ဝါတွင်း/၀ါပ အာရုံဆွမ်းလောင်း

နတ်တလင်းမြို့ဝါတွင်း/ ၀ါပ ဆွမ်းချက်လောင်းလှူမှုတွင် မအားလပ်သောအလှူရှင်များအတွက် အငှားဆွမ်းချက်အဖွဲ့ အနေဖြင့်
ဒေါ်သန်းရွှေ၊ သမီးဒေါ်မစန်းတို့ပါဝင်သော (၄)ဦးအဖွဲ့၊ အောင်မင်္ဂလာ(၂)လမ်းနှင့် ဒေါ်ညွန့်ရီအဖွဲ့(၅ )ဦးအဖွဲ့၊ သီရိမြိုင်(၂)လမ်းတို့မှ
မည်သည့်အိမ်မဆို ချက်ပြုတ်ရမည့်ဆွမ်းဟင်းအမယ်အလိုက်(၁၀၀၀၀ိ/ -)ကျပ်မှ(၁၅၀၀၀၀ိ/ )ကျပ်အထိ အဖိုးအခ ၀န်ဆောင်ခ ရယူ၍
ချက်ပြုတ်ပေးလေ့ရှိကြောင်း၊ ယခုလက်ရှိအချိန် ကာလပေါက်ဈေးအခြေအနေအရ ငါးဖဲငါးဆုပ်ဆွမ်းဟင်းအတွက် (၁၀၀၀၀၀ိ/ )ကျပ်ခန့်၊
ဝက်သားဆွမ်းဟင်းအတွက်(၁၅၀၀၀၀ိ/ -)ကျပ်ခန့်နှင့် ကြက်သားဆွမ်းဟင်းအတွက် (၂၀၀၀၀၀ိ/ -)ကျပ်ခန့်ကုန်ကျကြောင်း သိရပြီး ပုံပါ
ဆွမ်းချက်အဖွဲ့မှာ ဒေါ်သန်းရွှေနှင့် သမီးဒေါ်စမ်းတို့ အင်တာနက်လက်ဘက်ရည်ဆိုင် အာရုံဆွမ်းကပ်လှူမှုအတွက် ချက်ပြုတ်ပေးနေ
သော မြင်ကွင်းဖြစ်ပါသည်.......

အပြင်သာစည်လမ်း တနေရာတွင် အာရုံဆွမ်းကပ်လှူနေပုံ ဖြစ်ပါသည်...

အပြင်သာစည်လမ်း တနေရာတွင် အာရုံဆွမ်းကပ်လှူနေပုံ ဖြစ်ပါသည်...
ဝါတွင်း/၀ါပ အရုဏ်ဆွမ်းခံကြွသံဃာတော်များ....
စဉ်
| ကျောင်းတိုက် | ကျောင်းရှိသံဃာ | ကြွသံဃာ |
| ၁။ | သကျမဟာမြတ်မုနိဘုရားကြီး | ၁ ပါး | ၁ ပါး |
| ၂။ | ခေမာသီဝံ | ၁၄ ပါး | ၁၀ ပါး |
| ၃။ | ဇေယျဝတီ | ၁၅ ပါး | ၁၀ ပါး |
| ၄။ | လေသာ | - | - |
| ၅။ | မြို့ဦး | - | - |
| ၆။ | သန္တိသုခ | ၁၀ ပါး | ၉ ပါး |
| ၇။ | စတုဘုံမိက | ၁၆ ပါး | ၁၂ ပါး |
| ၈။ | သာသနာ့ပါလ | ၁၁ ပါး | ၉ ပါး |
| ၉။ | ဓမ္မသီတဂူ | ၁၀ ပါး | ၈ ပါး |
| ၁၀။ | အရှေ့တံခွန်တိုင် | - | - |
| ၁၁။ | အနောက်တံခွန်တိုင် | ၁၀ ပါး | ၄ ပါး |
| ၁၂။ | မန္တလေးကျောင်း | ၇ ပါး | ၅ ပါး |
| ၁၃။ | ဘုရားကြီးရိပ်သာ | ||
| ၁၄။ | အောင်သီဝံ | ၅ ပါး | ၄ ပါး |
| ၁၅။ | မြို့လယ်ကျောင်း | ၅၃ ပါး | ၄၉ ပါး |
| ၁၆။ | မင်းကျောင်း | - | - |
| ၁၇။ | အာသောကရုံ | ၁၀ ပါး | ၇ ပါး |
| ၁၈။ | အေးငြိမ်းသာ | - | - |
| ၁၉။ | စည်ပင်သာ | - | - |
| ၂၀။ | ကစဉ္ဖနာပုံ | ၁၂ ပါး | ၈ ပါး |
| ၂၁။ | သရက်တော | ၁၀ ပါး | ၇ ပါး |
| ၂၂။ | သာသနာ့ရိပ်သာ | ၉ ပါး | ၈ ပါး |
| ၂၃။ | သစ္စာဝါဒီ | ၁၂ ပါး | ၆ ပါး |
| ၂၄။ | ကံတော်ဦးကျောင်း | - | - |
| စုစုပေါင်း | ၂၁၅ ပါး | ၁၆၄ ပါး | |
မှတ်ချက်။ အရုဏ်ဆွမ်းလောင်လှူမှု ရေရှည်ခိုင်မြဲရေးအတွက် အရုဏ်ကြွသံဃာစာရင်းနှင့်
မျက်မှောက်ကြွသံဃာစာရင်းကွာခြားမှုရှိတိုင်း အရုဏ်ဆွမ်းဖြစ်အဖွဲ့သို့
ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်.....
အထက်ပါ .... အရုဏ်ဆွမ်းခံကြွစာရင်းမှာ ၂၆.၄.၂၀၁၂ ရက်နေ့ ဦးရဲထွဋ်၊ အင်တာနက်ကဖီး၊ ဗိုလ်ရုံလမ်းမှ အရုဏ်ဆွမ်းလောင်းလှူစဉ်
ရယူထားသော သံဃာစာရင်းဖြစ်ပြီး အခါအားလျော်စွာ အပြောင်းအလဲ ရှိပါသည်။
အကျိုးဆောင်ဖော်ပြသူ.......ကိုလင်း(မယ်လိုဒီ)
No comments:
Post a Comment