Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ရခိုင်ပြည်နယ် ပဋိပက္ခများတွင် အိုင်အင်န်ဂျီအိုဝန်ထမ်းကိုးဦး ပါဝင်ပတ်သက်ခဲ့

by 7Day News Journal on Wednesday, August 1, 2012 at 11:20am ·
အသိုင်းအ၀ိုင်းအချို့က ဘာသာရေးပြဿနာအဖြစ် နိုင်ငံရေးနှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန်ကြိုးပမ်းမှုကို မြန်မာနိုင်ငံက လုံးဝပယ်ချ
ရန်ကုန်၊ ဇူလိုင်-၃၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစိုးရက တရားဝင်သတင်းထုတ်ပြန်လိုက်ပြီဖြစ်ရာ ပဋိပက္ခများ
၌ အိုင်အင်န်ဂျီအိုသုံးခုမှ ၀န်ထမ်းကိုးဦးပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး
ဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက  ပြောကြားသည်။

ယခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သော  နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)
သုံးခုမှ ၀န်ထမ်း ၁၀ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ဦးမှာ အပြစ်မရှိသည့်အတွက် ဇူလိုင် ၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီး
၍ ရုံးတင်တရားစွဲခံနေရသောဝန်ထမ်းကိုးဦးမှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့နှစ်ခု ဖြစ်သော UNHCR မှ ငါးဦး၊   WFP မှ တစ်ဦးဖြစ်ပြီး   AZG   မှလည်း သုံးဦးပါဝင်သည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွား နေစဉ် နေအိမ်မီးရှို့မှုများ၊ လှုံ့ဆော်သော လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်းစသည့်
 ဥပဒေပ လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ INGO ၀န်ထမ်းများက အဖွဲ့အ စည်းအဓိကတာဝန်ကို မဆောင်ရွက်ဘဲ ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့ ခြင်းကို ခိုင်လုံသော အထောက်အထားများ၊ သက်သေများ အခိုင်အမာရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက
ပြောသည်။ ၎င်းတို့အား တရားစွဲဆိုရာတွင် ဥပဒေနှင့်အညီ သက်သေငှားရမ်းခွင့်လည်း ပြုထားပြီး၊  တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းခံယူရမည်ဖြစ်ကြောင်း  ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။ အပြစ်မရှိ၍ ပြန်လွတ်ပေးလိုက်သူတစ်ဦးမှာ   AZG   မှ ၀န်ထမ်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက် ၍ မြန်မာအစိုးရက အာဆီယံနှင့် နိုင်ငံတကာသို့ အသေးစိတ် ရှင်းပြ ရန်
 မျှော်လင့်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရန်ပစ်ဆူဝမ်က ဇူလိုင်၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့ပြီး ၄ရက်အကြာဇူလိုင် ၃၀တွင် မြန်မာအစိုးရကမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စား
လှယ် မစ္စတာကင်တားနား၊ နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ NGO, INGO   များမှ တာဝန်ရှိ
သူများ၊ ပြည်တွင်း ပြည်ပသတင်းထောက်များရှေ့တွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရသူ ၁၀၉ ဦး ရှိခဲ့ သည်။ လူနေအိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း နှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။  ပြစ်မှုကျူးလွန်သူ ၈၅၈ ဦးအား
ဖမ်းဆီး အရေးယူခဲ့သည်။  သေဆုံးသူများထဲတွင် ဥပဒေချိုးဖောက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သော
ကြောင့် သေဆုံးသူရှစ်ဦးပါဝင် ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဋိပက္ခများကြောင့် ဒုက္ခရောက်ရသူများအတွက် ကယ်ဆယ်ရေးစခန်း ၈၉ ခုကို တည်ဆောက်ပေးထားပြီး လက်ရှိတွင် ဒုက္ခသည်
အရေအတွက်မှာ ရခိုင် လူမျိုး ၁၄၃၂၈ ဦး၊ အစ္စလာမ် ဘာသာဝင် ၃၀၇၄၀ ဦး၊ စုစုပေါင်း ၄၅၀၆၈ ဦးရှိသည်။ ကယ်ဆယ်ရေးစခန်းများမှာ
 မိသားစုအချို့ မှာ ဒေသပြန်လည်တည်ငြိမ်လာသည့်အတွက်မိမိနေရပ် ပြောင်းရွှေ့သူများလည်းရှိသည်ဟုဆိုသည်။  နိုင်ငံခြားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က  “ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ
 အင်အားအလွန်အကျွံ အသုံးပြုကြောင်း အချို့အသိုင်းအ၀ိုင်း၏ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေ ဖြင့် အခိုင်အမာငြင်းဆိုသည်။

အထက်ပါဖြစ်စဉ်များမှာ  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းငယ်တွင်းပေါ်ပေါက်ခဲ့သော အုပ်စုချင်းအကြမ်းဖက်မှုများသာဖြစ်သည်။
 သို့ဖြစ်ရာ ဖြစ်ရပ်မှန်အခြေအနေများကို ထောက်ရှု၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် ခဲ့သည့် ကိစ္စရပ်များအား  အချို့
အသိုင်းအ၀ိုင်းမှ   ဘာသာရေး ပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေး အသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို
 မြန်မာနိုင်ငံက လုံးဝပယ်ချသည်”ဟု သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။

မေ ၂၈ ရက်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအနီး ရခိုင်အမျိုးသမီးငယ်တစ်ဦးအား မွတ်ဆလင် လူငယ်သုံးဦးက လုယက်၊ အဓမ္မပြု၊သတ်ဖြတ်ခြင်းနှင့် ဆက်စပ်၍ ဇွန်၃ရက်တွင် တောင်ကုတ်၌ ခရီးသည်တင်ကားပေါ် မှ မွတ်ဆလင်အမျိုးသား၁၀ဦးအား ဒေသခံများကသတ်ဖြတ်ရာမှ အကြမ်းဖက်မှုများမှာ စတင်ခဲ့သည်။

သို့သော် အဆိုပါအသတ်ခံရသူ ၁၀ဦးမှာ အိနိယနိုင်ငံတောင်ပိုင်းမှ အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါ
 ဖြစ်ရပ်နှစ်ခုဖြစ်ပွားပြီး စစ်တွေ၊ မောင်တောနှင့် ဘူး သီးတောင်မြို့များတွင် အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း
 အစိုးရ၏ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

“တစ်ဦးနှင့်တစ်ဦး ဘာသာရေးအယူအဆ ကွဲပြားခြင်း၊ အထင်အမြင် လွဲမှားခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှုများကြောင့်
 ဥပဒေမဲ့ စရိုက်များ ပြန့်နှံ့သွားခဲ့ခြင်းဖြစ် ကြောင်း တွေ့ရှိရသည်”ဟု အစိုးရက အကြမ်းဖက်မှုများ၏ ဇစ်မြစ်ကို ဖော်ပြသည်။
အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ရသူများအတွက်  နေထိုင်စားသောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် အစိုးရ၊
 နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သော UNHCR, Care Myanmar, WFP ကုလသမဂ မဟာမင်းကြီးရုံးစသော အစိုးရ မဟုတ်သော
 နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအလှူရှင်များ၏ အကူအညီများဖြင့်  ဆောင်ရွက်လျက်ရှိကြောင်းလည်း
 တရားဝင်သတင်းထုတ်ပြန်သည်။ ထို့အပြင် မောင်တော၊ စစ်တွေမြို့များကို မြို့ပြစီမံကိန်းသစ်ရေးဆွဲအကောင်အထည်ဖော်မည့် အစီ
အစဉ်များကိုလည်း  ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြခဲ့သည်။

  အဆိုပါ ပဋိပက္ခများကို ပြည်ပမှ အဖွဲ့အစည်းအချို့နှင့် ပြည်ပမီဒီယာအချို့က ဘာသာရေး ပြဿနာတစ်ရပ်အသွင်၊ အစိုးရက
ဘင်္ဂါလီများကို အင်အားသုံး ဖြိုခွင်းနေသည့်အသွင် ယခုလပိုင်းတွင် ပိုမိုစွပ်စွဲဖော်ပြလာသည်။ ရခိုင်ပြည်နယ်အရေးကို စုံစမ်းရန် မစ္စတာ
 ကင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၉ ရက်မှ စတင်ရောက်ရှိလာပြီး၊ ရခိုင်ပြည် နယ်သို့ သွားရောက်မည်ဖြစ်သည်။ ကင်တားနားသည်အစိုးရမှ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်   လည်းခရီးစဉ်အတွင်း တွေ့ဆုံမည်ဖြစ်သည်။

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး