတ်ထောင်လေသည်။နာမည်ကျော်ကြားစပြုလာသော အခါ ရွှေတောင်မြို့နေ ဦးလူကလေး က အောင်လံတော်ခင်စိန်ဟုအမည်ပေး၍ စိန်ဗေဒါ၊ ဦးဘမောင်စသော ဆိုင်းဆရာကြီးများနှင့်တွဲဖက်၍ဇတ်သဘင်အဖွဲ့ကြီးကိုတည်ထောင်ခဲ့သည်၊ထိုအခါ စက္ကန်းအောင်မောင်း (ခေါ်)အောင်လံတော်ခင်စိန်သည်မြန်မာပြည်၏နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်လာသည်၊ အောင်လံတော် ခင်စိန်သည် အပြော၊ အဆို၊ အငို ကောင်းသော ဇတ်မင်းသားတစ်ဦးဖြစ်သည်၊ မင်းသားကြီးအဖြစ် တက္က သိုလ်စိန်အဖွဲ့တွင် ပါဝင်ကပြခဲ့ပြီး မင်္ဂလာဒုံမြို့တွင် နေထိုင်သွားခဲ့သည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ပန်းချီ အုန်း

ပန်းချီအုန်းသည် နတ်တလင်းမြို့၊ ပြည်လမ်းတွင်နေထိုင်၍ နတ်တလင်းမြို့၊ ပေါင်းတည်မြို့နယ်များ၏ အလှူ မင်္ဂလာ၊ စတိတ်ရှိုးအခမ်းအနားဟူသမျှ သူ၏လက်ရာနှင့်မကင်းဘဲ ပန်းချီဒီဇိုင်းများ ရေးဆွဲလျှက်ရှိသည်၊ နတ်တလင်းမြို့၊ ပေါင်းတည်မြို့နှင့် ဇီးကုန်းမြို့နယ်တ၀ိုက်တွင် နာမည်ကျော်ကြားသော ပန်းချီအနုပညာရှင် တစ်ဦးဖြစ်ပေသည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ဆရာကြီး ဦးတင်မောင်

ဦးတင်မောင်သည် ငယ်စဉ်ကပင် ပန်းချီဝါသနာပါ၍ ဇွဲသန်သန်ဖြင့် ရေးဆွဲလာရာ နိုင်ငံကျော် ပန်းချီ၊ ပန်းပုဆရာကြီးတဦးဖြစ်လာသည်၊ဆရာကြီးဦးတင်မောင်သည် ပန်းချီပန်းပုအသင်းဝင်၊ ပန်းချီပန်းပုကောင်စီ ၀င်လုပ်သားတစ်ဦးဖြစ်သည်၊ ဆရာကြီး၏ ပန်းချီကားချပ်များကို ပန်းချီကောင်စီမှတဆင့်နိုင်ငံခြားမှဝယ်ယူ လျှက်ရှိသည်၊ ဆရာကြီးထုလုပ်သော ပန်းပုလက်ရာများသည်လည်း ကောင်းမွန်ပြောင်မြောက်လှသည်၊ ဆရာကြီးသည် အသက် ၇၀ ကျော်သည်အထိ ၀ါသနာအလျှောက် လယ်ယာကို တဘက်က လုပ်ကိုင်ရင်း ပန်းချီပန်းပုများကို ရေးဆွဲထုလုပ်လျှက်ရှိခဲ့သည်။ ဆရာကြီးသည် နတ်တလင်းမြို့၊ သကျမဟာမြတ်မုနိ ဘုရားကြီး၏ တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံလွှတ်ပွဲနှင့် ပြိုင်ပွဲများကို ငယ်စဉ်မှစ၍ ကြီးကြပ်ဆောင်ရွက် လျှက်ရှိသည်၊ မီးပုံးပျံလုပ်နည်းများကိုလည်း သင်ကြားပေးလျက်ရှိသည်၊ နတ်တလင်းမြို့၊ ဇီးကုန်းကလေး ရပ်ကွက်တွင် နေထိုင်သွားခဲ့သည်။
မှတ်ချက်-
               မီးပုံးပျံ ကိုယ်တိုင်စီးပြသူ ဦးကျော်ရင်၏သား ဦးကျော်လင်းရေးသားခဲ့သည့် မှတ်တမ်းတွင် နာမည်ကြီး မီးပုံးပျံတင်မောင် ဖြစ်သည်။


မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

မောင်စိတ္တ

မောင်ခင်မောင်ဝင်း(ခေါ်)မောင်စိတ္တသည် နတ်တလင်းမြို့ ဂီတာဦးအေးသွယ်+ဒေါ်မြမြတို့၏သားဖြစ်သည်။ စိုက်ပျိုးရေးဒုတိယနှစ်တွင် ကျောင်းမှထွက်၍ မိုးဝင်းဇတ်တွင်ရှေ့ပိုင်းပြဇတ် ဇတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ အဖြစ်ဆောင်ရွက်ရင်း နာမည်ကျော်ကြားခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး