ပြည်တွင်းရှိ ဟိုတယ် များအား ဖုန်းဆက်ရုံဖြင့် Reservation ၀န်ဆောင်မှုအား Call Centerမှ ပြုလုပ်ပေး လျက်ရှိ
Wednesday 1st August 2012
ပြည်တွင်း
မှာရှိတဲ့ ဟိုတယ် များသို့ ကြိုတင်ပြီး Reservation ပြုလုပ်နိုင်ဖို့ Call
Center မှ ၀န်ဆောင်မှု ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ
ဝန်ဆောင်မှု အတွက် Call Center ရဲ့ နံပါတ်အသစ် ဖြစ်တဲ့ ၁၈၇၅ကို ဆက်၍ Reservation ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ ၀န်ဆောင်မှုကို Call Center မှ ၂၄ နာရီ ပြုလုပ်ပေးပြီး ဘာသာစကား မျိုးစုံ အတွက် Tour Guide များ ငှားရမ်းဖို့ အတွက် ကိုလည်း ဆောင်ရွက် ပေးတယ်လို့ သိရပါတယ်။
ဟိုတယ် ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဟိုတယ်များရဲ့ ဖုန်းနံပါတ်များ၊ လိပ်စာများ ကိုလည်း ဖြေကြားပေးပြီး ဟိုတယ် Reservation ၀န်ဆောင်မှု ကိုတော့ လက်ရှိမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ပုပ္ပါးစတဲ့ နေရာတွေကို အဓိကထား ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ချောင်းသာ၊ ငွေဆောင်၊ ငပလီ ကမ်းခြေ မှာရှိတဲ့ ဟိုတယ် အချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထား ပေမယ့်လည်း လက်ရှိမှာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ကမ်းခြေ ဟိုတယ်နဲ့ ပတ်သက် ပြီးတော့ ၀န်ဆောင်ပေး ရမှုမှာ အနည်းငယ်သာ ရှိတယ်လို့ Call Center မှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာ Call Center ရဲ့ ဟိုတယ် ၀န်ဆောင်မှု ကဏ္ဍကို စုံစမ်း မေးမြန်းမှု နှုန်းဟာ ပျမ်းမျှ တစ်ရက်ကို ၁၀၀ ဦး မေးမြန်းမှု ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့တဲ့ နေ့မှာ ၁ မိနစ်ကို ဖုန်းဘီလ် အပြင် ၀န်ဆောင်ခ အနေနဲ့ ၁၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထား ပေမယ့် ယခုလက်ရှိ မှာတော့ ၁ မိနစ် ၃၀ ကျပ်နှုန်းနဲ့သာ ၀န်ဆောင်မှုပေး လျက်ရှိတယ်လို့ သိရှိရပါတယ်။