Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

တောင်ညိုချောင်း

ပဲခူးရိုးမ၊ တောင်ခြေမှသည်
အစပျိုးကာ စီးဆင်းလာသည်
သာယာလှသော တောင်ညိုချောင်း....
တောင်ညိုချောင်းသည်
မိုင်ပေါင်းများစွာ၊ ဖြတ်ကျော်ကာဖြင့်
ဧရာမြစ်တွင်း၊ စီးဝင်ဆင်း၏.....
တောင်ညိုချောင်းသည်
ရွာပေါင်းများစွာ၊ ချစ်ကြည်ရာတွက်
လမ်းသာသဖွယ်၊ မြဲဆက်သွယ်၏.....
တောင်ညိုချောင်းသည်
လယ်ပေါင်းများစွာ၊ ရေသောက်ရာတွက်
ဖြန့်ကာအမြဲ၊ ပေးဝေခွဲ၏....
တောင်ညိုချောင်းသည်
အရောင်းအ၀ယ်၊ ဈေးကွက်ကျယ်သော
ကုန်သွယ်ကျွန်းသစ် မျှောရာဖြစ်၏.....
တောင်ညိုချောင်းသည်
အပေါင်းများစွာ၊ မြို့ရွာဒေသ
လမ်းပြဆက်သွယ်၊ ဖလှယ်နှီးနှော
သစ်တောလယ်ယာ၊ ရတနာမှ
ညီညာကြခြင်း၊ ချစ်ကြည်ခြင်းထိ
ပြည်တွင်းပြည်ပ၊ ဆက်သွယ်ပြ၍
နတ်တလင်းမြို့ဂုဏ်ဆောင်တကား........
....................................................
မစိမ်းနွဲ့ခိုင်(စာရင်ခွင်)
နတ်တလင်းအသင်း/၈၇

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး