Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

မြန်မာ့ပို့ကုန်များ ပိတ်ပင်ထားမှု အမေရိကန်က တစ်နှစ် သက်တမ်းတိုး



ဝါရှင်တန်၊ သြဂုတ် - ၃

ပိတ်ဆို့တားဆီးမှုများအပေါ် ဖြေလျှော့ပေးမှုများ ဖြစ်ပေါ်စေခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံမှ ပို့ကုန်များ အမေရိကန်သို့ တင်ပို့ခွင့်ပိတ်ပင်ထားခြင်းကို အမေရိကန်ကွန်ဂရက်က သြဂုတ် ၂ ရက်တွင် ထပ်မံ သက်တမ်းတိုးလိုက်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်များ ပိတ်ပင်ထားခြင်းကို တစ်နှစ်သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က သီးခြားစီ မဲခွဲဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများအား တိုက်တွန်းအားပေးရန် သမ္မတအိုဘားမားက အခြားကန့်သတ်ချက်များအား ဖြေလျှော့ပေးခဲ့သည်။ သမ္မတအိုဘားမားက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဇူလိုင် ၁၁ ရက်က မီးစိမ်းပြခဲ့ပြီး၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်လည်း လက်တွဲလုပ်ဆောင် ခွင့်ပြုခဲ့သည်။

မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အားရပါကြောင်း၊ သို့သော် ပိုမိုကြီးမားသော တိုးတက်မှုများဖြစ်ပေါ်ရေး တွန်းအားပေးရန် မဲတင်းနိုင်သောအနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုသည်ဟု ဥပဒေပြုအမတ်များက ဖြေကြားသည်။

အိုဘားမားအစိုးရသည် ၂၀၀၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ပြောဆိုဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ သမိုင်းဝင်အလည်အပတ်ခရီး လာရောက်ခဲ့သည်။
<AFP>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး