Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

မော်ကွန်းတင်(၁၃)ဦး

မော်ကွန်းတင်(၁၃)ဦး
နတ်တလင်းအသင်းဖြစ်ပေါ်လာပုံ
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိရန်အတွက် သက်စွန့်ကြိုးပမ်းဆောင် ရွက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်မှ မော်ကွန်းဝင်ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တို့ဖြင့် ချီးမြှင့်ဂုဏ်ပြုလျှက် နိုင်ငံတော်သမ္မတကြီးမှ ဘွဲ့တံဆိပ် အဆောင်အယောင်များဖြင့် ဂုဏ်ပြုချီးကျူးလျှက်ရှိသည်ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအားလုံး သိရှိကြပြီးဖြစ်ပေသည်၊

နတ်တလင်းမြို့နယ်အသင်းကြီးကို စတင်တည်ထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား နတ်တလင်းမြို့နယ် အသင်းကြီးမှ မော်ကွန်းတင်လိုက်ရုံသာမက နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ အသက်မွေး ၀မ်းကြောင်းရန်အတွက် ပြောင်းရွေ့နေထိုင်ကြသော ပုဂ္ဂိုလ်များ၊ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လုပ်ကိုင်၍ တာဝန်အရ ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ကြရသော ပုဂ္ဂိုလ်များ၏ မိသားစုများနှင့် ပညာသင်ကြားရန် အတွက် ရန်ကုန်မြို့သို့ ခေတ္တလာရောက်နေထိုင်ကြရသော ရန်ကုန်/၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများတို့နှင့် တစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးစွာဖြင့် လူမူရေး/ပညာရေးကိစ္စများတွင် ရိုင်းပင်းကူညီရန်အတွက် ရည်သန်၍ တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးများအား များစွာကျေးဇူးတင်ထိုက်အပ်ပေသည်၊

၁၉၅၁ခုနှစ်တွင် သာယာဝတီခရိုင်ကျောင်းသူကျောင်းသားများက သာယာဝတီခရိုင်အသင်းကြီး အား စတင်တည်ထောင်ခဲ့သည်၊ အသင်းမှ ကျောင်းသားကျောင်းသူများမှ ရန်ပုံငွေရရှိရေးနှစ်စဉ်အလှူငွေများ လာရောက်ကောက်ခံတိုင်း နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့သို့လာရောက်နေထိုင်ကြသော ပုဂ္ဂိုလ်ကြီးများ က နတ်တလင်းမြို့နယ်အသင်းတည်ထောင်ရန် စိတ်ကူးမိသဖြင့် ပညာအလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဆရာဖြိုး ကရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်သည့်ကျွန်တော်အားတာဝန်တရပ်အနေဖြင့်နတ်တလင်းမြို့မှရန်ကုန် မြို့သို့ပြောင်းရွေ့နေထိုင်ကြသော နတ်တလင်းသားများ၏ နေရပ်လိပ်စာများကိုစုဆောင်းထားရန်မှာကြား ခဲ့လေသည်၊ ရန်ကုန်တက္ကသိုလ် သာယာဝတီခရိုင်ကျောင်းသားကျောင်းသူများအသင်းဥက္ကဋ္ဌတာဝန်ကို ကျွန်တော်ကဆောင်ရွက်ခွင့်ရရှိလာသောအခါ နတ်တလင်းအသင်းတည်ထောင်ရန် အချက်အလက်ပြည့် စုံနေပြီဖြစ်သည်၊နတ်တလင်းမြို့နယ်အသင်းစည်းမျဉ်းမူကြမ်းကိုရေးသားပေးခဲ့သည်၊လွတ်လပ်ရေးရပြီး နောက်(၈)နှစ် အကြာတွင် နတ်တလင်းအသင်းတည်ထောင်ရန်အတွက် စေတနာသဒ္ဒါတရားထက်သန်လှသောပုဂ္ဂိုလ်ကြီး များနှင့် တွေ့ဆုံဆွေးနွေး၍နတ်တလင်းအသင်းတည်ထောင်မည်ဟုဆရာဖြိုးက ပြောကြားခဲ့သည်၊ စိတ်တူ သဘောတူ ငွေကြေးအကုန်အကျခံနိုင်မည့်လူကြီးများပါဝင်လာမှဖြစ်မည်ဟုလည်းပြောကြားခဲ့သည်၊ ဆရာဖြိုးတို့ ပုဂ္ဂိုလ်(၁၃)ဦးကလည်း ငွေကြေးအကုန်အကျမှန်သမျှအားလုံး သဘောတူတာဝန်ယူခဲ့ကြ သည်၊ နတ်တလင်း မြို့နယ်အသင်းတည်ထောင်ရန်အတွက် သတင်းစာအသီးသီးတွင် ထည့်သွင်းကြော်ငြာ ပြီး ရွှေတိဂုံဘုရား လမ်းရှိ ဆန်းကဖီးကိုတ်မုန့်တိုက်တွင် အသင်းကြီးကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်၊ နတ်တလင်းမြို့နယ်အသင်း စည်းမျဉ်းကို ကုန်သည်ကြီး ဦးဘစိန်နှင့် ပညာမင်းကြီး ဦးအေးမောင်တို့ က ပြုပြင်ပေးခဲ့ကြသည်၊ ထိုနေ့အစည်းအဝေးမှ ရန်ကုန်မြို့၊ အမှတ်(၇၃)၊ ဘုန်းကြီးလမ်းနေ ထားဝယ် ကူးသန်းရောင်း ၀ယ်ရေးတိုက်မှ ဦးအေးမောင်ကို အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် တင်မြောက်ကြသည်၊ အတွင်းရေးမှူးအဖြစ် ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်ဝင်းကိုရွေးချယ်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ သရုပ်ပြဆရာ ဦးထွေးရင်နှင့် ရွှေမြို့တော်ကုမ္ပဏီမှ ဦးသန်းကျော်တို့ ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့တို့ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်လေသည်၊ နတ်တလင်းမြို့ နယ်အသင်းကြီးကို စတင်တည်ထောင်သောနေ့မှာ (၁၆.၃.၁၉၅၆)နေ့ဟုကောင်းစွာမှတ်မိသည်။

နတ်တလင်းမြို့နယ်အသင်းဖြစ်မြောက်ရန်အတွက် ဦးဆောင်ခဲ့သော မော်ကွန်းတင်ပုဂ္ဂိုလ်ကြီး(၁၃)ဦးတို့၏ အမည်စာရင်းမှာ-

(၁) ဦးအေးမောင် (ထားဝယ်ကူးသန်းရောင်းဝယ်ရေးတိုက်)

(၂) ဦးကျင်ပု (အငြိမ်းစားကျောက်စာဝန်)

(၃) ဆရာဖြိုး (ပညာ့အလင်းပြ)

(၄) ဦးဘစိန် (ကုန်သည်ကြီး)

(၅) ဦးဘ၀မ်း (လူမူဝန်ထမ်းဌာနစု)

(၆) ဦးဘအေး (စင်ထရယ်စဖို့ ဆင်ဒီကိတ်)

(၇) ဦးအေးမောင် (ဒုတိယပညာမင်းကြီး)

(၈) ဒေါ်ခင်ရွှေ (မြူနီစီပါယ်ပညာရေးအရာရှိ)

(၉) ဦးအုန်းရွှေ (အငြိမ်းစားတိုက်ပိုင်)

(၁၀) ဦးကျော်ရိုး (သွေးသော်ကမဂ္ဂဇင်း)

(၁၁) ဦးကျော်ဝင်း (ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့)

(၁၂) ဦးသန်းကျော် (ရွှေမြို့တော်ကုမ္ပဏီ)

(၁၃) ဦးထွေးရင် (ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)

ထိုပုဂ္ဂိုလ်ကြီးများကို နတ်တလင်းမြို့နယ်အသင်းဝင်တိုင်းက အမြဲတစေ ကျေးဇူးတင်နေကြရမည့် ပုဂ္ဂိုလ်ကြီး များပင်ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်ကြီးများ၏ စေတနာထက်သန်သကဲ့သို့ အဆက်ဆက် အသင်းသူ/အသင်းသားများက နတ်တလင်း မြို့နယ်အသင်းကြီး ထာဝစဉ်တည်မြဲရေးအတွက် စိတ်ရောကိုယ်ပါဆောင်ရွက်ကြရန် တိုက်တွန်းလိုက် ရပေသည်။ (နတ်တလင်း/၂၂၁)



ပြုစုသူ

ဦးထွေးရင်

မြန်မာနိုင်ငံဝန်ထမ်းအကြီးတန်း၊ ဗဟိုတရားရုံးရှေ့နေ

အမှတ်(၅၃)၊ မနောဟရီလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

မှတ်ချက်- နတ်တလင်းအသင်းစာအုပ်မှ ဖော်ပြထားခြင်းဖြစ်ပြီး ခေတ်ကာလကြာမြင့်ခဲ့သည့်အခြေအနေ ကြောင့် အရေးအသားစာသားအချို့အား ပြင်ဆင်ဖော်ပြထားပါကြောင်းနှင့် အပြည့်အစုံ ဖတ်ရှုလိုပါက ၁၉၈၂ ခုနှစ် ထုတ် နတ်တလင်းမြို့နယ်အသင်းစာစောင်တွင် ဖတ်ရှုနိုင်ပါကြောင်း တင်ပြအပ် ပါသည်-

မှတ်တမ်းဖော်ပြသူ

ကိုလင်း(မယ်လိုဒီ)

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး