Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နတ်တလင်းသက်ပြင်း

ဦးကျော်ဝင်း (နတ်တလင်းသက်ပြင်း)
ဘီအေ၊ ဘီအီးဒီ

၁၂၈၆ ခုနှစ်၊ နတ်တော်လဆန်း (၅)ရက်(၃၀.၁၁.၁၉၂၄)နေ့တွင် အဖဦးမန်းထိုင်၊ အမိဒေါ်ခင်တို့မှ နတ်တလင်းမြို့၊ မင်းလမ်း၊ ဈေးရှေ့ရပ်တွင် ဖွားမြင်သည်။ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့နှင့် ဘီအီးဒီဘွဲ့များ ရရှိခဲ့သည်။ နတ်တလင်းသက်ပြင်း၊ ဦးကျော်ဝင်း(ဘီအေ၊ ဘီအီးဒီ)၊ အချစ်ကထိက၊ သိပ္ပံဆရာတစ်ဦး၊ ၀င်းမောက် စသည့်ကလောင်အမည်များဖြင့် စာပေများကို ရေးသားခဲ့သည်။
ကိုလိုနီခေတ် ဟိုက်စကူးကျောင်းသားဘ၀ကပင် နတ်တလင်းမြို့နှင့် ပေါင်းတည်မြို့များ၏ ကျောင်းသားရေးရာများ၊ စကားရည်လုပွဲ၊ ဟောပြောပွဲများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက နတ်တလင်းမြို့၊ အာရှလူငယ်အစည်းအရုံးခွဲတွင် ဥာဏဗလမှူး၊ စာကြည့်တိုက်မှူး၊ အာရှလူငယ်လက်ရေးစာစောင်၊ အယ်ဒီတာအဖွဲ့ဝင်၊ ပေါင်းတည်မြို့ စာရေးဆရာအသင်း၊ စာကြည့်တိုက်ခွဲ အမှုဆောင်၊ စာကြည့်တိုက် အသင်းထုတ် ပွင့်သစ်စလက်ရေးစာစောင်အယ်ဒီတာအဖွဲ့ဝင်၊ စစ်ပြီးခေတ်တွင် သွေးသောက်မဂ္ဂဇင်း ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလထုတ်အမှတ်(၁)မှ စ၍ အယ်ဒီတာအဖွဲ့ဝင် အဖြစ်ထမ်းဆောင်ခဲ့သည်။
စစ်ပြီးခေတ်တွင် ကျောင်းဆရာအဖြစ် နတ်တလင်းမြို့နှင့် ပေါင်းတည်မြို့များတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် လူငယ်များစာပေ၀ါသနာပါအောင်လှုံ့ဆော်ပံ့ပိုးပေးခဲ့သည်။ သခင်းထွန်းရှိန်(မိုးဟိန်း)၊ ခင်မောင်အေး၊ ကောက်လှိုင်း၊ ထွဏ်နေနွယ်၊ ပြည့်စုံ(သွေးသောက်)၊ မိုးကျော်လှိုင်၊ ခက်နွယ်၊ ပေါင်းတည် နွယ်နွယ်သန်း၊ မောင်ကျော်သာ၊ သောင်းမြင့်(မြ၀တီ) စသူများကို စပေနယ်သို့ ပို့ဆောင်ပေးခဲ့သည်။
သွေးသောက်နှင့် မြ၀တီမဂ္ဂဇင်းများတွင် ၀တ္တုတို၊ ၀တ္တုရှည်၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီများ ရေးသားရေးဆွဲခဲ့သည်၊ ထုတ်ဝေပြီး လုံးချင်းစာအုပ်များမှာ စောရလက်ဝဲ(၁၉၄၈)၊ စောရလက်ဝဲ၀တ္တုတိုများ၊ အတွဲ ၁ မှ ၄ အထိ ပါဝင်ရေးသားခဲ့သည်၊ အချစ်ကထိကအမည်ဖြင့်(လူပျိုသင်တန်း)၊ သိပ္ပံဆရာတစ်ဦးအမည်ဖြင့် (အထွေထွေ သိပ္ပံလမ်းညွှန်) စာအုပ်များကို နတ်တလင်းမြို့၊ မိမိပိုင် သိပ္ပံပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ကျွန်တော့ညီဦးပြည့်စုံ၊ ငှက်ပျော်တစ်ဥယျာဉ် ကိုယ်တွေ့ဝတ္တုများနှင့် သွေးသောက်မှလည်း ၀တ္တုတိုများ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၁.၁၁.၂၀၀၈ ရက်နေ့တွင် နတ်တလင်းမြို့၊ မင်းလမ်းတွင် နေထိုင်ရင်း ကွယ်လွန်သွားခဲ့သည်......
ဦးပြည့်စုံလှူဒါန်းထားသည့် နတ်တလင်းစာကြည့်တိုက်စာအုပ်အမှတ် .၂၈၃၀/၈၀၀/၈၁၇ (ကျွန်တော့်ညီ ဦးပြည့်စုံ ) စာအုပ်အားတွေ့ရှိ မှတ်တမ်းတင်ဖော်ပြပေးခြင်းဖြစ်ပါသည် .....

တာရာ ပွကြီး (မိုက်ကယ်လင်း)
 
Photo: ဦးကျော်ဝင်း (နတ်တလင်းသက်ပြင်း)

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး