Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဓာတ်မြေသြဇာစစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည်

7 DAY NEWS JOURNAL မှ 19.5.2011 တွင် ထုတ်ဝေသော အကြောင်းအရာ အားထည့်သွင်းမှတ်သားပေးခြင်းဖြစ်ပါသည်-
ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာများ၏ အရည်အသွေးနှင့် မှတ်ပုံတင်ခြင်းရှိ/မရှိ စစ်ဆေးရန် ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေးမန်နေဂျာ ဦးအေးကိုကိုက ပြောကြားသည်။
    ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာအချို့သည် အိတ်တွင် ရိုက်နှိပ်ထားသော အဟာရပမာဏ အတိအကျပါဝင်မှုမရှိခြင်းကြောင့် သုံးစွဲသူ တောင်သူလယ်သမားများ  အကျိုးမရှိဖြစ်နေရသည်ဟု ဆိုသည်။
ထိုဓာတ်မြေသြဇာများမှာ ဈေးနှုန်းသက်သာသည့်အတွက် လယ်သမားများကလည်း ၀ယ်ယူသုံးစွဲနေကြသည်၊ နိုင်ငံတော်က အထွက်တိုးရန် ကြိုးစားနေချိန်တွင် ယင်းကဲ့သို့ အရည်အသွေးမမှီ ဓာတ်မြေသြဇာများကြောင့် တောင်သူများသာမက တိုင်းပြည်အတွက်လည်းနစ်နာရကြောင်း အထက်ပါပုပ်ကိုလ်ကဆိုသည် ထိုကြောင့် အထက်ပါကော်မတီ ဖွဲ့ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် သွားရောက်စစ်ဆေးမည်ဟုဆိုသည်။
      "သုံးစွဲသူအပေါ်မှာလည်းမူတည်သည် သုံးစွဲသူက ဈေးသက်သာတာကို အဓိကမကြည့်ဘဲ အရည်အသွေးပြည့်မှတ်ပုံတင်ထားတာတွေကိုဘဲ သုံးသင့်တယ်ဟု အဆိုပါတိုင်းမန်နေဂျာက ဆိုသည်၊ တရားဝင် တင်သွင်းလာသော ဓာတ်မြေသြဇာ များကို ပုပ်ကလိကသို့ 2010 မှစတင်ပြီး တရားဝင်တင်သွင်းရောင်းချခွင့်ပြုခဲ့သည်၊ လိုင်စင်တစ်စောင်လျှင် သက်တမ်း 2 နှစ် သတ်မှတ်ပြီး လိုင်စင်ကြေးမှာ ကျပ်ငါးသောင်းဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိထားသော လုပ်ငန်း 216 ခုရှိပြီး တင်သွင်းခွင့် ရရှိသူ 426 ဦး ရှိသည်၊ ထိုအတူ ဓာတ်မြေသြဇာ တင်ပို့ခွင့်ရရှိထားသူ 2 ဦး ရှိသည်၊ ထိုကြောင့် ဓာတ်မြေသြဇာအတွက် မှတ်ပုံတင်ထုတ်ပေးထားမှုမှာ 644 ခုရှိသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမမီဓာတ်မြေသြဇာများမှာ မှောင်ခိုတင်သွင်းသူများနှင့် တောင်သာ၊ မြင်းခြံဘက်မှ မြေကြီးလုံးပြီးရောင်းချနေသူများကြောင့် ဈေးကွက်ကြီးလာသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများကြောင့် အရည်အသွေးမှီဓာတ်မြေသြဇာများမှာလည်းရောင်းချရာတွင် အခက်အခဲရှိလာသည်၊ တောင်သူများမှလည်း ငွေကြေးအခက်အခဲ၊ ရာသီဥတုကြောင့် သီးနှံပျက်စီးမှု များလာခြင်းတို့ကြောင့် ဈေးသက်သာသော မြေသြဇာများကို အသုံးပြုရန် တွန်းအားဖြစ်စေကြောင်း သိရသည်။



No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး