Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

The Voice Weekly · 167,987 like this
July 8 at 12:53pm near Yangon ·
နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

နတ္တလင်း၊ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်အတွင်းရှိ မှန်တန်းရွာမှ ဒမငယ်ရွာသို့ အရှည် ခုနစ်မိုင်ခန့် ကျောက်ခင်းလမ်း ဖောက်လုပ်နေသော ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ် ကာလအတွင်း လုပ်ငန်းခွင် ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ယင်းဒေသရှိ ရွာသူ ရွာသားများမှ ဇူလိုင်လ ၃ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

နတ္တလင်းမြို့နယ် မှန်တန်းရွာမှ ဒမငယ်ရွာသို့ အကျယ် ၁၂ပေ၊ အရှည် ခုနစ်မိုင်ခန့်ရှိသော ကျောက်ခင်းလမ်းကို စည်ပင်မှ တင်ဒါ စနစ်ဖြင့် ရွှေလွင်လွင် ကုမ္ပဏီကို ဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရမည်ဟု ဆိုထားသော်လည်း သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးခြင်းမရှိသောကြောင့် ဒေသခံများမှ ဇွန်လ ၂၅ရက်နေ့ တွင် ပထမအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ရာ အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ကြောင်း ပေါက်တုန်းကျေးရွာနေ ကိုဝင်းဇော်က The Voice သို့ ပြောကြား သည်။

အဆိုပါလမ်းသည် ကျေးရွာပေါင်း ၃၀ကျော်ရှိ ရွာသူ ရွာသားများ နေ့စဉ် အသုံးပြု သွားလာလျက်ရှိပြီး ယခုအခါ ကုမ္ပဏီက လမ်းပြင်ရန် ကျောက်တုံး များ ချထားကြောင်း မိုးကာလ ဖြစ်သည့်အတွက် လမ်းအခြေအနေ ဆိုးဝါးမှု များကြောင့် လယ်ယာ ထွက်ကုန်များ မြို့သို့ သယ်ယူ ပို့ဆောင်ရသည့် စရိတ်များ မြင့်တက်သွားကြောင်း ကျောင်းသူ ကျောင်းသားများ သွားလာရန် အခက်အခဲ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကုမ္ပဏီက ဧပြီလ ပြီးအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် ခုချိန်ထိ မပြီးသေးဘူး ပဲခူးတိုင်း ဝန်ကြီးချုပ် လာသွားတုန်းက ဇွန်လမှာ ပြီးအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ မပြီးပြန်ဘူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီမှာ ဒီလကုန် ပြီးအောင် လုပ်ပေးမယ်လို့ ထပ်မံ ကတိပေးထားတာ ကြားမိတယ်။ လမ်းက သွားရေး လာရေး ခက်ခဲနေတော့ ကယ်ရီခတွေ လေးဆလောက် တက်သွား တယ် အရင်က စပါး တစ်တင်း ဆိုရင် သယ်ယူခ ကျပ် ၁၅၀ လောက်ဘဲရှိတာ အခု ၆၀၀၊ ၇၀၀ လောက် ပေးနေရတယ်” ဟု ကြို့ပင်သာ ကျေးရွာမှ ဦးဝင်းကြည် က ပြောသည်။

ရွှေလွင်လွင် ကုမ္ပဏီအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်း ရာတွင် လုပ်ငန်းခွင် နှောင့်နှေးရခြင်းမှာ မိုးတွင်းကာလ ဖြစ်နေခြင်း၊ တောင်ညိုဘက်မှ ဆင်းလာသည့် သစ်လုံးတင်ကား များ ပြေးဆွဲနေခြင်းနှင့် နေ့စား အလုပ်သမား လိုအပ်ချက် များကြောင့် ဖြစ်ကြောင်း၊ ယခု လကုန်အတွင်း စက်ဘီး၊ ဆိုင်ကယ်များ အဆင်ပြေသွားလာနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်တင်တင်နုက The Voice သို့ ပြောသည်။

ခိုင်စိုးလင်း

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး