Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏအရောင်အရင့်ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။



"ဆိုးဆေးထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းတာတွေ အပြင် ဆံပင်ဆေးဆိုးက ပါဝင်တဲ့ ဓါတုပစ္စည်းတွေ နဲ့ ဆေးလိပ်ငွေ့တွေရယ် အခြားလေထု ညစ်ညမ်းစေတဲ့ အငွေ့တွေ ပေါင်းမိတဲ့အခါမှာ ကင်ဆာရောဂါ ဖြစ်နိုင် တဲ့ ဒြပ်ပေါင်း တစ်မျိုးကို ဖြစ်ပေါ်စေတယ်"ဟု မြောက်ဒဂုံမြို့နယ်၊ (၄၃)ရပ်ကွက်မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။


ဆံပင်ဆိုးဆေးအတွင်း၌ ပါဝင်သည့် ဓါတုပစ္စည်းများကြောင့် အလာဂျီ(Allergies) ဖြစ်ပွားစေနိုင်သည့်အပြင် နောက်ဆက်တွဲရောဂါ ဆိုးကျိုးများအဖြစ် သားမြတ်၊ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နှင့် သွေးကင်ဆာရောဂါ များဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များထံမှ သိရှိရသည်။


ထို့အပြင် ဆံပင်ဆိုးဆေးများအား တာရှည်စွာဆေးဆိုးခြင်းဖြင့် ဆံပင်သားကို ပျက်စီးစေခြင်း၊ အရောင်ရင့်များ(အနက်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်အစရှိသည့်) အသုံးပြုခြင်းအားဖြင့် ဆံပင်သားကြမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်နှစ်ခွ ဖြစ်ခြင်းတို့ အများဆုံးဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း ဆံပင်အလှပြုပြင်ရေးဆိုင်များက သိရှိရသည်။


"ကောင်းတာကတော့ ဆိုးဆေးကို တစ်နှစ်လုံးမှ (၂)ခါလောက်ပဲ ဆိုးသင့်တယ်။ မကြာခဏဆိုးတာက ဆံပင်သားကို အရမ်းပျက်စီးစေနိုင်ပါတယ်။ အချို့ ဆိုးဆေးတွေက ဈေးပေါတော့ quality ညံ့တယ်။ အဲ့ဒါတွေကို ဆိုးမိရင် ဆံပင်ရဲ့အဆီဓါတ်တွေ ခမ်းခြောက်ကုန်ပြီး ဆံပင်နှစ်ခွဖြစ်ပေါ်စေတယ် " ဟု ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းမှ ဆံပင်အလှပြုပြင်ရေးဆိုင်ရှင်တစ်ဦး က ပြောသည်။


ဆံပင်ဆိုးဆေးများမှာ ပြည်တွင်းထုတ်အမှတ်တံဆိပ်များအပြင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီ၊ ပြင်သစ်အစရှိ သည့်နိုင်ငံများမှလည်း တံဆိပ် အမျိုးမျိုးဖြင့် ဈေးကွက်တွင်းဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများ မှာ ငွေကျပ်(၃၀၀)၀န်းကျင်မှစ၍ ငွေကျပ်( တစ်သောင်း) ၀န်းကျင်ထိရှိကြောင်း သိရှိရသည်။


"ဆံပင်ဆိုးဆေးကို နှစ်လ တစ်ခါဆိုးရတယ်။ ဆေးဆိုးထားပြီး နှစ်လ သုံးလလောက်ကြာရင် ဆံပင်က ဟိုတစ်ကွက် ဒီတစ်ကွက်ပြန်ဖြူလာတယ်။ ဆိုးဆေးတွေကြောင့် ဆံပင်ပျက်စီးတာ သိပေမယ့် လူမြင်ကောင်းအောင် ဆိုးရတယ်။ အခု ကင်ဆာတွေဘာတွေဖြစ်နိုင်တယ်ဆိုတော့ နည်းနည်းတော့ ဆင်ခြင်ရတော့မယ် " ဟု ကြည့်မြင်တိုင်မြို့နယ်မှ ဒေါ်သန်းသန်းဌေးက ပြောသည်။


ဆံပင်ဆိုးဆေးရေရှည်အသုံးပြုခြင်းကြောင့် သွေးကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်းကိုလည်း အင်တာနက်သတင်းများအရ သိရသည်။

မြစ်မခ

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး