Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကိုယ့်အကောင့်မှာ Secure Browsing ဆိုတာကို Enabled လုပ်ထားရဲ့လား

ပထမဆုံး အခြေခံအနေနဲ့ ကိုယ်က ကိုယ့်အကောင့်မှာ Secure Browsing ဆိုတာကို Enabled လုပ်ထားရဲ့လား စစ်ကြရအောင်ပါ..
အပေါ်ညာထောင့်စွန်းက စက်သွားပုံလေးကိုနှိပ်ပြီး privacy setting ထဲကိုသွားပါ.. ပြီးရင် Security tab ကိုရွေးနှိပ်ပါ.. အပေါ်ဆုံးက Secure Browsing ဆိုတာမှာ Enabled ဖြစ်နေရဲ့လား.. မဖြစ်နေရင် edit ကိုနှိပ်ပြီး ဖြစ်အောင်ပြင်လိုက်ပါတော့.. ပြင်လိုက်ခြင်းအားဖြင့် ကိုယ်သုံးနေလက်စက် http ကနေ https ဖြစ်သွားပါတယ်.. Http” s ” လိုက်တာနဲ့ ကိုယ့် password တွေ အချက်အလက်တွေကို encrypt လုပ်ပြီးသားဖြစ်သွားပါတယ်။ အဲ့ဒါက ကြားဖြတ်ကြည့်တာတွေ ကြားဖြတ်နှောင့်ယှက်တာတွေအတွက် တဆင့်ခံတားဆီးပေးတာဖြစ်လို့ s မထည့်ဘဲသုံးတာထက် နည်းနည်းတော့ ပိုလုံခြုံသွားတယ် ဆိုရမှာပေါ့.. တစ်ခုဆိုးတာက facebook applications အတော်အများကိုတော့ သုံးလို့မရတော့ပါဘူး..
>>>ဆက်ဖတ်ရန်>>> >>

Facebook account နဲ့ mail account ကိုတခုဆီထားပါ။

Facebook နဲ့ အီးမေးလ်မှာ ပုံမှန်ဆိုရင် အီးမေးလ်က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပိုပါတတ်ပါတယ်.. ပိုပြီးတော့ အရေးကြီးတယ်လို့လည်းထင်ပါတယ်.. ဒါပေမယ့် နောက်ပိုင်းသေချာစဉ်းစားလိုက်တဲ့အခါမှာ Facebook မှာ ကိုယ့် activity တွေ network တွေအကုန်လုံး ရှိနေတော့ compromise အလုပ်ခံရတဲ့အခါမှာ ကိုယ်တစ်ယောက်တည်းအတွက်သာမက ကိုယ့် network တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်.. သိရသလောက်ဆိုရင် မိတ်ဆွေ ၈၀ ရာခိုင်နှုန်းလောက်က Facebook ကော mail account ကော တစ်ခုတည်း သုံးတတ်ကြပါတယ်.. ပိုဆိုးတာက password တောင် အတူတူထားတတ်ပါတယ်.. ကံဆိုးစွာနဲ့ facebook အကောင့် Hack လုပ်ခံရပြီဆိုရင် ခဲတစ်လုံးနဲ့ ငှက် ၂ ကောင်ထိသွားသလိုပါပဲ..
ဒီတော့ facebook အကောင့်ဖွင့်တဲ့အခါ ကိုယ်ပုံမှန်သုံးနေကျ အီးမေးလ်နဲ့ မဖွင့်တာကပိုကောင်းပါတယ်.. facebook အတွက် အီးမေးလ်တခု သပ်သပ်ထားပါ.. အီးမေလ်းတခုထဲနဲ့ ဖွင့်ထားတဲ့သူတွေအနေနဲ့လည်း password ကိုတစ်ခုစီ သီးသန့်ထားပါ..
password အတူတူမပေးထားပါနဲ့..
>>>ဆက်ဖတ်ရန်>>> >>

facebook အသုံးပြုနည်းလမ်း

facebook လုံခြုံရေးနည်းလမ်းကတော့ ပုံမှာပြထားတဲ့ သင်္ကေတလေးတွေကို နားလည် ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတတ်ခြင်းပါပဲ..

ပုံမှာမြင်ရတဲ့အတိုင်း ကိုယ့် စတေးတပ်စ်တခု ပုံတစ်ပုံ ပို့စ်တခုတင်ခါနီးရင် အောက်ထောင့်နားက ကလစ်ကလေးကိုနှိပ်ပြီး ဆက်တင်ကို စစ်ပါ.. ပုံမှန်ဆိုရင်တော့ နောက်ဆုံးပြင်ထားတဲ့ ဆက်တင်က အတည်ဖြစ်နေတတ်ပါတယ်..

Public ဆိုတာက လူတကာမြင်နိုင်တဲ့ ဆက်တင်ဖြစ်ပါတယ်.. ကိုယ့်သူငယ်ချင်းမဟုတ်သူရော ဟုတ်သူတွေပါ မြင်နိုင်ပါတယ်.. ကောမန့်ရေးနိုင်ပါတယ်.. share လို့ရပါတယ်..

Friend ဆိုတာကတော့ ကိုယ့်သူငယ်ချင်း စာရင်းထဲမှာပါတဲ့လူတွေပဲ မြင်ရပါမယ်.. သူတို့ပဲ ကောမန့်ရေးလို့ရပါတယ်.. share ခလုတ်မပါတော့လို့ ရှဲ လို့မရတော့ပါဘူး..

Only Me ကတော့ ရှင်းပါတယ်. ကိုယ်တယောက်ထဲ မြင်ရတာပါ.. ကိုယ့်ဘာကိုယ် မှတ်ထားချင်တာတို့ ဖဘတင်ပြီး သိမ်းထားချင်တာတို့ ရှိရင် အဲ့ဒီဆက်တင်နဲ့တင်လိုက်လို့ရပါတယ်.. နောက်မှ ပြန်ပြီး Public/ Friend ပြန်ဖွင့်လိုက်ရင်လည်းရပါတယ်..

အောက်ဆုံးက custom ကတော့ နည်းနည်းရှုပ်ပါတယ်.. သူက ဟိုလူကို မြင်စေချင် ဒီလူကို မမြင်စေနဲ့ ဆိုတာမျိုးရွေးချယ်လို့ရတဲ့ဟာပါ.. custom ဆက်တင်အကြောင်းကို နောက်ထပ်ပို့စ်တခုနဲ့ အကျယ်တဝင့် ထပ်ပြောပါ့မယ်..


Photo: နောက်ထပ် အခြေခံကျတဲ့ facebook လုံခြုံရေးနည်းလမ်းကတော့ ပုံမှာပြထားတဲ့ သင်္ကေတလေးတွေကို နားလည် ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတတ်ခြင်းပါပဲ.. 

ပုံမှာမြင်ရတဲ့အတိုင်း ကိုယ့် စတေးတပ်စ်တခု ပုံတစ်ပုံ ပို့စ်တခုတင်ခါနီးရင် အောက်ထောင့်နားက ကလစ်ကလေးကိုနှိပ်ပြီး ဆက်တင်ကို စစ်ပါ.. ပုံမှန်ဆိုရင်တော့ နောက်ဆုံးပြင်ထားတဲ့ ဆက်တင်က အတည်ဖြစ်နေတတ်ပါတယ်.. 

Public ဆိုတာက လူတကာမြင်နိုင်တဲ့ ဆက်တင်ဖြစ်ပါတယ်.. ကိုယ့်သူငယ်ချင်းမဟုတ်သူရော ဟုတ်သူတွေပါ မြင်နိုင်ပါတယ်.. ကောမန့်ရေးနိုင်ပါတယ်.. share လို့ရပါတယ်.. 

Friend ဆိုတာကတော့ ကိုယ့်သူငယ်ချင်း စာရင်းထဲမှာပါတဲ့လူတွေပဲ မြင်ရပါမယ်.. သူတို့ပဲ ကောမန့်ရေးလို့ရပါတယ်.. share ခလုတ်မပါတော့လို့ ရှဲ လို့မရတော့ပါဘူး.. 

Only Me ကတော့ ရှင်းပါတယ်. ကိုယ်တယောက်ထဲ မြင်ရတာပါ.. ကိုယ့်ဘာကိုယ် မှတ်ထားချင်တာတို့ ဖဘတင်ပြီး သိမ်းထားချင်တာတို့ ရှိရင် အဲ့ဒီဆက်တင်နဲ့တင်လိုက်လို့ရပါတယ်.. နောက်မှ ပြန်ပြီး Public/ Friend ပြန်ဖွင့်လိုက်ရင်လည်းရပါတယ်.. 

အောက်ဆုံးက custom ကတော့ နည်းနည်းရှုပ်ပါတယ်.. သူက ဟိုလူကို မြင်စေချင် ဒီလူကို မမြင်စေနဲ့ ဆိုတာမျိုးရွေးချယ်လို့ရတဲ့ဟာပါ.. custom ဆက်တင်အကြောင်းကို နောက်ထပ်ပို့စ်တခုနဲ့ အကျယ်တဝင့် ထပ်ပြောပါ့မယ်..

>>>ဆက်ဖတ်ရန်>>> >>

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း


ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမ
သိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ။

ITgroup
>>>ဆက်ဖတ်ရန်>>> >>

ကိုယ့်ဆိုဒ်ကို Google မှာရှာလို့ရအောင် လုပ်ချင်ရင်

Search Engine မှာ ရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို လူသိများအောင်လုပ်တဲ့နည်းပါပဲ။ သင်လုပ်ထားတဲ့ ၀က်ဆိုဒ်တစ်ခုအတွက် ကိုယ့်ဆိုဒ် Google မှာ အလွယ်တကူရှာလို့ရနိုင်ပြီလား စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ .... အရင်ဆုံး ဒီနေရာလေး ကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google အကောင့်နဲ့ Sign In ၀င်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်ပေးလိုက်ပါ။ ရိုက်ထည့်ပြီးရင် Submit Request ဆိုတာလေးကို နှိပ်လိုက်ပါ။ လုပ်ပြီးရင်တော့ သင့်ရဲ့ Request ဟာ Google ဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ သင့်ရဲ့ဆိုဒ်ကို Google မှာ ရှာဖွေနိုင်ပြီဖြစ်ပါတယ်.... ဒီလိုလုပ်ပြီးတစ်ပတ်လောက်ကြာမြင့်ပြီဆိုတာနဲ့ Google Search မှာ yoursite name.com ဆိုပြီးရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင့်ရဲ့ဆိုဒ်ကို Google မှာ Bookmark လုပ်တာအောင်မြင်သွားပါပြီ .... ကျေနပ်ပျော်ရွှင်ပါစေ ....       

>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး