Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

CD, DVD Brun လုပ်ရာမှာ အဖြစ်များတတ်တဲ့ အမှား ငါးခု



၁။ Verify မလုပ်မိခြင်း

Disc တွေ Burn လုပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် အဲဒါဟာ “Verify လုပ်ပါ” ဆိုတာပဲ ဖြစ်ပါလိမ့်မည်။ Burning software ရဲ့ verify (ဒါမှမဟုတ် validate) function ကိုအသုံးပြုပြီး ဘာတွေဖတ် သွားတယ်၊ ရေးသွားတယ်ဆိုတာ နှိုင်းယှဉ်ကြည့် သင့်ပါတယ်။ Verify function ဟာ disc တစ်ချပ် အောင် အောင်မြင်မြင် burn လုပ်နိုင်တဲ့ အခွင့်အရေးထက် ပိုပြီး ကောင်းမလာနိုင်ပေ မယ့် နောက် disc တစ်ချပ်ကို burn လုပ်တဲ့အခါ ပြဿနာကို အချိန်မီ ကြိုတင်သိထားနိုင်မှာ ဖြစ်ပါတယ်။ Successful burn လို့ ဆိုပေမယ့် Play လုပ်ကြည့်မှသာ ကောင်းမကောင်းသိနိုင်ပါတယ်။ Disc ပျက်စီးသွားတာမျိုး၊ disc ကို ဖတ်ကြည့်လို့ မရအောင် burn လုပ်မိတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

၂။ Media ရွေးချယ်မှု မှားယွင်းခြင်း

DVD တွေအတွက်ဆိုရင် DVD+R/RW, DVD-R/RW ၊ ဒါမှမဟုတ် DVD-RAM စတဲ့ ကိုယ့် Player က support လုပ်နိုင်တဲ့ media အမျိုး အစား ကို ရွေးချယ်အသုံးပြုရပါမယ်။ တကယ်လို့ ဈေးပေါပေါနဲ့အမှတ်တံဆိပ်မရှိတဲ့ blank media ( CD or DVD) တွေကို ၀ယ်ယူ အသုံးပြုမယ်ဆိုရင် verify လုပ်ဖို့ မမေးသင့်သလို ရံဖန်ရံခါ အရည်အသွေးမကောင်းတဲ့ disc တွေ ပါရှိလာမှာကိုလည်း သတိပြုသင့်ပါ တယ်။ နောက်ပြီး DVD media တွေဟာ CD media တွေထက် reliable ပိုဖြစ်တာကိုလည်းတွေ့ရပါတယ်။

၃။ မြန်နှုန်းမြင့်ရေးမိခြင်း

Disc တစ်ချပ် burn လုပ်ဖို့ အချိန်အကြာကြီး စောင့်နေရတာကိုဘယ်သူမှ နှစ်သက်မှာမဟုတ်သလို မြန်နိုင် သမျှ မြန်အောင် burn လုပ်တာဟာလည်း အကောင်းဆုံးနည်း တစ်ခု မဟုတ်ပါဘူး။ Rewritable CD and DVD တွေမှာ burning ပြဿနာ ကြုံတွေ့ရတာ နည်း ပေမယ့် တစ်ခါတစ်လေ တချို့ CD-R and DVD-R တွေကို အမြင့်ဆုံး အမြန်နှုန်းနဲ့ရေးသားတဲ့ အခါ ပြဿနာတွေ့ကြုံရ တတ် ပါတယ်။ နောက်ပြီး အမြန်နှုန်း တစ်ခု နဲ့ တစ်ခုကြား burn လုပ်တဲ့ အချိန်ဟာ သိသိသာသာ ကွာခြားမှုမရှိတဲ့အတွက် ဖြစ်နိုင်ရင် အမြန်နှုန်းကို လျှော့ချပြီး burn လုပ်သင့်ပါတယ်။

၎။ Software တွေ up-to-date မဖြစ်ခြင်း

ပြိုင်ဆိုင်နေကျတဲ့ ဈေးကွက်အတွင်းမှာ burner ကိုဝယ်ယူစဉ်ကပါရှိလာတဲ့ firmware၊ ဒါမှမဟုတ် Software ဟာ ပြည့်စုံတိကျမှု ရှိချင်မှ ရှိပါလိမ့်မည်။ Burner ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ထုတ်လုပ်ရောင်းချသူရဲ့ Website မှာ Update ဖြစ် မယ့် Software တွေရှာဖွေအဆင့်မြှင့်ပေးရပါမယ်။ တကယ်လို့ disc တွေကို burn လုပ်ရာမှာ ပြဿနာမရှိဘဲ ကောင်းမွန်နေတယ်ဆို ရင်တော့ update လုပ်စရာ မလိုပါဘူး။ တကယ်လို့ disc အမှတ်တံဆိပ်အသစ်တစ်ခုပြောင်းလဲအသုံးပြုလိုက်လို့ drive မှာ ပြဿနာ ဖြစ်နေ တယ်ဆိုရင် firmware၊ ဒါမှမဟုတ် Software update တစ်ခုနဲ့ update လုပ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ Application အများအပြား run နေစဉ် burn လုပ်ခြင်း

ဒီနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ PC တွေဟာ disc တွေ burn လုပ်နေချိန်မှာ တခြားလုပ်ငန်းတွေ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်အောင် လိုအပ်တဲ့ အမြန်နှုန်းထက် ပိုပြီး ပါဝါရှိကြပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်လုပ်နေတဲ့ application တွေကို တတ်နိုင် သလောက် လျှော့ချ ထားမယ်ဆိုရင် disc တွေ အောင်မြင်စွာ burn လုပ်နိုင်မယ့် အခွင့်အလမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်။ Multitasking၊ ဒါမှမဟုတ် background မှာ burn လုပ်တာကို ရှောင်သင့်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တော့ burn လုပ်နေတဲ့အချိန်မှာ တခြား application တွေrun မလုပ်တာဟာ အကောင်းဆုံးပါ။
 

>>>ဆက်ဖတ်ရန်>>> >>

ဘာဆော့ဝဲ မှ မလိုပဲ Regiter error တွေကို ဘယ်လိုဖယ်ရှားမလဲ



ကဲ … ဒီတစ်ခါတော့ အားလုံးအတွက်  register error တွေကို ဘယ်လိုဖယ်ရှားရမယ် ဆိုတာ တင်ပြပေးလိုက် ပါတယ် ။အကယ်၍ ဒီလို error တွေကို မဖယ်ရှားခဲ့ဘူးဆိုရင် သင့်ကွန်ပျူတာမှာမလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတဲ့အတွက် လေးလံထိုင်းမှိုင်းမှုတွေ ကြုံတွေ့ကြရမှာပါ၊ User အနေနဲ့လည်း ဒီလိုပြဿနာတွေ့လာခဲ့ရင် စိတ်အနှောက်အယှက်ဖြစ်ရမှာပါ။ ဒီနည်းလေးကတော့လွယ်ကူပြီး ဘာအန္တရာယ်မှ မရှိပါဘူး ၊စမ်းကြည့်ကြပေါ့နော် …..သင့်ကွန်ပျူတာလည်း မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပေါ့သွားတာပေါ့.. ကဲပါပြောနေတာ ကြာပါတယ် ခုပဲလုပ်ကြည့်လိုက်ကြရအောင်နော်

 Start ကနေ my computer ကို Right click လုပ် properties ကိုရွေးချယ်ပါ
Box ထဲမှာ system restore ကိုဆက်ပြီး ကလစ်ပါ အဲဒီအထဲမှာ system restore is turned on ဖြစ်နေရပါမယ် ။
ပုံမှာပြထားပါတယ် ပုံထဲက အတိုင်းဖြစ်နေရပါမယ် ပြီးရင် apply , ok ပေးလိုက်ပါ။

 ဒုတိယ အဆင့်မှာ start ကနေ run box ထုပ်ပြီး tab မှာ regedit.exe ကိုရိုက်ထည့် Enter ခေါက်ပါ

 Registry Editor ဖိုင် ကျလာပါပြီ အဲဒီမှာ HKEY_LOCAL_MACHINE ကိုရွေးချယ်ပြီး ဖြေချလိုက်ပါ…

 ဒီထဲကမှ software ဖိုင်ကို ထပ်ပြီးတော့ ဖြေလိုက်ပါ ဓါတ်ပုံနှင့် တကွဖော်ပြပေးလိုက်ပါတယ်
ယခုမြင်တွေ့နေရတဲ့ ဖိုင်တွေဟာ register လုပ်ထားတဲ့ဖိုင်တွေပါ
Register လုပ်ခဲ့စဉ်က error ဖြစ်နေခဲ့တဲ့ ဖိုင်တွေကို ရွေးပြီး Delete လုပ်ရမှာဖြစ်ပါတယ်
ဒါဆိုရင် အဆင်ပြေပါပြီ...။

မသိသေးသူများအတွက် ရည်ရွယ်ပါသည်။
ကွန်ပျူတာသုံးစွဲသူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

ပျက်ဆီးသွားသော regedit ကို ပြန်ယူရန်


ဗိုင်းရပ် နဲ. သူ.အမျိုးကွဲတွေ.ကြောင့် ပျက်ဆီးသွားသော regedit ကို ပြန်ယူရန်


Folder Option ကို ပြန်လည် ဖော်ဖို.ဆိုရင်တော.

HKEY_CURRENT_USER \Software \Microsoft \Windows \CurrentVersion \Policies \Explorer

"NoFolder Options"="1" ဖြစ်နေရင် ဖျက်ပါ ။


File extension များပျောက် နေတာနဲ. Hidden ဖြစ်နေတယ်ဆိုရင်တော.

HKEY_CURRENT_USER \Software \Microsoft \Windows \CurrentVersion \Policies \Explorer \Advanced

"HideFile Ext"="1" နှင့် "Hidden"="2" ဟူသော စာသား များကို ဖျက်ပါ။


တကယ်လို. Computer မှာ regedit ကိုခေါ်လို.မရတော.ဘူးဆိုရင်တော.

Signature="$Chicago$" Provider=Symantec

[DefaultInstall] AddReg=UnhookRegKey

[UnhookRegKey] HKLM, Software\CLASSES\batfile\shell\open\command,,,"""%1"" %*" HKLM, Software\CLASSES\comfile\shell\open\command,,,"""%1"" %*" HKLM, Software\CLASSES\exefile\shell\open\command,,,"""%1"" %*" HKLM, Software\CLASSES\piffile\shell\open\command,,,"""%1"" %*" HKLM, Software\CLASSES\regfile\shell\open\command,,,"regedit.exe ""%1""" HKLM, Software\CLASSES\scrfile\shell\open\command,,,"""%1"" %*" HKCU, Software\Microsoft\Windows\CurrentVersion\Policies\System,DisableRegistryTools,0x00000020,0

အထက်ပါ တွေကို notepad နဲ.ကူး ပြီး unhook.bat လုပ်ပြီး run လိုက်ပါ ။
regedit ကိုပြန်ခေါ်လို.ရပါလိမ်.မယ် ။
 

>>>ဆက်ဖတ်ရန်>>> >>

Wireless Network သို့မဟုတ် Bluetooth ဆိုသည်မှာ




bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့power အသုံးပြုမှု နည်းသည့် Short Range အကွာဝေးWireless နည်းပညာတစ်ခုဖြစ်ပါတယ်။Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က
Swedish Telecom မှဖြစ်ပါတယ်။Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။


Bluetooth Network

Bluetooth Network များသည် 2.45GHz ရှိသောRadio Frequencyကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone,Microwave Ovenများတွင်အသုံးပြုသောFrequency နှင့်ဆ တူပင်ဖြစ်ပါ တယ်။ Bluetoothပစ္စည်းများကိုမီတာ (၃၂ပေ) အတွင်း တွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။နံရံများကို ပါ ကျော်ဖြတ် သွားနိုင်သောကြောင့် မိမိပို့ ချင်သောDevice ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်း တစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။

 

ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headsetကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှဓါတ်ပုံကိုBluetoothနှင့်ထုတ်ရန်Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ ထိုနည်းတူSmart Phone ,PDA, Camera,Computer များတွင် ဖိုင်အချင်းချင်းဖလှယ်ကြသောအခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။


Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကိုအလိုအလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ် တကူသယ်ယူသွားနိုင်သောWireless Network တစ်ခုပင်ဖြစ်သည်။ Bluetoothပစ္စည်းများသည် တစ်ခုနှင့် တစ်ခု Bridge လုပ်ကာချိတ်ဆက်တက်ကြပါတယ်။


Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetoothသုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာdata ဖလှယ်သည့်အခါ ခွင့်တောင်းသည့်သဘောဖြစ်ပါတယ်။ဥပမာ-Bluetoothဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည်
(Authentication) ပင်ဖြစ်သည်။Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သောpairing ပါလိုအပ်လာပါတယ်။


pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN(Personal Identification Number)ကို ရိုက်ထည့်ပေးရသည်။ထိုအခါ တခြားဘက်မှလက်ခံ ရရှိပြီး PIN မှန်လျှင်၎င်းပစ္စည်း (2)ခု pairဖြစ်သွားမည်ဖြစ်သည်။

Bluetooth Network လုံခြုံရေး

Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင့်နှောက်ယှက်မှု များဖြစ် တက်ပါတယ်။ထိုအပြင့် mobile virus  အချို့သည် လည်း Bluetooth Networkမှတဆင့် ပျံ့နှံ့တက်ကြပါတယ်။ထိုသို့ဖြစ် ရခြင်း အကြောင်းကတော့ Bluetooth Network ထဲမှနီးရာပစ္စည်း များ ကု Detect လုပ်ကာ Virus များဝင်ရောက် ပျံ့နှံ့ခြင်းဖြစ်ပါတယ။် ၄င်း Virus များသည် Dataကိုသော်လည်းကောင်း၊ပစ္စည်း ကိုသော်လည်းကောင်း ဖျက်ဆီး တက်ကြပါတယ်။


ဒါကြောင့် Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန်လိုအပ်ပါတယ်။ထို့အပြင် Antivirus နှင့် Firewall တို့ကို အသုံးပြုခြင်းဖြင့် လည်း ကာကွယ်သင့်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Yuki အင်တာနက်ဆိုင်

Yuki အင်တာနက်ဆိုင်မှ ကြိုဆိုပါ၏
အပြင်သာစည်လမ်းထိပ်တွင် ဖွင့်လှစ်ထားသော ဦးစန်းငြိမ်း၏
 Yuki အင်တာနက်ဆိုင်





Yuki အင်တာနက်ဆိုင်မြင်ကွင်း


Yuki အင်တာနက်ဆိုင် အတွင်းမြင်ကွင်း


Yuki အင်တာနက်ဆိုင် အတွင်းမြင်ကွင်း


Yuki အင်တာနက်ဆိုင် အတွင်းမြင်ကွင်း

>>>ဆက်ဖတ်ရန်>>> >>

NET VILLA အင်တာနက်ဆိုင်

NET VILLA အင်တာနက်ဆိုင်
NET VILLA အင်တာနက်ဆိုင်မှ ကြိုဆိုပါ၏.....
ကိုသန့်စင်ထွန်း(ခ)ကိုထွန်းထွန်း၏ NET VILLA အင်တာနက်ဆိုင်၊ ရန်ကုန်ပြည်လမ်း၊ နတ်တလင်းမြို့


NET VILLA အင်တာနက်ဆိုင်နှင့် မယ်လိုဒီကွမ်းယာဆိုင်၊ ရန်ကုန်ပြည်လမ်း မြင်ကွင်း


ကိုသန့်စင်ထွန်း(ခ)ထွန်းထွန်း၏ NET VILLA အင်တာနက်ဆိုင် အတွင်းမြင်ကွင်း၊ ရန်ကုန်ပြည်လမ်း
>>>ဆက်ဖတ်ရန်>>> >>

မဉ္ဖူသက အင်တာနက်ဆိုင်

မဉ္ဖူသက အင်တာနက်ဆိုင်
မဉ္ဖူသက အင်တာနက်မှ ကြိုဆိုပါ၏.....
ကိုမျိုးမင်းသူ၏ မဉ္ဖူသက အင်တာနက်ဆိုင်၊ ဗိုလ်ရုံလမ်း၊ နတ်တလင်းမြို့


ကိုမျိုးမင်းသူ၏ မဉ္ဖူသက အင်တာနက်ဆိုင် မြင်ကွင်း၊ ဗိုလ်ရုံလမ်း၊ နတ်တလင်းမြို့


ကိုမျိုးမင်းသူ၏ မဉ္ဖူသက အင်တာနက်ဆိုင် မြင်ကွင်း၊ ဗိုလ်ရုံလမ်း၊ နတ်တလင်းမြို့


ကိုမျိုးမင်းသူ၏ မဉ္ဖူသက အင်တာနက်ဆိုင် အတွင်းမြင်ကွင်း၊ ဗိုလ်ရုံလမ်း၊ နတ်တလင်းမြို့


မဉ္ဖူသက အင်တာနက် ၏.....တစ်နှစ်ပြည့် အမှတ်တရ




>>>ဆက်ဖတ်ရန်>>> >>

မီဒီယာ ပြဿနာများ ပြေလည်စေရမည်ဟု နိုင်ငံတော်သမ္မတကြီးပြောကြား


ရန်ကုန်၊ သြဂုတ်၎

ယခု လက်ရှိဖြစ်ပေါ်လျက်ရှိသော ပြည်တွင်း ဂျာနယ်များအား တရားစွဲဆိုခြင်း၊ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားခြင်း စသည့် ကိစ္စရပ်များ မကြာမီ ပြေလည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံရေး ပါတီ(၁၄)ခုမှ ခေါင်းဆောင်များနှင့် ယနေ့ေ
တွ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ၏ လယ်တော ရိပ်သာ ရှင်းလင်းဆောင် ၌ နိုင်ငံရေး ပါတီ ၁၄ပါတီ တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ဂျာနယ်များအပေါ် တရားစွဲဆိုခြင်း၊ ပိတ်သိမ်းခြင်းသည် နိုင်ငံတည်ဆောက်ရေး အတွက် လက်တွေ့ မဆန်သောကြောင့် ပြန်လည် စဉ်းစား ပေးစေလိုကြောင်း ဆွေးနွေးရာ နိုင်ငံတော် သမ္မတကြီးက ယင်းသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ယနေ့ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သော ပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ကွန်ဂရက် ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်ကြသည်။

စတုတ္ထမဏ္ဍိုင်တွေ အခြေခံ ဥပဒေဘောင် အတွင်းက လွတ်လပ်ခွင့်တွေ ရှိသလို တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ရှိရမှာပေါ့။ ဘာလုပ်လုပ် တည်ငြိမ်မှုကို မထိခိုက်စေဘဲ ဆောင်ရွက်ဖို့ လိုတာပေါ့။ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်အောင် ဆောင်ရွက်ဖို့ပေါ့။ ဟန်ချက်ညီညီ ဖြစ်လာရင် မီဒီယာကိစ္စ ပြေလည်သွားမယ်လို့” နိုင်ငံတော်သမ္မတကြီးကပြောကြား သွားကြောင်း ဦးသိန်းညွန့်ကပြောသည်။

ယခုလက်ရှိတွင် ပြည်တွင်း ထုတ်ဂျာနယ် နှစ်စောင်ဖြစ်သော The Voice Weekly နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဥပဒေညွန်ကြားချက် ၄၄ ချိုးဖောက်သည်ဟု ဆိုကာ ယာယီ ထုတ်ဝေခွင့် ရပ်ဆိုင်းထားပြီး၊ The Voice Weekly ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့သည် ၀န်ကြီးဌာန အချို့နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရတို့က တရားစွဲဆို ထားမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

အဆိုပါ ဂျာနယ်များ အပေါ် တရားစွဲဆိုခြင်းနှင့် ဂျာနယ် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းများအတွက် သတင်း လွတ်လပ်ခွင့် ကော်မတီ (ယာယီ) ၏ လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို သြဂုတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေရာ ခြောက်နေရာ ခွဲ၍ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား များပါ လာရောက် အားပေးခဲ့ကြသည်။
"ဒီဂျာနယ် တွေ ထုတ်ဝေခွင့် မရမချင်းကို တစ်ဆင့်ချင်း တစ်ဆင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မန္တလေး မှာ မနက်ဖြန်မှာလုပ်ဖို့ စီစဉ်ထားပါတယ်" ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)မှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် ယင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုကိုသြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ပွဲများပြုလုပ် ခဲ့ကြသည်။
>>>ဆက်ဖတ်ရန်>>> >>

Cyber City အင်တာနက်ဆိုင်

ရန်ကုန်-ပြည်လမ်း၊ ရှိုင်းလ္ဘက်ရည်ဆိုင်ဘေးတွင် အသစ်ဖွင့်လှစ်ထားသော 
ကိုနိုင်လင်းထွန်း(ခ)ကိုနိုင်၏ Cyber City အင်တာနက်ဆိုင်



Cyber City အင်တာနက်ဆိုင် မြင်ကွင်း.


Cyber City အင်တာနက်ဆိုင် အတွင်းမြင်ကွင်း


Cyber City အင်တာနက်ဆိုင် အတွင်းမြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

မြန်မာ့ပို့ကုန်များ ပိတ်ပင်ထားမှု အမေရိကန်က တစ်နှစ် သက်တမ်းတိုး



ဝါရှင်တန်၊ သြဂုတ် - ၃

ပိတ်ဆို့တားဆီးမှုများအပေါ် ဖြေလျှော့ပေးမှုများ ဖြစ်ပေါ်စေခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံမှ ပို့ကုန်များ အမေရိကန်သို့ တင်ပို့ခွင့်ပိတ်ပင်ထားခြင်းကို အမေရိကန်ကွန်ဂရက်က သြဂုတ် ၂ ရက်တွင် ထပ်မံ သက်တမ်းတိုးလိုက်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်များ ပိတ်ပင်ထားခြင်းကို တစ်နှစ်သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က သီးခြားစီ မဲခွဲဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများအား တိုက်တွန်းအားပေးရန် သမ္မတအိုဘားမားက အခြားကန့်သတ်ချက်များအား ဖြေလျှော့ပေးခဲ့သည်။ သမ္မတအိုဘားမားက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဇူလိုင် ၁၁ ရက်က မီးစိမ်းပြခဲ့ပြီး၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်လည်း လက်တွဲလုပ်ဆောင် ခွင့်ပြုခဲ့သည်။

မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အားရပါကြောင်း၊ သို့သော် ပိုမိုကြီးမားသော တိုးတက်မှုများဖြစ်ပေါ်ရေး တွန်းအားပေးရန် မဲတင်းနိုင်သောအနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုသည်ဟု ဥပဒေပြုအမတ်များက ဖြေကြားသည်။

အိုဘားမားအစိုးရသည် ၂၀၀၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ပြောဆိုဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ သမိုင်းဝင်အလည်အပတ်ခရီး လာရောက်ခဲ့သည်။
<AFP>
>>>ဆက်ဖတ်ရန်>>> >>

FIRE FOX မြန်ဆန်ဖို့

ကိုညီ...
ဒီနည်းလမ်းတွေကို အဆင့်တိုင်းကို သေသေချာချာ လုပ်သွားပါကFIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက် မြန်နှုန်းမြင့်လာမယ်ဆိုတာ အားမခံပါသည်...{စကာချပ်}

မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေ ဖို့ ၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး
သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။



network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့

Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUE

ပြောင်းလိုက်ပါ။



network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICK

နှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။



network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီး

တန်ဖိုးကို TRUE ပြောင်းလိုက်ပါ။



network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUE

ပြောင်းပေးပါဦး။



CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာ

RIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲက

NEW ကိုရွေးပြီး BOOLEAN ကိုတဆင့် ရွေးပေးပါ။ ပေါ်လာတဲ့ New boolean

value pop-up window ထဲမှာ content.interrupt.parsing

လို့ရိုက်ထည့်ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE

ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

INTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ

content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို

2250000 လို့ထားလိုက်ပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ

content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ

750000 လို့ထားပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

BOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ

content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE

ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ

content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5

လို့ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာ

content.switch.threshold လို့ရိုက်ထည့်ပါ။

OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက

INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ

nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။



အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက် စရာမြန်ဆန်နေ ခဲ့ပြီပေါ့။
 

>>>ဆက်ဖတ်ရန်>>> >>

ဘာသာရပ်သစ်တစ်ခု တိုးမြှင့်သင်ကြားမည်.......

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်သစ်တစ်ခု တိုးမြှင့်သင်ကြားမည်.......

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်အသစ်တစ်ခုအား တိုးမြှင့်သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးချာလီသန်း၏ ပြောကြားချက်အရ သိရသည်။ လာမည့် စာသင်နှစ်အတွက် အသစ်တိုးမြှင့်သင်ကြားမည့် ဘာသာရပ်မှာ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ ဘာသာရပ်ဖြစ်ပြီး၊ ယင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီးသော ကျောင်းသားများသည် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ပေါ်တွင် လျှပ်စစ်အင်ဂျင်နီယာအရာရှိအဖြစ် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ဘာသာရပ်စုစုပေါင်း ဂ ခု သင်ကြားသွားမည်ဖြစ်သည်။ ဘာသာရပ်များမှာ ရေယာဉ်တည်ဆောက်မှုပညာ(NA)၊ ရေကြောင်းအင်ဂျင်နီယာ(ME)၊ ရေကြောင်း စက်မှုအင်ဂျင်နီယာ(MM)၊ ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ (MESE)၊ ဆိပ်ကမ်းအင်ဂျင်နီယာ (PH)၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ(RC)၊ ရေကြောင်းသိပ္ပံပညာ(NS)၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ (MESE) (ETO) တို့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

from:http://myanmarpyithar.org/
 

>>>ဆက်ဖတ်ရန်>>> >>

စဉ်းစားရခြင်းအလုပ်....

“ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ရာခိုင်နှုန်းအတော်များသည့် လူသတ္တဝါများသည် စဉ်းစားဖို့အတော်ပျင်းရိကြ၏။ နက်နဲသောအခြင်းအရာတစ်ခုကို စဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ဝါသနာပါသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့မရောက်နိုင်သည့်အတားအဆီးများ ရှိနေကြပြန်လေသည်။ ၎င်းတို့မှာ-
(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊
(၂) သဘာဝကျမကျကို ဆုံးဖြတ်တတ်သည့် ဉာဏ်မျိုးနုံနဲ့ခြင်း၊
(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်း၊
တို့ဖြစ်လေသည်။

“မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။”

“အနည်းငယ်ကိုစွန့်လှူရုံမျှဖြင့် များများကြီးကောင်းကျိုးပြန်ရမည်ကို သိသောပညာရှိသည် အနည်းငယ်သောလှူဖွယ်ဝတ္ထုကို စွန့်လှူဖို့ဝန်မလေးအပ်။”

“အတွေးအခေါ်ဉာဏ်ပညာကြီးမားသောသူသည် သူတစ်ပါးအမှားကိုကြည့်၍ မိမိအမှားမဖြစ်အောင် သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာနည်းသောသူသည် မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာမရှိသောသူများကား မိမိကိုယ်တိုင်မှားတာကိုပင်လျှင် သင်ခန်းစာမယူတတ်။”
 


စဉ်းစားရခြင်းအလုပ်....

“ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ရာခိုင်နှုန်းအတော်များသည့် လူသတ္တဝါများသည် စဉ်းစားဖို့အတော်ပျင်းရိကြ၏။ နက်နဲသောအခြင်းအရာတစ်ခုကို စဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ဝါသနာပါသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့မရောက်နိုင်သည့်အတားအဆီးများ ရှိနေကြပြန်လေသည်။ ၎င်းတို့မှာ-
(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊
(၂) သဘာဝကျမကျကို ဆုံးဖြတ်တတ်သည့် ဉာဏ်မျိုးနုံနဲ့ခြင်း၊
(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်း၊
တို့ဖြစ်လေသည်။

“မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။”

“အနည်းငယ်ကိုစွန့်လှူရုံမျှဖြင့် များများကြီးကောင်းကျိုးပြန်ရမည်ကို သိသောပညာရှိသည် အနည်းငယ်သောလှူဖွယ်ဝတ္ထုကို စွန့်လှူဖို့ဝန်မလေးအပ်။”

“အတွေးအခေါ်ဉာဏ်ပညာကြီးမားသောသူသည် သူတစ်ပါးအမှားကိုကြည့်၍ မိမိအမှားမဖြစ်အောင် သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာနည်းသောသူသည် မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာမရှိသောသူများကား မိမိကိုယ်တိုင်မှားတာကိုပင်လျှင် သင်ခန်းစာမယူတတ်။”
>>>ဆက်ဖတ်ရန်>>> >>

UNHCR ရုံးရှေ့ဆန္ဒပြ ..

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြ
င့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More -> http://goo.gl/8BoqK



UNHCR ရုံးရှေ့  ရိုဟင်ဂျာနှင့် ပတ်သတ်သည့် ဆန္ဒဖော်ထုတ်မှု တစ်ရပ် ဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၃

ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟူသော စာတန်းများ ကိုင်ဆောင်သူ ၂၀ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်
အတူယှဉ်တွဲ နေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ချခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေး ပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ချဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်
ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

ထို့နောက် “ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ
ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ”ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။
UNHCR ရုံးရှေ့  ရိုဟင်ဂျာနှင့်ပတ်သတ်သည့် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား။ 
>>>ဆက်ဖတ်ရန်>>> >>

ဟိုက်ချိ လ္ဘက်ရည်ဆိုင်

ရန်ကုန်-ပြည်လမ်းရှိ ကိုမင်းမင်းဦး+မတုတ်၏ ဟိုက်ချိ လ္ဘက်ရည်ဆိုင်


ဟိုက်ချိ လ္ဘက်ရည်ဆိုင် မျက်နှာစာ မြင်ကွင်း


ဟိုက်ချိ လ္ဘက်ရည်ဆိုင် ရှေ့ဘက်အခြမ်း  မြင်ကွင်း


ဟိုက်ချိ လ္ဘက်ရည်ဆိုင် အတွင်းခြမ်း မြင်ကွင်း

ဟိုက်ချိ လ္ဘက်ရည်ဆိုင် ညဘက်အလှ မြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး