Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

မျက်စိအားကောင်းစေရန်


မျက်စိအားကောင်းစေရန်
 



မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။

(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။

(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။

(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)

(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။

၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။

(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။

(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

Ref: Good Health
Source ► http://bit.ly/XeWuRF
>>>ဆက်ဖတ်ရန်>>> >>

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်~~~~ 
 


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/

ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...


အသုံးပြုနည်း........

ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း... ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....


hnin si Phyu
>>>ဆက်ဖတ်ရန်>>> >>

" O " သွေးပိုင်ရှင်များရဲ့ ထူးခြားချက်များ


" O " သွေးပိုင်ရှင်များရဲ့ ထူးခြားချက်များ
 


> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

> အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
>
> အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
>
> ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....
သွေးအားလုံးရဲ့ ထူးခြားချက်အကြောင်းအားလုံးကို သိချင်ရင် ကျနော် တို့ ရဲ့ Page လေးထဲ ဝင်ကြည့်နိုင်ပါတယ်လို့ ။
အားလုံး တင်ပြီးပါပြီ။
http://www.facebook.com/MoviesEntertainments?ref=hl
တိုက်ဆိုင်မှု ရှိရင် Like & Share

Admin Thet Paing
>>>ဆက်ဖတ်ရန်>>> >>

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်


ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
 


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်

credit to Sandar Laynyuntmg
>>>ဆက်ဖတ်ရန်>>> >>

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }
 



မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။

၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။

၎။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။

၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

သတင်းလေးများဆုံဆည်းရာ
>>>ဆက်ဖတ်ရန်>>> >>

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်


သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
 



သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ကြေးမုံသတင်းစာ

ဒီ Post က တင်ပြီးသားပါ မိတ်ဆေီတစ်ယောက် တောင်းဆိုလို့ တင်ပေးလိုက်ပါ တယ် အဆင်ပြေ ပါစေ ..
>>>ဆက်ဖတ်ရန်>>> >>

"ကိံဒဒသုတ်"


"ကိံဒဒသုတ်"
••••••••••••••••••
 


ဆွမ်းကိုပေးလှူသူသည် ခွန်အားကို
ပေးလှူသည် မည်၏။

အ၀တ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို
ပေးလှူသည် မည်၏။

ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို
ပေးလှူသည် မည်၏။

ဆီမီးကိုပေးလှူသူသည် မျက်စိကို
ပေးလှူသည် မည်၏။

နေရာ၊ကျောင်းစသည်ကို ပေးလှူသူသည်ကား
အလုံးစုံကို ပေးလှူသည် မည်၏။

တရားကို ဟောပြောပြသသူသည်ကား . . .
နိဗ္ဗာန်ကို ပေးလှူသည် မည်၏ ဟု
မြတ်စွာဘုရား ဟောကြားတော်မူ၏။

- (ကိံဒဒသုတ်၊ အာဒိတ္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်။)

"ကိံဒဒသုတ်"


••••••••••••••••••


ဆွမ်းကိုပေးလှူသူသည် ခွန်အားကို


ပေးလှူသည် မည်၏။




အ၀တ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို


ပေးလှူသည် မည်၏။




ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို


ပေးလှူသည် မည်၏။




ဆီမီးကိုပေးလှူသူသည် မျက်စိကို


ပေးလှူသည် မည်၏။




နေရာ၊ကျောင်းစသည်ကို ပေးလှူသူသည်ကား


အလုံးစုံကို ပေးလှူသည် မည်၏။




တရားကို ဟောပြောပြသသူသည်ကား . . .


နိဗ္ဗာန်ကို ပေးလှူသည် မည်၏ ဟု


မြတ်စွာဘုရား ဟောကြားတော်မူ၏။




- (ကိံဒဒသုတ်၊ အာဒိတ္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်။)




Dhamma Danã Source ►


>>>ဆက်ဖတ်ရန်>>> >>

၉ ၆ ၉ - အမျှဝေ လင်္ကာ

အငြင်းပွားဖို့မဟုတ်ပါဘူး ရှိခဲ့တာလေး တွေ့လို့ ရှယ်ထားပေးတာပါ ....

ကျေးဇူးတော်ရှင် မဟာလယ်တီဆရာတော်ဘုရားကြီး၏
* * * * * ၉ ၆ ၉ - အမျှဝေ လင်္ကာ * * * * *
--------------------------------------------------------

* * * * * ၉ ၆ ၉ - အမျှဝေ လင်္ကာ * * * * *
သုံးလူ့ထွတ်ထား - မြတ်တရားနှင့်
ရှစ်ပါးသံဃာ - အရိယာအား
ရတနာမိုး - ရွာသွန်းဖြိုးသို့
ကိုးပါး ခြောက်စုံ - ကိုးရပ် ဂုဏ်ကို
အာဂုံချီးကျူး - နှုတ်လျှာ မြူး၍
ကြည်နူး ဆွဆွ - ရှိခိုးရသည့်
ပုညကုသိုလ် - အဖို့ကိုလျှင်
မွေးမိခင်နှင့် - ဖခင်ဆရာ
ဉာတကာက - သတ္တ၀ါ အများ
နတ်တို့အားလည်း - ရငြားပါစေ
အမျှဝေသည် . . .
ကောင်းထွေသာဓု - ခေါ်စေသောဝ် ...။

ကျေးဇူးတော်ရှင် ကမ္ဘာကျော် မဟာလယ်တီ ဆရာတော်ဘုရားကြီးသည်ပင် ခုနစ်နေ့ ဘုရားရှိခိုး အမျှဝေလင်္ကာ၌ -- ကိုးပါး ခြောက်စုံ - ကိုးရပ်ဂုဏ်ကို-ဟု ၉၆၉-ကို သုံးတော်မူခဲ့လေသည်။

၉၆၉-သည် ၇၈၆-ကို အတုခိုးသည်ဟု စွပ်စွဲသူများ သိစေရန် တင်ပေးလိုက်ပါသည်...။ ဗုဒ္ဓဘာသာဝင် စစ်မှန်သော သူတို့သည်သာလျှင် ၉၆၉-၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်ကို နားလည်နိုင်ကြပေမည်..။ ၉၆၉-သည် သူတစ်ပါးကို တိုက်ခိုက် အကြမ်းဖက်ရန် လုံးဝမဟုတ်ပေ..။ အမျိုးဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ခြင်းသည်သာလျှင် ၉၆၉-၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်..။

အမျိုးဘာသာ တည်မြဲဖို့ ၉၆၉-ကို သုံးကြစို့..။

By - ဦးနရပတိ ဆရာတော် (27-4-2013) (Courtesy of Photo Uploader)
>>>ဆက်ဖတ်ရန်>>> >>

ဗုဒ္ဓဂယာ သမိုင်းအကျဉ်း


ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း
===============================
 



ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊

ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတဝိုက်ကို ဥရုဝေလဟုခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်တွင်ခဲသည်၊ ၁၃ ရာစုတွင် ဒေသခဲများက ဗြဟ္မာ ခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟုခေါ်တွင်ခဲ့ကြသည်။

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိဗောဓိပင်အနီး၊ အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ္တဥာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် ရောက်ရှိတော်မူခဲပါသည်။
ဗုဒ္ဓဂယာသည် ဂယာမြို့အနီး တည်ရှိမှုကို အစွဲပြု၍ခေါ်ဆိုကြပါသည်၊ ဗုဒ္ဓဂယာသည် ဂယာမြို့နှင့် ၇ မိုင် (၁၂ ကီလိုမီတာ) ကွာဝေးပါသည်၊ ဂယာမြို့သည်၊ ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ် အတွင်း၌တည်ရှိသည်၊ ရှေ့ခေတ်က မဂဓတိုင်းဟုခေါ်၍ ယခုအခါ ဝိဟာရ(ဗီဟာ) ခေါ် ဘုန်ကြီးကျောင်းများလွန်စွာပေါများသဖြင့် ဗီဟာပြည်ဟုခေါ်ဆိုကြပါသည်၊ ဗီဟာပြည်၏မြို့တော်မှာ ပတ္တနား (ပါဋလိပုဒ်) မြို့ဖြစ်ပါသည်၊
မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်၊ ဗုဒ္ဓဘာသာများအတွက် အသပ္ပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီကြီးဖြစ်သည်၊ အသောကမင်းကြီး ဆောက်လုပ်လှူဒါန်ခဲခြင်းဖြစ်သည်၊ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းတင်ရှိပါသည်၊ အေဒီ ၁၃ ရာစု (၁၂၉၀ ခန့် ) တွင် အဖျက်စီးခံခဲ့ရ၍ အိန္ဒိယ၌ ဗုဒ္ဓဘာသာ သာသနာများပျောက်ကွယ်ခဲ့ရသည်၊ ဗုဒ္ဓဂယာပရိဝုဏ် တစ်ခုလုံး အဖျက်စီးခံရပြီး တော်ရုံနှင့်မဖျက်နိုင်ခဲကြသော စေတီတော်တစ်ဆူသာကျန်ခဲသည်၊ ၁၆ ရာစုတွင် ဒေလီရှိပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ် အားအပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။

အေဒီ (၁၈၁၁) တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲသည်၊ (၁၈၃၃)ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီး မဟာစည်သူနှင့်အဖွဲ့ ဘုရားဖူး ရောက်လာခဲပြီး ရခိုင်ဘုရင် (မင်းလက်ျာ) ၏ ကျောက်စာကို တွေ့ရှိခဲကြသည်၊ နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့်ရရှိရေးနှင့် မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်ရရန် မင်းတုန်မင်းမှ အိန္ဒိယနိုင်ငံ ဘုရင်ထံသို့ စာချွှန်တော်ပို့ခဲ့ပြီး ရွှေ၊ ငွေ များနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ၊ စုစုပေါင်းလုံးရေ (၅၄၁၁) (ထိုစဉ်က ရူပီငွေ ၆သိန်ဘိုးမျှ) ကိုလည်းလှူဒါန်းခဲရာ အားလုံးနီပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွါးနေခဲကြသည်။

၁၈၇၅ ခုနှစ်တွင် မြန်မာနိုင်ငံခြားရေး ဌာနမှ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့်တို့ပါဝင်သော၊ အချက် (၈)ချက်ကိုတောင်းဆိုပြီး သိန်းပေါင်းများစွာ အကုန်ကျခံ၍ ပြုပြင်ခဲသည်၊
ယခုမြင်တွေ့ရသော မဟာဗောဓိစေတီတော်ပုံဟန်မှာ မင်းတုန်မင်ကြီး၏ ကုသိုလ်တော်ဖြစ်ပြီး အိန္ဒိယကျောက်စာဝန်တို့၏ လက်ရာဖြစ်သဖြင့် မြန်မာဘုရား ဖူးများအဖို့ ဂုဏ်ယူစရာဖြစ်ပါသည်၊ The Light of Asia ရေးသာသူ ဆာအက်ဒွင်အာနိုး (Sir: EdwinArnol) က ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်သို့ လွှဲအပ်သင့်ကြောင်း ပထမဆုံးလှုံဆော်ကြိုးစာခဲသည်၊ ၁၈၉၁ ခုနှစ်တွင် သီဟိုနိုင်ငံသား အနာဂါရီကဓမ္မပါလ ဘုရားဖူးရောက်လာသည်၊ ဓမ္မပါလ သည်၊ မဟာဗောဓိ အသင်းကို သီဟို၌စတင်ဖွဲ့စဉ်းပြီး ဗုဒ္ဓဂယာပြန်လာကာ ဘာသာခြားတို့ လက်အောက် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေသော ဗုဒ္ဓဂယာအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲသည်၊ ဓမ္မပါလ သည်၊ သူတော်စင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်ထဲ ပြန်ရောက်ရန် အပြင်းအထန် ကြိုးစားအာထုပ်ခဲသည်၊
၁၈၉၅ ခုနှစ်တွင် ဂျပန်မှ လှူဒါန်းလိုက်သော ဗုဒ္ဓရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်နေရာချထားစဉ်၊ မဟန်၏လူများ ရောက်လာပြီး အကြမ်းမဖက်ဆွဲထုတ်ခံရသည်၊ ဤအတွက်နှစ်ပေါင်းအတန်ကြာ တရားဖြစ်ခဲကြရပြီ၊ အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း၊ ကိုလ်ကတ္တား ဟိုက်ကုတ်တွင် မဟန့်၏အယူခံချက်က နိုင်သွားသည်၊ ၁၉၀၆ ခုနှစ်တွင် ဓမ္မပါလအား မင်တုန်းမင်း ဇရပ်တော်မှ နှင်ထုပ်ခံရသည်၊ သို့တိုင် ဓမ္မပါလ၏ မလျော့သောဇွဲကြောင်း (၁၉၅၃)ခုနှစ်ရောက်မှ အိန္ဒိယလွှတ်တော် တွင် ဥပဒေပြဌာန်းလျှက် ဗုဒ္ဓဂယာမဟာစေတီတော်ကို မဟန့်လက်ထဲက သိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာဝင်(၄)ဦးပါဝင်သည့် ကော်မတီလက်ထဲ အပ်နှံ့လိုက်လေသည်၊ မဟာဗောဓီစေတီ ပတ်ဝန်းကျင်တွင် မြတ်ဗုဒ္ဓသီတင်းသုံးရာ သတ္တဌာနနေရာများရှိပြီး စေတီတော်အတွင်းတွင် ဘူမိဖဿမုဒြာဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ရုပ်ပွားတော်၏ ရှေ့ကြမ်းပြင်တွင် သျှီဝလိင် အင်္ဂါနေရာရှိပြီး ဟိန္ဒူများ လာရောက်ကိုးကွယ်နေကြရာ ဘုရားဖူးများအထူးသတိထားသင့်ကြပါသည်။
အနှိုင်းမဲ့ စာတိုပေစများ

ZinYawNews
http://www.facebook.com/ZinYawNews
>>>ဆက်ဖတ်ရန်>>> >>

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ


ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ
by ပိုပိုဇော်(သဘာဝအားအင်)




အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။


ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။
(ရင်နှင်းငယ်)
>>>ဆက်ဖတ်ရန်>>> >>

မေဒေး နေ. သမိုင်း


လူသားများ၏ကျေးဇူးရှင်များနေ.(သို.)မေဒေး နေ. သမိုင်း
========================================
 


မေဒေး နေ.ဟု ပြောလိုက်ရင် လူတိုင်း လူတိုင်း သိကြပေမယ်. ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကတော. လူတိုင်း သိမည် မဟုတ်ပါ။ အလုပ်သမားတွေဆိုသာ တစ်ကမ္ဘာလုံး ၊ နေရာတိုင်းမှာ ရှိသည်.အတွက် ဒီနေ.ကိုတော. လူတိုင်း သိထား ရင်းနှီးကျွမ်းဝင် ဖြစ်သင်.သည်ဟု ကျွန်တော်ယူဆသည်.အတွက် ကျွန်တော်ဖတ်ခဲ. တာလေးကို ပြန်လည်မျှဝေပါရစေ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းစာလေးကို မဖတ်ခဲ.သည်.အချိန်တိုင်အောင် မေးဒေးနေ. ဘယ်လိုပေါ်ပေါက်လာသည်ဆိုတာကို သဲသဲကွဲကွဲ မသိပါ။
အလုပ်သမားတွေဆိုတာ အမှန်တော. ကျွန်တော်တို. လူသားတွေ အားလုံးရဲ.ကျေးဇူးရှင်တွေပါ။ သူတို.တွေ ရှိလို. ကျွန်တော်အားလုံး နေ.စဉ်ဘ၀တွေမှာ အဆင်ပြေချောမွေ.နေတာ ဘယ်သူမှ ငြင်းလို.မရနိုင်တာ အမှန်ဘဲ ဖြစ်ပါတယ်။ ခေတ်မှီစက်ပစ္စည်းတွေ ဘယ်လိုဘဲပေါ်ထွက်လာပါစေ ကျွန်တော်တို. အလုပ်သမားထုကို အားကိုးနေရအုန်းမှာဘဲ ဖြစ်သည်။ အလုပ်သမားဟု ဆိုလိုက်လျှင် အောက်ခြေသိမ်းအလုပ်သမားက အစ အာကသနယ်ပယ်များအထိ အလုပ်လုပ်သော သူများအားလုံးကို အလုပ်သမားဟု ခေါ်ဆိုပါတယ်။
လွန်ခဲ.သော ၁၉ ရာစုတွင်း အမေရိကန်နိုင်ငံ၌ ချမ်းသာကြွယ်ဝသောအရင်းရှင်ကြီးများက အလုပ်သမားများအား အလုပ်ချိန် မတန်တဆ ခိုင်းစေရမှ အလုပ်သမားအုံကြွမှုကြီးဖြစ်ကာ အလုပ်သမားနေ. ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံပါရီမြို.တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအသင်းချုပ်ကြီး၏ ဒုတိယအကြိမ် ညီလာခံက အမေရိကန်အလုပ်သမားများ တိုက်ပွဲဝင်ခဲ.သော မေ ၁ ရက်နေ.ကို ကမ္ဘာ.အလုပ်သမားနေ.အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ရာမှ ကမ္ဘာ.အလုပ်သမားနေ.ကြီး ပေါ်ပေါက်လာရ
ခြင်းဖြစ်သည်။ ထိုနေ. ထိုအချိန်မှစ၍ အလုပ်သမားများ၏ အလုပ်ချိန်မှာလည်း တစ်နေ. ၈ နာရီအဖြစ် သတ်မှတ်ပေးနိုင်ခဲ.ပေသည်။
မည်သည်.အလုပ် တစ်ခုကို လုပ်ကိုင်သည်ဖြစ်စေ အလုပ်သမား ပင်ဖြစ်သည်။ စက်ရုံ အလုပ်ရုံ၌ လုပ်ကိုင်သည်ဖြစ်စေ၊ ရုံး၌လုပ်ကိုယ်သည် ဖြစ်စေ၊ ပုဂ္ဂလိက အလုပ်အကိုင် လုပ်သည်ဖြစ်စေ အလုပ်တစ်ခုလုပ်နေလျှင် အလုပ်သမားပင်ဖြစ်သည်။ ကာယ နှင်.့ လုပ်သည်ဖြစ်စေ ဥာဏနှင်.လုပ်သည်ဖြစ်စေ အလုပ်သမားပင် ဖြစ်သည်။ ထိုအလုပ်သမားတို.သည်ကား လူ.ဘောင် ကောင်းကျိုးအတွက် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို.ကို ထုတ်လုပ်ပေးနေကြသည်။ ထို.ကြောင်.ပင် အလုပ်သမားတို. ၏ ကျေးဇူးကား ကြီးမားလှပါသည်။
ကမ္ဘာပေါ်တွင် ရှိရှိသမျှသောအဆောက်အအုံများ၊အ၀တ်အထည်အသုံးအဆောင်များမှအစ ယဉ်မျိုးစုံအထိအဆုံး အားလုံးသောအရာရာတိုင်းသည် အလုပ်သမားတို.၏ တီထွင်မှု၊ ထုတ်လုပ်မှု ၊တည်ဆောက်မှုမှတစ်ဆင်. ပေါ်ထွန်းလာရပေသည်။ ယနေ.လူသားများ ခေတ်မီစွာနေထိုင်နေကြခြင်းသည်
ပင်လျှင် အလုပ်သမားများ၏ ကျေးဇူးတရားများနှင်. မကင်းပေ။ အဘယ်ကြောင်.ဟူမူ အလုပ်သမားတိုင်းသည် ဘ၀ရပ်တည်မှု တစ်ခုအတွက် အလုပ်လုပ်နေကြသည်ဟု ဆိုပင် ဆိုငြားသော်လည်း လူသားကောင်းကျိုးအတွက် မိမိ၏ခွန်အားနှင်. အကြံဥာဏ်များကို အသုံးပြုပြီး အလုပ်လုပ်ကိုင်နေကြခြင်းကြောင်.ပေတည်။
ထို.ကြောင်.ပင် ပြည်သူတရပ်လုံးက အလုပ်သမားများ၏ စွမ်းပကားကို လေးစားဂုဏ်ပြုကြရ၏။ လူမှုစီးပွားဘ၀တိုးတက်မြင်.မားရေးအတွက်ဖြည်.ဆည်းဆောင်ရွက်ပေးကြရ၏။အားပေးချီးမြှောက်ကြရ၏။
အလုပ်သမားတို.၏ဘ၀ကိုစာနာထောက်ထားခြင်းဖြင်. တတ်စွမ်းသရွေ. ဖေးမကူညီပေးကြရ၏။ အလုပ်သမားတို.၏ ကျေးဇူးကား ကြီးမားလှပေသည်။
သို.ဖြစ်ပါ၍ လူတိုင်းလူတိုင်းသည် အလုပ်သမားတို.၏ကျေးဇူးနှင်. မကင်းပေ။ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင်.သော်လည်းကောင်း ကျေးဇူးကားရှိ၏။ ထိုကျေးဇူးတရားများကို လူတိုင်းသတိမူစေခြင်းအား နှစ်စဉ် နှစ်တိုင်း မေလ ၁ ရက်နေ.ရောက်လေတိုင်းအလုပ်သမားနေ.ခေါ် မေ
ဒေးနေ.ကို သတ်မှတ်ရခြင်းပင်ဖြစ်သည်။ ထို.ကြောင်.ပင် အလုပ်သမားနေ.သည်ကား မမေ.အပ်သော နေ.တစ်နေ. ပင်ဖြစ်ပါ သည်။
>> ကိုမောင်မောင်
>>>ဆက်ဖတ်ရန်>>> >>

နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်


နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။
-----------------------------------



ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki

International news for myanmar
>>>ဆက်ဖတ်ရန်>>> >>

မိန်းမကောင်းအင်္ဂါ ၆၄ ရပ် (ရှေးခေတ်အယူ)


မိန်းမကောင်းအင်္ဂါ ၆၄ ရပ် (ရှေးခေတ်အယူ)




ယင်းတို့ ကား

(၁)ခြေလက္ခဏာ ……………………………….. ၁၃ ရပ်

(၂)ကိုယ်လက္ခဏာ …………………………

…….. ၁၆ ရပ်

(၃)စိတ်လက္ခဏာ ……………………………….. ၆ ရပ်

(၄)လက်ဖ၀ါးလက္ခဏာ ……………………………… ၉ ရပ်

(၅)လည်ပင်းလက္ခဏာ ………………………………. ၁ ရပ်

(၆)အသံလက္ခဏာ ……………………………….. ၃ ရပ်

(၇)မျက်နှာလက္ခဏာ ……………………………….. ၈ ရပ်

(၈)သွားလက္ခဏာ ……………………………….. ၁ ရပ်

(၉)မျက်စေ့လက္ခဏာ ……………………………….. ၄ ရပ်

(၁၀)ဆံပင်လက္ခဏာ ……………………………….. ၃ ရပ်



ကိုယ်လက္ခဏာ ၁၆ ရပ်



၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်

၂။လင်္ကျာရစ်လည်သောအချက်

၃။လင်္ကျာရစ်လည်သောဗွေ

၎။ရွှေသောအဆင်း

၅။နက်သောချက်

၆။ရှည်သောလက်

၇။ သိမ်မွေ့ သောအင်္ဂါ

၈။ကြီးမြတ်သော သားမြတ်

၉။ဆင်ကဲ့သို့ သွားခြင်း

၁၀။သိမ်မွေ့ သော ခါးရှိခြင်း

၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း

၁၂။ကောင်းသောကိုယ်ရှိခြင်း

၁၃။ဖွံ့ သောပေါင်ရှိခြင်း

၁၄။ကိုယ်မွေးနည်းခြင်း

၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း

၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း



စိတ်လက္ခဏာ ၆ ရပ်



၁။ဖြူစင်သောနှလုံးရှိခြင်း

၂။ကောင်းသောအကျင့်သီလရှိခြင်း

၃။စင်ကြယ်သောအကျင့်သီလရှိခြင်း

၎။ချစ်ခင်နှစ်သက်ခြင်း

၅။အရိပ်ခြေသိခြင်း

၆။ဖြောင့်မတ်တည်ကြည်ခြင်း



လည်ပင်းလက္ခဏာ ၁ ရပ်



၁။လည်ရေး ၃ ဆင့်ရှိခြင်း



အသံလက္ခဏာ ၃ရပ်



၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း

၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း

၃။ဥသြသံနှင့်တူသောအသံရှိခြင်း



မျက်နှာလက္ခဏာ ၈ ရပ်



၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း

၂။ရှည်သောမျက်နှာရှိခြင်း

၃။နီသောနှုတ်ခမ်းရှိခြင်း

၎။ဖြိုးမောက်သောနှာတံရှိခြင်း

၅။ပြည့် ဖြိုးသောပါးရှိခြင်း

၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်

အလံတိုင် အရေးရှိခြင်း

၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း

၈။ချွန်သောနှာခေါင်းရှိခြင်း



သွားလက္ခဏာ ၁ ရပ်



၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား

မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း



မျက်စေ့လက္ခဏာ ၄ ရပ်



၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း

၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)

၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း

၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း



ဆံပင်လက္ခဏာ ၃ ရပ်



၁။အဖျားကော့သော ဆံပင်ရှိခြင်း

၂။ရှည်သော ဆံပင်ရှိခြင်း

၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း


ဤကားကောင်းခြင်း ၆၄ ရပ်တည်း



((ဗဟုသုတဟင်းလေးအိုး))

____ငြင်းချက်ထုတ်လို က ထုတ်ကြပါကုန်၊
ဆင်ခြေဆင်လက်ပေးလို က ပေးကြပါကုန် :D_____
>>>ဆက်ဖတ်ရန်>>> >>

ခြင်ဆေးခွေ မသုံးပဲ ခြင်ပြေးအောင်

ခြင်ဆေးခွေ မသုံးပဲ ခြင်ပြေးအောင်

,.......

 
ခြင်ဆေးခွေ ..သုံးရင် ..အစစရာအရာရာ ..စိုးရိမ်နေရသေးတယ် ။

ခြင်တွေ အော်ကြောလန် အောင်ပြေးမယ့်..ဒီနည်းလမ်း လေး က စိတ်ဝင်စားစရာပဲ ။

ပုံမှာတွေ့တဲ့ အတိုင်း... သံပုရာသီး ကို တခြမ်း ..ခြမ်း..ပြီးတော့ လေညှင်းပွင့်လေးတွေ ကို ..အပေါ် မှာ ..အရိုးတံ ကနေ သံပုရာသီးခြမ်း မျက်နှာပြင်ပေါ်မှာစိုက် ။

သံပုရာ နွမ်းရင် တော့ ..နောက် အသစ် တစ်လုံး ..လဲဖို့ မမေ့နဲ့ အုံး..။ ^___^

မိုးဦးရာသီ မို့ ..လူကြီးရော .. ခလေးပါ ..သွေးလွန်တုတ်ကွေး..အလွယ်တကူဖြစ်စေနိုင်ပါတယ် ။

ဒီနည်း လေး ကို ....စမ်းကြည့်ကြပါလား။
ပိုက်ဆံ လည်း ..အများကြီး..သုံးစရာ ..မလိုဘူးလေနော့ ။

ဘာသာပြန်ရေးသားသူ {ယဉ်ယဉ်နိုင်မောင်} ^___^

Credit: useful info ^__^


EFFECTIVE method of keeping mosquitoes at bay! Simply slice a lime in half and
press in a good amount of cloves for an ALL NATURAL mosquito repellent...
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး