Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

Open Graphic Library ဆိုသည်မှာ

by ကိုလင်း- သလ္လာဝတီ
Open Graphic Library ဆိုသည်မှာ Cross Languageတစ်ခုကို သတ်မှတ်ပေးသော Interface အမျိုးအစား တစ်ခု ဖြစ်တယ်။ ဘာအတွက်လဲဆိုတော့ 2D နှင့် 3D Computer Graphic တွေကို ထုတ်လုပ်ရာမှာ Application တွေ ကို ရေး သားနိုင်သော Cross Languageတစ်ခုဖြစ်တဲ့ Cross platform API ကို သတ်မှတ်ပေးသော Standard တစ်ခု ပင် ဖြစ်တယ်။ OpenGL Interface တွင် မတူညီတဲ့ Function ပေါင်း ၂၅၀ ကျော် ပါဝင်ပါတယ်။ ၄င်း မတူညီတဲ့ Functionပေါင်း ၂၅၀ ကျော် ပါဝင်ရခြင်းက ယခင် ရိုးရိုး Graphic တွေထက် ရှုပ်ထွေးသော Three-DemensionalScence တွေ ကို ရေးဆွဲရာမှာ အသုံးပြုနိုင်ရန် ဖြစ်ပါတယ်။ OpenGL ကို Silicon Graphic Inc (SGI) ကနေ၁၉၉၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၄င်းကို CAD, Virtual Reality, Scientific Visualization,Information Visualization နှင့် Flight Simulation တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ နောက်ပြီး OpenGL ကို Video Game တွေမှာလည်း အသုံးပြုကြပါတယ်။ ဒီOpenGL သည် Microsoft Windows Platform ကထုတ်လုပ်သော Direct 3D နှင့် အပြိုင်အသုံးပြုနေကြပါတယ်။ OpenGL ကို Non-profic Technology Consortium (Khronos Group) ကနေစီမံထုတ်လုပ်တာဖြစ်ပါတယ်။ Basic Level OpenGL ကတော့ Specification ဖြစ်တယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ရိုးရိုး Documentတစ်ခုပါပဲ။ သူကဘာကို ဖော်ပြပေးနိုင်လဲဆိုတော့ Function တွေနှင့် ၄င်း Function တွေကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ တိကျသော လုပ်ဆောင်ချက်တွေကို ဖော်ပြပေးနိုင်သော Specificationတစ်ခု ဖြစ်တယ်။ ဒီ Basic Level Specification မှာ ဘာတွေကို လုပ်ဆောင်နိုင်သလဲဆိုတော့ Hardware Vendor တွေဟာOpenGL Specification ဖော်ပြထားသော Function တွေနှင့် ကိုက်ညီတဲ့ Function တွေကိုဖန်တီးနိုင်ပါတယ်။ Hardware Vendor တွေသည် OpenGL Implementation အဖြစ် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အရည်အချင်း သတ်မှတ်နိုင်ဖို့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ OpenGL သည် Khronos Group ရဲ့ ထိန်းချုပ်မှုကို Passလုပ်ခဲ့ပါ တယ်။ ဒီလိုမျိုး လုပ်ဆောင်မှုဟာဆိုရင် OpenGL နှင့် OpenGL ES တို့ရဲ့ တိုးတက်မှုတွေကြားမှာဖြစ်တတ်သော အတားအဆီးတွေကို ဖယ်ရှားနိုင်ဖို့အတွက် OpenGL ရဲ့ ဈေးကွက်ကို တိုးတက်စေဖို့ရန် အလို့ငှာ ဖြစ်လာစေခဲ့ ပါတယ်။ OpenGL ကို စီမံထုတ်လုပ်သော Khronos ရဲ့ အဖွဲ့ခွဲနာမည်က OpenGL ARB Working Group ဖြစ် ပါတယ်။ OpenGL ကို API အတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာဖြစ်တယ်။ OpenGL ကလုပ်ဆောင်ပေးသော အဓိက လုပ်ဆောင်ချက် နှစ်မျိုးရှိပါတယ်။ (၁) တခြား မတူညီသော 3D Accelerator တွေနှင့် ဆက်စပ်ပြီးတော့ လုပ်ဆောင်တဲ့အခါမှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် တစ်ခုတည်းသော API Uniform ကို အသုံးပြုပြီးတော့ လုပ်ဆောင်ပေးပါတယ်။ (၂) နောက်တစ်ခုက Hardware Platform တွေရဲ့ မတူညီသော ဆောင်ရွက်ချက်တွေကိုဖုံးကွယ်ထားရန် အတွက် လည်း ဆောင်ရွက်ပေးပါတယ်။ လိုအပ်လျင် Software ကို အသုံးပြုပြီးတော့လုပ်ဆောင်ပေးပါတယ်။ Open GL ကို ထုတ်လုပ်လိုက်သော ရည်ရွက်ချက်က Graphic တွေကို Display လုပ်ရန်အတွက်သာ ရည်ရွယ် ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Graphic ဆိုင်ရာ Function တွေကိုပဲ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ API မှာဆိုရင် Windows System, Audio, Print Screen, Keyboard/ Mouse တို့နှင့် တစ်ခြားInput Device တွေရဲ့ Concept တွေ မရှိပါဘူး။ ဒီလိုမျိုး API မှာ ကန့်သတ်ချက်တွေရှိသော်လည်း OpenGLကို အသုံးပြုမယ်ဆိုရင်တော့ ဘယ် Windows Operating System ကိုမဆို လွတ်လပ်စွာအသုံးပြုနိုင်ပါတယ်။ ၁၉၉၅ ခုနှစ်လောက်မှာ Microsoft ကနေပြီးတော့ Direct3D ကို ထုတ်လုပ်ခဲ့ပါတယ်။ ၄င်း Direct3D မှာOpenGL ရဲ့ အဓိက ပြိုင်ဘက်တစ်ခု ဖြစ်လာပါတယ်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် Microsoftနှင့် SGI တို့သည် Fahrenheit ဆိုတဲ့ Project ကို စတင် အကောင်အထည် ဖော်ခဲ့ကြပါတယ်။၎င်း Project မှာ OpenGL နှင့် Direct3D Interface တို့ကို စည်းလုံးပေါင်းစပ်ပေးရန် ရည်ရွယ်ချက်နှင့်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် မှာတော့ Hewlett-Packard သည် ၄င်း Project ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ Microsoft ကတော့ SGI နဲ့ ပတ်သက်ပြီးတော့ ဘဏ္လာရေး ကန့်သတ်ချက်တွေကြောင့် ၁၉၉၉ ခုနှစ်မှာ ၄င်း Project အဖွဲ့ထဲကနေ ထွက်သွားခဲ့ပါတယ်။ OpenGL မှာ Version တွေ အများကြီး ရှိပါတယ်။ Open GL သည် Address နဲ့ ပတ်သက်ပြီးတော့ တိုးတက်မှု၊ နှောင့်နှေး ကြန့်ကြာနေ မှု၊ ပျက်ကွက်မှုတို့ကြောင့် 3DLabs က OpenGL 2.0 version ကို စတင်ထုတ်လုပ်ရန် အကြံပြု လာခဲ့ပါတယ်။ နောက်ဆုံးမှာ OpenGL 2.0 version ကို ထုတ်လုပ်လိုက်တဲ့အခါမှာ GLSL Support ပါရှိပါတယ်။ GLSLဆိုတာ Level မြင့်သော Shading Language တစ်ခု ဖြစ်တယ်။ C-Programming Language ကိုအခြေခံပြီးတော့ ထုတ်လုပ်ထားတာ ဖြစ်တယ်။ GLSL ၏ အရှည်မှာ OpenGL Shading Languageဖြစ်ပါတယ်။ တခါတရံ GLslang ဟုလည်း ခေါ်ကြပါတယ်။ ၄င်း GLSL ကို OpenGL ARB ကနေဖန်တီးထားခြင်း ဖြစ်ပါတယ်။ ၄င်းကို ထုတ်လုပ်ထားရသော ရည်ရွယ်ချက်က Assembly Language သို့မဟုတ် Hardware-Specific Language တွေကို အသုံးပြုရန်မလိုပဲ Graphic Pipeline တွေကို တိုက်ရိုက် Control လုပ်နိုင်ဖို့ရန်အတွက် ရည်ရွယ် ထားတာ ဖြစ်တယ်။ အခုလက်ရှိ အသုံးပြုနေသော GLSL Version ကတော့ Version 1.40 ပဲဖြစ်ပါတယ်။ OpenGL 2.1 version ကို ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ထုတ်လုပ်ခဲ့ပါတယ်။ OpenGL 2.1 Version မှာ ယခင် ထုတ်လုပ်ခဲ့သော OpenGL Version အားလုံးနှင့် Compatible ဖြစ်ပါတယ်။ နောက် version တစ်ခုဖြစ်သော OpenGL API version 3.0 ကို ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာထုတ်လုပ်ခဲ့ပါတယ်။ ဒီ Version 3.0 ကလည်း ယခင် OpenGL Version တွေနှင့် Compatible ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ OpenGL version 3.1 ကို ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ပိုပြီးတော့ထူးခြားသော API performance ဖြစ်အောင် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

NTFS File System အကြောင်းသိကောင်းစရာ

New Technology File System သို့မဟုတ် NTFS File System အကြောင်းသိကောင်းစရာ
by ကိုလင်း- သလ္လာဝတီ
System လို့ ပြောလိုက်ပြီဆိုတာနဲ့ File System မှာ FAT နှင့် NTFS ဆိုပြီး ၂ မျိုး ရှိတယ်ဗျ။FAT ကို (File Allocation Table) လို့ ခေါ် တယ်။ NTFS ကိုတော့ New Technology ဆိုပြီး ရှိတယ်။ FAT File Systemသည် Earlier Version Windows တွေ ဖြစ်တဲ့ DOS, Windows 95, 98, 98SE တို့မှာ ပါရှိတာ ဖြစ်တယ်။ NTFS FileSystem ကတော့ Windows NT ရဲ့ Standard File System ဖြစ်ပြီး NTFS File System ကို Windows NT မှစပြီးနောက်ပိုင်း Windows Version တွေ ဖြစ်တဲ့ Windows 2000, Windows XP, Windows Server 2003, WindowsServer 2008, Windows Vista နှင့် Windows 7 စတဲ့ Operation System တွေမှာ NTFS File System ပါရှိပါတယ်။ ဒီတော့ ကျွန်တော် အခု ပြောမယ့် အကြောင်းအရာက NTFS File System အကြောင်းကိုပဲ သိရှိနားလည်အောင်ပြောပြပေး သွားမှာ ဖြစ်ပါ တယ်။NTFS File System ကို စတင်ပြီး ရေးသားခဲ့တဲ့ အချိန်ကတော့ ၁၉၈၀ ခုနှစ် အလယ်ပိုင်းလောက်မှာ စတင် ရေးသား ခဲ့ တာဖြစ်ပါတယ်။ NTFS File System မှာ Version (၈)မျိုးရှိပါတယ်။ အဲ့ဒီ NTFS File System Versionတွေကတော့- -NTFS V1.0 ( Windows NT 3.1 ) -NTFS V1.1 ( Windows NT 3.5 ) -NTFS V1.2 ( Windows NT 3.51) -NTFS V4.0 ( Windows NT 4.0 ) -NTFS V5.0 ( Windows 2000 ) -NTFS V5.1 ( Windows XP ) -NTFS V 5.2 ( Windows Server 2003 ) -NTFS V 6.0 ( Windows Vista, Windows Server 2008 ) တို့ပဲ ဖြစ်ပါတယ်။ NTFS File System ကို ဘာ့ကြောင့် အသုံးပြုရတာလဲဆိုရင်တော့ NTFS File System က FAT File System ထက်အားသာချက်တွေ အများကြီး ရှိလို့ပါပဲ။ NTFS File System ရဲ့အားသားချက်တွေက ဘာတွေလဲဆိုရင်တော့ မိမိတို့ရဲ့ Fileနှင့် Folder တွေရဲ့ လုံခြုံမှု ပိုင်းဆိုင်ရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘူးဗျ။ File တွေကို Compressed လုပ်တာ၊ Encryption, Disk Quotas, EFS (Encryption File System), VSS (VolumeShadow Copy Service ) စတဲ့ Service တွေ အများကြီးကိုလဲ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် NTFS File System သည်ယနေ့ အချိန်ထိ အသုံးပြုနေ ကြရခြင်းပဲ ဖြစ်ပါတယ်။ File နှင့် Folder လုံခြုံမှုပိုင်းဆိုင်ရာဆိုတာ NTFS File System ရဲ့ File နှင့် Folder လုံးခြုံမှုပိုင်းဆိုင်ရာဆိုတာက File နှင့် Folder တွေကို ACL (Access ControlList ) ACL-Based Security ဖြင့် အခြားအခွင့်မရှိတဲ့ User များက မိမိရဲ့ File နှင့် Folder တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ဖတ်ရှုခွင့်မရှိအောင် ကာကွယ်ပေး ထားနိုင်တာကို ပြောတာ ဖြစ်ပါတယ်။ File တွေကို Compressed လုပ်တယ်ဆိုတာ NTFS File System ရဲ့ File တွေကို Compressed လုပ်တယ် ဆိုတာက မိမိရဲ့ Hard Disk Device ထဲမှာ File တွေကိုသိမ်းဆည်းရာမှာ Hard disk Device ထဲမှာ နေရာယူမှု ပမာဏ နည်းသွားအောင် ပြုလုပ်တာကို File တွေကို Compressedလုပ်တယ် လို့ ပြောတာ ဖြစ် ပါတယ်။ NTFS File System File တွေကို Compressed လုပ်ရာမှာ L277 Algorithmn ကိုအသုံးပြုပြီး Compressed လုပ်ပါတယ်။ ဒါကြောင့် NTFS File System မှာပါရှိတဲ့ File တွေကို Compressedလုပ်တာသည် မိမိ Hard Disk ထဲမှာ နေရာယူမှု ပမာဏနည်း သွားအောင် ပြုလုပ်ပေးတာကို ပြောတာ ဖြစ်ပါတယ်။ Disk Quotas NTFS File System ရဲ့ Disk Quotas ဆိုတာ မိမိရဲ့ Hard Disk Drive ထဲမှာ Data သိမ်းဆည်းနိုင်မှု ပမာဏ Limit ကိုကန့်သတ်လိုက် တာ ဖြစ် တယ်။ ဒီလို မိမိရဲ့ Hard Disk ရဲ့ Data သိမ်းဆည်းနိုင်မှု Quotas ကို သတ်မှတ်လိုက်ခြင်းအားဖြင့်အခြား User တွေသည် မိမိ Hard Disk ထဲသို့ သူတို့ရဲ့ Data တွေလာရောက် သိမ်းဆည်းမှုကို ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ Encryption File System (EFS) NTFS File System ရဲ့ Encryption File System ဆိုတာ မိမိရဲ့ Hard Disk ထဲမှာရှိတဲ့ ဘယ် File နှင့် ဘယ် Folderမဆိုအားလုံးကို Encrypt လုပ်လိုက်တာကို Encryption File System လို့ပြောတာ ဖြစ်ပါတယ်။ Volume Shadow Copy Service (VSS) NTFS File System ရဲ့ Volume Shadow Copy Service (VSS) ဆိုတာ မိမိရဲ့ File နှင့် Folder တို့ရဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ပြန်လည် ၍ သတ်မှတ်ပေးနိုင်တဲ့ Service ကိုပြောတာ ဖြစ်ပါတယ်။ဥပမာအနေနဲ့ ပြောရရင်တော့ VSS လုပ်ထားတဲ့ Text File လေးတစ်ခုပေါ့ဗျာ။ အဲ့ဒီ File ထဲမှာ မိမိရဲ့ အရေးကြီးတဲ့စာတွေကို သိမ်းထားတယ် ဆိုပါတော့။ အဲ့ဒီလို အရေးကြီးတဲ့ စာတွေသိမ်းထားတာကို အခြား User တစ်ယောက်ကလာရောက်ပြီး ၀င်ပြင်သွားခဲ့မယ်ဆိုရင် မိမိရဲ့ အရင်က သိမ်းထားခဲ့တဲ့ စာတွေကို အလွယ်တကူပြန်၍ ခေါ်ယူနိုင်ပါတယ်။ အဲ့ဒါကို Volume Shadow Copy Service လို့ခေါ်ပါတယ်။ အဲ့ဒီလောက်ဆိုရင် NTFS File System အကြောင်းလေးကို နားလည်လောက်ပြီပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်ရဲ့ NTFSFile System အကြောင်းလေးကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။ from Sayar Zaw Lin(youth)
>>>ဆက်ဖတ်ရန်>>> >>

EVDအကြောင်း

EVDအကြောင်း
by ကိုလင်း- သလ္လာဝတီ ·
EVD သည် DVD ကနေ ဆင်းသက်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့နောက်ပိုင်းပေါ် လာတဲ့ HDTV Format ကို Support လုပ်နိုင်ဖို့ပါ။DVD နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံခြင်း တူပါတယ်။ တရုတ်ကနေ စတင်ထုတ်လုပ်ခဲ့တာပါ။ EVDပေါ်မှာ Record လုပ်နိုင်တဲ့ VP5 နဲ့ VP6 Format တွေ ပါရှိပါတယ်။ VP5 နဲ့ VP6 ဆိုတာက MPEG-2 ထက် အရည်အသွေး ပိုကောင်းတဲ့ Video Compression Techniques တစ်မျိုးပါ။ ဈေးနှုန်းကလည်း သက်သာပါတယ်။ Video Compression နည်းပညာကလည်း ပိုကောင်းပါတယ်။ DVDတွေမှာ Support မလုပ်နိုင်တဲ့ HDTV Resolutions ကို EVD မှာ သိမ်းဆည်းလို့ ရပါတယ်။ အသံပိုင်းမှာလည်း Mono၊ Stereo၊ 5.1 Surround Sound စနစ်တွေကို Support လုပ်နိုင်တဲ့ EAC(Enhanced Audio Codec) နည်းပညာကို သုံးထားပါတယ်။ EVD Disc ကို Layer ဆယ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Layer တစ်ခုမှာ Data ပမာဏ 5 GB အထိဝင်ဆန့်ပါတယ်တဲ့။ မူလ EVD Disc တွေဟာ ပုံစံအရွယ်အစားအားဖြင့် DVD နဲ့ တူညီတဲ့အတွက်ကြောင့် မည်သည့် ကွန်ပျူတာDVD Drive မှာ မဆို Read လုပ်လို့ ရနိုင်ပါတယ်။ DVD-R Disc နဲ့လည်း Copy ကူးလို့ ရပါတယ်။EVD Player ရဲ့ ရုပ်ပုံထွက်တဲ့ အရည်အသွေးဟာ DVD Player ထက် ငါးဆ ပိုမို ရှင်းလင်းပြတ် သားစွာ မြင်တွေ့ရပါတယ်။ သိမ်းဆည်းနိုင်မှု ပမာဏကလည်း DVD ထက် ပိုမို သိမ်းဆည်းနိုင်ပါတယ်။ from Sayar Zaw Lin(youth) www.youth-it-technican.blogspot.com
>>>ဆက်ဖတ်ရန်>>> >>

သင့်ရဲ့ Password တွေကို Hacker တွေက ဘယ်လိုခိုးလဲ ? ဘယ်လိုကာကွယ်မလဲ ?



ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )

မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..

password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး