Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကွမ်းစားမယ်ဆိုရင်

ကွမ်းစားမယ်ဆိုရင်စဉ်းစား ...
ကွမ်းပင်မျိုးနွယ်စုမှာ အကြမ်းခံ သက်တမ်းရင့်မဟုတ်ပေမဲ့ ကွမ်းစားသူတွေ တိုးပွားလာခြင်းကြောင့် ကွမ်းခြံတိုးချဲ့စိုက်ကြတယ်၊ အသန့်ကြိုက်ကြသဖြင့် ကွမ်းခြံကွမ်းပင်များကို တယုတယ ဂရုစိုက်ကြရတယ်၊ အရွက်မှာ ပျော့ပျောင်းပြီး အရိုးနှင့် အပင်မှာ သေးသွယ်သည်၊ အရင်းအနှီးများပြီး ရှုံးလွယ်မြတ်လွယ်တယ်၊ အောင်မြင်တဲ့ကွမ်းရှိသလို၊ အအောင်မြင်တဲ့ ကွမ်းလည်းရှိတယ်၊ အောင်မြင်လိုသည့်စိတ်ကြောင့် လူအမျိုးမျိုးကို ဆရာတင်ကြတယ်၊ တစ်ဦးလုပ်လျှင်ရှေ့မှလုပ်သွားသည့် နည်းအ တိုင်းလိုက်လုပ်သူတွေ ဆင့်ပွားလာတယ်၊ နီးစပ်ရာခြံများမှ အဆင့်ဆင့်အတုယူသော အလေ့အထ ဖြစ်နေတယ်၊
မျိုးပင်အဖြစ် အသုံးပြုမယ့် ကွမ်းညွန့်ကို မစိုက်ပျိုးမီ ဆေးစိမ်ရခြင်းမှာ ကွမ်းတွင် ရောဂါပါလာလျှင်ရောဂါစင်သွားရန်နှင့် ကွမ်းပင် သန်စွမ်းစေရန်ဖြစ်တယ်လို့သိရပါတယ်၊ ပုဂ္ဂလိကကုမ္ပဏီများမှ ထုတ်လုပ်ရောင်းချတဲ့ စိုက်ပျိုးရေးသုံးဆေးများအပြင် လူသားတို့ ရောဂါကုသရာတွင် အသုံးပြုနေတဲ့ ပဋိဇီဝဆေးများ(Antibiotics)များကိုပါ ရောစပ်အသုံးပြုလျှက်ရှိတယ်၊
၎င်းဆေးဝါးများမှာ Streptomycin (စထရက်တိုမိုင်စင်)၊ Rifanpicin (ရီဖာပီစင်)၊ Cicatrin Powder (စီကာထရင့်မှုန့်)စသည်တို့ဖြစ်တယ်၊ စိုက်ပျိုးရေးကုမ္ပဏီမှထုတ်သည့်စိုက်ပျိုးရေးဆေးများနှင့် ပဋိဇီဝဆေးဝါးများကို ဇလုံကြီးတစ်ခုအတွင်း ဖျော်ပြီး ကွမ်းစိုက်ပျိုးသူတိုင်းလိုလိုပင် အသုံးပြုနေတယ်၊ Streptomycin (စထရက်တိုမိုင်စင်)ထိုးဆေးမှာ အမှုန့်ဖြစ်ပြီး မိုးရေဖြင့် ရောစပ်၍ အဆုပ်တီဘီရောဂါဝေဒနာသည်များ ကုသသောဆေးဝါးဖြစ်တယ်၊ Rifanpicin (ရီဖာပီစင်)ဆေးမှာ အဆုတ်တီဘီရောဂါနှင့် အနာကြီးရောဂါကုသရာတွင် အသုံးပြုသော ဆေးဝါးဖြစ်တယ်၊ Cicatrin Powder (စီကာထရင့်မှုန့်)မှာ အနာကျက်စေရန်သုံးသောဆေးဖြစ်ပါတယ်၊ ၄င်းဆေးများကို ဆေးရောင်းချသောဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိပါတယ်၊ ကွမ်းတစ်ထောင်စိုက်မယ်၊ နှစ်ထောင်စိုက်မယ် ပြောပြတယ်၊ ဆေးရောင်းချသူများက ကွမ်းညွန့်အရေအတွက်ကို မေးပြီး အထက်ဖော်ပြပါဆေးများကို ရောင်းချပေးတယ်၊ ရောဂါဝေဒါနာများကုသရာတွင် သုံးသော အစွမ်းထက်ဆေးဝါးများကို ကွမ်းစိုက်ရာတွင် သုံးနေခြင်းမှာ (Misused)အလွဲသုံးနေခြင်းဖြစ်သကဲ့သို့ ကွမ်းစားနေသူ လူအများကိုလည်း ၄င်းဆေး၏ အကျိုးဆက်များမသက်ရောက်ပါလို့ မပြောနိုင်ပါ၊ တချို့နေရာများတွင် လူတို့အသက်ကယ်ဆေးဟု အပြောများသော Solucortef (ဆော်လူကော့တက်)ကိုပင် ရောဂါဝင်သော ကွမ်းပင်များကို ထိုးပေးတယ်ဟု သိရတယ်၊ အလွန်ပင်အန္တရယ်များသော ဆေးအလွဲသုံးနေမှုများဖြစ်နေသဖြင့် ကွမ်းစားမယ်ဆိုရင် စဉ်းစားကြပါရန် ရေးသားလိုက်ရပါတယ်။

2.8.2012 ကြေးမုံသတင်းစားပါ ချစ်ဦး(အင်းမ)၏ ပို့အားဖော်ပြပေးခြင်းဖြစ်ပါသည်....
>>>ဆက်ဖတ်ရန်>>> >>

IDM (Internet Download Manager) ဒေါင်းလုပ်အမြန်နှုန်း မြင့်တင်နည်း

၁.IDM ကို ဖွင့်လိုက်ပါ

၂.Opiton ဆိုတာကိုနှိပ်ပါ


၃.အပေါ်က Connection ဆိုတာကို ရွေးနှိပ်ပါ..


၎.ညာဘက်က Speed တန်ဖိုးကို ဖျက်လိုက်ပါ


၅.ပြီးရင် Desktop ရဲ့ အောက်ခြေက Start ကိုနှိပ်ပြီး Run ကို ဖွင့်ပါ


၆. Regedit  လို့ ရိုက်ထည့် ပြီးရင် ok နှပ်ပါ.


ရ.ပေါ်လာတဲ့ regedit ၀င်ဒိုးထည်းက HKEY_CURRENT_USER ကိုနိပ်ပါ


8.Software ပြီးရင် အဲ့ဒီထည်းက Download Manager ဆိုတာ၇ှာပြီး ညာကလစ်နှိပ်ပါ


၉.၀င်ဒိုးရဲ့ ညာဖက် မှာ Connection Speed ဆိုတာကို၇ှာပါ


၁၀.တွေ့ရင်  Double Click နှိပ်ဖွင့်ပြီး Decimal ကိုရွေးပါ


၁၁. ပြီးရင် 99999999 ရိုက်ထည့် ok ပြီး regedit ထည်းကထွက်ပါ..


အစမ်းဒေါင်းကြည့်လိုက်ပါ အောက်ကပုံလေးလို ပိုမြန်လာတာတွေကရပါလိမ့်မယ်...


>>>ဆက်ဖတ်ရန်>>> >>

အလွန်ထူးခြားတဲ့ သုံးထပ်ဆင်းတုတော်


ရှင်ပင်ရွှေဂူကြီး(တမုတ်မြို့ ဟောင်း)

အလွန်ထူးခြားတဲ့ သုံးထပ်ဆင်းတုတော်

အတွင်းဆုံးမှာ
အနော်ရထာမင်းလက်ထက်ဂုတ္တခေတ်ဟန် ၁၁ ရာစု လက်ရာ ဆင်းတုတော်ဖြစ်ပြီး

အလယ်မှာ ပါလခေတ်ဟန် ၁၂ ရာစုနှောင်းပိုင်းလက်ရာ ဖြစ်ကာ

အပေါ်ဆုံး ဆင်းတုတော်က ၁၂ ရာစုလက်ရာများပါတဲ့ ၁၃ ရာစု လက်ရာပါ။

ဆင်းတုတော်များအားလုံးမှာ မြေမီးဖုတ် ခရုခွေ ဆံတော်တွေ စိုက်ထားတာ ဖူးတွေ့ရပါတယ်။

ရှင်ပင်ရွှေဂူကြီးမှာ မြန်မာနိုင်ငံမှာ ၈ ဆူလောက်သာဖူးတွေ့ခွင်ရှိတော့တဲ့ အန္တဂူ ရုပ်ပွားဆင်းတုတော်ကို ဖူးတွေ့နိုင်ပါတယ်။

အန္တဂူ ရုပ်ပွားဆင်းတုတော်ဆိုတာက သေးငယ်တဲ့ အန္တဂူကျောက်

(Dolomite Stone) ကို ဗုဒ္ဒဝင် ရှစ်ခန်း အပါအဝင် အနုစိတ်သေးငယ်လှတဲ့ ပုဂံခေတ် ၁၂ ရာစု ရှားပါး ကျောက်ဆစ် ပန်းတမော့ လက်ရာပါ။

ကူးယူဖေါ်ပြသည်-http://mandalaygazette.com/74018/travel/local-guides

ဓါတ်ပုံ -အကိုစတီး(steedboyMDY)

>>>ဆက်ဖတ်ရန်>>> >>

Ethical Hacker အပိုင်း+1

ကိုလင်း- သလ္လာဝတီ

ဟက်ကင်းနည်းပညာကိုစိတ်ဝင်စားနေသူတိုင်းသိကြမယ်ထင်ပါတယ်။Ethicဆိုတာ ကတော့ လူ့ကျင့်ဝတ်နဲ့အညီ၊ဥပေဒေဘောင်တွင်းကလို့ဆိုလိုတာပါ။ဒီတော့ Ethical Hacker ဆိုတာတရားဝင် ဟက်ကာပေါ့နော်။သူရဲ့အလုပ်က Website တွေ Network တွေရဲ့လုံခြုံရေးအားနဲချက်ကိုရှာဖွေပေးတဲ့ သူ ၊ပြန် လည်ကောင်းမွန်အောင်လုပ်ဆောင်ပေးသူ၊Black hat ဟက်ကာများရဲ့တိုက်ခိုက်မှုမခံရခင်ကိုယ်တိုင် ဆိုက်တစ်ခု ကိုဟက်ပြီးပြင်ဆင်သင့်တာတွေပြင်ဆင်၊လုံခြုံရေးအားနဲချက်တွေရှာပြုပြင်စသည်ကောင်းရာမွန်ရာကောင်း ကျိုးပြု လုပ်သောဟက်ကင်းနည်းပညာရှင်များဖြစ်ပါတယ်။



ယနေ့ခေတ်လူငယ်များကတော့ဟက်ကာဖြစ်ချင်နေကြတာပါခင်ဗျ။ဆိုက်တစ်ခုကို ဟက်ချင်တယ်။ဖျက်ချင်တယ်။

ဂျီမေးလ်အကောင့်တွေဖေါက်မယ်။အဲလိုမျိုးတတ်ချင်နေကြလေတော့ရင်လေးစွာနဲ့ဒီ Ethical Hacking စာတိုပေ စလေးကိုဘလော့အမျိုးမျိုးမှရှာဖွေပြီးဘာသာပြန်တင်ပေးလိုက်ပါတယ်။တချို့နေရာများမှာနားမရှင်းခဲ့မှားနေခဲ့သော်
ဘာသာပြန်ညံ့ သောကျနော်မောင်သားလေး၏အသုံးမကျမှုသာဖြစ်ပါကြောင်း။

What is Ethical Hacker?
ဒါအပေါ်မှာရှင်းပြပြီးပြီး skip တယ်။

Types Of Ethical Hacking ….၂မျိုးကွဲသောသမာဓိဟက်ခြင်းWhite Box နဲ့ Black Box ရှိပါတယ်။ White box ဆိုတာက ကိုယ်ကဆိုက်တစ်ခုကိုဖေါက်တော့မယ်ဆိုရင်အဲဒီအက်မင် ကကူညီပြီး ဆိုက်အသုံးပြုခွင့်၇ဖို့ Admin Access တွေ၊ Admin Tools တွေကိုပေးသုံးတာမျိုးပါ။ဒီတော့ကိုယ်ကအက်မင်ဖြစ်ပြီဆိုတော့ လိုက်စစ်ချင်တာစစ်ဖို့ လွယ်သွားတာပေါ့လေ။ကျနော်ကဆိုက်အက်မင်ဆိုတော့သူ့ ကိုအက်မင်အဖြစ်ပေးလိုက်ရင်မြန်မြန်ဆန်ဆန်ပဲသူ

စစ်ခွင့်၊၀င်ခွင့်ထွက်ခွင့်ရသွားတာပေါ့ဗျာ..။Black Box ကတော့အချိန်ကြာပါတယ်…အဲဆိုက်အက်မင်တွေက သူတို့ဆိုက်ကိုအက်မင်အဖြစ်ပေးမသုံးတော့ကိုယ့်ဘာသာအက်မင်ဖြစ်အောင်ဖေါက်ရပြီပေါ့..သိပ်ခက်ပါတယ်…

အချိန်လဲကြာတယ်အောင်မြင်မှု၇ဖို့ဆိုတာလဲခက်ပါတယ်။သိပ်တော်တဲ့ဟက်ကာတွေ ကတော့ဖေါက်နိုင်ပါတယ်။

တချို့ဆိုမတတ်ပဲနဲ့ပွပေါက်တိုးတတ်ကြသေးတယ်…။

ဖေါက်ပုံဖေါက်နည်းခေါင်းစဉ်ကြီး ၂ခု


၁. Vulnerability Test (ယိုပေါက်ရှာဖွေစမ်းသပ်)
၂.Full Peneration Test (ဆိုက်ကိုရအောင်ထိုးဖေါက်)
ပေါ့ ဒီမှာ Vulnerability ဆိုတာဟက်ကာလောကမှာသိပ်ကိုအသုံးများပါတယ်။နက်ဝက်တစ်ခု၊၀က်ဆိုက်တစ်
ခုရဲ့ယိုပေါက်ကိုရှာဖွေတာမျိုးပါ။သူကယိုပေါက်ရှာမယ်။ပျော့ကွက်ကိုပိုင်ပိုင်နိုင်နိုင်ရှာမယ်ဆိုတာပါပဲ။ရှာရုံ
အဆင့်ပါ။သိပ်ကြောက်ဖို့ကောင်းတာတစ်ခုက ဆရာ့ဆရာဟက်ကာကြီးများ ရဲ့ဆိုက်တွေမှာ ဆိုက်အမျိုးအစား
တွေရဲ့  Vulnerability (ယိုပေါက်) ကိုဖေါ်ပြထားကြပါတယ်။ဥပမာဗျာ Joomla 1.8 ဗားရှင်းရဲ့ယိုပေါက်တို့
မောင်ဖီဒိုလုပ်နေတဲ့ Wordpress CMS ရဲ့ vulnerability တို့ကိုဝေေ၀ဆာဆာပြထားတတ်ပါတယ်။အဲလိုဆိုက်
မျိုးတွေမပြောတော့ဖူး Black Hat တွေဖြစ်ကုန်မှာစိုးလို့ :P.ဒါ့အပြင်ဆော့ဝဲတစ်ခုရဲ့အားနဲချက်ယိုပေါက်များ
ကိုပြောပြကြပါသေးတယ်။Vulnerability ကိုသိရင် သူနဲ့ပါတ်သတ်တဲ့ဆက်ဖေါက်နိုင်မယ့် Exploit တွေပါ
အဆင်သင့်ကိုရှိပါတယ်။သွားရည်မကျကြပါနဲ့။အက်သစ်ကယ်ဟက်ကာဆိုတာ အဲလိုမျိုးယိုပေါက်ကိုရှာဖွေ
ရတာပါ။ဟက်ကာတွေကြားမှာ Vulnerability အသစ်တစ်ခုတွေ့ ရင် 0 day လို့ခေါ်ပါတယ်။အဲဟက်ကာ
ကတော့ကြားထဲမှာမျက်နှာပွင့်လို့ …။ကြိုးစားရင်ခင်ဗျားတို့လဲဖြစ်နိုင်ပါတယ်နော်

Peneration test ဆိုတာကတော့ထိုးဖေါက်ဝင်ရောက်တာပါ။ဘလက်ဟက်ကာတွေလိုပေါ့။ဒါပေမယ့်ဖျက်ဆီး၊ ပျက်စီးစေလို့မရဖူးဖမ်းခံရမယ်နော် :P…။အဲဒီမှာ ၂ ဖွဲ့ ကွဲသွားသည် ဘယ်လိုလဲဆိုတော့ကိုယ့် system လုံခြုံရေးအတွက် ခံစစ်ပြင်ရသူတွေနဲ့၊ သူများ systemကို ထိုးဖေါက်ဝင်နိုင်အောင် တိုက်စစ်ဆင်ရသူတွေရယ်ဆိုပြီး အုပ်စု နှစ်စုကွဲထွက်လာပြန်ပါတယ်။ဒါပေမယ့် အဲဒီ နှစ်စုစလုံးဟာ OODA Loop နဲ့ လည်ပတ်ရတာတွေချည်းပါပဲ။

OODA Loop ဆိုတာကတော့ ...
Observe
Orient
Decide နဲ့
Act ဆိုတာတွေပါပဲ။ မြန်မာလိုဆိုရင်တော့
လေ့လာ၊ ဦးတည်၊ ဆုံးဖြတ်၊ ဆောင်ရွက် ဆိုသလိုလေးပေါ့

Black hacker တစ်ယောက်အတွက် OODA Loop ဟာ ...
Observe = Discover
Orient = Verify
Decide = Select Tool
Act = Exploit ဖြစ်ပေမယ့် ..
(Exploit ဆိုတာယိုပေါက်ပေါ်မူတည်ပြီးဟက်ရတဲ့ကုတ်သို့မဟုတ် Tools တို့ဘာတို့ပါ)

Ethical Hacker တစ်ယောက်အတွက်ကတော့ OODA Loop ဟာ ...
Observe = Monitor
Orient = Detect
Decide = Verify
Act = Block/Clean/ Patch ဖြစ်ပါတယ်။ဘလော့လုပ်သင့်တာလုပ်။ပြင်သင့်တာပြင်ပေါ့

ဘယ်ဟက်ကာဖြစ်ဖြစ်အောက်ပါအတိုင်းအစဉ်လိုက်ကြိုးစားရတာချည်းပဲဖြစ်ပါ၏။
1.Footprinting
2.Scanning
3.Penetrate, external
4.Enumerate
5.Penetrate, internal
6.Escalate, protect
7.Pillage
8.Get interactive
9.Expand influence
10.Cleanup/maintenance

ဒီအဆင့်တွေတစ်ခုမှမသိပဲနဲ့ကွက်တိဒက်တိရသွားတဲ့ဟက်ကာမျိုးတွေ၊အဆင်သင့်တာလေးပေါ်မူတည်ပြီး
အချို့အဆင့်တွေကျော်သွားတဲ့ဟက်ကာတွေ၊ဒီအချက်တွေထက်ကြိုးစားနေ(မရလို့)တဲ့ဟက်ကာတွေရှိပါတယ်။

1. Footprinting ဆိုတာကိုတော့ Information Gathering လို့လဲခေါ်ကြပါသေးတယ်။
ကိုယ့်တားဂက်ရဲ့ Information တွေကို ရှာဖွေစုဆောင်းရတာပါပဲ။ နည်းအမျိုးမျိုးနဲ့ ရှာဖွေစုဆောင်းရတာပါ။
တစ်ခါတစ်လေ လူတွေဆီကစုရတာမျိုးတောင်ရှိပါသေးတယ်။

2. Scanning ဆိုတာကတော့ IP, Port, Services တွေနဲ့ Vulnerability တွေကို ရှာဖွေတာပါ။

3. Penetrate, external ဆိုတာကတော့ အပြင်ခြံစည်းရိုးကိုဆွဲဟ သလိုမျိုးပါပဲ။
Firewall ကိုကျော်တာမျိုး၊ Modem တို့ Router တို့ကို ဖေါက်ဝင်တာမျိုး၊ အဖြူရောင်နယ်မြေမှာ စည်းကမ်းချိုးဖေါက်တာမျိုးပေါ့။

4. Enumerate ဆိုတာကတော့ user list, password, share name တွေ NetBios Name တွေကို ရှာတာမျိုပေါ့။

5. Penetrate, internal ဆိုတာကတော့ ခြံစည်းရိုးဖြဲဝင်ပြီး အိမ်ထဲကိုပါ ထပ်ဝင်သလို တားဂက်ရဲ့ network ထဲကိုပါထပ် ထိုးဖေါက်ဝင်တာမျိုးကိုဆိုလိုတာပါ။

6. Escalate, protect ဆိုတာကတော့ လက်ရှိရောက်နေတဲ့ အနေအထားထက် ပိုပြီးမြင့်အောင် ပိုပြီးခိုင်အောင် လုပ်တာမျိုးကိုဆိုလိုတာပါ။ ဥပမာပြေရရင် လက်ရှိထိုးဖေါက်ဝင်ထားမှုအရ သာမန် user level အဖြစ်နဲ့ တားဂက်ရဲ့ network ထဲကို ရောက်နေပေမယ့်၊ admin level access မျိုးကိုရအောင် လုပ်ယူတာမျိုးကိုပြောတာပါ။

7. Pillage ဆိုတာကတော့ ထပ်ခိုးပြန်တာပါပဲဗျား။ နည်းအမျိုးမျိုးသုံးပြီး information တွေ ရသလောက်ထပ်ယူ တာမျိုးကို ဆိုလိုတာပါပဲ။ဥပမာပြောရရင် ခရက်ဒစ်ကပ် နံပါတ်တွေ၊ လျှို့ဝှက်အချက်အလက်တွေ အဲဒါမျိုးတွေကို ရသလောက် ကဲ့ယူပြန်တာမျိုးပါပဲ။

8. Get interactive ဆိုတဲ့အဆင့်ကတော့ အခုဝင်လာပြီခဲ့တဲ့ system ကိုနောက်ထပ်လာရင်လွယ်ဖို့ အခြေချ တာမျိုးကိုခေါ်တာပါ။ဥပမာပြောရရင် remote shell လို့ခေါ်ကြတဲ့ အဝေးကနေလှမ်းဝင်နိုင်တဲ့ file manager ဆန်ဆန် ဟာမျိုးကို ဆင်ပစ်ခဲ့တာပါပဲ။ခဏခဏပြန်လာလိုရအောင်လုပ်တာပါပဲ။

9. Expend Influence ဆိုတာကတော့ အမှတ်(၈)ကို ထပ်ပြီးလုပ်တာမျိုးပါပဲ။ ကိုယ့်သြဇာ ခိုင်အောင်ထပ် ထပ်ပြီးလုပ်နေပြန်တာပေါ့။
ဥပမာပြောရရင် ... system ထဲအနှံ့သွာူးပြီး ဟိုနေရာသည်နေရာ၊ အလွယ်မမြင်နိုင်မယ့်နေရာမျိုးတွေမှာ နောက်ဖေးပေါက်တံခါးဖွင့်
ပေးမယ့်ဟာလေးတွေကို system file နာမည်လိုလိုဘာလိုလို ထင်ရတဲ့ နာမည်မျိုးတွေနဲ့ချထားခဲ့မယ်။ ဒီတစ်ခုကိုတွေ့သွားရင်
နောက်တစ်ခုနဲ့ဝင်ဖို့ စီစဉ်မယ်...ဒါမျိုးပေါ့။ အတွေ့အကြုံကသင်သွားမှာပါ။

10. Cleanup/maintenance ဆိုတာကတော့ ၀င်ထားတဲ့ system ထဲက log file တွေဘာတွေမှာ ကိုယ့်ရဲ့ ခြေရာလက်ရတွေကိုပြန်ရှင်းခဲ့တာမျိုးကိုဆိုလိုတာပါပဲ။ ပြီးတော့ ကိုယ်လုပ်ခဲ့တာတွေကို ပြန်စစ်ရဦးမယ်လေ။

အပိုင်း - ၂မှာပြန်ဆုံမယ်။

 

>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး