Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဖိတ်ခေါ်ပါသည် ရွှေလင်းဆီသို့

ချစ်တဲ့သူငယ်လေး......သူငယ်ချင်းကောင်း ပေါင်းသဟာတို့ရေ...။
နတ်တလင်းရယ်မှ ဌာနီ...
မြို့အနောက်ဆီဝယ်။ ၀တီဧရာ၊ မြစ်ကမ်းသာနှင့်
ဝေရာမြူခိုး၊ ပဲခိုးရိုးမရှေ့ရပ်ဆီလျှင်
တောင်ခွင်ဇီးကုန်း၊ မြောက်ဆုံးပေါင်းတည်
မြို့နယ်အကျယ်၊ မိုင်ဝယ်ချင့်မှန်း၊ စတုရန်းမိုင်ငါးရာကျော်တဲ့ဟေ...
ရိုးမရယ်မှထွက်သည့်၊
မြန်ပြည့်စီးပွား၊ ကျွန်းသစ်၊ ပျားရည်၊ များလှပြီတဲ့-
နွေရာသီငယ်တဲ့ချိန်ခါ၊ မနေမနား
ထင်းဝါးကိုစု၊ ထယ်ထွန်ပြုပြင်
ပင်ပန်းတယ်ထင်၊ ပျော်ရွှင်ချင်သော်
ရုပ်ရှင်ရုံရယ်နဲ့ ဘုရားပွဲလဲရှိပါ့နော်....။
နှမ်းပြောင်းဂုံလျှော်၊ တမျော်တခေါ်စိုက်ကွင်း
ရှုမျော်ခင်းက၊ မိုးရွာစမှာနော်...။
မိုးရာသီ ခါလယ်ခွင်မှာ
တံပြာကိုမြှောက်၊ နွားကိုငေါက်
တယောက်တလက်၊ ပေါင်းဆောင်ရွက်သော်
အထွက်တိုးစပါးဟာ၊ ပြည့်စီးပွားမဟုတ်လားကွယ်....။
မိုးကုန်ဆောင်းကူး နှင်းမှုန်မြူးလျှင်
နှမ်းလျင်မြေပဲ၊ ကုလားပဲ၊ နေကြာသီးနှံဖြာ
သုံးသီးစားတာ တို့မြို့မှာဗျ...။
လာခဲ့ပါကိုယ်တို့မြို့ကို၊ အပိုမကြွား မရမ်းကားပါ
မြို့သားမြို့သူ စေတနာဖြူပါတယ်နော်...။
ဆွေရင်းတို့လာလျှင်၊ ချက်ကျွှေးချင်ပါ့
ငစိန်ထမင်း၊ အင်းထဲကရေချိုငါး...
လျှာလည်သွားအောင်၊ ရွှေချဉ်ပေါင်လက်ချား
ဖါးပေါင်တို့စရာ၊ စုံလင်စွာနဲ့
တကယ်လာလျှင် အဟုတ်ကျွှေးပါ့မယ်
မြန်းကြွခဲ့ပါလေး.....အဝေး......။
.........................................
.........................................
အောင်သီဟ(စာရင်ခွင်)
နတ်တလင်းအသင်း/၂၂၂

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး