Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

EVDအကြောင်း

EVDအကြောင်း
by ကိုလင်း- သလ္လာဝတီ ·
EVD သည် DVD ကနေ ဆင်းသက်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့နောက်ပိုင်းပေါ် လာတဲ့ HDTV Format ကို Support လုပ်နိုင်ဖို့ပါ။DVD နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံခြင်း တူပါတယ်။ တရုတ်ကနေ စတင်ထုတ်လုပ်ခဲ့တာပါ။ EVDပေါ်မှာ Record လုပ်နိုင်တဲ့ VP5 နဲ့ VP6 Format တွေ ပါရှိပါတယ်။ VP5 နဲ့ VP6 ဆိုတာက MPEG-2 ထက် အရည်အသွေး ပိုကောင်းတဲ့ Video Compression Techniques တစ်မျိုးပါ။ ဈေးနှုန်းကလည်း သက်သာပါတယ်။ Video Compression နည်းပညာကလည်း ပိုကောင်းပါတယ်။ DVDတွေမှာ Support မလုပ်နိုင်တဲ့ HDTV Resolutions ကို EVD မှာ သိမ်းဆည်းလို့ ရပါတယ်။ အသံပိုင်းမှာလည်း Mono၊ Stereo၊ 5.1 Surround Sound စနစ်တွေကို Support လုပ်နိုင်တဲ့ EAC(Enhanced Audio Codec) နည်းပညာကို သုံးထားပါတယ်။ EVD Disc ကို Layer ဆယ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Layer တစ်ခုမှာ Data ပမာဏ 5 GB အထိဝင်ဆန့်ပါတယ်တဲ့။ မူလ EVD Disc တွေဟာ ပုံစံအရွယ်အစားအားဖြင့် DVD နဲ့ တူညီတဲ့အတွက်ကြောင့် မည်သည့် ကွန်ပျူတာDVD Drive မှာ မဆို Read လုပ်လို့ ရနိုင်ပါတယ်။ DVD-R Disc နဲ့လည်း Copy ကူးလို့ ရပါတယ်။EVD Player ရဲ့ ရုပ်ပုံထွက်တဲ့ အရည်အသွေးဟာ DVD Player ထက် ငါးဆ ပိုမို ရှင်းလင်းပြတ် သားစွာ မြင်တွေ့ရပါတယ်။ သိမ်းဆည်းနိုင်မှု ပမာဏကလည်း DVD ထက် ပိုမို သိမ်းဆည်းနိုင်ပါတယ်။ from Sayar Zaw Lin(youth) www.youth-it-technican.blogspot.com

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး