Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

စိုက်ပျိုးရေး အကြံပြုဆွေးနွေးချက်

ဆြာပွ ရေးခဲ့ဘူးတဲ့ ပို့တစ်ခုပါဘဲ .....
.စိုက်နည်းစနစ်နဲ့ နည်းပညာကျွမ်းကျင်လို့မဟုတ်ပါဘူးလက်တွေ့မှာဖတ်ဖြစ်ခဲ့တဲ့ဂျာနယ်အချို့က ဖော်ပြချက်တွေ..ကွဲလွဲစွာရှိခဲ့မှုတွေ...စုဆောင်းပြီးတိုက်ဆိုင်ကြည့်ဖြစ်ရင် လေ့လာဖြစ်တာလေးဆွေးနွေးကြည့်တာပါ....ကိုယ့်နိုင်ငံက စပါး၊ပဲစိုက်တဲ့တောင်သူတွေများပါတယ်....တောင်သူအများစုက ဟိုရှေးကတည်းက မိရိုးဖလာစိုက်ပျိုးတဲ့နည်းနဲ့ ဓာတ်ဆားပက်ကြဲပြီးစိုက်လာခဲ့တာ သက်တမ်းမနည်းတော့ပါဘူး...တောင်သူအများစုက ဒီနှစ်ရာသီဥတု၊ မိုးလေ၀သ၊ မြေဆီမြေနစ်တန်ဖိုးနဲ့ စပါးမျိုး၊ စပါးအထွက်နှုန်းတွေကို မှတ်တမ်းထားပြီး တိုးတက်မှုရှိအောင် နည်းလမ်းရှာကြံလေ့လာစိုက်ပျိုးမှု အင်မတန်နည်းပါတယ်တဲ့...သက်တမ်းကြာကတည်းက..စပါးစိုက်ပျိုးချိန်မှာ ဓာတ်ဆား(ပုလဲ)ကို တိုက်ရိုက်ပက်တယ်...စပါးပြီးပဲစိုက်ပျိုးချိန်မှာ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေးတွေလို ဓာတုဗေဒဆေးတွေ ဖျန်းကြတယ်....ဓာတ်ဆားချည်းနှစ်တိုင်းတိုက်ရိုက်ပက်တယ် သုံးစွဲတာကြာလာတော့ လယ်အချည်ဖောက်(လယ်ပျက်)လာပါတယ်ဆိုပြီးရေးထား တယ်....ဒီအတိုင်းသုံးစွဲတာကြာလာတော့လယ်မြေဆီမြေနှစ်ခန်းခြောက်လာတယ်..အဲတာပြီးတော့ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေးတွေဖျန်းပါတယ်....တကွင်းလုံးဖျန်းထားတော့ ဆက်စပ်နေတဲ့တကွင်းလုံးက ချောင်းမြောင်းတွေထဲ မိုးရွာတာနဲ့ ဆေးကြွင်းဆေးကျန်တွေမျောသွားပါတယ်...အဲကနေ သုံးစွဲမှုများပြားတဲ့ပမဏအရ အငွေ့ပျံပြီးတချို့နိုင်ငံမှာ အက်ဆစ်မိုးအဖြစ်တောင်ပြောင်းသွားတယ်တဲ့... ဒီလိုဆိုးကျိုးတွေတော်တော်များများတွေ့လာတော့တချို့နိုင်ငံတွေမှာ ဓာတ်ဆားကိုတိုက်ရိုက်မသုံးစွဲရ...ပိုးသတ်ဆေး၊ ဓာတုဗေဒဆေးတွေ မသုံးစွဲရလို့ဥပဒေတွေထုတ်ပြီး တားတယ် တောင်သူကို ဗဟုသုတဖြန့်ဝေတယ် ထိရောက်အောင်လုပ်တယ်....ကိုယ့်ဆီက ဘိုးဘွားတောင်သူတွေအများစုက ဒါတွေသိတာနည်းတယ် ... သူတို့က ဓာတ်ဆား၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေးတွေ တိုက်ရိုက်သုံးစွဲမှုကိုဘဲ အဓိကထားတယ်...အဲတော့ စိုက်ပျိုးချိန်မှာလိုအပ်လာတဲ့ ဓာတ်ဆားတွေပိုးသတ်ဆေးတွေကို တခြားနိုင်ငံကတင်သွင်းတဲ့အထိလုပ်တယ်... .အများအပြားတင်သွင်းတာကိုလေ့လာကြည့်ရင်တွေ့ရမှာပါ..သူများနိုင်ငံက ဓာတ်ဆားကိုတိုက်ရိုက်မသုံးစွဲဘဲ အော်ဂင်းနစ်နဲ့တွဲသုံးတယ်...ပိုးသတ်ဆေးမသုံးရဆိုတဲ့ဥပဒေတွေထုတ်ပြန်ပြီးတားမြစ်တယ်...ကိုယ့်နိုင်ငံကိုတင်သွင်းရောင်းတဲ့အတွက် အဲဒီအပေါ်မှာလည်းအကျိုးအမြတ်အများကြီးရှိတယ်လို့ ယူဆတယ်...ဒီကြားထဲ ထွက်လာတဲ့အသီးအနှံကို အော်ဂင်းနစ်တိုင်းပြီး ၀ယ်တယ် ကိုယ့်ဆီကထွက်တဲ့ဆန်စပါးက အရည်အသွေး 25 % မပြည့်မှီဘူး အော်ဂင်းနစ်မသုံးစွဲဘူးဆိုတဲ့ပေတံနဲ့ တိုင်းပြီး ဈေးနှိမ်တယ်...ကိုယ်ရှာထားတဲ့ ဈေးကွက်မှာ ဗီယက်နမ်တို့ထိုင်းတို့နဲ့ယှဉ်ရောင်းရင်နောက်ကျကျန်ခဲ့ပြီး ကိုယ့်ဈေးကွက်လျော့နည်းသွားတယ်..ပဲမှာလည်းဒီအတိုင်းဘဲ အော်ဂင်းနစ်မသုံးတဲ့အတွက် ကနေဒါတိုးဖောက်မှုကို မယှဉ်နိုင်တဲ့နှစ်ရှိခဲ့တယ်...ကိုယ့်ဈေးကွက်ကို ဒီကောင်တွေ ပညာပါပါလုသွားတာမျိုးနည်းပညာနဲ့လုပ်တာခံနေရတယ်...အဲတာကြောင့် ကိုယ့်ဆီကတောင်သူကိုလည်း ဗဟုသုတတွေ စိုက်ပျိုးနည်းစနစ်တွေ မျိုးကောင်းတွေ တကယ်လက်တွေ့သုံးစွဲရဲတဲ့သတ္တိမျိုးဖြစ်လာအောင် မီဒီယာတွေအကူအညီနဲ့ဖြစ်ဖြစ် တတ်သိကျွမ်းကျင်တဲ့ပညာရှင်တွေပြောကြားချက်တွေ စာတမ်းတွေကို တောင်သူသိနေအောင်ကို ကျယ်ကျယ်ပြန့်ပြန့်ချပြသင့်တယ် တောင်သူအနေနဲ့ကိုယ့်လယ်မြေအဆင့်အတန်းအရည်အသွေးကိုဘယ်လောက်ရှိလဲ ဓာတ်ခွဲစမ်းသပ်တာမျိုးလေးတွေ အားပေးသင့်တယ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လက်လှမ်းမှီတဲ့မြို့နယ်လိုနေရာလေးတွေမှာ ကို ဈေးနှုန်းသက်သက်သာသာနဲ့ ဓာတ်ခွဲစမ်းသပ်အဖြေထုတ်ပေးနိုင်တာမျိုးလေးတွေ ရှိသင့်တယ်....ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှုရဲဆိုးကျိုး/ကောင်းကျိုးကို ဒွန်တွဲပြီး တောင်သူသိရှိနားလည်ပြီးအလေ့အကျင့်လေးဖြစ်လာအောင် ပညာပေးသင့်တယ်...ပိုးသတ်ဆေးဆိုတာက ဖတ်လိုက်ရပါတယ် တစ်နှစ်သုံးစွဲထားရင်ဆေးကြွင်းဆေးကျန်က (၈)နှစ်လောက်မပျယ်ဘူးတဲ့..... အဲတော့နှစ်တိုင်းသုံးနေတဲ့အနေအထားပမဏကိုတွက်ကြည့်ပေါ့ဗျာ.....ဘယ်လောက်ဆိုးကျိုးတွေရှိနေမလဲလို့...မိုးရွာလို့တကွင်းလုံးပိုးသတ်ဆေးတွေပြန့်သွားရင်လည်း ဂေဟစနစ်တွေကအစထိခိုက်နိုင်တာမျိုးဘဲ အနည်းဆုံးငါးသယံဇာတဘယ်လောက် ပျက်ဆီးမလဲတွက်ကြည့်နိုင်ပါလိမ့်မယ်....အဲတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ကိုလည်း တောင်းပန်မေတ္တာရပ်ခံချင်တာက ကိုယ့်စီးပွားရေးအဆင်ပြေတာကိုလည်း မကြည့်ပါနဲ့ရေရှည်မှာ ဆိုးကျိုးရှိလာနိုင်တာကို အတတ်နိုင်ဆုံးကြည့်ရှုဆောင်ရွက်ပေးပါလို့.... .ပြောချင်ပါတယ်...ကိုယ်ပြောလို့တတ်သိလို့လည်းမဟုတ်ပါဘူး ...ဖတ်လိုက်ရတဲ့ စာအုပ်တွေဂျာနယ်တွေမှာပါတဲ့ ပညာရှင်တွေရဲ့ ခေါင်းစဉ်တစ်ခုချင်း က လေ့လာတွေ့ရှိချက်စာတမ်းလေးကို ဆက်စပ်ပြီး အကြံပြုဆွေးနွေးတာဖြစ်ပါတယ်....... နည်းပညာမှားယွင်းမှုတွေ့ပါကလည်း ထောက်ပြပြီး အကြံပြုဆွေးနွေးနိုင်ပါတယ်... ကိုယ်လည်းဆွေးနွေးကြည့်တာသာဖြစ်ပါတယ်..နည်းပညာချပြခြင်းမဟုတ်တာကိုတော့ နားလည်ထားစေချင်တယ်.......

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး