Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း

Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း
Samsung Galxy Series ဖုန်းတွေတိုင်းအတွက် မြန်မာဖောင့်သွင်းလို့အဆင်ပြေပါတယ် ...
အောက်မှာ Download Link ရှိပါတယ်


http://www.mediafire.com/download.php?5asqzs61h0u888d
...
ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်းရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့အခါမှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message box
တစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ်ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်
မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထားမယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်
လိုပြန်ပြောင်းရိုက်ချင်တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာက
တော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ်ဘက်ထောင့်လေးမှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့
ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

စမ်းသုံးကြည့်ကြပါ ။ ပျော်ရွှင်နိုင်ကြပါစေ။
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
MediaFire
www.mediafire.com
All Samsung Galaxy Series.rar
See More

>>>ဆက်ဖတ်ရန်>>> >>

Hacker တွေအတွက် မလွယ်ကူပါဘူး

Hacker တွေအတွက်မလွယ်ပါဘူး
No.of Character Possible combinations Human Computer
1 36 3mins 0.000 018 sec
2 1300 2hrs 0.000 65 sec
3 47000 3days 0.02 sec
... 4 1000000 3 months 1 sec
5 60000000 10 yrs 30 sec
10 3700000000000000 580 million yrs 59 yrs

အထက်ပါ list လေးက networking စာအုပ်ထဲမှာပါတဲ့ password အကြောင်းလေးပါ..ဒါကတော့ hacker သမားတွေရဲ့ သုံးတဲ့ software လေးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့် password hacker ကတော့ တကယ်မလွယ်ပါဘူး။ အထက်ပါအတိုင်းက alphabet (26) လုံးထဲက (10) ကိုထားမယ်ဆိုရင် တောင်အပေါ်ကအတိုင်း သူတို့က ကြာမှာဖြစ်ပါတယ်။
ဥပမာ ၁ ၂ ထားမယ်ဆိုရင် သူတို့က ၀ ၁ ပြီးရင် ၀ ၂ ပြီးရင် ၀ ၃ ဆိုပြီးစသည်ဖြင့် software က မှန်းပြီးတော့ လုပ်မှာဖြစ်တယ် ဆိုတော့ လူဆိုရင်တော့ အထက်ပါလိုဆိုရင် ထီးတွေ၊ချဲ တွေ တွက်သလိုတွက်ရမှာပေါ့...ဒါပေမဲ့ software ကျတော့ computer ဦးနှောက်နဲ့ အထက်ပါတွေ့ တဲ့အတိုင်း ခဏဘဲကြာမှာဖြစ်ပါတယ်။

အပေါ်က ဥပမာက နှစ်လုံးထဲကိုတောင် ဒီလိုမျိုး လူဆိုရင် နှစ်နာရီကြာမှာဖြစ်ပါတယ်. ဒါပေမဲ့ Hacker ဆို တာက Computer hacker ဆိုတော့ သူက Computer သုံးမှာပေါ့ ဒါကြောင့် သူ့အတွက်တော့ 0.00065 စက္ကန့်ဘဲ ကြာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၁၀ လုံးလောက် ထားပြီးဆိုရင်တော့ Computer လဲ ၅၉ နှစ်လောက်တော့ အေးအေးဆေးဆေး မှန်းပြီးတော့ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော် စဉ်းစားကြည့်တယ် Computer ကတော့ မပိတ်ဘဲနေမှာ မဟုတ်ဘူး.ဒါကြောင့် 10 လုံးလောက်ထားရင်တော့ Hacker တွေလဲ hacker တော့မှာ မဟုတ်ဘူး ဒီဟာလေးရေးလိုက်တာက ကျွန်တော် ကိုယ်တိုင်လဲရေးရင်နဲ့ မှသတိထားမိတယ်. ဘာဖြစ်လို့လဲဆိုတော့ password 5 လုံးဘဲ ထားတဲ့ဟာနဲ့ 10 လုံးထားတဲ့ နှစ်ခုကို hacker software နဲ့ မှန်းတဲ့နေရာမှာ အချိန်က အများကြီးကွာ သွားတာကိုတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်ဆို ၁၀လုံး ထားဖို့က ထားစရာ password မရှိဘူး..ဒါပေမဲ့ ဒါလေးကိုမြင်လိုက်တဲ့ အခါမှာ သူတို့ရဲ့ ကွာခြားချက်ကြောင့် ကိုယ်လုံခြုံရေးကို သတိထားပြီး ၁၀ လုံးလောက်တော့ ထားရမယ်ဆိုတာကို သတိထားမိသွားပါတယ်။ ဒါကြောင့် မိတ်ဆွေ တို့လဲ password ကိုထားတဲ့ အခါမှာ ၁၀ လုံးလောက်တော့ ထားသင့်ပါတယ်။

ဒါနဲ့ ကျွန်တော်ပြောသလို ကျွန်တော်လဲ ၁၀လုံးလောက် password ထားဖို့ မရှိဘူးဆိုတော့ ဘယ်လိုထားရမလဲဆိုရင်....

ဥပမာ ကိုယ့်က password ကိုအရင်က itresharesite လို့ပေးထားတယ်.ဆိုရင် iTrEsHaReSiTE စတာမျိုးပြီးတော့ +×-(*)&^%$#@!~`?/ ဒါမျိုးတွေကိုလဲထည့်ပေးရင် ပိုပြီးတော့ hacker တွေအတွက် ခက်မှန်းရခက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်မှာသာ တာဝန်ရှိပါကြောင်း.. ပြန်လည်ဝေမျှလိုက်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

သင့်ရဲ့ Password ကို ဘယ်လိုကာကွယ်မလဲ

သင့်ရဲ့ Password တွေကို Hacker တွေက ဘယ်လိုခိုးလဲ ? ဘယ်လိုကာကွယ်မလဲ ?

ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )

မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..

password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
ဒုတိယနည်း ( remember password မလုပ်နှင့် )

ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. hack မယ့်သူကရှာနိုင်ပါတယ် .

. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ
...
တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )

တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ .. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် .. ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့ အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..

Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
နည်းပညာ-ကိုညီ
>>>ဆက်ဖတ်ရန်>>> >>

face book အကောင့်ဖျက်နည်း

face book အကောင့်ဖျက်နည်း
 https://www.facebook.com/help/contact.php?show_form=delete_account

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........


ပေါ်လာတဲ့ထဲက Submit ကိုကလစ်ပါ.............. နောက်ထပ်ပေါ်လာတဲ့အထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါက သင်ရဲ့အရှုပ်ထုတ်ဖြစ်နေတဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ.............
>>>ဆက်ဖတ်ရန်>>> >>

အောင်လံတော် ခင်စိန်

အောင်လံတော်ခင်စိန်၏ ငယ်နာမည်မှာ မောင်ခင်ဖြစ်သည်၊ မြောင်းတကာဇာတိဖြစ်သော်လည်း ငယ်စဉ်က (စက္ကင်းအောင်မောင်း)မင်းသားဘ၀ကပင်နတ်တလင်းမြို့သို့ရောက်လာပြီးသာစည်တန်းဦးထွန်းအောင်ဇံ +ဒေါ်ကျော့တို့ကမွေးစား၍မင်းသားအဖြစ်ဇတ်ထောင်လေသည်။နာမည်ကျော်ကြားစပြုလာသော အခါ ရွှေတောင်မြို့နေ ဦးလူကလေး က အောင်လံတော်ခင်စိန်ဟုအမည်ပေး၍ စိန်ဗေဒါ၊ ဦးဘမောင်စသော ဆိုင်းဆရာကြီးများနှင့်တွဲဖက်၍ဇတ်သဘင်အဖွဲ့ကြီးကိုတည်ထောင်ခဲ့သည်၊ထိုအခါ စက္ကန်းအောင်မောင်း (ခေါ်)အောင်လံတော်ခင်စိန်သည်မြန်မာပြည်၏နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်လာသည်၊ အောင်လံတော် ခင်စိန်သည် အပြော၊ အဆို၊ အငို ကောင်းသော ဇတ်မင်းသားတစ်ဦးဖြစ်သည်၊ မင်းသားကြီးအဖြစ် တက္က သိုလ်စိန်အဖွဲ့တွင် ပါဝင်ကပြခဲ့ပြီး မင်္ဂလာဒုံမြို့တွင် နေထိုင်သွားခဲ့သည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ပန်းချီ အုန်း

ပန်းချီအုန်းသည် နတ်တလင်းမြို့၊ ပြည်လမ်းတွင်နေထိုင်၍ နတ်တလင်းမြို့၊ ပေါင်းတည်မြို့နယ်များ၏ အလှူ မင်္ဂလာ၊ စတိတ်ရှိုးအခမ်းအနားဟူသမျှ သူ၏လက်ရာနှင့်မကင်းဘဲ ပန်းချီဒီဇိုင်းများ ရေးဆွဲလျှက်ရှိသည်၊ နတ်တလင်းမြို့၊ ပေါင်းတည်မြို့နှင့် ဇီးကုန်းမြို့နယ်တ၀ိုက်တွင် နာမည်ကျော်ကြားသော ပန်းချီအနုပညာရှင် တစ်ဦးဖြစ်ပေသည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ဆရာကြီး ဦးတင်မောင်

ဦးတင်မောင်သည် ငယ်စဉ်ကပင် ပန်းချီဝါသနာပါ၍ ဇွဲသန်သန်ဖြင့် ရေးဆွဲလာရာ နိုင်ငံကျော် ပန်းချီ၊ ပန်းပုဆရာကြီးတဦးဖြစ်လာသည်၊ဆရာကြီးဦးတင်မောင်သည် ပန်းချီပန်းပုအသင်းဝင်၊ ပန်းချီပန်းပုကောင်စီ ၀င်လုပ်သားတစ်ဦးဖြစ်သည်၊ ဆရာကြီး၏ ပန်းချီကားချပ်များကို ပန်းချီကောင်စီမှတဆင့်နိုင်ငံခြားမှဝယ်ယူ လျှက်ရှိသည်၊ ဆရာကြီးထုလုပ်သော ပန်းပုလက်ရာများသည်လည်း ကောင်းမွန်ပြောင်မြောက်လှသည်၊ ဆရာကြီးသည် အသက် ၇၀ ကျော်သည်အထိ ၀ါသနာအလျှောက် လယ်ယာကို တဘက်က လုပ်ကိုင်ရင်း ပန်းချီပန်းပုများကို ရေးဆွဲထုလုပ်လျှက်ရှိခဲ့သည်။ ဆရာကြီးသည် နတ်တလင်းမြို့၊ သကျမဟာမြတ်မုနိ ဘုရားကြီး၏ တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံလွှတ်ပွဲနှင့် ပြိုင်ပွဲများကို ငယ်စဉ်မှစ၍ ကြီးကြပ်ဆောင်ရွက် လျှက်ရှိသည်၊ မီးပုံးပျံလုပ်နည်းများကိုလည်း သင်ကြားပေးလျက်ရှိသည်၊ နတ်တလင်းမြို့၊ ဇီးကုန်းကလေး ရပ်ကွက်တွင် နေထိုင်သွားခဲ့သည်။
မှတ်ချက်-
               မီးပုံးပျံ ကိုယ်တိုင်စီးပြသူ ဦးကျော်ရင်၏သား ဦးကျော်လင်းရေးသားခဲ့သည့် မှတ်တမ်းတွင် နာမည်ကြီး မီးပုံးပျံတင်မောင် ဖြစ်သည်။


မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

မောင်စိတ္တ

မောင်ခင်မောင်ဝင်း(ခေါ်)မောင်စိတ္တသည် နတ်တလင်းမြို့ ဂီတာဦးအေးသွယ်+ဒေါ်မြမြတို့၏သားဖြစ်သည်။ စိုက်ပျိုးရေးဒုတိယနှစ်တွင် ကျောင်းမှထွက်၍ မိုးဝင်းဇတ်တွင်ရှေ့ပိုင်းပြဇတ် ဇတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ အဖြစ်ဆောင်ရွက်ရင်း နာမည်ကျော်ကြားခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

အကယ်ဒမီထွန်းဝေ(ခ)ဦးထွန်းရှိန်

 ငယ်နာမည်မောင်ထွန်းရှိန်(ခေါ်)အကယ်ဒမီမင်းသားကြီးဦးထွန်းဝေသည်နတ်တလင်းမြို့၊ပြည်လမ်းနှင့်တာပွန် လမ်းထောင့်ရှိ ဦးကျင်+ဒေါ်( -)တို့မှဖွားမြင်သောသားတစ်ဦးဖြစ်သည်။
 မောင်ထွန်းရှိန်ငယ်စဉ်ကဆရာဦးဘိုးတွဲ့ကျောင်းတွင်နေ၍ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါဂျပန်များ ဗမာပြည်သို့ဝင်လာသဖြင့်၎င်းတို့မိသားစုသည်တရုတ်ပြည်သို့သွားရောက်ခိုလုံကြသည်၊စစ်ပြီးသော်ပြန်လာ ပြီးမောင်ထွန်းရှိန်သည်ကုန်သည်လုပ်ရင်းတဘက်ကဓာတ်ပုံဆရာလုပ်ကိုင်သည်၊ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ ၌ဓာတ်ပုံဆရာလုပ်ရင်း'ဖူးစားနှစ်ခိုင်'တွင်ဒုတိယဇတ်လိုက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည်၊စာရေးဆရာသာဓု၏ တဇောက်ကန်းဝတ္တူကို 'ဗိုလ်မြဒင်'ရုပ်ရှင်ကားအဖြစ်ရိုက်ကူးရာပထမဇတ်လိုက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ သည်၊ထိုနောက်တစတစနာမည်ကျော်ကြားလာကာရုပ်ရှင်အနုပညာသရုပ်ဆောင်မှုအထွတ်အထိပ်ဖြစ်သော အကယ်ဒမီဆုကိုရရှိသည်၊ဘောက်ထော်တွင်နေထိုင်လျှက်ရုပ်ရှင်များ၊ ရေဒီယိုတိတ်ခွေဇတ်လမ်းများတွင် အများဆုံးပါဝင်သရုပ်ဆောင်လျှက်ကျော်ကြားသော အနုပညာရှင်ကြီးတစ်ဦးဖြစ်သည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ထူးထူးခြားခြားသမိုင်းတွင်သည့် နေ့တနေ့

နတ်တလင်းမြို့၏ ထူးထူးခြားခြား သမိုင်းတွင်သောနေ့
 ၁၉၆၀ပြည့်နှစ်သည်နတ်တလင်းမြို့အတွက်အလွန်ထူးခြားသောနှစ်ဖြစ်လေသည်၊ထိုနှစ်တွင်နတ်တလင်းမြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင်ပွဲတော်ကို နေ့ပွဲညပွဲအစုံအလင်ဖြင့်ခြိမ့်ခြိမ့်သဲမျှစည်ကား သိုက် မြိုက်စွာကျင်းပသည်၊ထိုတန်ဆောင်တိုင်ပွဲတော်မှာသုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသောမြတ်ဗုဒ္ဓဓာတ်တော်နှင့် စွယ်တော်လှည့်လည်အပူဇော်ခံပွဲနှင့်လာရောက်တိုက်ဆိုင်သည်၊ထိုနှစ်တန်ဆောင်တိုင်မှာပင်နတ်တလင်း မြို့နယ်လူထုတစ်ရပ်လုံး၏အလှူငွေများဖြင့်တည်ဆောက်သောပြည်သူ့ဆေးရုံသစ်ကြီး ကို အခမ်းအနားဖြင့် ဖွင့်လှစ်သည်၊ထိုမျှထူးခြားသောနှစ်တွင်ကျွန်တော့်အနေဖြင့်နတ်တလင်းမြို့နယ်၌ မီးပုံးပျံစီးပြခွင့်ရခဲ့သည် မှာ ကျွန်တော့်အဖို့(ဦးကျော်လင်း) အလွန်ကံထူးသည်ဟု ဆိုရပေမည်။
 ကျွန်တော်သည်၁၉၂၉ခုနှစ်ကထားဝယ်မြို့ပေါ်၌ပေါ်ပီဒေး(ပထမကမ္ဘာစစ်စစ်ပြေငြိမ်းအထိမ်းအမှတ်နေ့) ရန်ပုံငွေအတွက်ကျွန်တော်၏ကျေးဇူးရှင်ဖခင်ဦးကျော်ရင်မီးပုံးပျံစီးပြစဉ်ကဖခင်နှင့်အတူလိုက်၍စီးခဲ့ဖူးသည်၊ ထိုသို့စီးခဲ့ဖူးခြင်းကြောင့်၁၉၆၀ပြည့်နှစ်တွင်နတ်တလင်းမြို့၌ကျွန်တော်မီးပုံးပျံစီးပြရန်အကြောင်းဖန်လာခြင်း
 ဖြစ်လေသည်။
 ၁၉၂၉ခုနှစ်ထားဝယ်မြို့၌ဖခင်နှင့်အတူမီးပုံးပျံစီးစဉ်ကကျွန်တော်သည်ထားဝယ်မြို့အစိုးရအထက်တန်း ကျောင်း ၉တန်း၌ပညာသင်ကြားလျှက်ရှိ၍အသက်မှာ၁၆နှစ်ပင်မပြည့်တတ်သေးပေ၊အမှန်မှာထိုနေ့(၁၉၂၉ခု၊ နိုဝင် ဘာလ၆ရက်နေ့)ကကျွန်တော်စီးလိုက်မည့်အကြောင်းကိုမည်သူမျှမသိကြချေ၊ ဖခင်နှင့်အတူစီးလိုက်လိုကြောင်းကျွန်တော်ကပြောကြည့်ခဲ့ရာဖခင်ကခွင့်မပြုသောကြောင့်ကျွန်တော်စီး ဖြစ် မည်မဖြစ်မည်ကိုကျွန်တော်ကိုယ်တိုင်ပင်မသိပေ၊သို့သော်ထိုနေ့နံနက်တွင်ကျွန်တော်ကအတန်တန်ပူဆာ သောကြောင့် နောက်ဆုံး၌ ဖခင်ကလိုက်လျော၍သာ ကျွန်တော်ပါ အတူစီးဖြစ်သွားခြင်းဖြစ်ပေသည်။
 ထိုအချိန်ကကျွန်တော်တွင် ဖခင်အားကိုးဖြင့်အတူစီးလိုက်လိုသည့် ဆန္ဒကလွဲ၍ အခြားထူးထူးခြားခြားဘာ ရည်ရွယ်ချက်မျှမရှိချေ၊ ထိုကြောင့်လည်း ၁၉၅၉ ခုနှစ်တွင် နတ်တလင်းတန်ဆောင်တိုင်ပွဲကော်မတီမှ ဖခင် ဦးကျော်ရင်ကဲ့သို့လူကိုယ်တိုင်မီးပုံးပျံစီးပြနိုင်မည့်သူကိုဆုငွေတစ်ထောင်ချီးမြှုင့်မည်ဟုသတင်းစာမှကြော်ငြာ ၍ ဖိတ်ခေါ်ခဲ့စဉ်က ကျွန်တော့်အနေဖြင့် မည်သို့မျှမတုံ့ပြန်ခဲ့ပေ။
 နတ်တလင်းမြို့သည် ထိုအချိန်က နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်၌ စက္ကူမီးပုံးပျံလွှတ်ပွဲများကို ဆုများပေး၍ အပြိုင်အဆိုင်ကျင်းပခြင်းဖြင့် အလွန်နာမည်ကြီးသောမြို့ဖြစ်သည်၊ နေ့ဘက်တွင် ဆင်ရုပ်၊ ကျားရုပ်၊ နွားရုပ်၊ မီးကျောင်းရုပ်၊စသည်ဖြင့်မီးပုံးပျံများကိုပုံစံအမျိုးမျိုးပြုလုပ်၍ယှဉ်ပြိုင်ကြရသည်၊ညဥ့်ဘက်တွင်မူမီးပုံးပျံအောက် မှချိတ်ဆွဲလိုက်သောပုံတောင်တွဲခေါ်မီးပုံးကလေးများကိုပြာဿဒ်ပုံ၊စေတီပုံ၊ကြယ်ပုံစသည်ဖြင့်ပုံစံအမျိုးမျိုးပြု လုပ်ရုံမကမီးပုံးပျံတက်နေစဉ်အတွင်းပုံစံနှစ်မျိုးသုံးမျိုးပြောင်းစေခြင်းဖြင့်ယှဉ်ပြိုင်ကြသည်၊ ထိုမီးပုံးပျံပြိုင်ပွဲသို့ အခြားမြို့နယ်များမှ ၀ါသနာရှင်များပင် လာရောက်ယှဉ်ပြိုင်ကြသည်။
 သို့ရာတွင် ၁၉၅၉ ခုနှစ်သို့ရောက်သောအခါ နတ်တလင်းမြို့မှ တန်ဆောင်တိုင်ကော်မတီလူကြီးများသည် စက္ကူမီးပုံးပျံလွှတ်ပွဲကျင်းပရုံဖြင့်မကျေနပ်နိုင်ဘဲကျွန်တော်၏ဖခင်ဦးကျော်ရင်ကဲ့သို့လူကိုယ်တိုင်စီးပြသော မီးပုံးပျံကို လွှတ်တင်နိုင်အောင် ကြိုးပမ်းလာကြသည်။
 ကျွန်တော်၏ဖခင် ဦးကျော်ရင်သည် လက်ပံတန်း၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ စသောရန်ကုန်-ပြည်လမ်း တလျှောက်ရှိမြို့များ၌ အကြောင်းအားလျှော်စွာ မီးပုံးပျံစီးပြခဲ့ဖူးသော်လည်း နတ်တလင်းမြို့၌ စီးပြရန် အခွင့် မကြုံခဲ့ပေ၊ ထို့ကြောင့်နတ်တလင်းမြို့မှ တန်ဆောင်တိုင် ကော်မတီလူကြီးများသည် နတ်တလင်းမြို့၌ လည်း လူကိုယ်တိုင်စီးပြသည့်မီးပုံးပျံလွှတ်ပွဲကိုဆင်နွဲနိုင်ရန်အတွက် ၁၉၅၉ ခုနှစ်တွင် သတင်းစာမှနေ၍ စီးပြနိုင်မည့်သူကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်လေသည်။
 ထိုဖိတ်ခေါ်ချက်ကိုကျွန်တော့်အနေဖြင့်တုံ့ပြန်ခဲ့ခြင်းမရှိသော်လည်းနောင်သိရသည်မှာကျွန်တော်၏ ဖခင် ဦးကျော်ရင်ကဲ့သို့မီးပုံးပျံစီးပြနိုင်သည်ဆိုသူတစ်ဦးထွက်ပေါ်လာခဲ့သည်၊ ထိုပုဂ္ဂိုလ်၏ အကြံပေးချက်အတိုင်း မီးပုံးပျံကိုပိတ်အုပ်ခြောက်အုပ်ခန့်ချုပ်လုပ်သည်၊မီးပုံးပျံစီးပြရန်ကြေငြာထားသည့်နေ့၌လာရောက်ကြည့်ရှု့ ကြသောပရိသတ်မှာမနည်းလှဟုဆို၏၊သို့ရာတွင်မီးပုံးပျံကိုမှိုင်းသွင်းသောအခါမီးပုံးပျံမှာအရွယ်သေးငယ်ခြင်း၊ မှိုင်းသွင်းပုံးနည်းလမ်းမကျခြင်း၊ထို့ကြောင့်မှိုင်းသွင်းနေစဉ်မှာပင်ပိတ်သားတွင်စွဲကပ်သောမှိုင်းအလေးကြောင့် အိကျလာသဖြင့် နောက်ဆုံး၌ လက်လျှော့လိုက်ရသည်ဟုသိရသည်။
 ထိုကြောင့်လူကိုယ်တိုင်မီးပုံးပျံစီးပြမည့်ကိစ္စကိုမဖြစ်မနေကြိုးစားလျှက်ရှိသောနတ်တလင်းမြို့မှ တန်ဆောင် တိုင်ကော်မတီလူကြီးများသည်နောက်နှစ်၁၉၆၀ပြည့်နှစ်တွင်နတ်တလင်းမြို့သားဖြစ်သူဦးကျော်ရိုး(သွေးသောက် မဂ္ဂဇင်းပိုင်ရှင်နှင့်အယ်ဒီတာဦးပြည့်စုံ)မှတဆင့်ဦးကျော်ရင်၏သားမှန်းသိထားသောကျွန်တော့်ညီဦးကျော်ဆန်း ကာတွန်း(ကဆ)ထံချည်းကပ်လာကြသည်၊ကျွန်တော်၏ညီမှနေ၍တဖန်ဖခင်နှင့်အတူမီးပုံးပျံစီးခဲ့ဖူးသော ကျွန်တော့်ထံသို့ ရောက်ရှိလာကြသည်။
 ထိုအချိန်ကကျွန်တော်၏ညီကာတွန်းဦးကျော်ဆန်းသည်မြန်မာ့အလင်းသတင်းစာတိုက်တွင် လက်ထောက် အယ်ဒီတာအဖြစ်အမှုထမ်းလျှက်ရှိ၍ ကျွန်တော်ကစာပေဗိမာန်တွင် လက်ထောက်စာတည်း အဖြစ်အမှုထမ်း လျှက်ရှိသည်၊ သို့ဖြင့်မှတ်မိသလောက် ၁၉၆၀ပြည့်နှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် နတ်တလင်းမြို့ မှတန်ဆောင်တိုင်ကော်မတီလူကြီးများဖြစ်ကြသောဦးဘိုးကျင်နှင့်ဦးကျင်တို့သည် ဦးကျော်ရိုး၊ ကျွန်တော့်ညီ ဦးကျော်ဆန်းတို့နှင့်အတူ ကျွန်တော်ရှိရာ စာပေဗိမာန်သို့ရောက်ရှိလာကြ ပြီးလျှင် မီးပုံးပျံလွှတ်မည့်ကိစ္စကို ရင်းရင်းနှီးနှီးဆွေးနွေးကြသည်၊ကျွန်တော်ကမီးပုံးပျံချုပ်လုပ်ရန်လွှတ်တင်ရန်ကိစ္စအ၀၀ကိုကူညီရန်အာမခံ၍ စီးပြနိုင်မည့်သူကိုမူမိမိတို့ဘာသာရှာကြရန်အကြံပေးလိုက်သည်၊ နတ်တလင်းမြို့မှကော်မတီလူကြီးများ အနေဖြင့်ကား ကျွန်တော်ကိုယ်တိုင်စီးပြစေလိုသော ဆန္ဒရှိကြသည်။
 နတ်တလင်းမြို့မှကော်မတီလူကြီးများပြန်သွားသောအခါကျွန်တော်သည်ချုပ်လုပ်မည့်မီးပုံးပျံအတွက်အသေး စိတ်ပုံးစံများရေးဆွဲယင်းကျန်ခဲ့သည်၊ကျွန်တော့်ဖခင်ပထမချုပ်လုပ်သောမီးပုံးပျံမှာကိုက်၄၀ရှိလှသင်္ဂီပိတ် အုပ်ပေါင်း၂၄အုပ်ဖြင့်သံပုရာသီး၊ရှောက်သီးပမာအမြောင်းလိုက်စပ်၍ချုပ်လုပ်ထားကာထက်-အောက်လုံးပတ် အတောင်၁၀၀၊အမြင့်အတောင်၃၀ခန့်ရှိ၍ထုထည်ကုဗပေ၃၂၀၀၀ခန့်ရှိပေမည်၊မီးပုံးပျံကြီးမှာအလွန်ကြီးမား ၍တက်အားလည်းအလွန်ကောင်းသည်၊လူသုံးလေးယောက်အသာကလေးသယ်ဆောင်သွားနိုင်လောက် အောင် အားရှိသည်။
 ယခုကျွန်တော်စီစဉ်ချုပ်လုပ်မည့် မီးပုံးပျံကို အကုန်အကျလည်းနည်း၍ လူတစ်ယောက်ကိုလည်း ကောင်းစွာ သယ်ဆောင်နိုင်လောက်အောင်အရွယ်ငယ်စေလိုသည်၊ထိုကြောင့်ပုံကြမ်းအမျိုးမျိုးရေးဆွဲ၍ပုံစံထုတ်ရာနောက် ဆုံးတွင်ပိတ်အုပ်၁၃အုပ်ခန့်ဖြင့်ချုပ်လုပ်၍လုံးပတ်ပေ၁၁၀၊အမြင့်၃၀ပေခန့်နှင့်ထူထည်ကုဗပေ၁၆၄၀၀ ခန့် ရှိမည်ဖြစ်သောမီးပုံးပျံပုံစံကိုထုတ်လုပ်ရရှိသည်၊ထုထည်အားဖြင့်ကျွန်တော့်ဖခင် မီးပုံးပျံ၏ထက်ဝက်ခန့် ရှိမည်ဖြစ်၍ လူတစ်ယောက်ကိုကောင်းစွာသယ်ဆောင်နိုင်မည်မှာ သေချာသည်။
 နောက်လေးငါးရက်ခန့်အကြာတွင် နတ်တလင်းမြို့မှ ကော်မတီလူကြီးများ ဒုတိယအကြိမ်ပြန်လာကြသော အခါဦးကျော်ရိုးနှင့်အတူ ဦးသူငယ်နှင့်အတူမီးပုံးဝိဇ္ဇာဦးတင်မောင်လည်း ပါလာသည်၊ ဦးတင်မောင်မှာ ထိုအချိန်က မီးပုံးပျံများကို ပုံစံအမျိုးမျိုးပြုလုပ်လွှတ်တင်ရာ၌ ပြိုင်ဘက်ကင်းသူဖြစ်၍ သူ့ကိုယှဉ်ပြိုင်ခြင်း မပြု စေတော့ဘဲအကဲဖြတ်လူကြီးများအဖွဲ့တွင် ပါဝင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။
 မီးပုံးပျံချုပ်လုပ်မည့်ကိစ္စအသေးစိတ်ကို တိုင်ပင်စီစဉ်ကြပြီးနောက် ပိတ်အုပ်နှင့်ကြိုးများကို ကျွန်တော်တို့ အတူတကွလိုက်ဝယ်ကြသည်၊ ကော်မတီလူကြီးများက ဖြစ်နိုင်လျှင် ကျွန်တော်ကိုယ်တိုင်စီးပြလိုသောဆန္ဒ ကိုထပ်မံပြောကြားသည်၊ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော့်အနေဖြင့် ထိုအချိန်တွင် ကိုယ်တိုင်စီးသင့် မစီးသင့်စဉ်းစားနေပြီဖြစ်သည်၊ သို့သော်ချီတုံချတုံဖြစ်ဆဲမို့ ယတိပြတ်အဖြေမပေးသေးဘဲ စဉ်းစားမည်ဟု သာမတင်မကျပြန်ကြားလိုက်သည်။
 ကော်မတီလူကြီးများနတ်တလင်းပြန်သွားကြပြီးနောက်မီးပုံးပျံကိုအချိန်မှီပြီးစီးအောင်မီးပုံးဝိဇ္ဇာဦးတင်မောင် ကိုယ်တိုင်ဦးစီးပြီးအပူတပြင်းချုပ်လုပ်နေပြီဖြစ်ကြောင်းသတင်းရရှိသောအခါကျွန်တော့်ခေါင်း ထဲသို့အတွေး တခုဝင်ရောက်လာသည်၊မီးပုံးပျံကိုကျွန်တော်စီစဉ်ပေးလိုက်သည့်အတိုင်းချုပ်လုပ်နေပြီမီးပုံးပျံလွှတ်မည့်နေ့ တွင် ကျွန်တော်ကိုယ်တိုင်သွားရောက်ကြီးကြပ်ဖို့လည်း စိတ်ကူးထားသည်။
 သို့ရာတွင် မီးပုံးပျံစီးပြသည့်ကိစ္စချောမောအောင်မြင်သွားလျှင်ဘာမှပြောစရာမရှိ၊ မီးပုံးပျံစီးသူမှာ ယခင်က အတွေ့အကြုံမရှိသဖြင့်အကယ်၍မတော်တဆခြေချော်လက်ချော်ဖြစ်သွားခဲ့သော်မီးပုံးပျံစီးပြသည့်ကိစ္စတစ်ခု လုံးမည်သို့ဖြစ်သွားမည်စိုးရိမ်စိတ်ဖြင့်အတွေးက ကျွန်တော့ခေါင်းထဲသို့ဝင်ရောက်လာသည်၊ ထိုကြောင့် ကျွန်တော်ကိုယ်တိုင်စီးမှအဆင်ပြေမည်ကိုဆင်ခြင်မိသည့်အတိုင်းကျွန်တော့်ဖခင်ဦးကျော်ရင် ကိုလည်းပြန် သတိရကြစေခြင်းငှာ ကျွန်တော်ကိုယ်တိုင်စီးပြဖို့ ယတိပြတ်ဆုံးဖြတ်လိုက်တော့သည်။
 ကျွန်တော်၏အတွေ့အကြုံအရပြောရလျှင်မီးပုံးပျံစီးပြမည့်သူသည်ရှေးဦးစွာသတ္တိအတော်အတန်ရှိဖို့တော့ လိုသည်၊ထိုနောက်ကျန်းမာရေးနှင့်ပြည့်စုံပြီးခြေလက်မြဲကာဖျက်လက်ဖို့လိုသည်၊ထိုနောက်သတိအလွန်ရှိဖို့ လိုသည်၊မီးပုံးပျံသည်မြေပြင်မှတက်စတွင်လိုက်ပါသူကိုရုတ်တရက်အရှိန်ဖြင့်ဆောင့်ဆွဲသွားတတ်သည်၊ ထိုနောက်အနီးပတ်ဝန်းကျင်တွင်အဆောက်အဦများ၊သစ်ပင်များရှိကလေပင့်ရာပါပြီး ရိုက်ခတ်မိတတ်သည်၊ အရေးအကြီးဆုံးမှာမြေပြင်သို့ပြန်ကျလာချိန်တွင်ဖြစ်၏၊မီးပုံပျံတွင် မှိုင်းများက ခပ်ဖြည်းဖြည်းကျလာတတ်၍ မှိုင်းနည်းက လျင်မြန်စွာကျလာတတ်သည်။
 တဖန်လေဆောင်ရာသို့လိုက်ပါရသည့်အတိုင်းမြေကြီးပေါ်သို့ကျမည်လော၊ခေါင်မိုးပေါ်ကျမည်လော၊သစ်ပင် ပေါ်ကျမည်လော၊ ရေထဲကျမည်လော၊ ဆိုသည်ကိုမည်သို့မျှကြိုတင်ပြီးမခန့်မှန်းနိုင်ပေ၊တဖန်မီးပုံးပျံသည်မြေပြင်ပေါ်ပြန်ကျလာသောအခါ မြေကြီး နှင့်ဆောင့်မိပြီး အပေါ်သို့ထန်းနှစ်ဖျားသုံးဖျားခန့်ပြန်တက်သွားလေ့ရှိသည်၊ထိုသို့ပြန်တက်စဉ်မီးပုံးပျံကိုတွဲထားရန်ကြိုးစား ပါကတရွတ်တိုက်ပါသွားလိမ့်မည်၊ထို့ကြေင့်မည်သည့်နေရာတွင်ကျသည်ဖြစ်စေ၊ မီးပုံးပျံနှင့်လိုက်ပါသွားသူ သည် ထိုနေရာ၌ ဖြစ်သည့် နည်းနှင့်နေရစ်ခဲ့ရန် သတိရဖို့အရေးကြီးပေသည်။
 ကျွန်တော်ကိုယ်တိုင် မီးပုံးပျံစီးပြဖို့ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်ညီဦးကျော်ဆန်းမှတဆင့် ဦးကျော်ရိုးထံအကြောင်းကြားလိုက်သည်၊ဦးကျော်ရိုးမှတဖန်နတ်တလင်းသို့တယ်လီဖုန်းဖြင့်သတင်းပို့လိုက်
 သောအခါနတ်တလင်းမြို့မှကော်မတီလူကြီးများအားလုံးဝမ်းမြောက်မဆုံးဖြစ်သွားကြောင်းသိရသည်၊ နောက် ရက်များမကြာမီမြန်မာ့အလင်းနှင့် ဗိုလ်တထောင်သတင်းစာများ၌ နတ်တလင်းတန်ဆောင် တိုင်ပွဲတော်တွင် ကျွန်တော်ကိုယ်တိုင် အဖခြေရာနင်းပြီး မီးပုံးပျံစီးပြမည့်သတင်း ပါလာသည်။
 ကျွန်တော်သည်ထိုအချိန်တွင်အသက်အားဖြင့်၄၆နှစ်ကျော်ရှိနေပြီ၊ငယ်စဉ်ကဘောလုံးသမားတစ်ယောက်ဖြစ် ကာဖခင်နည်းတူဂျွမ်းဘားဝါသနာပါသူဖြစ်သော်လည်းယခုအခါဘောလုံး၊ဂျွမ်းဘားတို့နှင့်အဆက်ပြတ်နေသည် မှာအတော်ကြာသွားလေပြီ၊ထို့ကြောင့်ကိုယ်တိုင်မီးပုံးပျံစီးပြဖို့ဆုံးဖြတ်လိုက်ပြီးသည့်နေမှစ၍ ကျွန်တော် သည်အတန်ပြန်လည်ဖျက်လတ်လာစေရန်အတွက်ကျန်းမာရေးလေ့ကျင့်ခန်းများကိုအိမ်ထဲ၌အပြင်းအထန်
 လေ့ကျင့်ရတော့သည်။
 နတ်တလင်းမြို့၌ နိုဝင်ဘာလ၂ရက်၊(၁၃၂၂ခုတန်ဆောင်မုန်းလပြည့်)ဗုဒ္ဓဟူးနေ့တွင်မီးပုံးပျံစီးပြရန် သတ် မှတ်ပြီးဖြစ်သည့်အတိုင်းကျွန်တော်သည်ကျွန်တော်၏သမီးမြို့မအမျိုးသမီးအထက်တန်းကျောင်း ကျောင်းသူ (၂)ယောက်၊ ညီဦးကျော်ဆန်းတို့နှင့်အတူ နတ်တလင်းမြို့သို့ အောက်တိုဘာလ ၃၁ ရက်နေ့ညဥ့်ရထားဖြင့် လိုက်ပါသွားကြသည်။
 နတ်တလင်းဘူးတာတွင် တန်ဆောင်တိုင်ကော်မတီလူကြီးများ လာရောက်ကြိုဆိုနေကြ၍ ကျွန်တော်တို့ကို ပန်းတိမ်ဆရာကြီးဦးအေးမောင်နေအိမ်၌ တည်းခိုနေထိုင်ရန်နေရာချထားသည်၊ ကြိုတင်စီစဉ်ထားသည့် အတိုင်း မီးပုံးပျံစီးမပြမီတစ်ရက်အလို နိုဝင်ဘာလ ၁ ရက်နေ့နံနက်တွင် သကျမဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်ရှိအစိုးရအထက်တန်းကျောင်းဝင်းအတွင်း၌မီးပုံးပျံကိုမှိုင်းအ၀သွင်းကြည့်ရာစိတ်ကျေနပ် လောက် အောင် ကောင်းစွာ အောင်မြင်သည်ကိုတွေ့ရသည်။
 နောက်နေ့ နိုဝင်ဘာလ ၂ ရက် (တန်ဆောင်မုန်းလပြည့်နေ့ )နံနက် ၈ နာရီကျော်လောက်တွင်မီးပုံးပျံစီးပြ မည့်ကွင်းထဲသို့ ကျွန်တော်တို့ရောက်ရှိသွားသောအခါ ကြည့်ရှုရန်လာသောပရိသတ်မှာ အတော်များများ ပင် ရောက်ရှိနေကြပြီ၊
 မီးပုံးပျံကို မှိုင်းသွင်းရန် ပြင်ဆင်ထားပုံမှာ ဤသို့ဖြစ်၏၊ လူတစ်ရပ်ခန့်မြင့်သော မှိုင်းပုံးပျံကို ကွင်းအလယ် ၌ တည်ထားပြီးလျှင် မှိုင်းပုံးနှင့် မီးပုံးပျံပိတ်သား မထိမိစေရန် အတွက် မှိုင်းပုံးအပေါ်တွင် ၀ါးလုံးကြီးများဖြင့် ဗူးစင်သဖွယ် စင်တစ်ခု၊ ဆောက်လုပ်ထားသည်၊ မီးပုံးပျံ၏ ဒွါရ (မှိုင်းခံမည့်အ၀)ကို မှိုင်းပုံးပေါ်ဇွတ်ထားပြီး မီးပုံးကိုယ်ထည်ကို မှိုင်းစင်ပေါ်၌ ဖြန့်ထားသည်၊မီးပုံးပျံ၏ထိပ်ကို နံဘေးတစ်ဘက်တစ်ချက်မလှမ်းမကမ်း၌ စိုက်ထူထားသော ၀ါးပိုးတိုင်နှစ်လုံး၏ထိပ်မှစက်သီးကြိုးများဖြင့် ဆွဲတင်ထားသည်၊ မီးပုံးပျံ၏ ဒွါရကို မြေစိုက် ကြိုးများဖြင့် ထိမ်းထား၍ ယင်းတို့ကို အလွယ်တကူ ဖြုတ်နိုင်အောင် ခေါက်တုပ်အရှင်ချည်ထားသည်။
 မီးပုံးပျံလွှတ်မည့်ကွင်းတ၀ိုက်ကို စစ်ဖက်၊ ရဲဖက်၊ မီးသတ်ရဲဘော်နှင့် ကြက်ခြေနီအဖွဲ့သားများ စောင့်ကြပ် လျှက်ရှိပြီးဆရာဝန်ကြီးများနှင့်တခြားတာဝန်ရှိပုဂ္ဂိုလ်များလည်းရောက်နှင့်နေကြသည်၊မီးပုံးပျံကျရာသို့မော် တော်ကား၊ မြင်းလှည်းများဖြင့်လိုက်ရန်လည်း အသင့်ပြင်ထားကြောင်း သိရသည်၊ ဒိုး ပတ်ဝိုင်းက တနေရာမှနေ၍ မြူးကြွကြွတီးမှုတ်လျှက်ရှိလေသည်၊
 ရာသီဥတုမှာသာယာလျှက်ရှိ၍လေလည်းငြိမ်သဖြင့်မှိုင်းသွင်းရန်အကောင်းဆုံးအခြေအနေကို ဖန်တီးလျှက် ရှိသည်၊ ထိုကြောင့် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် မှိုင်းပုံးအတွင်း ရေနံခွက်ထဲရှိ ရေနံချေးစိမ် ထားသော ဂုန်နီအိတ်အပိုင်းအစများကိုမီးရှို့ပေးခြင်းဖြင့်မီးပုံးပျံကိုမှိုင်းဝ၍သွင်းလေသည်၊ကျွန်တော့်ညီဦးကျော်ဆန်း နှင့် အတူဦးဘိုးကျင်၊ဦးသူငယ်၊ဦးတင်မောင်၊စသည်တို့ကအစစအဆင်ပြေအောင် ကြီးကြပ်ဆောင်ရွက်လျှက်ရှိ သည်။
 မီးပုံးပျံသည် တဖြည်းဖြည်းကြွတက်လာသည်နှင့်အမျှ မီးပုံးပျံ၏အိမ်ကို အပေါ်သို့ဆွဲတင်ပေးရသည်၊ မှိုင်းပုံး အတွင်းရှိရေနံခွက်ထဲသို့ရေနံချေးကိုတခွက်ပြီးတခွက်လောင်းထည့်ပေးနေရသည်၊မှိုင်းပုံးရှိ လေ၀င်ပေါက်ကို ဖွင့်ထားရာမီးမှာအရှိန်ပြင်းစွာဖြင့်တဟုန်းဟုန်းတောက်လောင်လျှက်ရှိသည်၊မှိုင်းပုံးကို အပူရှိန်မပြင်းစေ ရန်ရေပိုက်များဖြင့်အဆက်မပြတ်ဆက်ပေးနေရ၍မီးပုံးပျံဒွါရပတ်လည်ရှိပိတ်သားကိုလည်း မီးမဟတ်နိုင်စေ ရန် ရေနာနာပက်ဖျန်းပေးနေရသည်၊
 မှိုင်းသွင်း၍၄၅မိနှစ်ခန့်ကြာသောအခါမှိုင်းများအန်လာ၍မီးပုံးပျံမှာရုန်းကန်စပြုလာသည်၊ထိုအခါ မှိုင်းစင်ကို ဖယ်လိုက်၍၀ါးပိုးတိုင်နှစ်လုံးကိုလှဲချလိုက်သည်၊မီးပုံးပျံကို မယိမ်းစေရန် မီးပုံးပျံထိပ်သို့ လေးဖက်လေးတန်မှ ကြိုးများဖြင့်ဆွဲထိန်းပေးထားရသည်၊မီးပုံးပျံမှာဧရာမသင်္ဘောသီးကြီးကိုမြေကြီးပေါ်၌မားမားမတ်မတ်ထောင် ထားသကဲ့သို့ရှိ၏၊ ပရိသတ်မှာများပြားလှ၍ တသိန်းခန့်ပင်ရှိမည်ဟု ခန့်မှန်းကြသည်။
 ၁၀နာရီမိနစ်၅၀ခန့်အချိန်ရောက်သောအခါမီးပုံးပျံမှာတအားရုန်း၍နေလေပြီ၊အားလုံးအသင့်ရှိကြရန် သတိပေးပြီးနောက် ကျွန်တော်သည်ရတနာသုံးပါး၊မိဘဆရာသမားများနှင့်သက်ကြီးရွယ်ကြီးများကိုလက် အုပ်ချီအာရုံပြုပြီးလျှင်မှိုင်းပုံးအနီး၂လံကွာလောက်၌ကျွန်တော်စီးလိုက်မည့်သံဘားတန်းကိုင်းကိုကိုင်၍ ရပ်နေလိုက်သည်၊မီးပုံးပျံဒွါရကိုထိန်းထားသောခေါက်တုပ်ကြိုးအရှင်များကိုကိုင်ထားသူများမှာအသင့်ဖြစ်
 နေကြလေပြီ။
 ကျွန်တော်သည်ထိုအချိန်ကစပို့ရှပ်အဖြူ၊ဘောင်းဘီတိုအဖြူ၊ခြေအိတ်အဖြူ၊ကင်းဘတ်ဖိနပ်အဖြူဖြင့်တင်း နစ်ကစားသမားတဦးပမာဝတ်ဆင်ထားသည်၊ငယ်စဉ်ကဖခင်နှင့်အတူမီးပုံးပျံစီး၍လိုက်ဖူးသည်ကိုအမှတ် ရပြီးကျွန်တော်သည်ဖခင်အားအထူးသတိရတမ်းတနေမိသည်၊ပရိသတ်အချို့မှာကျွန်တော်၏လှုပ်ရှားမှုကို ကြည့်ကာရွှင်ပြအားတက်လျက်ရှိသော်လည်းအချို့ကမှုစိုးရိမ်မကင်းသည့်မျက်နှာများဖြင့်ကြည့်နေကြဟန် ရှိပေသည်။
 ကျွန်တော်စီးလိုက်မည့်သံဘားတန်းကိုင်းကိုမီးပုံးပျံဒွါရတွင်ချည်ထားသောပေ၃၀ခန့်ရှိသည့်သံကြိုးအဆုံး၌ ချည်ထား၍ထိုကြိုးကိုကျွန်တော့်ရှေ့နား၌အလိုက်သင့်ခွေထားသည်၊သံဘားတန်းကိုင်းမှာငါးမူးလုံးဖြင့်ပြုလုပ် ထား၍အမြင့်၇ပေခွဲ၊အကျယ်၂ပေရှိသည်၊အပေါ်ဘက်တွင်ဂျွမ်းထိုးနိုင်ရန်ဘားတန်းတစ်ခုနှင့်အောက်ဘက်တွင် ရပ်လိုကရပ်၊ထိုင်လိုကထိုင်နိုင်ရန်ဘားတန်းတစ်ခုပါရှိသည်၊အပေါ်တက်စဉ်ဝှေ့ယမ်းပြရန်နိုင်ငံတော်အလံ ငယ်တစ်ခုကိုသံကိုင်းတွင်ချည်ထားပြီးပြန်အကျတွင်အလေးချိန်လျော့ချရန်အတွက်သဲအိတ်များချည်ထား သသည်၊ခေါင်မိုးပေါ်၊သစ်ပင်ပေါ်ကျပါကအသုံးပြုနိုင်ရန်ကြိုးတခွေကိုအသင့်ချည်ထား၍ရေထဲကျပါကဖော့ ကွင်းပမာအသုံးပြုနိုင်ရန်လေထိုးထားသောမော်တော်ကားကျွတ်တစ်လုံးကိုသံကိုင်းအောက်၌ချည်ထားသည် အမှန်မှာထိုအနီးတ၀ိုက်၌ရေထဲသို့ကျစရာအကြောင်းမရှိသော်လည်းကျွန်တော့်ဖခင်မီးပုံးပျံစီးသည့်အခါဆောင် ယူသွားလေ့ရှိပုံကိုသိမြင်ကြစေရန်သဏ္ဍန်လုပ်ပြခြင်းဖြစ်ပေသည်၊(ကျွန်တော်၏ဖခင်စီးစဉ်ကသဲအိတ်များနှင့် ကြိုးမပါပေ)။
 နောက်၃မိနစ်ခန့်အကြာတွင်အားလုံးအသင့်ဖြစ်သောအခါကျွန်တော်ကမှိုင်းထိုးနေသူအားအချက်ပြလိုက် သည်၊ထိုအခါမှိုင်းထိုးနေသူကရေနံရိုးရိုးနှစ်ခွက်သုံးခွက်ဆင့်၍လောင်းထည့်ပေးလိုက်ရာမှိုင်းပုံးအ၀မှနေ၍ မီးပုံးပျံအတွင်းသို့မီးစွယ်ကြီးတစ်ခုထိုးဝင်သွားပြီးလျှင်အားရှိပါးရှိရုန်းကန်လျှက်ရှိသောမီးပုံးပျံကိုထပ်ဆင့် တွန်းအားပေးလိုက်သည်။
 ကျွန်တော်သည်ဒူးကိုအနည်းငယ်ကွေးညွတ်ချလိုက်ပြီးပါးစပ်မှ'လွှတ်' ဟုအော်၍အချက်ပေးလိုက်သည်နှင့် တပြိုင်နက်ခေါက်တုပ်ကြိုးအရှင်ကိုင်ထားသူများကမိမိတို့ကြိုးစများကိုပြိုင်တူဆွဲဖြုတ်လိုက်ကြသည်၊မီးပုံးပျံ လည်းတဟုန်ထိုးတက်သွားတော့သည်၊ ကျွန်တော်သည်ရှေ့နားတွင်ခွေထားရာမှမီးပုံပျံနောက်လိုက်ပါ သွား သောကြိုးကိုအားရုံးစိုက်ကြည့်နေပြီးကြိုးတင်းလုသည်နှင့်တပြိုင်နက်တအားခုန်ကာဘားတန်းကိုစွဲ၍ လိုက်သွားရသည်၊ဒိုးပတ်သံနှင့်အတူပရိတ်သတ်၏လက်ခုပ်သြဘာသံများမှာ တကွင်းလုံးလျှံသွားတော့သည်
 ကျွန်တော်သည်နိုင်ငံတော်အလံကိုဝှေ့ယမ်းပြယင်းအောက်ဘားတန်းပေါ်တွင်ရပ်လျှက်လိုက်ပါသွားသည်၊ မီးပုံးပျံတက်သွားသောအခါဖခင်နည်းအတူအပေါ်ဘားတန်းပေါ်၌နောက်ဂျွမ်းပစ်၍လိုက်သွားရန်စိတ်ကူးထား သည်၊သို့သော်တကယ်တန်းတက်သွားသောအခါမီးပုံးပျံဆွဲစောင့်ရာသို့ရိပ်ကနဲရိပ်ကနဲပါလိုက်သွားသည်ကို ပိတိဖြစ်နေမိသည်ကတကြောင်း၊တမြို့လုံးကိုအပေါ်မှကြည့်ကောင်းကောင်းနှင့်ကြည့်နေမိ၍တကြောင်း၊ဂျွမ်း ပစ်ဖို့ပင်မေ့နေမိတော့သည်၊နောက်သတိရသောအခါမီးပုံးပျံမှာအမြင့်ဆုံးသို့ရောက်လု၍နေပြီသို့ရာတွင် ဘားတန်းပေါ်၌နောက်ဂျွမ်းတပတ်မျှပစ်လိုက်ပြီးဘားတန်းကိုခြေပြန်ချိတ်၍နေလိုက်သည်၊ထိုအမြင့်၌ကျွန်တော် ရုတ်တရက်လှုပ်ရှားသွားသည်ကိုမြင်လိုက်ရသောပရိသတ်အချို့ကကျွန်တော်ပြုတ်များကျလေသလောဟု စိတ်ပူမိသွားသေးကြောင်းနောက်တွင်သိရသည်။
 မီးပုံးပျံသည်တက်သည့်နေရာမှလေဆောင်ရာတောင်ဘက်သို့တရွေ့ရွေ့ပါလိုက်သွားသည်၊အမြင့်ဆုံးနေ ရာသို့ရောက်၍မီးပုံးပျံငြိမ်သွားသောအခါကျွန်တော်သည်ညီဦးကျော်ဆန်းရှိရာသို့အလံကိုလှုပ်ခါ၍အချက်ပြ လိုက်သည်၊ပြီးနောက်အသင့်ယူဆောင်သွားသောမောင်းပြန်မောင်းချထားဖြင့်သဲအိတ်တစ်လုံးကိုဖြုတ်ချလိုက် သည်ကျွန်တော့်ညီကအိတ်ကျစဉ်မြေပြင်ပေါ်ရောက်သည်အထိကြာသောအချိန်ကိုစကင်းနာရီခေါ်အချိန်မှတ် နာရီဖြင့်မှတ်ထားလိုက်သည်၊ထိုအချိန်မှာ၈စက္ကန့်ခန့်ကြာသဖြင့်မီးပုံးပျံအမြင့်သို့ရောက်သည့်အမြင့်မှာပေ ၁၀၀၀ကျော်ရှိကြောင်း၊တွက်ချက်ရရှိသည်။
 မီးပုံးပျံတက်မည့်ဆဲဆဲအချိန်တွင်နတ်တလင်းဘူတာသို့ပြည်ရထားဝင်လာနေသည်၊သို့ရာတွင်မီးရထားလမ်း တလျှောက်၌ပရိသတ်ပြည့်ကျပ်လျှက်ရှိသောကြောင့်ဘူတာသို့မ၀င်နိုင်ဘဲလမ်းခုလတ်တွင်ရပ်ထားလိုက်ရသည် ထို့ကြောင့်မီးရထားဖြင့်လိုက်ပါလာကြသူများသည်ကျွန်တော့်မီးပုံးပျံစီးပြသည်ကိုမြင်တွေ့သွားကြရသည်။
 မီးပုံးပျံသည်တဖြည်းဖြည်းပြန်ကျစပြုရာကျွန်တော်သည်အကျနှေးစေရန်သဲအိတ်များကိုတအိတ်ပြီးတအိတ်ဖြုတ် ချလိုက်သည်မီးပုံးပျံကျရာနောက်သို့လူတစ်ချိုးပြေးလိုက်လာနေသည်ကိုအပေါ်မှမြင်နေရသည်၊မီးပုံးပျံသည် စတက်သည့်နေရာမှ၃ဖာလုံခန့်အကွာလယ်ကွင်းထဲသို့ခပ်ဖြည်းဖြည်းပင်ပြန်ကျလာသည်မြေကြီးပေါ်အရောက် တွင်သံဘားတန်းကိုကျွန်တော်လက်လွှတ်လိုက်သည်မီးပုံးပျံမှာထုံးစံအတိုင်းမြေကြီးနှင့်စောင့်ပြီးနောက်ထန်းနှစ် ဖျားသုံးဖျားခန့်ပြန်တက်သွားသေးသည်။မီးပုံးပျံစတက်သည့်အချိန်မှပြန်ကျသည့်အချိန်အထိ၁၃မိနစ်ခန့်ကြာလေ သည်။
 လူတစ်ရပ်ခန့်မြင့်သောစပါးပင်များအကြား၌ကျွန်တော်မြုပ်နေသောကြောင့်ကျွန်တော့်နောက်သို့လိုက်လာ သူများကျွန်တော်ကိုရုတ်တရက်ရှာမတွေ့ဘဲဖြစ်နေကြသည်၊ကျွန်တော်အသံပြုလိုက်မှကျွန်တော်ရှိရာသို့ အပြေးလာကြပြီးလျှင်ကျွန်တော်တားနေသည့်အကြားမှကျွန်တော့်ကိုပခုံးပေါ်အတင်းထမ်းပြီးခေါ်ဆောင်လာ ကြသည်၊မူလကွင်းထဲသို့ပြန်ရောက်လာသောအခါပရိသတ်ကအောင်ပြီ-အောင်ပြီဟုဝမ်းပန်းတသာကြွေးကြော် ကြိုဆိုကြ၍ ကျွန်တော်ကလည်းအောင်ပြီ-အောင်ပြီဟုကြွေးကြော်ရင်းလိုက်ပါလာသည်၊ ၀မ်းသာအားရပြော ကြဆိုကြပြီးနောက်ကျွန်တော်တို့မိသားစုကိုဂျစ်ကားဖြင့်တင်ကာမြို့တစ်ပတ်လှည့်လိုက်ကြသေးသည်။
 နောက်နေ့နိုဝင်ဘာလ၃ရက်နေ့တွင်နတ်တလင်းပြည်သူ့ဆေးရုံသစ်ကြီးဖွင့်ပွဲနှင့်ကြုံကြိုက်လျှက်ရှိရာကျွန်တော် ကိုဧည့်ခံမဏ္ဍပ်အတွင်း၌သာယာဝတီအရေးပိုင်မစ္စတာမက်သယူးနှင့်အခြားဂုဏ်သရေရှိလူကြီးများရှေ့မှောက်၌ မီးပုံးပျံပုံပါသောရွှေတံဆိပ်ဖြင့်ချီးမြှင့်ဂုဏ်ပြုကြသည်၊တန်ဆောင်တိုင်ကော်မတီနှင့်သက်ဆိုင်ရာပုဂ္ဂိုလ်များက (နောက်နေ့မှာဟုထင်သည်)ကျွန်တော့်ကိုလက်ဖက်ရည်ပွဲဖြင့်ဂုဏ်ပြုချီးကျူးကြသည်၊ထိုဂုဏ်ပြုပွဲ၌ရန်ကုန်မြို့ ပညာ့အလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဦးဖြိုးကနတ်တလင်းနှင့်ဦးကျော်လင်း 'လင်းနှစ်လင်း'တိုက်နေသဖြင့် မုချ အောင်ရမည်ဟုတွက်ပြီးသားဖြစ်ကြောင်းပြောပြီးနောက်ကျွန်တော်အားနောက်နှစ်ခါတန်ဆောင်မုန်း-စီးလှည့်ပါအုံးဟုဖိတ်မန္တကပြုလိုက်သေးသည်ကိုကျွန်တော်ကြားယောင်နေမိသေးသည်၊ကျွန်တော့်အနေဖြင့် မှုဖခင်ကိုတုရာကျမည်ကိုစိုး၍လည်းတကြောင်းကြောင့်နောက်ထပ်စီးပြဖို့မကြိုးစားခဲ့ပေ။
 ကျွန်တော်တို့နတ်တလင်းမြို့၌ရှိစဉ်နတ်တလင်းမြို့၏စည်ကားသောတန်ဆောင်တိုင်ပွဲတော်ကိုကြည့်ရှုခွင့် ရခဲ့ကြသည်၊ ကျွန်တော်တို့ကိုပြည်ရွှေဆံတော်ဘုရားသို့လည်းဂျစ်ကားဖြင့်လိုက်ပို့ပေးကြသေးသည်၊ နတ် တလင်းတွင်၅ရက်ခန့်နေပြီးနောက်ကျွန်တော်တို့ရန်ကုန်သို့ပြန်ခဲ့ကြသည်၊ကျွန်တော်တို့နတ်တလင်း၌ရှိနေ စဉ်အတွင်းကျွန်တော်တို့အားလိုလေသေးမရှိအောင်ရင်းနှီးခင်မင်စွာပြုစုလိုက်ကြသောကျွန်တော်မိတ်ဆွေ ကြီးများ၏မေတ္တာနှင့်စေတနာတို့အားကျွန်တော်တို့ဘယ်တော့မျှမေ့နိုင်တော့မည်မဟုတ်ပေ၊ယခုတိုင်ပြန် လည်မြင်ယောင်နေမိတော့သတည်း။


ဦးကျော်လင်း
၁၅.၃.၈၃

မီးပုံးပျံဦးကျော်ရင်၏သားဖြစ်သူ၊ကိုယ်တိုင်မီးပုံးပျံစီးပြခဲ့သောဦးကျော်လင်း၏ကိုယ်တိုင်ရေးအထုပ္ပတိသဖွယ်  စာစောင်အရေးအသားဖြစ်၍ ရေးသားပြုစုထားမှုစာသားများအတိုင်း သမိုင်းမှတ်တမ်းမပျက်မယွင်းဘဲ လေ့ လာနိုင်ရန်အတွက် ဖော်ပြထားရှိပေးခြင်းဖြစ်ပါသည်။

မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)

>>>ဆက်ဖတ်ရန်>>> >>

မော်ကွန်းတင်(၁၃)ဦး

မော်ကွန်းတင်(၁၃)ဦး
နတ်တလင်းအသင်းဖြစ်ပေါ်လာပုံ
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိရန်အတွက် သက်စွန့်ကြိုးပမ်းဆောင် ရွက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်မှ မော်ကွန်းဝင်ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တို့ဖြင့် ချီးမြှင့်ဂုဏ်ပြုလျှက် နိုင်ငံတော်သမ္မတကြီးမှ ဘွဲ့တံဆိပ် အဆောင်အယောင်များဖြင့် ဂုဏ်ပြုချီးကျူးလျှက်ရှိသည်ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအားလုံး သိရှိကြပြီးဖြစ်ပေသည်၊

နတ်တလင်းမြို့နယ်အသင်းကြီးကို စတင်တည်ထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား နတ်တလင်းမြို့နယ် အသင်းကြီးမှ မော်ကွန်းတင်လိုက်ရုံသာမက နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ အသက်မွေး ၀မ်းကြောင်းရန်အတွက် ပြောင်းရွေ့နေထိုင်ကြသော ပုဂ္ဂိုလ်များ၊ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လုပ်ကိုင်၍ တာဝန်အရ ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ကြရသော ပုဂ္ဂိုလ်များ၏ မိသားစုများနှင့် ပညာသင်ကြားရန် အတွက် ရန်ကုန်မြို့သို့ ခေတ္တလာရောက်နေထိုင်ကြရသော ရန်ကုန်/၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများတို့နှင့် တစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးစွာဖြင့် လူမူရေး/ပညာရေးကိစ္စများတွင် ရိုင်းပင်းကူညီရန်အတွက် ရည်သန်၍ တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးများအား များစွာကျေးဇူးတင်ထိုက်အပ်ပေသည်၊

၁၉၅၁ခုနှစ်တွင် သာယာဝတီခရိုင်ကျောင်းသူကျောင်းသားများက သာယာဝတီခရိုင်အသင်းကြီး အား စတင်တည်ထောင်ခဲ့သည်၊ အသင်းမှ ကျောင်းသားကျောင်းသူများမှ ရန်ပုံငွေရရှိရေးနှစ်စဉ်အလှူငွေများ လာရောက်ကောက်ခံတိုင်း နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့သို့လာရောက်နေထိုင်ကြသော ပုဂ္ဂိုလ်ကြီးများ က နတ်တလင်းမြို့နယ်အသင်းတည်ထောင်ရန် စိတ်ကူးမိသဖြင့် ပညာအလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဆရာဖြိုး ကရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်သည့်ကျွန်တော်အားတာဝန်တရပ်အနေဖြင့်နတ်တလင်းမြို့မှရန်ကုန် မြို့သို့ပြောင်းရွေ့နေထိုင်ကြသော နတ်တလင်းသားများ၏ နေရပ်လိပ်စာများကိုစုဆောင်းထားရန်မှာကြား ခဲ့လေသည်၊ ရန်ကုန်တက္ကသိုလ် သာယာဝတီခရိုင်ကျောင်းသားကျောင်းသူများအသင်းဥက္ကဋ္ဌတာဝန်ကို ကျွန်တော်ကဆောင်ရွက်ခွင့်ရရှိလာသောအခါ နတ်တလင်းအသင်းတည်ထောင်ရန် အချက်အလက်ပြည့် စုံနေပြီဖြစ်သည်၊နတ်တလင်းမြို့နယ်အသင်းစည်းမျဉ်းမူကြမ်းကိုရေးသားပေးခဲ့သည်၊လွတ်လပ်ရေးရပြီး နောက်(၈)နှစ် အကြာတွင် နတ်တလင်းအသင်းတည်ထောင်ရန်အတွက် စေတနာသဒ္ဒါတရားထက်သန်လှသောပုဂ္ဂိုလ်ကြီး များနှင့် တွေ့ဆုံဆွေးနွေး၍နတ်တလင်းအသင်းတည်ထောင်မည်ဟုဆရာဖြိုးက ပြောကြားခဲ့သည်၊ စိတ်တူ သဘောတူ ငွေကြေးအကုန်အကျခံနိုင်မည့်လူကြီးများပါဝင်လာမှဖြစ်မည်ဟုလည်းပြောကြားခဲ့သည်၊ ဆရာဖြိုးတို့ ပုဂ္ဂိုလ်(၁၃)ဦးကလည်း ငွေကြေးအကုန်အကျမှန်သမျှအားလုံး သဘောတူတာဝန်ယူခဲ့ကြ သည်၊ နတ်တလင်း မြို့နယ်အသင်းတည်ထောင်ရန်အတွက် သတင်းစာအသီးသီးတွင် ထည့်သွင်းကြော်ငြာ ပြီး ရွှေတိဂုံဘုရား လမ်းရှိ ဆန်းကဖီးကိုတ်မုန့်တိုက်တွင် အသင်းကြီးကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်၊ နတ်တလင်းမြို့နယ်အသင်း စည်းမျဉ်းကို ကုန်သည်ကြီး ဦးဘစိန်နှင့် ပညာမင်းကြီး ဦးအေးမောင်တို့ က ပြုပြင်ပေးခဲ့ကြသည်၊ ထိုနေ့အစည်းအဝေးမှ ရန်ကုန်မြို့၊ အမှတ်(၇၃)၊ ဘုန်းကြီးလမ်းနေ ထားဝယ် ကူးသန်းရောင်း ၀ယ်ရေးတိုက်မှ ဦးအေးမောင်ကို အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် တင်မြောက်ကြသည်၊ အတွင်းရေးမှူးအဖြစ် ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်ဝင်းကိုရွေးချယ်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ သရုပ်ပြဆရာ ဦးထွေးရင်နှင့် ရွှေမြို့တော်ကုမ္ပဏီမှ ဦးသန်းကျော်တို့ ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့တို့ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်လေသည်၊ နတ်တလင်းမြို့ နယ်အသင်းကြီးကို စတင်တည်ထောင်သောနေ့မှာ (၁၆.၃.၁၉၅၆)နေ့ဟုကောင်းစွာမှတ်မိသည်။

နတ်တလင်းမြို့နယ်အသင်းဖြစ်မြောက်ရန်အတွက် ဦးဆောင်ခဲ့သော မော်ကွန်းတင်ပုဂ္ဂိုလ်ကြီး(၁၃)ဦးတို့၏ အမည်စာရင်းမှာ-

(၁) ဦးအေးမောင် (ထားဝယ်ကူးသန်းရောင်းဝယ်ရေးတိုက်)

(၂) ဦးကျင်ပု (အငြိမ်းစားကျောက်စာဝန်)

(၃) ဆရာဖြိုး (ပညာ့အလင်းပြ)

(၄) ဦးဘစိန် (ကုန်သည်ကြီး)

(၅) ဦးဘ၀မ်း (လူမူဝန်ထမ်းဌာနစု)

(၆) ဦးဘအေး (စင်ထရယ်စဖို့ ဆင်ဒီကိတ်)

(၇) ဦးအေးမောင် (ဒုတိယပညာမင်းကြီး)

(၈) ဒေါ်ခင်ရွှေ (မြူနီစီပါယ်ပညာရေးအရာရှိ)

(၉) ဦးအုန်းရွှေ (အငြိမ်းစားတိုက်ပိုင်)

(၁၀) ဦးကျော်ရိုး (သွေးသော်ကမဂ္ဂဇင်း)

(၁၁) ဦးကျော်ဝင်း (ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့)

(၁၂) ဦးသန်းကျော် (ရွှေမြို့တော်ကုမ္ပဏီ)

(၁၃) ဦးထွေးရင် (ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)

ထိုပုဂ္ဂိုလ်ကြီးများကို နတ်တလင်းမြို့နယ်အသင်းဝင်တိုင်းက အမြဲတစေ ကျေးဇူးတင်နေကြရမည့် ပုဂ္ဂိုလ်ကြီး များပင်ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်ကြီးများ၏ စေတနာထက်သန်သကဲ့သို့ အဆက်ဆက် အသင်းသူ/အသင်းသားများက နတ်တလင်း မြို့နယ်အသင်းကြီး ထာဝစဉ်တည်မြဲရေးအတွက် စိတ်ရောကိုယ်ပါဆောင်ရွက်ကြရန် တိုက်တွန်းလိုက် ရပေသည်။ (နတ်တလင်း/၂၂၁)



ပြုစုသူ

ဦးထွေးရင်

မြန်မာနိုင်ငံဝန်ထမ်းအကြီးတန်း၊ ဗဟိုတရားရုံးရှေ့နေ

အမှတ်(၅၃)၊ မနောဟရီလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

မှတ်ချက်- နတ်တလင်းအသင်းစာအုပ်မှ ဖော်ပြထားခြင်းဖြစ်ပြီး ခေတ်ကာလကြာမြင့်ခဲ့သည့်အခြေအနေ ကြောင့် အရေးအသားစာသားအချို့အား ပြင်ဆင်ဖော်ပြထားပါကြောင်းနှင့် အပြည့်အစုံ ဖတ်ရှုလိုပါက ၁၉၈၂ ခုနှစ် ထုတ် နတ်တလင်းမြို့နယ်အသင်းစာစောင်တွင် ဖတ်ရှုနိုင်ပါကြောင်း တင်ပြအပ် ပါသည်-

မှတ်တမ်းဖော်ပြသူ

ကိုလင်း(မယ်လိုဒီ)
>>>ဆက်ဖတ်ရန်>>> >>

ဘန်ကောက် ဦးယုဆိုင်

ဘန်ကောက်ဦးယုဆိုင်သည် တာပွန်သားဇာတိ အဖဦးစွန်းနားဖြစ်သည်၊ နတ်တလင်းမြို့ အစိုးရ အင်္ဂလိပ်မြန်မာ နှစ်ဘာသာကျောင်းတွင် ခုနှစ်တန်းအောင်မြင်၍ ရန်ကုန်ဟိုက်စကူးမှ ဆယ်တန်းအောင်မြင် သည်၊ ဘန်ကောက်မြို့တွင် ( - )ဖွင့်၍ လုပ်ကိုင်ခဲ့သည်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်သွားရန် ကူညီခဲ့သည်၊ (ဘီအိုင်အေ)တပ်နှင့်အတူ မြန်မာပြည်ပြန်ရောက်ခဲ့သည်၊ တိုက်ကြီးမြို့နယ် အာရှလူငယ်ဥက္ကဋ္ဌအဖြစ် တာ ၀န်ယူ၍ ဂျပန်တော်လှန်ရေးဆင်နွဲခဲ့သည်၊ စစ်ပြီးခေတ်တွင် သာယာဝတီမြောက်ပိုင်း လူမျိုးစုလွတ်တော် အမတ်အဖြစ် အရွေးခံရပြီး နတ်တလင်းမြို့တွင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။(နတ်တလင်း/၁၈၆)
>>>ဆက်ဖတ်ရန်>>> >>

သံမဏိဦးဝမ်းမောင်

ကျောင်းသားဘ၀ကပင် နိုင်ငံရေးစိတ်ဓာတ်ဖြင့် ကျောင်းသားသပိတ်တွင်ပါခဲ့သည်၊ ရာဇ၀တ်အုပ်ရာထူးဖြင့် ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်နေဆဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးတိုက်ပွဲဆင်နွဲမှု၌ပါဝင် လှုပ်ရှားခဲ့သည်၊ ၁၉၄၆ခုနှစ်ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး အထွေထွေသပိတ်ကြီး၌ မျိုးချစ်ပုလိပ်အမှုထမ်း များကိုဦးဆောင်စည်းရုံး၍ မြန်မာတပြည်လုံးရှိ ပုလိပ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် သပိတ်မှောက်ရန် ဦးဆောင် ခဲ့သူ ဖြစ်သည်၊ နတ်တလင်းမြို့နယ်၊ တာပွန်ဇာတိဖြစ်ပြီး နိုင်ငံဂုဏ်ရည်ပထမအဆင့်ရရှိခဲ့သည်။ (နတ်တလင်း/၁၈၅)
>>>ဆက်ဖတ်ရန်>>> >>

သခင်ရင်မောင်

ဒို့ဗမာအစည်းအရုံးဝင်အဖြစ် တာပွန်မြို့နယ်အတွက် တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်သည်၊ ဒုတိယကမ္ဘာစစ် အပြီးတွင်သာယာဝတီခရိုင်(ဖဆပလ)အမှုဆောင်ဖြစ်ခဲ့သည်၊ တာပွန်မြို့နယ်(ဖဆပလ)အမှုဆောင်ဖြစ်ခဲ့ သည်၊တာပွန်မြို့နယ်(ဖဆပလ)အမတ်အဖြစ်တာဝန်ယူခဲ့ပြီး ကွယ်လွန်ခဲ့သူဖြစ်သည်။(နတ်တလင်း/၁၈၅)
>>>ဆက်ဖတ်ရန်>>> >>

ဦးဖေသန်းညွန့်

ဓမ္မငယ်ရွာဇာတိဖြစ်သည်၊ ဂျာမဏီပြည်တွင် ဆေးပညာသင်ကြား၍ မြန်မာပြည်ပြန်ရောက်ခဲ့သည်၊ ဒုတိယ ကမ္ဘာ့စစ်အတွင်း နိုင်ငံရေးစတင်လုပ်ခဲ့ရာမှ ထိုကမ္ဘာ့စစ်ကြီးပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန် ပေးချက်အရနတ်တလင်းမြို့နယ် (ဖဆပလ-ဥက္ကဋ္ဌ)ဖြစ်ခဲ့ပြီး နတ်တလင်းမြို့၏ ဖဆပလ ပါလီမန် အမတ်အဖြစ် တည်မြဲ၊ သန့်ရှင်းကွဲပြဲသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်လမ်းတွင် နေထိုင်ခဲ့ သူဖြစ်သည်။(နတ်တလင်း/၁၈၅)
>>>ဆက်ဖတ်ရန်>>> >>

ဆရာဦးဖြိုး

ဆရာဦးဖြိုးသည် ပညာ့အလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၍ အဖဆရာကြီးဦးသက်(မြန်မာ့သမားတော်ကြီး) အမိဒေါ်ထွေးတို့မှမွေးဖွားခဲ့သူဖြစ်သည်၊ ဒိစတြိတ်ကောင်စီလူကြီး၊ နတ်တလင်းမြို့မြူနီစီပါယ် ဥက္ကဋ္ဌအဖြစ် အကြိမ်ကြိမ်ထမ်းဆောင်၍ နတ်တလင်းမြို့၏ တိုးတက်ရေးကို အစဉ်ရှေးရှုသူဖြစ်သည်၊ ပထမဆုံး ဖဆပလ နတ်တလင်းမြို့နယ် ဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်သည်၊ သို့ရာတွင် ၄င်း၏ကိုယ်ရေးကိုယ်တာအရ ဖဆပလ ဥက္ကဋ္ဌ အဖြစ်မှနုတ်ထွက်ခဲ့သည်၊ နတ်တလင်းမြို့နယ်ဖဆပလဥက္ကဋ္ဌဖြစ်လာသူဦးဖေသန်းညွန့်နှင့် စင်ပြိုင် တသီး ပုဂ္ဂလအဖြစ်ပါလီမန်အမတ်အရွေးခံခဲ့ရာမဲ(၄)မဲဖြင့်ရှုံးနိမ့်ခဲ့ရသူဖြစ်သည်၊ရန်ကုန်မြို့(၄၈)လမ်းသို့ ပြောင်းရွေ့
 နေထိုင်၍ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်း၊အမှတ်(၁၃၀)တွင်ပညာ့အလင်းပြစာအုပ်တိုက်နှင့် ပုံနှိပ်တိုက်ဖွင့်လှစ် လုပ်ကိုင်ခဲ့ပြီး ကွယ်လွန်သွားခဲ့သူဖြစ်သည်။(နတ်တလင်း/၁၈၅)
>>>ဆက်ဖတ်ရန်>>> >>

ဦးမောင်မောင်

ဦးမောင်မောင်သည် နိုင်ငံရေးအစဉ်အလာ အသင့်အတင့်မှ ရင့်ကျက်လာပြီး ထင်ရှားခဲ့သူဖြစ်သည်၊ ဓမ္မငယ်ရွာသားဖြစ်၍ဗြိတိသျှကိုလိုနီခေတ်(၉၁)ဌာနအုပ်ချုပ်ရေးတွင်နတ်တလင်းမြို့မှ ပထမဆုံးအမတ်ဖြစ် လာသူဖြစ်သည်၊ နတ်တလင်းမြို့ဆရာဖြိုး၊ ဇီးကုန်းမြို့မှ (ယခင်ပထစအမတ်)ဦးသန်းတင်တို့နှင့်အတူ သာယာဝတီမြောက်ပိုင်း အမတ်အဖြစ် ဦးမောင်မောင်သည် ယှဉ်ပြိုင်အရွေးခံရာ တခဲနက်ထောက်ခံမဲဖြင့် အမတ်ဖြစ်ခဲ့သူဖြစ်သည်၊ ပေါင်းတည်မြို့၌ ရှေ့နေအဖြစ် နေထိုင်သွားခဲ့သည်။(နတ်တလင်း/၁၈၄)
>>>ဆက်ဖတ်ရန်>>> >>

သခင်ထွန်းရှိန်

သခင်ထွန်းရှိန်သည်(သခွတ်ကုန်းရွာ)တွင်နေထိုင်ဘူးသည်၊၁၃၀၀ပြည့်ရေနံမြေသပိတ်မှစတင်၍ ကျော်ကြား သူ ဖြစ်သည်။ (နတ်တလင်း/၁၈၄)
>>>ဆက်ဖတ်ရန်>>> >>

သခင်ပေါက်ကျော်

သခင်ပေါက်ကျော်သည်အဖဦးမိုးသီးအမိဒေါ်လေး၏သားဖြစ်ပြီးသာစည်လမ်းဇာတိဖြစ်သည်၊ ကျောင်းသား လူငယ်အသင်းမှနာမည်ကျော်ဘောလုံးသမားဖြစ်သည်၊ ဒို့ဗမာအစည်းအရုံးဝင်ဖြစ်ခဲ့သည်၊ ဂျပန်တော် လှန်ရေးတွင်သက်စွန့်ဆံဖျားတိုက်ခိုက်ခဲ့သည်၊ဖဆပလခေတ်တွင်ရဲဘော်ဖြူအဖြစ်တောခိုသွားခဲ့သည်၊  တော တွင်း၌ (ဗကပ)တို့နှင့် အချင်းများ၍ မကျီးပင်သစ်တောဗိုလ်တဲတွင် ပစ်ခတ်ကြရင်း သေဆုံးခဲ့သည်။ (နတ်တလင်း/၁၈၄)
>>>ဆက်ဖတ်ရန်>>> >>

သခင်အုန်းမောင်

သခင်အုန်းမောင်သည် နတ်တလင်းမြို့ဇာတိဖြစ်သည်၊ ဗမာ့လက်ရုံးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ဗြိတိသျှတပ်များကိုတော်လှန်ရာတွင် မြေအောက်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်၊ဘိုးသာအောင် ကုန်းတံတားဖျက်ဆီးရာတာဝန်ယူခဲ့သည်၊ ဘီအိုင်အေတပ်နှင့် လိုက်ပါတိုက်ခိုက်ခဲ့ရာ ရွှေဘိုမြို့အထိရောက် ခဲ့သည်၊ မော်တော်ကားစက်ပြင်ဆရာကြီးအဖြစ် သာစည်လမ်းတွင် နေထိုင်ခဲ့သည်။(နတ်တလင်း/၁၈၄)
>>>ဆက်ဖတ်ရန်>>> >>

ဓားမ ဦးလှတင်

ဓားမ ဦးလှတင်သည် ပေါက်ကုန်းရွာဇာတိဖြစ်၍ ဒေါက်တာဗမော်၏ လက်ရုံးဖြစ်သည်၊ နောင်သောအခါ ဂဠုန်တပ်ဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သည်၊စစ်ဖြစ်ခါနီးတွင် နိုင်ငံရေးမှအနားယူသွားသည်၊ဂျပန်ခေတ် တွင် ရာဇ၀တ်အုပ်အဖြစ်အမှုထမ်းခဲ့သည်။(နတ်တလင်း/၁၈၃)
>>>ဆက်ဖတ်ရန်>>> >>

သခင်စိန်ခို

သခင်စိန်ခိုသည် နတ်တလင်းမြို့ဇာတိဖြစ်၍ သာစည်လမ်းတွင် နေထိုင်ခဲ့သည်၊ ဒို့ဗမာအစည်းအရုံး ၀င်ဖြစ်ခဲ့ပြီးဗမာ့လက်ရုံးတပ်၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့သည်၊ ဂျပန်ခေတ်တွင် တရားသူကြီးအဖြစ် တာဝန်ယူခဲ့သည် ဗြိတိသျှတပ်များ ပြန်ရောက်သော်နိုင်ငံရေးမှ အနားယူခဲ့သည်၊ မြန်မာ့သမားတော် အဖြစ် ဆေးကုသနေထိုင်ရင်း ကွယ်လွန်သွားခဲ့ပါသည်။(နတ်တလင်း/၁၈၃)
>>>ဆက်ဖတ်ရန်>>> >>

သခင်အောင်ခင်

သခင်အောင်ခင်ခေါ်ဆရာကြီးဦးစောမြသည် (ကျခတ်ဝါးရုံ)ကြာအင်းရွာဇာတိဖြစ်သည်၊ ၁၉၃၅ ခုနှစ် နတ်တ လင်းမြို့နယ် ဒို့ဗမာအစည်းအရုံးကို ဗဟိုမှ လာရောက်ဖွဲ့စည်းပေးသောအခါ ပထမဆုံးနတ်တလင်းမြို့ ဒို့ဗမာအစည်းအရုံး၏ မြို့နယ်အတွင်းရေးမှူးဖြစ်သည်၊ ပန်းချီဆရာကြီး ဦးဘဥာဏ်၏ တပည့်ရင်းဖြစ် ၍ နောက်ပိုင်းတွင် ကျောင်းပန်းချီဆရာ အဖြစ် တာဝန်ယူ၍ အငြိမ်းစားယူပြီး တရားအားထုတ်လျှက် ကျခတ် ၀ါးရုံးရွာတွင် နေထိုင်ခဲ့သည်။(နတ်တလင်း/၁၈၃)
>>>ဆက်ဖတ်ရန်>>> >>

ဦးဘိုးလှိုင်

(ရှားတောရွာ)ရှားတောဇာတိဖြစ်၍ ဦးစံတင်+ဒေါ်နှင်းဆီတို့၏သားဖြစ်သည်၊ နတ်တလင်းမြို့နယ် ဂျီ-ဘီ-စီ -အေ လှုပ်ရှားမှုတွင် တက်ကြွစွာဆောင်ရွက်ခဲ့သည်၊ နတ်တလင်းမြို့နယ်၏ ပထမဆုံးဒို့ဗမာအစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သည်၊ ဒုတိယအကြိမ် ပေါက်ကုန်းရွာ၌ ပြန်လည်ဖွဲ့စည်းသောအခါ ဒိုဗမာအစည်းအရုံး၏ မြို့နယ်ဥက္ကဋ္ဌဖြစ်လာသည်၊ ရှားတောရွာတွင် ဗမာ့လက်ရုံးတပ် ဖွဲ့စည်းလှုပ်ရှားခဲ့သည်၊ ဒို့ဗမာလက်ရုံးတပ် အဖွဲ့ဝင်များအနက် ဦးစိန်ချို၊ ဦးကျော်ရှိန်၊ သခင်ကျော်၊ ဦးအောင်မြင့်၊ ဦးစံထွန်းတို့ဖြစ်သည်၊ အသက် (၇၁)နှစ်အရွယ်(၁၉၆၈)ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။(နတ်တလင်းအသင်း /၁၈၃)
>>>ဆက်ဖတ်ရန်>>> >>

ဦးဘိုးလှိုင်

(ကျောင်းကြီးရွာ)ကန်သာရွာဇာတိဖြစ်သည်၊ လယ်သမားဆရာကြီးအဖြစ်အသက်မွေးသည်၊ကျောင်းကြီး ရွာသူဒေါ်ရွှေစိန်နှင့် အိမ်ထောင်ကျ၍ ကျောင်းကြီးရွာတွင် အခြေချနေထိုင်သည်၊ဆရာစံအရေးတော်ပုံတွင် ဦးဘိုးလှိုင်ပါဝင်လှုပ်ရှားခဲ့သည်။ဒို့ဗမာအစည်းအရုံး၊ နတ်တလင်းမြို့နယ်၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရ၍ ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည်၊ ကျောင်းကြီးရွာတွင် ဗမာ့လက်ရုံးတပ် ဖွဲ့စည်းရာ တပ်ဖွဲ့ဝင်များ အဖြစ် ဦးမောင်ချစ်၊ ဦးသာမှင်၊ ဦးမောင်တင်ကြီး၊ စသည်တို့ဖြစ်ကြသည်၊ ဦးဖိုးလှိုင်၏စည်းရုံးရေးကြောင့် ၄င်းတို့သည် ဘီအိုင်အေတပ်တွင် ပါဝင်ခဲ့သည်၊ ဦးဖိုးလှိုင်သည် ဂျပန်ခေတ်တွင် နိုင်ငံရေးမှ အနားယူခဲ့ပြီး ပထစခေတ်တွင် ကွယ်လွန်ခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

ဦးဂေါင်းလေး

ဦးဂေါင်းလေးသည် ဦးဂေါင်းကြီး၏ ညီဖြစ်သည်၊ အစ်ကိုဖြစ်သူဦးဂေါင်းကြီးနှင့်အတူ ဗြိသျှနယ်ချဲ့တို့ အား တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်သည်၊ ဗြိတိသျှလက်အောက်သို့ ၀င်သောဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရွာများကို တိုက်ခိုက်ချေမှုန်းခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

ဦးဂေါင်းကြီး

၁၀၅၂ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင်ယခုနတ်တလင်းမြို့နယ်၊တာပွန်မြို့နယ်တိုက်သူကြီးဦးဂေါင်းကြီး သည်ပထမဆုံးပြည်သူ့စစ်ကိုဖွဲ့စည်း၍သူ့ကျွန်မခံလိုသောစိတ်ဖြင့်နယ်ချဲ့တိုက်ပွဲများကိုဆင်နွဲခဲ့သူဖြစ်သည် (နယ်ချဲ့ဆန့်ကျင်ရေးကာလ ထူးခြားသောဖြစ်ရပ်များတွင် သီးခြားအကျယ်တ၀ံ့ ဖော်ပြခဲ့ပြီး ဖြစ်သည်)
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး