မြန်မာ အရေး သိပ်နားမလည်တော့လဲ ?
ဦးသန့်မြေးက တော့ အင်အားကြီးနှစ်နိုင်ငံကြားက အလားအလာရှိတဲ့ မြန်မာနိုင်ငံ အ ကြောင်းရေးထားလို့ ရောင် နီမြင်နေရပြီလို့ ကျေနပ်မယ် မကျန်သေးဘူး ဘင်္ဂလားက ရေပိုင်နက်အငြင်းပွားဖို့ဖန်တီးလာတယ် ဘယ်သူက ဘာရတယ် ဘာပေးလိုက် ရတယ်ဆိုတာ အားလုံးလည်းသိပြီးသားဆိုတော့ မပြောတော့ပါဘူး ... .., သေချာပြောနိုင် တာက ဘင်္ဂလားက ဘယ်ကတည်းက ကြိတ်ကြံနေတယ် ဆိုတာလည်း သူပဲအသိဆုံးဖြစ်မှာပါပဲ ..လူခိုးဝင်နေတဲ့လမ်းကြောင်းနဲ့ ရည် ရွယ်ချက်က တော့ ဘယ်ကာလ ကတည်းက ဆိုတာတော့ ခင် ဗျားတို့လည်း သိပြီးသားပဲ ...
မကြာဘူး ပြည်ပဘက်က ရိုဟင်ဂျာ အစည်းအ ဝေးနဲ့ ကိုမိုးသီးဇွန် ရဲ့အသံဖိုင် နဲ့ ဗီဒီယိုဖိုင် ပေါ်လာတယ် ....
အဲဒီနောက်မှာပဲ ရခိုင်ပြဿနာ ဖြစ်တယ် ရခိုင်မ လေးနဲ့ဖြစ်စဉ်ကို သိကြ မှတ်မိနေကြအုံးမှာပါ ........
အဲနောက် လက်ပံတောင်းတောင် ကိစ္စဖြစ်တယ် ... ဘယ်သူတွေ အဲမှာပါဝင်နေတယ် ဘယ်သူတွေ ရောက်နေတယ် ဆိုတာ သိနေ တော့ မ ရေးတော့ဘူး ...အဲ....တိုက်တိုက်ဆိုင်ဆိုင် ပဲ ကိုမိုးသီးဇွန် အဖွဲ့ မြန်မာနိုင် ငံဝင် လာပြီး အဲဒီနေရာ သွားလိုက်ကြတာလည်း မှတ်မိသေးတယ် ဘာလုပ်တယ်ဆိုတာ တော့ သူတို့မှပဲ အကုန်သိမယ် ထင်တာပဲ နောက် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြန်ထွက်သွားတာလည်း မှတ်မိသေးတယ် ...
ရှမ်းဘက်က နော်ခမ်းကိစ္စတောင် လှည့်ခလုတ်တိုက်သွားသေးတယ် ....
နောက် ကချင် အ ရေး ဖြစ်တာလည်း တွေ့ရတယ် .... သမ္မတကြီးက ပြေလည်အောင် ကိုင် တွယ် နေ ကြောင်း ငြိမ်းချမ်းဖို့ကြိုးစားနေ ကြောင်း တရားဝင် ပြောပြောနေတာလည်း တွေ့ရတယ် ... အပြစ်ရပ်စဲခိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတာလည်း တွေ့ရတယ် ....
အဲနောက် မိထ္ထိလာ ရွှေဆိုင် က နေ ပြဿနာဖြစ်ပြန်တယ် ဖြစ်ပွားမှုတွေ ပြန့်သွားတယ် .... 144 တွေ ထုတ် ရတဲ့ နေရာတွေ ရှိလာတာတွေ့ရတယ် ,...
တပ်မ တော် နေ့ကလည်း ကာကွယ်ရေး ဦးစီးချုပ်က နောက်ကြောင်းပြန်မလှည့်ဘူးဆိုတာ အခမ်းအနား က နေ တရားဝင် ပြောသွားတယ် ...
သမ္မတကြီး က ပြဿနာဖြစ်တဲ့ လက်ပံတောင်းတောင် ကိစ္စ လူထုခေါင်းဆောင် ဦးဆောင် တဲ့ အဖွဲ့ စစ်ဆေးပေးဖို့ တာဝန် ပေးတော့ 88 ကမပါဘူးတဲ့ ဘာလို့လဲတော့ မသိဘူးပေါ့ ....
လူထုခေါင်းဆောင် အစီရင် ခံစာ ထွက်ပြန်တော့ လက်မခံသူက လက်မခံပြန်ဘူး ...ဆန္ဒပြဖို့လုပ်နေကြတုန်း ..,
အဲ ဒီကြားထဲ အနယ်နယ် အဖုန်ဖုန်မှာ လည်း အ ကြောင်းအရာ မျိုးစုံနဲ့ ဆန္ဒပြတာတွေလည်း ရှိပြန်တယ် ....
ဒီကြားထဲ စီမံကိန်းတော်တော်များများတွေမှာလည်း ဆန္ဒပြတာတွေလည်းရှိတယ် ...
အစိုးရကလည်း သက်တမ်းက နှစ်နှစ်သာသာပဲရှိသေးတယ် ....စီမံကိန်းတော်တော်များများလည်း ဆန္ဒပြဟန့်တားမှုလေးတွေ ရှိတယ် ဆန္ဒပြ တောင်းဆိုနေတာတွေလည်းရှိတယ် လူမျိုးရေးပြဿနာတွေလည်းရှိတယ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေရတဲ့ အ ခြေအ နေ တွေလည်းရှိတယ် ဒီနှစ်နှစ်သာသာနဲ့ ကူးပြောင်းရေးကြိုးစားနေတဲ့ သမ္မတကြီး အားလုံးပြေလည်အောင် ဖြေရှင်းပြီး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အ တော်ကြိုးစားယူရမယ် ....
ပြဿနာတွေဘယ်သူဖန်တီးနေတာလဲတော့ မသိဘူး ဘယ်သူ့မှလည်း ဝါဒဖြန့် မ ရေးဘူး ဖြစ်ခဲ့တာလေးတွေ ကိုယ်မှတ်မိသ လောက် ရေးစဉ်းစားကြည့်တဲ့ သ ဘောပဲ ....
အဲတော့ နောက်ကြောင်းပြန်လှည့်ချင် လို့လုပ်နေတာလား ..,.
နယ်မြေလိုချင် တဲ့သူကလုပ်နေတာလား ..,
ဦးဆောင် မှု က မောက်ကမ ဖြစ်စေချင် သူတွေက လုပ်နေတာလား ....
နိုင် ငံရေး အမြတ်ထုတ်ချင် သူတွေက လုပ်နေတာလား ....
မဲလိုချင် သူတွေက လုပ်နေတာလား ....
နောက်ကွယ်က နိုင် ငံတခုခုကပဲ ဖန်တီးနေတာလား .... (ဖြစ်နိုင်သော နိုင် ငံ အားလုံးကို စဉ်းစားကြည့်သည်)
............
ကိုယ့်သ ဘောက တော့ ဘေးပ ယောဂ အ ခြေ အ နေ တွေ မရှိဘူးဆိုရင် ကိုယ့်နိုင် ငံသား တိုင်းရင်းသားအားလုံး အေးချမ်းစွာ နဲ့ သက်ရောက်နေတဲ့ သမ္မတသက်တမ်းအဆက်ဆက်အတွင်း တည်ငြိမ်အေးချမ်းစွာနဲ့ ဦးဆောင်နိုင် ခွင့် ရ စေချင် တယ် .... အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင် မှု နောက်က နေ အပြုသ ဘော အကျိုးဆောင် တာလေးတွေနဲ့ ဝိုင်းဝန်းပံ့ပိုးပေးကြ စေချင် တယ် .....
မြင်နေရတဲ့ ရောင်နီ မြန်မြန်လင်းဖြာနိုင် ပါစေလို့ ဆန္ဒပြုရင်း .....
အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် အေးချမ်းပါစေ ......
ဆြာပွ (မိုက်ကယ်လင်း)
No comments:
Post a Comment