Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

'' သာသနဓဇ ဓမ္မစရိယဘွဲ့'' နှင့် '' ဒီဃနိကာယ၀ိဒူဘွဲ့'' ရ စာချဆရာဒေါ်ပုည၀တီ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နတ်တလင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာမှ '' သာသနဓဇ ဓမ္မစရိယဘွဲ့'' နှင့် '' ဒီဃနိကာယ၀ိဒူဘွဲ့'' ရရှိတော်မူခဲ့သော စာချဆရာဒေါ်ပုည၀တီ သည် နတ်တလင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုတာစာရ မဟာကမ္မဋ္ဌာနာစရိယ၊ သာသနဓဇ သိရီပ၀ရဓမ္မာစရိယ နှင့် ဒေါ်စန္ဒာသီရိ သာသနာဓဖဓမ္မာစရိယ၊ ဂန္ထ၀ါစကပဏ္ဍိတတို့၏ တပည့်၊ နိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ဓမ္မစရိယစာမေးပွဲနှင့် နိကာယ်စာမေးပွဲများတွင် အောင်မြင်တော်မူ၍ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာ့ဓဇဓမ္မစရိယဘွဲ့နှင့် ဒီဃနိကာယ၀ိဒူဘွဲ့တို့ကို အလှူခံရရှိတော်မူသော စာချဆရာဒေါ်ပုည၀တီဝိနယ၀ိဒူ (သီလရှင်ပထမ)အား ဂုဏ၀ိသိဋ္ဌ ပူဇာမင်္ဂလာ အခမ်းအနားအား နတ်တလင်းမြို့၊ ရွာမရပ်ကွက်၊ မဟာစည်ရိပ်သာ၊ ၀ိပဿနာဓမ္မာရုံတွင် ၁၃၇၄ ခု ပြာသိုလဆန်း(၁၃)ရက်၊ (၂၄.၁.၂၀၁၃) ရက်နေ့ နံနက် (၇)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး '' သာသနဓဇ ဓမ္မစရိယဘွဲ့'' နှင့် '' ဒီဃနိကာယ၀ိဒူဘွဲ့'' ရရှိတော်မူခဲ့သော စာချဆရာဒေါ်ပုည၀တီ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်းမှာ-

ဖွားမြင်ဇာတိ ဘနှင့် မိ

ဆရာလေးဒေါ်ပုည၀တီကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဘွတ်တောကျေးရွာတွင် ခမည်းတော် ဦးတင်ထွန်း၊ မယ်တော် ဒေါ်သန်းမြတို့မှ ၁၃၃၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၄)ရက်၊ ကြာသာပတေးနေ့တွင် ဖွားမြင်ခဲ့သည့် မွေးချင်း(၅)ဦးအနက် ဒုတိယမြောက်သမီးရတနာဖြစ်ပြီး ငယ်နာမည်မှာ မမြင့်မြင့်အေးဖြစ်ပါသည်။

မြင့်မြတ်သာသနာ ၀င်ရောက်လာ

ဆရာလေးမပုည၀တီသည် အသက်(၁၀)နှစ်အရွယ်၊ ၁၃၄၇ ခုနှစ်၊ တပို့တွဲလ္ဆန်း(၅)ရက် သောကြာနေ့တွင် နတ်တလင်းမြို့မဟာစည်သာသနာ့ရိပ်သာ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကေသရ ဆရာတော်ဘုရားကြီးကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနူဂ္ဂဟဖြင့် သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စာပေပရိယတ္တိသင်ကြားဆည်းပူးခြင်း

ဆရာလေးမပုည၀တီသည် နတ်တလင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာ သာသနဓဇသီရီပရ၀ ဓမ္မစရိယ မဟာကမ္မဋ္ဌာနာစရိယ၊ ၀ိနယ၀ိဒူ၊ အဘိဓမ္မ၀ိဒူ၊ ဘဒ္ဒန္တသုတာစာရ၊ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ပဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာကျောင်း ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အရှင်နာရဒါဘိဝံသ(သ.စ.အ)၀ဋံသကာ၊ နတ်တလင်းမြို့၊ သန္တိသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇာတ၊ နတ်တလင်းမြို့ မဟာစည်သာသနာ့ရိပ်သာ၊ သာသနာဓဖဓမ္မစရိယ၊ ဂန္တ၀ါစကပဏ္ဍိတ၊ ၀ိနယ၀ိဒူ၊ ဒီဃနိကာယ၀ိဒူ၊ ဆရာကြီးဒေါ်ဆန္ဒာသိရီ၊ ပေါင်းတည်မြို့နယ် သဲကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တက၀ိသေန၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ ၀ိသာရာမစာသင်တိုက် ဆရာကြီးဒေါ်သံဝစာရီတို့၏ အထံ၌ ပရိယတ္တိစာပေများကို သင်ကြားဆည်းပူးခဲ့ပါသည်။

သာသနာတော်အတွက်ဆောင်ရွက်ချက်

နတ်တလင်းမြို့ မဟာစည်သာသနာ့ရိပ်သာတွင် ၁၃၆၄ ခုနှစ်မှ စ၍ ပထမလတ်တန်းဆိုင်ရာစာဝါများကို သင်ကြားပို့ချပေးလျှက် ပရိယတ္တိသာသနာ့တာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

အောင်ပန်းအလီလီဆွတ်ခူးချီ

ဆရာလေးမပုည၀တီသည် အသက်(၆)နှစ်အရွယ် ပထမတန်းမှစပြီး ဒုတိယတန်း၊ တတိယတန်းတို့၌ ပထမရရှိအောင်မြင်ပြီး စတုတ္တတန်း၌ မူအုပ်ဆရာကြီး ဦးခင်ရှိန်လက်ထက်တွင် နတ်တလင်းမြို့နယ်လုံးကျွတ် ပညာရည်ချွန်ဆုဖြင့် အောင်မြင်ခဲ့ပါသည်၊ ၁၃၅၀ ခုနှစ်တွင် အစိုးရအခြေပြုမူလတန်း၊ ၁၃၅၄ ခုနှစ်တွင် အစိုးရပထမငယ်တန်း၊ ၁၃၆၁ ခုနှစ်တွင် အစိုးရပထမလတ်တန်း၊ ၁၃၆၂ ခုနှစ်တွင် အစိုးရပထမကြီးတန်း၊ ၁၃၆၈ ခုနှစ်(၁၄)ကြိမ်မြောက်နိကာယ်စာမေးပွဲ၌ မြန်မာတစ်ပြည်လုံး (သီလရှင်ပထမ) ၀ိနယ၀ိဒူဘွဲ့ကိုရရှိခဲ့ပါသည်။ ယခု ၁၃၇၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲ၌ နတ်တလင်းမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်မှ ၀င်ရောက်ဖြေဆိုရာ ကျမ်းရင်းသုံးကျမ်းကို ခုံအမှတ် စက/၆၄၊ အောင်စဉ် အမှတ် ၁၃၇ ဖြင့်အောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲ့နှင့် ၄င်းနှစ်မှာပင်(၂၀)ကြိမ်မြောက်နိကာယ်စာမေးပွဲတွင် အုပ်စု(၂)သုတ်သုံးကျမ်းကို ခုံအမှတ် ကြို့(၁၀)ဖြင့် တစ်နှစ်ထဲအောင်မြင်၍ ဒီဃနိကာယ၀ိဒူဘွဲ့ကို ထပ်မံရရှိတော်မူခဲ့ပါသည်။

မှတ်တမ်းပြုစုဖော်ပြသူ ...
တာရာ ပွကြီး (မိုက်ကယ်လင်း)

Photo: '' သာသနဓဇ ဓမ္မစရိယဘွဲ့'' နှင့် '' ဒီဃနိကာယ၀ိဒူဘွဲ့'' ရ  စာချဆရာဒေါ်ပုည၀တီ

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး