Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နတ်တလင်းမြို့ဖြစ်ပေါ်လာပုံ

နတ်တလင်းမြို့ဖြစ်ပေါ်လာမှု သမိုင်း 

ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌာန်းနှင့်ရပ်တည်ခဲ့သည့်လွတ်လပ်
မှုနှင့်အချုပ်အခြာအဏာပိုင်ဆိုင်သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ ကိုယ့်ဘုရင် ကိုယ့်
အရှင်နှင့်ကမ္ဘာ့အလယ်တွင်ခန်းငြားထည်ဝါစွာ တည်ရှိခဲ့ ပါသည်...ထိုအပြင်တိုင်းရင်းသား
လူမျိုးပေါင်းစုံကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှု
များ၊ဆန်စပါး၊သစ်တော၊ရေနံ၊ရေသယံဇာတ
နှင့်ကျောက်မျက်သယံဇာတများပေါကြွယ်ဝလှသည့် နိုင်ငံဖြစ်သောကြောင့် ပိုင်ဆိုင်သိမ်းပိုက်ကျွန်ပြု လိုသော နယ်ချဲ့နိုင်ငံကြီးများ ၀ိုင်းဝိုင်းလည်နေခဲ့ပါသည်...
သို့အတွက်ကြောင့် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုနည်းမျိုးစုံဖြင့် အပြစ်ရှာရန်ပြုကာ 1186-88(၁၈၂၄-၂၆)ခုနှစ်တွင် တစ်ကြိမ်၊ ၁၂၁၄-၁၅(၁၈၅၂-၅၃)ခုနှစ်တွင် တစ်ကြိမ်၊ ၁၂၄၇-၄၈(၁၈၈၅-၈၆)ခုနှစ်တွင်တစ်ကြိမ်(၃)ကြိမ်တိုင်တိုင်ကျူးကျော်ရန်ပြုစစ်ပွဲဆင်နွဲခဲ့ပြီးနောက်ဆုံးအကြိမ်ဖြစ်သည့် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်(၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့တွင် သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၂၄၈ ခုနှစ်(၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့)တွင် မြန်မာတပြည်လုံးကို သိမ်းယူလိုက်ကြောင်းကြေညာကာ သိမ်းပိုက် လိုက်သဖြင့် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို လက်လွတ်ဆုံးရှုံးခဲ့ရကာ အင်္ဂလိပ်လက်အောက်ခံ ကျွန်သဘောက်ဘ၀သို့ ကျရောက် ခဲ့ကြရ ပါသည်....
တနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ကျရောက်သွားသည့်တိုင်အောင် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ သည့် ကာလတစ်လျှောက်လုံး အနိုင်မခံအရှုံး မပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ရှိကြသည့်မျိုးချစ်သူရဲကောင်းတိုင်းရင်းသားပေါင်းစုံတို့သည်ရရာလက်နက်လူသူတို့ဖြင့် အနယ်နယ်အရပ်ရပ်တွင် လက် မမြောက်အရှုံးမပေးဘဲ အတိုက်အခိုက်ကျွမ်းကျင်သူများကို ခေါင်းဆောင်တင်မြောက်၍ပြန်လှန်တော်လှန် ခဲ့ကြပါသည်..သို့သော်လူအားလက်နက်အား မယှဉ်သာအောင်အဆမတန်ကွာခြားမှုကြောင့် တိုင်းရင်း သားမျိုးချစ်ခေါင်းဆောင်များမှာ နောက်ဆုံးတွင် အသက်ကိုစတေး၍အရှုံးပေးခဲ့ကြရပါသည်... ထိုအထဲတွင် တာပွန်မြို့သူကြီးဦးဂေါင်းကြီး(ဗိုလ်ခေါင်းကြီး)သည်လည်းတစ်ဦးအပါအ၀င်ဖြစ်ပါသည်...
ဤကဲ့သို့ သူ့ကျွန်ဘ၀မှလွတ်မြောက်အောင်တိုက်ပွဲဝင်ရင်း ၁၈၅၂-၅၃ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးဦးဂေါင်းကြီးမရှိတော့သည့်နောက်ပိုင်းတာပွန်သည် အင်္ဂလိပ်နယ်ချဲ့လက်တွင်းသို့လုံးလုံးလျားလျား ကျရောက်သွားရပြီး အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုအောက်သို့ရောက်ရှိသွားရသည်...အင်္ဂလိပ်အစိုးရ အုပ်ချုပ်၍ (၈)နှစ်ကျော် ၁၈၆၈ခုနှစ်၌ ဧရာဝတီချိုင့်ဝှမ်းအစိုးရ မီးရထားလမ်းဟု အမည်တွင်သော ယခု ရန်ကုန် -ပြည်မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကိုဗြိတိသျှအင်ပါယာအိန္ဒိယဘုရင်ခံချုပ်ထံတင်ပြခဲ့သည်... ခွင့်ပြုသဖြင့် ၁၈၇၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍သာယာဝတီနယ်ကိုဖြတ်သန်းလျှက် ရန်ကုန်နှင့်ပြည်မြို့ကို ဆက်သွယ်သောမြန်မာနိုင်ငံ၏ပထမဦးဆုံးမီးရထားလမ်း(ရန်ကုန်နတ်တလင်း=၁၂၅မိုင်၊ ပြည်-နတ်တလင်း =၃၇မိုင်)ကိုဖောက်လုပ်နိုင်ခဲ့ပါသည်..၁၈၇၄ခုနှစ်တွင်မီးရထားလမ်းပြီးစီး၍ မေလ(၁)ရက်နေ့တွင်မီးရထား စတင်စမ်းသပ်ခုတ်မောင်းနိုင်ခဲ့ပါသည်...မီးရထားအမြဲတစေခုတ်မောင်းလာနိုင်သည်နှင့် တပြိုင်နက်တည်း မီးရထားလမ်းတွင်စောင့်ရှောက်ရန်ဘူတာစခန်းများလိုအပ်လာသည်...မီးရထားဘူတာစခန်းအဖြစ် နတ်တလင်းမြို့ဖြစ်လာ မည့်နေရာတွင် တစ်နေရာဖွင့်လှစ်ခွင့်ရရှိခဲ့သည်...၎င်းမီးရထားလမ်းနှင့်အပြိုင်ရန်ကုန်နှင့်ပြည်သို့ပေ(၁၀၀)မော်တော်ကားလမ်းကိုလည်း ၁၈၆၇-၆၈ ခုနှစ်မှစတင် ၍ဖောက် လုပ်ခဲ့ရာ ၁၈၈၅ ခုနှစ်တွင်အပြီးသတ်ပြီးစီးလေသည်..ထိုပေ(၁၀၀)ကျောက်လမ်း(ရန်ကုန်နတ်တလင်း=၁၃၀မိုင်၊ ပြည်-နတ် တလင်း=၄၂မိုင်)ကိုလည်း နတ်တလင်းမြို့ဖြစ်မည့် စခန်းနေရာမှာပင် မီးရထားလမ်းနှင့်ဘေးချင်းယှဉ် လျှက်ဖောက်လုပ်နိုင်ခဲ့သဖြင့် အစစအဆင်ပြေကာ တစ်စတစ်စ စည်ကားလာပြီး နတ်တလင်းမြို့ အဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပေသည်....
ကျေနပ်လိမ့်မည်ဟုမျော်လင့်လျှက်....
>>>ဆက်ဖတ်ရန်>>> >>

နတ်တလင်း

နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပင်မရှိသေးပါ။မြန်မာစွယ်စုံကျမ်းအတွဲ(၆)၏အဆိုအရ
ရှေးအခါကပဲခူးရိုးမ-တောင်ညိုမှတဆင့်လှိုင်မြစ်အတွင်းသို့စီးဝင်လာသောဖောင်ချောင်းသည် ဂျင်းယား ကုန်း၊သင်မန်းကုန်း၊ရွာမကလေး၊သာစည်၊ ဇီးကုန်းကလေးစသည့် ရွာများအနီးမှဖြတ်သန်းစီးဆင်း သည်ဟု ဆိုသည်၊ထိုရွာများအနက်ရွာမကလေးရွာ(ယခုရွာမရပ်ကွက်အနီး အရှေ့ဦးတွင်သခွတ်ပင်ရှိသည်၊ ယင်း သခွတ်ပင်အားညောင်ပင်မှပတ်မြိုထားသောကြောင့်ညောင်သခွတ်ပင်ဖြစ်နေသည်၊ ထိုအပင်တွင် နတ်စင် တစ်ခုရှိပြီးညောင်ပင်ခြေရင်းနှင့်နတ်စင်ရှေ့တွင်လူသူမရှင်းရဘဲပြောင်သလင်းဖြစ်နေ သည့်မြေကွက်လပ် တစ်ခုရှိသည်ရှေးလူကြီးများ၏အဆိုအရနတ်ဒေ၀ါများကအမြဲတစေရှင်းလင်းထားသဖြင့် သလင်း သဖွယ် ပြောင်နေသောကြောင့်နတ်တလင်းဟုဆိုကြသည်၊ထိုနတ်တလင်းအမည်ကို အစွဲပြုကာ ဘူတာစခန်းစိုက်သောအခါ နတ်တလင်းဟုအမည်တတ်လိုက်ကြသည်....
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး