Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်.....

Popular Myanmar News Journal 
ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက်လျှော့ချရန် အတွက် ဂျပန်ပညာရှင်များ ဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက်သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။
”ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပန်ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်” ဟု ၄င်းကပြောသည်။
၃၈၅ƒ မိုင်ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲနေသော်လည်း ဂျပန်အစိုး ရက အမြန်ရထားပြေးဆွဲချိန်ကိုသာ ထက်ဝက်လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက”အရင်တုန်းကဆို ရထားခက ဈေးသက် သာတော့ စီးတာများကြပေမယ့် အခုနောက်ပိုင်း ရထားနဲ့ ကားခလက်မှတ် က အတူတူပဲ ဆိုတော့ ရွေးချယ်မှုက ကားဘက်ကို သာနေတယ်။ ကားလက်မှတ် ကျပ်တဲ့အခါမျိုးနဲ့ ဘူတာနဲ့နီးတဲ့ သူတွေသာ စီးကြတော့တယ်။ ၁၄ နာရီ ခုတ်မောင်းတယ်ဆိုပေမယ့် ရပ်နား ထားတာတွေကိုပါ ထည့်တွက်ရင် အမှန် ၁၈နာရီလောက်ကြာနိုင် တယ်”ဟု ပြောသည်။
၎င်းက အချိန် ၈ နာရီနှင့်သာ ရောက်ပါက ကားနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေမရှိသလောက် နည်းပါးခြင်းကြောင့် ရထားကို သာစီးမည်ဟု ပြောသည်။
ရန်ကုန်-မန်း အမြန်ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်းနေကြောင်းမြန်မာ့မီးရထားမှ သိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ”မြန်နှုန်းမြှင့် ရပါမယ်။ ဒါမှ ခုတ်မောင်းချိန် ကနည်းသွားမှာပါ။ ဒီမှာ ရှိတဲ့ လမ်းပိုင်း၊ သံ လမ်း အခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေလုပ်နေပါပြီ”ဟု ပြောသည်။
ဂျပန်ပညာရှင်များ၏ သုတေသနအစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန်တစ်နာရီကြာ သာစီးနင်းပြီး သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။

from:http://myanmarpyithar.org/

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး