Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

Open Graphic Library ဆိုသည်မှာ

by ကိုလင်း- သလ္လာဝတီ
Open Graphic Library ဆိုသည်မှာ Cross Languageတစ်ခုကို သတ်မှတ်ပေးသော Interface အမျိုးအစား တစ်ခု ဖြစ်တယ်။ ဘာအတွက်လဲဆိုတော့ 2D နှင့် 3D Computer Graphic တွေကို ထုတ်လုပ်ရာမှာ Application တွေ ကို ရေး သားနိုင်သော Cross Languageတစ်ခုဖြစ်တဲ့ Cross platform API ကို သတ်မှတ်ပေးသော Standard တစ်ခု ပင် ဖြစ်တယ်။ OpenGL Interface တွင် မတူညီတဲ့ Function ပေါင်း ၂၅၀ ကျော် ပါဝင်ပါတယ်။ ၄င်း မတူညီတဲ့ Functionပေါင်း ၂၅၀ ကျော် ပါဝင်ရခြင်းက ယခင် ရိုးရိုး Graphic တွေထက် ရှုပ်ထွေးသော Three-DemensionalScence တွေ ကို ရေးဆွဲရာမှာ အသုံးပြုနိုင်ရန် ဖြစ်ပါတယ်။ OpenGL ကို Silicon Graphic Inc (SGI) ကနေ၁၉၉၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၄င်းကို CAD, Virtual Reality, Scientific Visualization,Information Visualization နှင့် Flight Simulation တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ နောက်ပြီး OpenGL ကို Video Game တွေမှာလည်း အသုံးပြုကြပါတယ်။ ဒီOpenGL သည် Microsoft Windows Platform ကထုတ်လုပ်သော Direct 3D နှင့် အပြိုင်အသုံးပြုနေကြပါတယ်။ OpenGL ကို Non-profic Technology Consortium (Khronos Group) ကနေစီမံထုတ်လုပ်တာဖြစ်ပါတယ်။ Basic Level OpenGL ကတော့ Specification ဖြစ်တယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ရိုးရိုး Documentတစ်ခုပါပဲ။ သူကဘာကို ဖော်ပြပေးနိုင်လဲဆိုတော့ Function တွေနှင့် ၄င်း Function တွေကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ တိကျသော လုပ်ဆောင်ချက်တွေကို ဖော်ပြပေးနိုင်သော Specificationတစ်ခု ဖြစ်တယ်။ ဒီ Basic Level Specification မှာ ဘာတွေကို လုပ်ဆောင်နိုင်သလဲဆိုတော့ Hardware Vendor တွေဟာOpenGL Specification ဖော်ပြထားသော Function တွေနှင့် ကိုက်ညီတဲ့ Function တွေကိုဖန်တီးနိုင်ပါတယ်။ Hardware Vendor တွေသည် OpenGL Implementation အဖြစ် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အရည်အချင်း သတ်မှတ်နိုင်ဖို့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ OpenGL သည် Khronos Group ရဲ့ ထိန်းချုပ်မှုကို Passလုပ်ခဲ့ပါ တယ်။ ဒီလိုမျိုး လုပ်ဆောင်မှုဟာဆိုရင် OpenGL နှင့် OpenGL ES တို့ရဲ့ တိုးတက်မှုတွေကြားမှာဖြစ်တတ်သော အတားအဆီးတွေကို ဖယ်ရှားနိုင်ဖို့အတွက် OpenGL ရဲ့ ဈေးကွက်ကို တိုးတက်စေဖို့ရန် အလို့ငှာ ဖြစ်လာစေခဲ့ ပါတယ်။ OpenGL ကို စီမံထုတ်လုပ်သော Khronos ရဲ့ အဖွဲ့ခွဲနာမည်က OpenGL ARB Working Group ဖြစ် ပါတယ်။ OpenGL ကို API အတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာဖြစ်တယ်။ OpenGL ကလုပ်ဆောင်ပေးသော အဓိက လုပ်ဆောင်ချက် နှစ်မျိုးရှိပါတယ်။ (၁) တခြား မတူညီသော 3D Accelerator တွေနှင့် ဆက်စပ်ပြီးတော့ လုပ်ဆောင်တဲ့အခါမှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် တစ်ခုတည်းသော API Uniform ကို အသုံးပြုပြီးတော့ လုပ်ဆောင်ပေးပါတယ်။ (၂) နောက်တစ်ခုက Hardware Platform တွေရဲ့ မတူညီသော ဆောင်ရွက်ချက်တွေကိုဖုံးကွယ်ထားရန် အတွက် လည်း ဆောင်ရွက်ပေးပါတယ်။ လိုအပ်လျင် Software ကို အသုံးပြုပြီးတော့လုပ်ဆောင်ပေးပါတယ်။ Open GL ကို ထုတ်လုပ်လိုက်သော ရည်ရွက်ချက်က Graphic တွေကို Display လုပ်ရန်အတွက်သာ ရည်ရွယ် ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Graphic ဆိုင်ရာ Function တွေကိုပဲ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ API မှာဆိုရင် Windows System, Audio, Print Screen, Keyboard/ Mouse တို့နှင့် တစ်ခြားInput Device တွေရဲ့ Concept တွေ မရှိပါဘူး။ ဒီလိုမျိုး API မှာ ကန့်သတ်ချက်တွေရှိသော်လည်း OpenGLကို အသုံးပြုမယ်ဆိုရင်တော့ ဘယ် Windows Operating System ကိုမဆို လွတ်လပ်စွာအသုံးပြုနိုင်ပါတယ်။ ၁၉၉၅ ခုနှစ်လောက်မှာ Microsoft ကနေပြီးတော့ Direct3D ကို ထုတ်လုပ်ခဲ့ပါတယ်။ ၄င်း Direct3D မှာOpenGL ရဲ့ အဓိက ပြိုင်ဘက်တစ်ခု ဖြစ်လာပါတယ်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် Microsoftနှင့် SGI တို့သည် Fahrenheit ဆိုတဲ့ Project ကို စတင် အကောင်အထည် ဖော်ခဲ့ကြပါတယ်။၎င်း Project မှာ OpenGL နှင့် Direct3D Interface တို့ကို စည်းလုံးပေါင်းစပ်ပေးရန် ရည်ရွယ်ချက်နှင့်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် မှာတော့ Hewlett-Packard သည် ၄င်း Project ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ Microsoft ကတော့ SGI နဲ့ ပတ်သက်ပြီးတော့ ဘဏ္လာရေး ကန့်သတ်ချက်တွေကြောင့် ၁၉၉၉ ခုနှစ်မှာ ၄င်း Project အဖွဲ့ထဲကနေ ထွက်သွားခဲ့ပါတယ်။ OpenGL မှာ Version တွေ အများကြီး ရှိပါတယ်။ Open GL သည် Address နဲ့ ပတ်သက်ပြီးတော့ တိုးတက်မှု၊ နှောင့်နှေး ကြန့်ကြာနေ မှု၊ ပျက်ကွက်မှုတို့ကြောင့် 3DLabs က OpenGL 2.0 version ကို စတင်ထုတ်လုပ်ရန် အကြံပြု လာခဲ့ပါတယ်။ နောက်ဆုံးမှာ OpenGL 2.0 version ကို ထုတ်လုပ်လိုက်တဲ့အခါမှာ GLSL Support ပါရှိပါတယ်။ GLSLဆိုတာ Level မြင့်သော Shading Language တစ်ခု ဖြစ်တယ်။ C-Programming Language ကိုအခြေခံပြီးတော့ ထုတ်လုပ်ထားတာ ဖြစ်တယ်။ GLSL ၏ အရှည်မှာ OpenGL Shading Languageဖြစ်ပါတယ်။ တခါတရံ GLslang ဟုလည်း ခေါ်ကြပါတယ်။ ၄င်း GLSL ကို OpenGL ARB ကနေဖန်တီးထားခြင်း ဖြစ်ပါတယ်။ ၄င်းကို ထုတ်လုပ်ထားရသော ရည်ရွယ်ချက်က Assembly Language သို့မဟုတ် Hardware-Specific Language တွေကို အသုံးပြုရန်မလိုပဲ Graphic Pipeline တွေကို တိုက်ရိုက် Control လုပ်နိုင်ဖို့ရန်အတွက် ရည်ရွယ် ထားတာ ဖြစ်တယ်။ အခုလက်ရှိ အသုံးပြုနေသော GLSL Version ကတော့ Version 1.40 ပဲဖြစ်ပါတယ်။ OpenGL 2.1 version ကို ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ထုတ်လုပ်ခဲ့ပါတယ်။ OpenGL 2.1 Version မှာ ယခင် ထုတ်လုပ်ခဲ့သော OpenGL Version အားလုံးနှင့် Compatible ဖြစ်ပါတယ်။ နောက် version တစ်ခုဖြစ်သော OpenGL API version 3.0 ကို ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာထုတ်လုပ်ခဲ့ပါတယ်။ ဒီ Version 3.0 ကလည်း ယခင် OpenGL Version တွေနှင့် Compatible ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ OpenGL version 3.1 ကို ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ပိုပြီးတော့ထူးခြားသော API performance ဖြစ်အောင် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး