ရှာလိုက် ရတာ ကိုပွရယ် ....
ရှာလိုက် ရတာ ကိုပွရယ် ....
အိပ်မရတဲ့ည ဘော်ဒါတွေ အပျင်းပြေဖို့ ကိုပွ ပထမနှစ်တက်တုန်းက အ
ကြောင်းအရာလေး အမှတ် ရတာနဲ့ ဟာသအခန်းဆက် ထပ်ရေးပေးလိုက်တယ်ဗျာ ...
ဘာလဲဆိုတော့ ကိုပွ ရန်ကုန်တက္ကသိုလ် ပထမနှစ် လှိုင် မှာတက် ရ တော့
ကိုပွတို့မြို့ကသူငယ်ချင်း
တော်တော်များများက
မိန်းမှာ တက် ရပြီး အ ဆောင် အတူနေသူငယ်ချင်းတွေထဲက ဝါးခယ်မသား မင်းဇော်ရယ်
တညင် ရယ်က ကိုပွနဲ့ အတူတူ rc2 သမားတွေပေါ့ ... ဇတ်လမ်းက ပထမနှစ်
စတက်ကြတာဆိုတော့ မအူမလည် တော်သားလူလည်တွေပေါ့ဗျာ ... ကျောင်းမှာ
နယ်ပေါင်းစုံက ကျောင်းသား/သူတွေ အများကြီးဆိုတော့ ကိုပွတို့ ကြည့်လို့
မဆုံး ငေးလို့မဆုံး ပတ်လို့မဆုံးပေါ့ .... ကျောင်းစတက်စ တစ် ရက်နှစ် ရက်က
တော့ ကျောင်းသားတွေ ယောက်ယက်ခတ်သွားလာပြီး အထိုင် မကျကြ သေးဘူးလေ ....
အဲဒီမှာ ကျောင်းတက်စ ပထမရက် ဒုတိယရက်လောက်က စာသင် တဲ့ဆရာ/ဆရာမ
တော်တော်များများက သင် မယ့် handnote စာအုပ်လေးတွေရောင်းပြီး
သင်ကြတာဆိုတော့ စာအုပ်တွေ ဝယ်မယ့်သူ စာရင်းကောက်ပြီး ဝယ်ဖို့လုပ်ကြ တော့
ကိုပွပဲစုကောက်ဖြစ်တာပေါ့ .... ဆရာတွေ ရောင်းမယ့်စာအုပ်ဖိုးမှန်သမျှ ငပွပဲ
စုကောက်ပြီး စာအုပ်တွေ လိုက်ထုတ် ရတာပေါ့ .... စာအုပ်တွေ
အားလုံးထုတ်လည်းပြီးရော ငပွပျောက်သွားလိုက်တာ နှစ် ရက်လောက်ပေါ့
...ချယ်လေးတွေ စာသင် မယ်လုပ်တော့ သင် ရမယ့်စာအုပ်တွေက မ ဝေရ သေးဘူးလေ ....
အင်္ဂလိပ်စာသင် တဲ့ဆရာလေးကျန်ကျောင်းအတန်းချိန်ဆို ကျောင်းသားတွေ အတွင်းရော
အပြင် ပါကြိတ်ကြိတ်တိုးသင်နေကြသ လောက်ကျန်တဲ့ အချိန်တွေ သင် ဖို့ စာအုပ်က
မရ သေးတော့ သင် ရတာအားမရကြဘူးပေါ့ ... စာအုပ်ဖိုးငွေတွေကောက်သွားတဲ့
ကျောင်းသားငပွ ငွေလိမ်တယ် ပြောရ အောင် ကလည်း စာအုပ်ဖိုးငွေတွေ သွင်းပြီး
စာအုပ်တွေက ထုတ်သွားပြီးသား လူပျောက်နေကြတာ ငပွကို ရှာမ တွေ့ကြတာလေ ....
ဟီး ဘယ်တွေ့မလဲ ငပွ မိန်းထဲစာလိုက်သင်နေတာလား လေ့လာနေတာလားတော့မသိဘူး Eco
ဘက်ရောက်လိုက် Law ဘက်ရောက်လိုက်ပေါ့ ....
ကိုယ့်ကျောင်းထဲပြန်ရောက်ပြန်တော့လည်း ထိုင်ကြည့်လိုက် ရတဲ့ ကန်တီးထကို
မထဖြစ်ဘူး ဝင် လာတာကြည့်လိုက် ထွက်သွားတာကြည့်လိုက်နဲ့ ငပွနဲ့ တညင်
တို့နှစ်ယောက် အလုပ်ကိုရှုပ်နေတာဘဲ .....ငပွတို့စန်းပွင့်ချက်
ဘယ်လောက်ကောင်းသလဲ ဆိုင် ထဲထိုင်နေတာတောင် ကောင် မ လေးတွေ တကြည့်ကြည့်ပေါ့
လက်ညိုးတထိုးထိုးနဲ့ ဟိုမှာ ဟိုမှာ မဟုတ်လားဆိုတာတောင် ပါသေး .... ကိုပွ
မဟုတ်လားဟင် မေးလို့ဟုတ်ပါတယ် ခင် ဗျာ လုပ် ရ သေး ....
ကြည့်စမ်းငပွတို့ကျောင်းတောင် မတက် ရ သေးဘူး နာမည်တောင် အ မေးခံနေရ ပေါ့
.... ခိခိ မေးမှာပေါ့ သူတို့ဆီက ငွေတွေကောက်ပြီး
စာအုပ်တွေထုတ်သွားတဲ့ကျောင်းသားကိုး .... မကြာပါဘူး ဆရာတွေ ချယ်တွေနဲ့
ကျောင်းသား/သူတွေ တပြုံကြီးရောက်ချလာတယ် .... အိုး ကိုပွ ဘယ်တွေ
လျှောက်သွားနေတာလည်းဗျာ တ ကျောင်းလုံးရှာရတာလည်းနှံ့နေတာပဲ တ
ကျောင်းလုံးခင် ဗျားနာမည်ကြီးသွားတာပဲ ဟိုကျောင်းသူက မေးလိုက် ဒီကျောင်းသူက
မေးလိုက်ပဲ .... ဆရာ/ ဆရာမ တွေတောင် ပါသေးဆိုပဲ ....
စာအုပ်တွေထုတ်သွားပြီး မ ဝေ သေးပဲဘာတွေလုပ်နေတာလဲ? ဟုတ်တယ်ဆရာမ ဝေရ သေးဘူး
...မ နေ့ည နေက အ ဆောင် မှာအတူနေတဲ့သူတစ်ယောက် အူအတက်ပေါက်ပြီး
မြောက်ဥက္ကလာဆေးရုံတင် တာဘယ်သူမှလိုက်မပို့တော့ ကိုပွပဲလိုက်ပို့ပေးပြီး
ခွဲစိပ် ရ တော့လူနာစောင့်ပါလုပ်ပေးနေရလို့ပါ ချာမား ဆိုတော့မှ
စုံစမ်းကြည့်တော့မှန်နေ တာတွေ့လို့ ဌာနရုံးခန်းက ပြန်လာရတဲ့အဖြစ် ဟိ
ဖြစ်စဉ်လေးကယ်လို့ နောက်မဆို ကိုပွကျောင်းတောင်ပြီးပမလားပဲ ... ဟဲ အမှတ်တရ
လေးရှိခဲ့တာလေး ပြန်ဖောက်သည်ချတာပါ .... အ ဆောင် အတူ နေတဲ့ ဦးညိုဆိုတာလည်း
လူပျိုကြီးလေ ကျောင်းက ဆရာမကြီးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေတာဆိုတော့
ကိုပွ ဆေးရုံလိုက်ပို့ပြီး လူနာစောင့်လုပ်ပေးလိုက်တာ ကျေးဇူးတွေတင်
လို့မဆုံးပါဘူး ကိုပွကို အားလုံးနားလည်ခွင့်လွှတ်ပေးကြလို့တော်သေးတာပေါ့ဗျာ
အဲတုန်းက အဖြစ်အပျက် အတွက်လည်း ထပ်ဆင့် ကန်တော့ပြီး တောင်းပန်အပ်ပါတယ်
အမှတ်တရ အ ပျော်ပို့အ နေနဲ့ ရေးပေးတာလည်း နားလည်ပေးကြအုံးနော် .... ဟိ
နောက်ကြောင်းမပြန်ချင် နဲ့နော် ဒါဗြဲ ,အိပ်မ ပျော်တဲ့သူများ
ကိုယ့်စိတ်ချမ်းသာမှုနဲ့ကိုယ် ပျော်ရွှင် ချမ်းမြေ့ကြပါစေ ....
ကိုကြီးပွ (မိုက်ကယ်လင်း)
No comments:
Post a Comment