Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဆေး ဖက်ဝင် ပဲပုပ် ပုံမှန်စားပေးပါ


Photo: ဆေး ဖက်ဝင် ပဲပုပ် ပုံမှန်စားပေးပါ


ဆေး ဖက်ဝင် ပဲပုပ် ပုံမှန်စားပေးပါပဲပုပ်(ခေါ်) ပဲငပိ (ခေါ်) ဆိုယာပဲ (Soya Bean) သည် သက်ရှည် ကျန်းမာရေး အတွက် အာဟာ ရပြည့်ဝ ပြီး ဆေး အစွမ်းထက်၊ ဆေးဖက်ဝင်လှသော အာဟာရဓာတ်စာတစ်မျိုးဖြစ်ပါသည်။ ဆေးဖက် ဝင်ပုံမှာ-
(၁) ကင်ဆာရောဂါစွဲကပ် ဖြစ်ပွားမှုကို တားဆီး ကာကွယ်ပေးခြင်း
(၂) သွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါ၊ နှလုံး ရောဂါစွဲကပ်ဖြစ်ပွားခြင်းမရှိရန်တားဆီးကာကွယ်ပေးခြင်း
(၃) သွေးပြောင်း၊ ရာသီပြောင်း၊ အသက်အရွယ် ကြီးရင့်လာသည့်အခါ စွဲကပ်ဖြစ်ပွားလာတတ်သော ရောဂါ ဝေဒနာများ မဖြစ်ပွား၊ မစွဲကပ်နိုင်ရန် တားဆီး ကာကွယ်ပေးခြင်း
(၄) ခန္ဓာကိုယ်ပိန်ခြောက်ပြီး၊ အဆင်းအလှပျက်စေခြင်း ကို ကာကွယ်ပြီး၊ အသားအရေစိုပြည်လာစေနိုင်ခြင်း
(၅) အရိုးဖွံ့ဖြိုးကြီးထွားမှုကို များစွာအထောက်အကူ ပြုစေခြင်း စသည်တို့ဖြစ်ပါသည်။

ဆိုယာပဲစားသုံးမှီဝဲရာတွင် သတိပြု ဆင်ခြင်ရှောင်ကြဉ်ရန် အချက်များကတော့ -
(၁) ဆိုယာပဲကို ကျက်အောင်ချက် ပြုတ်စားသောက်ရပါမည်။ အစိမ်း မစားရ။ ဝမ်းဖောဝမ်းရောင်တတ်၏။
(၂) ဆိုယာပဲမှာ အစာကြေခဲသဖြင့် အလွန်အကျွံ စားသုံး ခြင်းမပြုရပါ။ ရင်ပြည့်တတ်၏။
(၃) အမြဲစားသောက်ခြင်း မပြုကြရပါ။ သွေးအားနည်းရောဂါ ရတတ်၏။ သတိနှင့် ဆင်ခြင်ပါလေ။

ကေတီအောင်သိန်း ရန်ကုန်တက္ကသိုလ်
Ref : Sin Chew Weekly (Malaysia)
By Health Digest

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး