ဘာကိုလေရမှန်းကိုမသိအောင်ကို လေပါတယ်ဂျာ ....
ချစ်သူများနေ့တဲ့ .... ကိုယ်နဲ့မဆိုင်သလိုပါပဲလို့ ..ကြေညာထားတာတောင် အလိုက်သိတဲ့သူက ပေါ်မလာဘူး ....ညစ်ပြီး ... ပို့လေးတင် .. မန့်လေးတင်နေမိလို့ မအားပါဘူးဆိုပြန်တော့ ဖိုင်းယားဖောက်က မြွေဖမ်းချင်နေတယ် ..... အဆင်ပြေလို့ Use မယ်ဆိုပြန်တော့ မန့်လည်းမရ ... ပို့တင်မရ .. ချက်မေးက ရိုက်ထားတဲ့စာတွေကပျောက် .... ဘာဖြစ်တာလဲ အဖြေလေးတွေ့မယ် မကျန်သေးဘူး အက်လာတဲ့သူတွေကလည်း မနည်းဘူး ..... ချစ်သူများနေ့မိုလို့ ကောင်မလေးတွေလား ကြည့်ပြန်တော့ ဟီး အကုန်လုံးက ယောင်္ကျားလေးအကောင့်တွေချည်းပဲ .... ကြောက်ပါတယ်ဆိုမှ ..... ဘူတွေမှန်းကိုမသိဘူး .... စိတ်ကောင်းလေးဝင်ပြီး ချစ်သူများနေ့မိုလို့ အကုန်လက်ခံထားတယ် .... ပြဿနာတော့ရှာမသွားနဲ့နော် ...... စိတ်မကြည်လင်ပါဘူးဆိုမှ ချက်ဘောက်ကစကားပြန်မပြောလို့တဲ့ လာရန်တွေ့သူကရှိပြန်တယ် ...တော်ပြီ မသုံးတော့ဘူးဆိုပြီး အိမ်ရှေ့ထွက်လာမှ ဆိုင်ထဲမှာ ဘောလုံးပွဲ ကြည့်နေတဲ့သူတွေကြောင့် စိတ်ကလေတယ် ... ကြည့်အုံးလေ ... မန်ယူ နဲ့ ရီးရဲလ်တဲ့ ကိုပွမသိလို့ အာရုံမထားမိတာ အပြစ်ပဲထားပါတော့ ... တကယ့်ကို ကမ္ဘာကျော် သန်းကြွယ်သဌေး(22)ယောက်ကန်နေကြတာ အိပ်ရေးပျက်ခံပြီး....ကိုပွမိသားစု ငမွဲငခြောက်တွေထိုင်ကြည့်နေတာဗျာ ...ဆူညံ့နေတာပဲ .... နားထောင်ကြည့်ကြအုံး .....
ManUကကောင်တွေကလဲ ပြာယာတွေခတ်နေတာပဲ .... ဗန်ပါစီကလည်းေxာက်သုံးမကျဘူး .... ရွန်းနီလုပ်နေတာ
ခွီးးးးးးးးးးးးးးးးး သေချင်တယ် .... အီဗရာ ဘာတွေလုပ်မှန်းမသိဘူး .... ဟိုကောင်လူပေးလေ ... ဟိုးမှာလွတ်နေတာ မမြင်ဘူးလား ....ရီးယိုပဲကွာ ...
ထိုင်ဆဲနေရုံကလွဲပီး ဘာမတတ်နိုင်ဘူး
သူ့အဖေကိုလူကပ်မထားဘူး ....ဂိုးးးးးးးးးးးးးးးးးးးး သူတောင်းစားလူကပ်မထားဘူး .......ဒါပဲလေ မန်ယူလေ ...ဟားဟား ...ခေါင်းတိုက်သွားတာ ကောင်းလိုက်တာ .... ၀ဲဘတ် ကောင်းလို့ ....
ဟာ ..မော်ရင်ညိုကြည့်လိုက်အုံး ဟားဟားးးးးးးးးးးး ...
လာပြီ....မင်းဘိုးအေ ကစားကွက်ကဘယ်လိုကစားနေတာလဲဟ .... ကြောက်နေတာလားမသိဘူး တောင်ကန်မြောက်ကန်နဲ့
rooney ကအစ တပ်ပျက်နေတာ
ဘောပဲ! !!
လူစရင်းမကြိုက်ဘူးကွာ .... လုပ်ပီ ...
သူ့အဖေကခေါင်းတိုက်သွားပြီ
jumping ကြီးကအမြင့်ကြီးပဲကြောက်စရာကြီးးးးးပါလား ဒိုလေးက ... သူတောင်းစား မန်ယူကပြောင်းသွားတာ ချိုးပစ်လိုက် .... အွန် ... ဂိုးသမားကလည်း ပုံမလာဘူး ဒါလေးတောင် မမိဘူး .... ... ဟီး ဝေဖန်နေတဲ့နည်းပညာရှင်တွေ ကြည့်အုံး ကြည့်နေရင်း အားမရလို့ ဆဲသံဆိုသံတွေတောင်ပါသေး .... ခင်ဗျားတို့ကလဲဗျာ ဆူညံနေတာပဲဆိုတော့ ... ဟ ကိုပွကြည့်အုံး မန်ယူကကောင်တွေ ကန်နေတာ ပုံမလာဘူး .... ၀ဲဘတ်ကနာနေပြီ ... ဗန်ပါစီကလည်း ဂိုးနဲ့ဝမ်းပိုင်ဝမ်းတွေ့တာ မ၀င်ဘူးကြည့်အုံး ကားရစ်လည်း ရိုင်ယန်ဂစ်ကောင်းနေလို့ ... နောက်တန်းကကောင်တွေကြည့်အုံး ရာဖေးလည်းမထိန်းနိုင်ဘူး .. ဖီးဂျုန်းလည်း ခဏခဏဖောင်းနေတာ ဖာဒီနန်လည်း ကျနေပြီ ... ဂိုးသမား ဒီခီရာကောင်းနေလို့ ... ဘယ်လိုတွေကန်နေမှန်းကိုး မသိဘူး .... အူဇေးတို့ ပုံမလာလို့ ဂိုးမပေးရတာ ဒိုလေးကလည်း သူ့ကပ်ထားတော့ ဘာမှလုပ်မရဘူး .... ခေါင်းတိုက်ဘောရလို့ ဂိုးရသွားတာ .... အလွန်ဆိုကောင်းနေလို့ မိုဒရစ်လည်းဆရာလုပ်မရတော့ဘူး ...ဟိုအသင်းမှာသာလုပ်ရမယ် ရီးရဲလ်မှာ လုပ်မရတော့ဘူး သူ့ထက်ကောင်းတဲ့ကောင်တွေချည်းဘဲ......ခိခိ ကြည့်အုံး ... ကိုပွ ခဏလေးထွက်ကြည့်ပါတယ် .... ကမ္ဘာကျော်သန်းကြွယ်သူဌေး(၂၂)ယောက်ကန်နေတာကို ယိုပေါက် ဟာကွက်မရှိအောင် ဝေဖန် အပြစ်ပြော ဆဲဆိုတိုင်းထွာနေကြတာ ...ဟီး ဒီကြားထဲ ကိုပွကိုမကျေမချမ်းရှင်းပြနေတဲ့သူက .... ကြည့်အုံး (ပြောရတာမကောင်းဘူး အားတော့နာတယ်ဗျာ)
... ခြေထောက်တစ်ဖက်မရှိဘူး ...ဂျိုင်းထောက်နဲ့ ...
ကိုပွလည်းသဘောပေါက်လိုက်ပါတယ် ဝေဖန်အပြစ်ပြောချက်ကတော့ ကိုယ့်လူတွေအိပ်ရေးပျက်ခံပြီးတော့တောင် ဝေဖန်အပြစ်ပြောနေကြတယ်ဆိုတာ ....
ဟီး ... ခင်ဗျားတို့ရော အဲလိုပဲလား .... ဖေ့ဘွတ်ပေါ်မှာ တနေ့တနေ့မရိုးအောင်ဝေဖန်နေကြတာနော် .. ...ကိုပွလည်း အိပ်မရလို့ ထရေးချင်တာရေးပြီး ဝေဖန်လိုက်ရတာ ....
စိတ်ဆိုးကြနဲ့နော် .....
အထာကျတဲ့ ....ဆြာပွ....
No comments:
Post a Comment