Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကုမ္မဏီအသစ် ထူထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ

ကုမ္မဏီအသစ် ထူထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ တစ်ကြိမ်တည်း တစ်နေရာတည်းနှင့် အပြီးဝန်ဆောင်မှုပေးပြီ


7 DAY NEWS JOURNALမှ 26.5.2011 တွင် ထုတ်ဝေသော ဂျာနယ်တွင် ပါလာသော အကြောင်းအရာဖြစ်ပါသည်-
ကုမ္မဏီအသစ် မှတ်ပုံတင်ခြင်းနှင့်သက်တမ်းတိုးခြင်းများကို အချက်အလက်ပြည့်စုံပါက တစ်ကြိမ်တည်းနှင့် အပြီးဆောင်ရွက်ပေးသည့်စနစ် (ONE Stop Service)ကို မေလ 18 ရက်မှစတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်ကပြောကြားသည်၊
"One Stop Service"ကို 18.5.2011 ကစလုပ်နေပြီဟု နေပြည်တော်တွင် မေလ 20 မှ 22 ရက်အထိ ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာကံဇော်က မေ 21 ရက်တွင် ပြောကြားသည်။
ထိုဝန်ဆောင်မှုစတင်ချိန်မှ မေ 22 ရက်အထိ ကုမ်မဏီ 25 ခု ကိုကုမ်မဏီစတင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးခြင်းအတွက် ထိုစနစ်ဖြင့် ၀န်ဆောင်မှုပေးခဲ့ပြီဖြစ်ကြောင်းအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအေးကိုက မေ 22 ရက်တွင် ပြောကြားသည်။
ထိုကြောင့် ကုမ်ပဏီသစ်ဖွဲ့စည်းလိုသူများမှာ ကုမ်ပဏီအမည်တူမရှိဘဲ အခြားလိုအပ်သောအချက်အလက်များဖြစ်သည့် သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းများ၊ ဒါရိုက်တာအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အပြည့်အစုံစသော အချက်အလက်များပြည့်စုံပြီး မှန်ကန်ပါက တစ်ကြိမ်တည်း တစ်နေရာတည်းအပြီး နာရီပိုင်းအတွင်း ခြောက်လသက်တမ်းရှိ ယာယီကုမ်ပဏီလိုင်စင်ကို ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ဦးအေးကိုက ဆက်လက်ရှင်းပြသည်။ ကုမ်ပဏီအသစ်ဖွဲ့စည်းခြင်းအတွက် မှတ်ပုံတင်ကြေးမှာ ပြောင်းလဲခြင်းမရှိဘဲ ကျပ် 10 သိန်း ကိုတပါတည်းပေးဆောင်ရန်လည်းလိုသည်၊ ထိုကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကုမ်ပဏီနောက်ခံသမိုင်းကို စစ်ဆေးပြီးပါက မူရင်းကတ်ကို ဆက်လက်ထုတ်ပေးမည်ဖြစ်သည်။
ယခင်က ကုမ်ပဏီ အသစ်မှတ်ပုံတင်ပါက ခြောက်လသက်တမ်းရှိ ယာယီလိုင်စင် ရရှိရန်ကိုပင် နှစ်လခန့် ကြာမြင့်ကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုကြောင့် တကြိမ်တည်းတထိုင်တည်းနှင့် လိုင်စင်ထုတ်ပေးခြင်းမှာ ကုမ်ပဏီထူထောင်လိုသူများအတွက် အလွန်ကောင်းကြောင်းလည်း ဆက်လက်ပြောသည်၊ထိုအတူ လိုင်စင်သက်တမ်းတိုးခြင်းများကိုလည်းအဆိုပါဝန်ဆောင်မှုတွင် ပါဝင်ပြီး အချက်အလက်ပြည့်စုံကာ ကျပ်ငါးသိန်းပေးသွင်းပါက တစ်ကြိမ်တည်းတစ်နေရာတည်း ဆောင်ရွက်နိုင်သည်၊ အထက်ပါဝန်ဆောင်မှုများအတွက် ငွေပေးသွင်းခြင်းများကို နေပြည်တော်ရုံးအမှတ်-32 ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးမှာပင် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားကြောင်း ဦးအေးကိုကဆက်လက်ပြောကြားသည်။
ကုမ်ပဏီ ထူထောင်မည့်သူမှာ နိုင်ငံခြားသားဖြစ်ပါက မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ2500 သတ်မှတ်ထားပြီး သက်တမ်းတိုးပါက ဒေါ်လာ 500 သတ်မှတ်ထားသည်၊ ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်မည့် နိုင်ငံခြားကုမ်ပဏီ ဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 300000 ရှိရန် သတ်မှတ်ထားပြီး ကုန်ထုတ်လုပ်မှု ကုမ်ပဏီဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 500000 ရှိရန် သတ်မှတ်ထားသည်။
ယခင်က ကုမ်ပဏီအသစ်မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများဆောင်ရွက်ရာတွင် အချိန်ကြာခဲ့ခြင်းမှာ အချက်အလက်မပြည့်စုံခြင်း၊ အခွန်ငွေများမရှင်းလင်းခြင်း စသော အကြောင်းများကြောင့် ဖြစ်သည်ဟု ဦးအေးကိုကဆိုသည်၊ အဆိုပါဌာနတွင် မှတ်ပုံတင်ထားသော ကုမ်ပဏီပေါင်းနှစ်သောင်းကျော်ရှိသည်၊ ထိုထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လိုသော ပို့ကုန်၊ သွင်းကုန်ကုမ်ပဏီပေါင်းသုံးထောင်ခန့်ရှိသည်။
ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်သော နိုင်ငံပေါင်း 30 ကျော်ရှိပြီး၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ 35 ဘီလီယံဝန်းကျင်ရှိသည်။
ကွမ်းနှင့်ပတ်သက်သော ဆွေးနွေးပွဲ ပြုလုပ်ခဲ့

19.5.2011 နေ့တွင် ထုတ်ဝေသော ပြည့်သူ့ခေတ်ဂျာနယ်တွင် မင်းကံလှ၏ ရေးသားမှုအား ထည်းသွင်းပေးခြင်း ဖြစ်ပါသည်-
    မေလ 14 ရက်နေ့က ရန်ကုန်မြို့မြေပဒေသာ စိုက်ပျိုးရေးနည်းပညာအားပေးရေးဌာနမာ ကွမ်း စိုက်ပျိုးရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့စိုက်ပျိုးရေးမှ ဦးဝင်းသန်းမှ ကွမ်းစိုက်ပျိုးရေးဆိုင်ရာများကို ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြခဲ့သည့်အပြင် အချို့ကွမ်းကုန်သည်များအနေဖြင့် ကွမ်းကိုကြွပ်ပြီး နူးညံ့ကာ ဈေးကွက်ဝင်စေရန် ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Furadan-3G နှင့် ဖျော်စပ်ထားသော ရေတွင်စိမ်ပြီးမှ ဈေးကွက်တင်ရောင်းချကြကြောင်း၊ ယခုလို ပြုလုပ်မှုကြောင့် ကွမ်းစားသူများ ရေရှည်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သတိပေးဆွေးနွေးခဲ့သည်၊ အဆိုပါ ဖျူဒရန် ပိုးသတ်ဆေးမှာ ရေနှင့်ရောစပ်ပြီး လူသောက်မိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ် ပေးနိုင်သော အပင်သုံးပိုးသတ်ဆေးတစ်မျိုးဖြစ်ကြောင်းလည်းရှင်းပြသည်၊ ဆွေးနွေးပွဲပြုလုပ်သည့် မြေပဒေသာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာ အားပေးရေးဌာနကို 2004 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်၊ လစဉ် ၀ယ်ယူသူ၊ လေ့လာသူ၊ စိုက်ပျိုးရေး ၀ါသနာရှင်များနှင့် ဌာန၀န်ထမ်းတွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည်၊ မူလတွင် ဥယျာဉ်ခြံပန်းမန်စိုက်ပျိုးရေး၊ အပင်ရောဂါ မှိုသတ်ဆေးများ၊  ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်၊
    နာဂစ်အလွန် ကာလတွင် NGO,INGO များတွင် တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေး ဘွဲ့ရ၀န်ထမ်းများ၏ တောင်းဆိုချက်အရ စိုက်ပျိုးရေးတက္ကသိုလ်ဌာနဆိုင်ရာမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရှင်များကို ဖိတ်ခေါ်လျှက် Information sharing ကဏ္ဍကို စတင်၍ ဆောင်ရွက်ခဲ့ပါသည်၊  2011 ဖေဖော်ဝါရီလ တွင် ဥယျာဉ်ခြံသီးနှံဘာသာရပ် ဆိုင်ရာကို ဒေါက်တာစိန်လှဗိုလ်(ညွှန်မှူး၊ ငြိမ်း စိုက်-သု)(ယခုနိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်) ကလည်းကောင်း၊ 2011 ခုနှစ် (မတ်)တွင် ဒေါက်တာချိုချိုမြင့်(ဒုတိယပါမောက္ခချုပ်(ငြိမ်း)စိုက်-တက္ကသိုလ်)က (ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲမှု) Alternative Agriculture ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ပါသည်၊ 2011 ခုနှစ် မေလ 14 ရက်တွင် အပင်ရောဂါနှင့် မှိုသတ်ဆေးများ၊ ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးပညာရှင် ဦးဝင်းသန်း ဦးဆောင်ကာ ကွမ်းကို အဓိကထားဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်၊

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး