ဝလုံး- ရေးဖို့ ကျောက်တံသွေးနေသူ....
ဟာသလေးတွေ အပြုသဘောလေးတွေ ဖတ်ချင်တဲ့သူငယ်ချင်းတွေက ကိုပွရေ ... ပို့လေးတွေရေးပါအုံးဆိုမှ ဘာတွေရေးရမှန်း မသိအောင်ဈန်က၀င်မလာဘူး ....နှစ်ရက်လောက် ထိုင်စဉ်းစားမိတယ် ဘာရေးပေးရင်ကောင်းမလဲပေါ့ ....လုပ်မကြည့်ရသေးဘဲ အရမ်းတော့ယုံမထားနဲ့ဆိုတာလေး ရေးမယ်....စဉ်းစားပြီး တွေးနေတုန်း ရှိသေးတယ် ... ဟို ...ငလင်း ..ကိုလင်း သလ္လာဝတီ..က ၀လုံး-ရေးဖို့ကျောက်တံသွေးနေသူ ...ဆိုပြီး သူ့အကောင့်သူနာမည်ပေးတော့ ကိုပွတစ်ခါတစ်ခါ ရွာကဂျီးတော်ကြီးရှေ့ညည်းမိလို့ခေါင်းခေါက်ခံရတာလေး သွားသတိရမိတယ် .... ကိုပွဘ၀သုံညကပြန်ပြန်စနေရတဲ့အကြိမ်တွေမနည်းဘူး...ဂျီးတော်ရေ..ဆိုတော့ ငါ့တူကိုပွတဲ့ ဘာဘဲလုပ်လုပ်....သုံညကစမှ ဘယ်လောက်တိုးပွားလာလဲ? ... တိုးတက်လာသလဲ စံနှုန်းတိုင်းလို့ရတာတဲ့ မစခင်ကတည်းက ကိုပွက ...တန်ကြေးရှိပြီးသားပါတဲ့ ....ဘယ်ကိန်းဂဏန်းဖြစ်ဖြစ် သုံညကစတယ်တဲ့... သူမပါရင် ကျန်တာတွေလည်းတန်ကြေးမတက်တော့ဘူးဆိုပဲ... ဂျီးတော်က သူ့အသိလေးနဲ့နားချလာတော့ ကိုပွလည်းနားထောင်နေမိတာပေါ့ .... ဒင်းကလဲ ရွာကသာတက်လာတာ ခေသူမဟုတ်ဘူးဆိုတာ ထပ်မိန့်လာတဲ့နှုတ်ထွက်စကားတွေက အလန်းကီးတွေချည်းဘဲ...ကြည့်အုံး ....ကိုပွ ဘွဲ့ရထားတဲ့သူတောင် ဂျီးတော်လောက်မစဉ်းစားမိဘူး....ကိုပွတို့သုံးနေတဲ့ အိမ်သာနက်တို့ ကွန်ပူတာတို့ဆိုတာတောင် ယူနစ်တွေက သုံည(Zero)ပါတယ်တဲ့ ...မှတ်ကရော ... ကိုပွလည်း ဂျီးတော်ရယ် တော်ရုံလုပ်ပါဆိုတော့ ...နာ့ငတုံးများမှတ်နေလားတဲ့ နီကလဲ ..ဒါလေးတောင် တိဖူးယား? ဆိုပြီးခေါင်းတောင်ခေါက်သွားသေး..... ငပွ သေချာလေ့လာအုံး ဖွဘွတ်ထဲ တက်ရှာပြီး သေချာမှတ်တဲ့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျနဲ့ဆိုပြီး ..... သုံးညဘ၀တန်ကြေးကြီးကြောင်း အဓိပ္ပါယ်ဖွင့်ပြသွားသေးတယ်ဗျိုး...... ကိုပွလာကြည့်....ဂဏန်းအက္ခရာတွေထဲကြည့်ကိုပွတဲ့ .... သုံးည ကို အိုဆိုသုံးကြည့်တဲ့ သုံးညကိုအင်္ဂလိပ်လိုပေါင်းတဲ့ ဇီးရိုး(Zero)ဆိုတာတောင် အိုကိုထည့်သုံးပေးရသေးတယ်.... တစ်နှစ်သုံးလေး တွက်ပေးဖို့တောင် သုံးညကိုစမှတ်ထားပေးရတယ် ဒါတွေနင်မသိဘူးလားဆိုပြီး ခေါက်ပြန်ရောဗျာ .... ကိုပွလည်း ဟုတ်သလိုလိုရှိနေတော့ ညိမ်ခံရုံပေါ့ .... နင်စဉ်းစားကြည့်လေ .... ဆယ်ဂဏန်း ရာဂဏန်းက ကောင်တွေတောင် သူ့ချည်းနေရင် ဆယ်ဂဏန်းထက်မကျော်ဘူးတဲ့ ....နောက်ကသုံညသာ မှားရေးထည့်ပေးလိုက်ကြည့်.....တန်ကြေးတွေထည့်သလောက်တက်လာလိမ့်မယ်တဲ့.......မပြီးသေးဘူး ဆက်သေးတယ် သူ့သိသူတတ်တာတွေလေ ... သူဘဲနှိက်နှိက်ချွတ်ချွတ်စဉ်းစားပြောတတ်ပုံဗျာ ... ကိုပွတောင် ဆလံပေးရတယ် .... သုံးညမဟုတ်ဘဲ ၀လုံးလို့အသံထွက်ရင်တောင် အများကြီး အဓိပ္ပါယ်တွေရှိကြောင်း တန်ကြေးရှိတယ်ဆိုပြန်တယ်.....၀လုံးနှစ်လုံးဆင့်ကြည့်တဲ့ အင်္ဂလိပ်လို( ဂဏန်းဖြစ်တယ်တဲ့ ... ၀မရှိဘဲနဲ့လဲ ၀ိဆိုတာဖြစ်မလာဘူးတဲ့ .... ၀နှစ်လုံးဆင့်ပြီး ၀ိလုပ်ရင်လည်းအဓိပ္ပါယ်ရှိရှိ ၀ိလုပ်.... ၀ိတာတွေချည်းများနေရင်လည်းမကောင်းချင်ဘူးတဲ့ ..ပေါင်းတာတောင်ကြည့်ပေါင်းကြည့်တွဲပေးရတယ်တဲ့..... ကကြီးနဲ့ပေါင်းမှ က၀ိ ဆိုတဲ့ပညာရှိဖြစ်မှာ ကုလားနဲ့သွားပေါင်းရင်တော့ ကုလားဝိဖြစ်နေမယ်ဆိုပြီး သတိပေးဆုံးမတယ်ဗျာ ... ဂျီးတော်ဆိုတော့လည်း ညိမ်ခံနေရတာပေါ့ .... ဒီကြားထဲ ပြည်ပမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ......
သုည ကို ရှေ့မှာ ထားးမှ သုံးးရတာ မသိကြသေးးဘူးးထင်တယ်...ကိုပွ ထပ်ရေးးပေးးလိုက်...ကျနော်တို့ အပြင်ရောက် နေတဲ့ သူတွေ ဖုန်းးသုံး နေကြတဲ့ သူတွေ သိပါတယ်...မြန်မာနိုင်ငံ ကို ဖုန်းးပြန်ခေါ်ရင် မိဘ ဆွေမျိုးးနဲ့ စကားးပြောချင်ရင်...၀၀၉၅ ဆိုတဲ့ ဂဏန်းးလေးးတော့ မဖြစ်မနေရေးးမှ ရမယ်လေ..ဖုန်းးနံပါတ် တိုင်းးလဲ သုည က ရှေ့ က လာတာပါ...မဟုတ် ရင် the number of your die ဆိုပီးးပြန်အော်တယ်ဟဲဟဲ....အဲတော့ သုည ကို အနေအထားမှန်မှန်နဲ့ရှေ့မှာ ထည့်တတ်ရင် အသုံးးဝင်ပါတယ်တဲ့ .......... အဲတာလေးသွားသတိရတော့ ... ငလင်း-ရေးထားတဲ့ ၀လုံးရေးဖို့ကျောက်တံသွေးနေသူ ...ဆိုတော့ သူကအခုမှ ကျောက်တံသွေးနေတုန်း ကိုပွက စနေပြီဆိုတော့ စိတ်ဓာတ်မကျသေးဘူး .... ဟီး ငလင်းကြီး ဆက်သွေး သုံညလည်းတန်ကြေးရှိတယ် ၀လုံးလဲ တန်ကြေးရှိတယ် သူငယ်ချင်း ..... အဲ.. တခြားဟာတွေတော့ တန်ကြေးရှိအောင် ကြည့်တွဲရတာပေါ့ ....
သယ်ရင်းအားမလျှော့နဲ့ ...ဆက်သွေး .... ကိုပွလည်း ဆက်ရေးလိုက်အုံးမယ် ...... အိပ်မပျော်လို့ ...
စိတ်ဆိုးရ၀ူးနော် ... ချစ်လို့
No comments:
Post a Comment