Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အိန္ဒိယခရီးစဉ် ..


မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး