Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဘိုးသာအောင်ကုန်း တံတား

အရုဏ်အတက်၊ သည်နံနက်ပေါ့
ချိုးမော့တွန်သာ၊ သာယာငြိမ့်ညောင်း
ခေတ်ပြောင်းချီတက်၊ နေခြည်ထွက်တွင်
စစ်ရက်အတွင်း၊ စော်ကားခြင်းများ.....
စစ်ရက်အတွင်း၊ ခံပြင်းခြင်းများ....
စစ်ရက်အတွင်း၊ သွေးယိုခြင်းများ....
လားလားမရှိ၊ ပကတိကြည်..
တွေ့မိသည်ကား၊ တို့များပြည်တွက်..
သွယ်ဆက်ကူးသန်း၊ ပြည်တွင်းလမ်းမှာ
ဘိုးသာအောင်ကုန်း၊ တံတားခုံးသည်
ပြုံးပန်းတွေနှင့် ဝေတကား..............။
...........................................
ကျော့ဝေ(စာရင်ခွင်)နတ်တလင်းမြို
နတ်တလင်းအသင်း/၁၀၉
>>>ဆက်ဖတ်ရန်>>> >>

မွေးရပ် ရွှေလင်း

သတင်းတဲ့ဝေဖြာ
ကျွန်းရွှေဝါ ဆန်းစပါးရယ်နဲ့
စံထားလောက်ပါရဲ့ သီးနှံစုံ
အဖုံဖုံပါတဲ့ လယ်မြေ-ယာမြေခင်း
မပြတ်ကောင်းပါဘိ
ထပ်လောင်းကာ ဂုန်လျှော်ဖက်တဲ့ပြင်
ပြည်အတွက်ဖွံ့ဖြိုးအောင်
သည်ပိုးဆောင်ပါတဲ့ ဂုဏ်သတင်း
မွေးရပ် ရွှေလင်း.....
.............................
စောဝင်း
နတ်တလင်းအသင်း/၁၃၄
>>>ဆက်ဖတ်ရန်>>> >>

မွေးရပ်မြေ

ဒဂုံမှသည်......
သာယာဝတီ..ကျော်ကာလွား
ခရီးအကြား,မီးရထားနဲ့ စီးသွားခဲ့လျှင်
မြောက်ဖျားဌာနေဆီက
မှုန့်ရီရီ တောင်ညိုပြရယ်နဲ့
မှောင်တခို ရောင်စိုလှပါတဲ့
မွေးဌာနမြေ....
နှင်းတွေကဝေ...
မြူခြေက သန်း....
ကြငှန်းဆွေ အလွမ်းဘယ်မပြေဘူး
ဒဂုံမြေမှာ ထုံဝေသင်းပါတဲ့
လင်းရွှေမြို့စခန်း။........
................................
စောဝင်း
နတ်တလင်းအသင်း/၁၄၉
>>>ဆက်ဖတ်ရန်>>> >>

ရွှေလင်း တန်ဆောင်တိုင်

သယာဝတီ၊ မြောက်ဆီဘက်ယွန်းယွန်း
နာမည်ရွှေလင်း၊ ထွန်းဝင်းလွန်ရွှန်းရွှန်း
တနှစ်ဖော်ညွှန်း၊ တောက်ထွန်းဆီမီး
သက်ကြီးများစွာ၊ ပူဇော်ကား....
ချိန်ခါတန်ဆောင် ညီးညီးမို့လေး......
........
လမ်းကြီးလမ်းငယ်၊ အသွယ်သွယ်တို့မှာ
ရောင်စုံမီးဖြာ၊ သူ-ငါ ထွန်းကြတာ
တူစွာယှဉ်လာ၊ ပြိုင်ကာလွန်ကြဲ
ပွဲလမ်းသဘင်၊ များလွင်လွင်...
ပြိုင်ယှဉ်နိုင်လု နွှဲကြသည်လေး.....
.......
နိဗ္ဗာန်ရွယ်ကာ၊ များစွာလမ်းတို့မှာ
ကျွှေးကာမွေးကာ၊ သွားလာလွန်များစွာ
ထိုချိန်အခါ၊ စေတနာကုသိုလ်
လွန်စွာ-ရွှင်စွာ၊ စိတ်ချမ်းသာ...
ပျော်ကာတူရွယ် ပျို အိုတို့လေး။....
........
မည်သူမဆို၊ ပြိုင်လိုပြိုင်ကြပါ
တနှစ်တခါ၊ သာယာရွှေလင်းမှာ
ဆီးမီးထွန်းကာ၊ ညီညာနွှဲဆင်ရာ
မပြိုင်ယှဉ်သာ၊ ပြိုင်သူမှာ...
နိုင်မှာ မထင်ပါနှင့်လေး။.....
........
ငွေနှင်းလွန်ဖြိုင်ဖြိုင်၊ လှိုင်လှိုင်ဖြိုးလျှက် သွန်းတော့သည်။
ရွှေလင်းတန်ဆောင်တိုင်၊ မြိုင်မြိုင်ပြိုးပြက် ထွန်းတော့သည်။
......................................................................
......................................................................
ငြိမ်းနိုင်(နတလ)
နတ်တလင်းအသင်း/၂၀၂
>>>ဆက်ဖတ်ရန်>>> >>

ဖိတ်ခေါ်ပါသည် ရွှေလင်းဆီသို့

ချစ်တဲ့သူငယ်လေး......သူငယ်ချင်းကောင်း ပေါင်းသဟာတို့ရေ...။
နတ်တလင်းရယ်မှ ဌာနီ...
မြို့အနောက်ဆီဝယ်။ ၀တီဧရာ၊ မြစ်ကမ်းသာနှင့်
ဝေရာမြူခိုး၊ ပဲခိုးရိုးမရှေ့ရပ်ဆီလျှင်
တောင်ခွင်ဇီးကုန်း၊ မြောက်ဆုံးပေါင်းတည်
မြို့နယ်အကျယ်၊ မိုင်ဝယ်ချင့်မှန်း၊ စတုရန်းမိုင်ငါးရာကျော်တဲ့ဟေ...
ရိုးမရယ်မှထွက်သည့်၊
မြန်ပြည့်စီးပွား၊ ကျွန်းသစ်၊ ပျားရည်၊ များလှပြီတဲ့-
နွေရာသီငယ်တဲ့ချိန်ခါ၊ မနေမနား
ထင်းဝါးကိုစု၊ ထယ်ထွန်ပြုပြင်
ပင်ပန်းတယ်ထင်၊ ပျော်ရွှင်ချင်သော်
ရုပ်ရှင်ရုံရယ်နဲ့ ဘုရားပွဲလဲရှိပါ့နော်....။
နှမ်းပြောင်းဂုံလျှော်၊ တမျော်တခေါ်စိုက်ကွင်း
ရှုမျော်ခင်းက၊ မိုးရွာစမှာနော်...။
မိုးရာသီ ခါလယ်ခွင်မှာ
တံပြာကိုမြှောက်၊ နွားကိုငေါက်
တယောက်တလက်၊ ပေါင်းဆောင်ရွက်သော်
အထွက်တိုးစပါးဟာ၊ ပြည့်စီးပွားမဟုတ်လားကွယ်....။
မိုးကုန်ဆောင်းကူး နှင်းမှုန်မြူးလျှင်
နှမ်းလျင်မြေပဲ၊ ကုလားပဲ၊ နေကြာသီးနှံဖြာ
သုံးသီးစားတာ တို့မြို့မှာဗျ...။
လာခဲ့ပါကိုယ်တို့မြို့ကို၊ အပိုမကြွား မရမ်းကားပါ
မြို့သားမြို့သူ စေတနာဖြူပါတယ်နော်...။
ဆွေရင်းတို့လာလျှင်၊ ချက်ကျွှေးချင်ပါ့
ငစိန်ထမင်း၊ အင်းထဲကရေချိုငါး...
လျှာလည်သွားအောင်၊ ရွှေချဉ်ပေါင်လက်ချား
ဖါးပေါင်တို့စရာ၊ စုံလင်စွာနဲ့
တကယ်လာလျှင် အဟုတ်ကျွှေးပါ့မယ်
မြန်းကြွခဲ့ပါလေး.....အဝေး......။
.........................................
.........................................
အောင်သီဟ(စာရင်ခွင်)
နတ်တလင်းအသင်း/၂၂၂
>>>ဆက်ဖတ်ရန်>>> >>

တောင်ညိုချောင်း

ပဲခူးရိုးမ၊ တောင်ခြေမှသည်
အစပျိုးကာ စီးဆင်းလာသည်
သာယာလှသော တောင်ညိုချောင်း....
တောင်ညိုချောင်းသည်
မိုင်ပေါင်းများစွာ၊ ဖြတ်ကျော်ကာဖြင့်
ဧရာမြစ်တွင်း၊ စီးဝင်ဆင်း၏.....
တောင်ညိုချောင်းသည်
ရွာပေါင်းများစွာ၊ ချစ်ကြည်ရာတွက်
လမ်းသာသဖွယ်၊ မြဲဆက်သွယ်၏.....
တောင်ညိုချောင်းသည်
လယ်ပေါင်းများစွာ၊ ရေသောက်ရာတွက်
ဖြန့်ကာအမြဲ၊ ပေးဝေခွဲ၏....
တောင်ညိုချောင်းသည်
အရောင်းအ၀ယ်၊ ဈေးကွက်ကျယ်သော
ကုန်သွယ်ကျွန်းသစ် မျှောရာဖြစ်၏.....
တောင်ညိုချောင်းသည်
အပေါင်းများစွာ၊ မြို့ရွာဒေသ
လမ်းပြဆက်သွယ်၊ ဖလှယ်နှီးနှော
သစ်တောလယ်ယာ၊ ရတနာမှ
ညီညာကြခြင်း၊ ချစ်ကြည်ခြင်းထိ
ပြည်တွင်းပြည်ပ၊ ဆက်သွယ်ပြ၍
နတ်တလင်းမြို့ဂုဏ်ဆောင်တကား........
....................................................
မစိမ်းနွဲ့ခိုင်(စာရင်ခွင်)
နတ်တလင်းအသင်း/၈၇
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး