Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရေးကုမ္ပဏီ ၄၀ ကျော် လုပ်ကိုင်ခွင့်ရ

တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရေးကုမ္ပဏီ ၄၀ ကျော် လုပ်ကိုင်ခွင့်ရ
by 7Day News Journal on Wednesday, July 25, 2012 at 4:01pm ·
ရန်ကုန်၊ ဇူလိုင် - ၁၉

တက္ကသိုလ်၊ ကောလိပ်များတွင် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသူ လုပ်ငန်းရှင်များကို ရန်ကုန်နှင့်မန္တလေးရှိ အဆင့်မြင့်ပညာဦးစီးဌာန ရုံးချုပ်များ၌ ဇူလိုင် ၁၉ ရက်က တွေ့ဆုံအသိပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အောက်မြန်မာပြည်တွင် တက္ကသိုလ်ခြောက်ခုအတွက် ကုမ္ပဏီကိုးခု၊ အထက်မြန်မာပြည်တွင် တက္ကသိုလ်၊ ကောလိပ် ၁၅ ခုအတွက် ကုမ္ပဏီ ၃၀ ကျော်က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

“ကုမ္ပဏီပေါင်း ၁၅၀ ကျော် အိတ်ဖွင့်တင်ဒါ လျှောက်ထားကြတာပါ။ သုံးထပ်စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ လိုအပ်တဲ့ တိုးချဲ့လုပ်ငန်းတွေအတွက်ပါ”ဟု ပြောသည်။

ပညာရေးကဏ္ဍတွင် ယခင်နှစ်က သုံးစွဲငွေထက် နှစ်ဆနီးပါးကို သုံးစွဲခွင့်ရရှိထားသောကြောင့် အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ တိုးချဲ့ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဒဿနိကဗေဒဌာနမှ ကထိကအငြိမ်းစားတစ်ဦးက သုံးသပ်သည်။ ယခင်နှစ်က ပညာရေးကဏ္ဍအတွက် သုံးစွဲငွေမှာ ကျပ် ၂၇၄,၈၆၂ ဒသမ ၈၃၁ သန်းရှိခဲ့ပြီး ယခုနှစ်အတွက် ကျပ် ၄၀၈,၁၆၄ ဒသမ ၄၁၉ သန်း သုံးစွဲမည်ဟု သိရသည်။

မုံရွာ၊ တောင်ကြီး၊ ပဲခူး၊ ပုသိမ်တက္ကသိုလ်များကိုမူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ကောလိပ် ၂၁ ခုအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်ချက်ကို ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး