Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

စိတ်ဖိစီးမှု ကို အမြန်ဆုံး လျှော့ချနိုင်သော နည်းလမ်း ခြောက်သွယ်

by Health Articles on Wednesday, July 25, 2012 at 1:42pm
·

စိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်း လိုလို ကြုံတွေ့ နေရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင် တာအကောင်းဆုံးဆို ပေမယ့်လည်းဖြစ်လာပါက အမြန်ဆုံးပြေပျောက်သွားအောင် လုပ်ဆောင်နိုင်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ပါတယ်။

၁။ ဇက်ကြောလျှော့ပေးပါ
စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ပထမဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အများစုက ဇက်ကြောတက်တယ် လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်လက် နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို ထိထားပြီး ဦးခေါင်းကို ညာဘက်ပခုံး ဆီ ဖြည်းဖြည်းချင်းဆွဲပါ။အဲဒီပုံစံအတိုင်းတစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။စိတ်ဖိစီးမှုကြောင့်ဇက်ကြော တောင့် တင်းတာ သက်သာသွားစေပါတယ်။

၂။ တေးဂီတနားဆင်ပါ
ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လေ့လာမှုအရနေ့စဉ်စိတ်ညစ်ညူးစရာတွေတွေ့ကြုံရတာကြောင့် သွေးပေါင် အနည်း ငယ်တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ ရပါတယ်။ လေ့လာသူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့ အခါ တေးဂီတ နားဆင်တာက သွေး ပေါင် ပိုမိုကျဆင်းစေတာကို တွေ့ရပါ တယ်။ သင်က စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နား ဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။

၃။ အသက်ရှူသွင်း၊ ရှူထုတ်ဖို့ သတိရပါ
သက်သောင့်သက်သာ ထိုင်ပြီး သင့် မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက် ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြု လုပ်တာက စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အ ကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ ရှူသွင်းလိုက် တဲ့ လေတွေက ခန္ဓာကိုယ်အနှံ့ကို ဝင်ရောက်သွားပြီး ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ် တာ တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

၎။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၄၀ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပါ တယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက် တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ် လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေ လျော့စေပါတယ်။ ရုံးကနေ အိမ်ပြန် ရောက်တဲ့အခါ အိမ်အနီး အနားပတ်ဝန်း ကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေ လည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအား လုံးက စိတ် ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေပါတယ်။

၅။ နေ့ခင်း တစ်ရေးအိပ်ပါ
ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင်ရဲ့ စိတ်ဖိစီးမှုတွေကို မောင်းထုတ်နိုင်ပါ တယ်။ လေ့လာမှုတွေ အရ နေ့ခင်းဘက်မှာ နာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ ဆိုပါတယ်။

၆။ ရေခဲကပ်ပေးပါ
ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော် မုန်းထုတ်လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ သင့်အလုပ်မှာစိတ် ဖိစီးမှုများတဲ့အခါ ရေခဲကို တဘက်လေး နဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင် ထားပေးပါ။ စိတ်တည်ငြိမ်မှုရစေပြီး ဖိစီး မှုတွေ ပြေပျောက်သွားစေပါတယ်။

ဇာခြည်ဝင်း (ဆေးတက္ကသိုလ်)
By Good Health
Source: http://yoolay.com/health/therapy/25709-2012-05-03-08-54-18

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး