Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဘာလဲဟ Network ဆိုတာ

by ကိုလင်း- သလ္လာဝတီ on Monday, July 30, 2012 at 5:46pm ·


                                                     


Network ဆိုတာ ကွန်ပျူတာအချင်းချင်း ( အုပ်စုလိုက် ) တစ်လုံးနှင့်တစ်လုံး အချင်းချင်းချိတ်ဆက်ထား တာကို ဆိုလို တာပါ။ ဘာကြောင့်ချိတ်ဆက် ထားရတာလဲဆိုတော့ ကွန်ပျူတာတစ်လုံးမှာရှိနေတဲ့ Resource တွေ Information တွေကို နောက်ကွန်ပျူတာ တစ်လုံးဆီသို့ Sharing လုပ်ဖို့  အတွက်ပါပဲ။ ဒါဆိုရင် ဘာတွေကို Sharing လုပ်နိုင်ပါသလဲဆိုတော့ဥပမာ။ ။ Data တွေ , File တွေ , Folder တွေ , logical ဆန်တဲ့ Hardware တွေကိုပါ။

ပထမဦးဆုံး Network ကဘာလဲ ?
ပထမဦးဆုံး Network ဆိုတာကွန်ပျူတာတစလုံးတည်းရှိနေစဉ်တုန်းကမပေါ်သေးပေမယ့်။ တစ်လုံးထက်ပိုလာတဲ့ကွန်ပျူတာတွေမှာ Data တွေကို လွယ်လွယ်ကူကူ Sharing လုပ်နိုင်ဖို့ တီထွင်လာခဲ့ကြရတဲ့နည်းပညာတစ်မျိုးပါ။ ပထမဦးဆုံး Network ကိုတော့ Sneaker net လို့ ခေါ်ပါတယ်။ ဒီ Sneaker net ဆိုတဲ့ Network မှာ Data တွေကို Communication လုပ်ဖို့ အတွက်သယ်ဆောင်ပေးရတဲ့ ကြားခံကတော့လူကိုယ်တိုင်ပါပဲ။ ဆိုလိုတာက ကျွန်တော်တို့ က Data တွေကိုထည့်ထားတဲ့ Hardware ( ဥပမာ။ Harddisk , Floopydisk , CD/DVD , USB ) စတာတွေကို လူကိုယ်တိုင်သယ်ဆောင်ယူပြီးနောက်ကွန်ပျူတာတစ်လုံးမှာသွားကူးထည့်လိုက်တာပါ။ ဒါဟာအရိုးရှင်းဆုံးသော Sneaker net လေးတစ်ခုပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ သုံးနေကျ Network လေးတစ်ခုပေါ့ဗျာ။ အားနည်းချက်အနေနဲ့ ကတော့ Data တွေကိုသယ်ဆောင်လာစဉ်မှာ Hardware တွေပျက်စီးနိုင်ခြင်းပါပဲ။ ( ဥပမာ- ပြုတ်ကျတာတို့ ။ လက်လွတ်ကျတာတို့ ) ပေါ့။


Network Connection အမျိုးအစားများ

Network Connection အမျိုးအစားတွေကတော့
1. PAN ( Personal Area Network )
2. LAN ( Local Area Network )
3. MAN ( Metropolitan Area Network )
4. WAN ( Wide Area Network / Internet )
တို့ ဖြစ်ပါတယ်။ အခြားသော Network Connection အမျိုးအစားတွေအများကြီးရှိပါသေးတယ်။ Storage Ara Network ( SAN ) တို့ လိုမျိုးပေါ့။

ကျနော်ကတော့အဓိကဖြစ်တဲ့ ဒီ ( ၄ ) မျိုးအကြောင်းကိုပဲအရင်ရှင်းပြသွားပါမယ်။

1. PAN ( Personal Area Network )
PAN - ဆိုတာကတော့ ကျွန်တော်တို့ Hand phone တွေမှာအသုံးပြုနေကြတဲ့ Bluetooth Device နဲ့ ချိတ်ဆက်တဲ့ Blue tooth Network ကိုပြောဖြင်းဖြစ်ပါတယ်။ သူ့ ရဲ့  အကွာအဝေးကတော့ 10 Meter ကနေ 100 Meter အထိရနေပါပြီ။ ဒီ Personal Area Network ( PAN ) ကို တနည်းအားဖြင့် Private Area Network လို့ လည်းခေါ်တွင်ကြပါသေးတယ်။

2. LAN ( Local Area Network )
LAN - ဆိုတာကတော့ လက်ရှိကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတဲ့ Network တစ်ခုပါ။ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ၊ အင်တာနက်ကဖေးတွေ မှာပဲဖြစ်ဖြစ် LAN ကတကယ့်ကိုအခြေခံကျပါတယ်။ LAN မှာအဓိကအားဖြင့် Central Device လို့ ခေါ်တဲ့ HUB တို့ SWITCH တို့ ကိုအသုံးပြုပါတယ်။ အကွာအဝေးအနေနဲ့ ကတော့ အဆောက်အဦး တစ်ခုအတွင်းပါ။



3. MAN ( Metropolitan Area Network )
MAN - ဆိုတာကတော့ LAN ဆိုတဲ့ Local Area Network ထက်လည်းကြီးပြီး WAN ဆိုတဲ့ Wide Area Network လောက်လည်းမရှိတဲ့ အလယ်အလတ် Network တစ်ခုပါ။ မြို့ တစ်မြို့ သာသာပေါ့ခင်ဗျာ Central Device တွေကိုအသုံးပြုပါတယ်။ အကွာအဝေးကိုချဲ့ ဖို့ အတွက Repeater လိုDevice တွေကိုအသုံးပြုကြရ ပါ တယ်။ အကွာအဝေးအနေနဲ့ ကတော့ 20 Miles 30 Kilometers ပါ။ One City ပေါ့ခင်ဗျာ။

4. WAN ( Wide Area Network )
WAN - ဆိုတာကတော့ Wide Area Network လို့ ခေါ်တွင်တဲ့ ကျွန်တော်တို့ ကမ္ဘာပတ် ဖို့ အတွက် အသုံးပြုနေကြ တဲ့ အင်တာနက် ( Internet ) ပါ။ WAN ထဲမှာ Network Device တွေအနေနဲ့ ပေါင်းစုံပါဝင်ပါလိမ့်မယ်။ WAN ဆိုတာ Network တွေအများကြီး ကိုပေါင်းစည်း ထားတာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက မတူညီတဲ့ ဒီ Network တွေကိုပေါင်းစည်းပေးနိုင်ဖို့ အတွက် Router လို့ ခေါ်တဲ့ Device တစ်မျိုးကိုအသုံးပြုကြရပါတယ်။ WAN မှာအကွာအဝေးအနေနဲ့ တော့ Limitation မရှိပါဘူး။


http://youth-it-technican.blogspot.com/

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး