Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ရိုးရာလေးနဲ့ ဂုဏ်ယူကြည့်ရအောင်

ရိုးရာလေးနဲ့ ဂုဏ်ယူကြည့်ရအောင် ........

ရိုးရာလေးနဲ့ ဂုဏ်ယူကြည့်ရအောင် ........

ကိုပွ ..... ဒီနေ့ အဆင်မပြေမှု အကြောင်းလေးတွေနဲ့ ညစ်သလို ဖြစ်နေတာ ... ပြည်ပရောက်နေတဲ့ ညီတစ်ယောက်က သူ့စိတ် သူ့အသိလေးနဲ့ ကိုပွတဲ့ ...အကြောင်းအရာလေးတစ်ခု ပြောပြချင်တယ် နိဒါန်းလေးနဲ့ ...လူတွေသိအောင်ပြန်ရေးပေးပါအုံးဆိုပြီး အကူအညီတောင်းပြောလာတယ် .... ဒီနေရာမှာ သူ့ရဲ့ဖြစ်ပေါ်လာတဲ့ အသိစိတ်ကလေးကိုလေးစားမိလို့... အသိအမှတ်ပြုတဲ့အနေနဲ့...ကိုပွ .... စိတ်မကြည်မလင်ဖြစ်နေတဲ့ကြားထဲက သူ့ရဲ့တောင်းဆိုလာမှုလေးကို .... ပို့အဖြစ်ဖန်တီးပေးလိုက်တာပါ .....
------------------------ ။ ---------------------------
ဘာလဲဆိုတော့ ခင်ဗျားတို့လည်း သိခဲ့လက်ခံခဲ့မှာပါ .... မြန်မာပြည်သူ/သားတွေ ယဉ်ကျေးဖော်ရွေပြီး ရိုးသားတဲ့အကြောင်း၊ ဧည့်ဝတ်ကျေပျူဌာခဲ့တဲ့အကြောင်း၊ မြန်မာမှာရှိပြီးသားချစ်စရာကောင်းတဲ့အလေ့အထလေးပျောက်နေတယ် ပြောလာတယ် ..... သူဘာပြောမလဲ ကိုပွလည်း နားထောင်မိတယ် .......
သူအလုပ်ဝင်နေတဲ့တိုင်းပြည်မှာ .. ဒီအလေ့အထလေး လူမသိမှာစိုးလို့ .... ကျေးဇူးတင်ပါတယ်ဆိုတဲ့ တုန့်ပြန်မှုလေး ပြောဖို့ သီချင်းစပ်ပီး TV ကတောင် လွှင့်တယ် ...ပေါ့ ...
အဲလိုလေးးပြောလိုက်ရလို့ မပင်ပန်းပါဘူးး

အကြောင်းအရာတစ်ခုခုကို ကူညီပေးးတဲ့သူ စိတ်ထဲ စိတ်ကြည်နူးးမှု တစ်မျိုးးလေးးဖြစ်သွားးစေတာပေါ့
စားသောက်ဆိုင်မှာ အစားးအစာ လာချပေးးတဲ့ အခါ ....
လမ်းးသွားးရင် လမ်းးလေ ဘေးကို ခဏဖယ်ပေးးလိုက် တဲ့အခါ ....
နောက် ပီး တံခါးးပေါက် ကို အတူတူ ၀င်မိလို့ ဦးးတဲ့သူက ဖွင့်ပေးးလိုက် လို့ အလိုက်သင့် ၀င်လိုက်ရတဲ့ အခါလေးးတွေ မှာ
ပြောနေကြတယ် အကို
''ကျေးဇူးးပါ'' ပေါ့ .....

ကျနော် တို့ ဆီမှာ မရှိသလောက် ရှားသွားတယ်လို့ ထင်တယ်
ကျေးဇူးဆိုတာ ကြီးး၂ မား၂ ကြိးး လုပ်ပေးးမှ ကျေးဇူးး တင်ရမှာ မဟုတ်ဘူးးလေ.....
လူမှု ဆက်ဆံရေးး အတွင်းးမှာ မြန်မာ လူမျိုးးအချင်းချင်းး...လူအချင်းချင်းး ကြားးမှာ နွေးးထွေးးတဲ့ ရိုင်းပင်းကူညီ မှုလေးးတွေရယ် ကြည်နူးးစရာ တုန်ပြန်မှုလေးးတွေ ရှိနေရင် ပိုပီးရင်းနှီးသွေးစည်းမယ် လို့ ထင်လို့ပါ ....
ဘာမဟုတ်တဲ့ ကိစ္စလေးးဖြစ်ပေမဲ့
ဖြစ်ပါများးလာရင်
အလိုလို စိတ်ခံစားးမှုလေးးတွေ ပြောင်းးလာမှာပါ
------
ကျနော့် ဆိုင် မှာ လာကြတယ်
ယဉ်ကျေးမှု နွေးထွေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှု
လူမျိုးးအစုံပဲ
မြန်မာတွေလဲ လာတယ်
အစားးသောက် ရောက်လို့ လာချပေးးတဲ သူကို ... ၀န်ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ပေးလိုက်တဲ့သူကို ...
ကျေးဇူးးပါ လို့ ပြောဖို့ ၀န်လေးးတာလားး ဆရာ အထာတွေလားးမသိဘူးး
သူများးလူမျိုးးတွေ ဆို ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပြောကြတယ်
နောက်ပီးးပြောတဲ့ သူက ပြောရင် ကျေးဇူးးဘာလုပ်ရမှာလဲ
အိမ်မှာ အများးကြီးး ဆိုတဲ့ တုန့်ပြန်တဲ့စကားး ကလာချင်သေးတယ် ...
သူငယ်ချင်း အချင်းချင်း ပဲထားးနွေးထွေးမှု မပါဘူးးပေါ့ .....
အဲဒါလေးးပါ ... အကိုတဲ့ ...

သူပြောသွားတာ ....
လူဆက်ဆံရေးးထဲက နွေးထွေးးတဲ့ အပြုအမူလေးးတွေပေါ့ ..... အကြောင်းအရာမျိုးစုံကို လျှောက်ပြောနေမယ်ဆိုရင်တော့ ၀န်ဆောင်မှုမျိုးစုံမှာ ပုံစံမျိုးစုံရှိနေတာဆိုတော့ .... အများကြီးပေါ့ ဒီညီလေးပြောတာလေးတွေကလဲ သူမှတ်မိသလောက်တစိတ်တဒေသလောက်ပါ ..... ဘယ်လိုဘဲဖြစ်ဖြစ် ဒါတွေက ကိုယ့်လူမျိုးတွေမှာ နဂိုကရှိခဲ့ပြီးသား အမှုအကျင့်လေးတွေပါ ... တချို့နေရာလေးတွေမှာ ဖော်ရွေပျူဌာတဲ့အမှုအရာ အရိပ်ကလေးတွေအဖြစ် ကိုယ့်နိုင်ငံသားတွေတင်သိတာမဟုတ်ဘဲ ကိုယ့်ဆီလာလည်နေတဲ့ နိုင်ငံခြားသားတွေတောင် မြန်မာတွေရဲ့ဧည့်ဝတ်ကျေပျူဌာမှုကို သိနေကြပါတယ် ..... မြန်မာနိုင်ငံဝင်လာတယ်ဆိုရင်ဘဲ မြန်မာတွေရဲ့ နုတ်ခွန်းဆက်စကားလေးတွေနဲ့ ဖော်ရွေသိတတ်မှုစကားလေးတွေဖြစ်တဲ့ ... မင်္ဂလာပါ ...ကျေးဇူးတင်ပါတယ် ဆိုတာလေးတွေကို သင်ပြီးပြောဆိုနုတ်ဆက်တတ်တဲ့အထိ ချစ်စရာကောင်းတဲ့အမှုအယာလေးတွေ ရှိခဲ့ကြပါတယ် .......... လေယာဉ်မယ်လေးတွေ လက်အုပ်လေးချီပြီး မင်္ဂလာပါရှင် ... ကျေးဇူးတင်ပါတယ်ရှင်.... ပြောသလို ဧည့်ကြိုဝန်ထမ်းလေးတွေ .... စတိုးဆိုင်တော်တော်များများက အရောင်းဝန်ထမ်းလေးတွေ မျက်နှာချိုသာစွာနဲ့ ဧည့်ဝတ်ကျေပျူဌာစွာ နုတ်ဆက်ပြီး ၀န်ဆောင်မှုပေးနေတာလေးတွေလည်း ရှိပါတယ် ......
တချို့ကျတော့လည်း ဗီဇကြောင့် တချို့ကျတော့လည်း မာန်မာနဂုဏ်မောက်မှုကြောင့် တချို့ကျတော့လည်း သူမိုလို့ ငါမိုလို့ဆိုတဲ့ အမြင်မကြည်လင်တဲ့အစွဲလေးတွေကြောင့် မလုပ်ဖြစ်ကြဘူး ... တချို့ဆို ဗုဒ္ဓဘာသာတိုင်းပြည်မို့ လက်အုပ်ချီနုတ်ဆက်တာတောင် တစ်ဖက်နိုင်ငံကကူးချတာပါဆိုတာမျိုးအထိ အမြင်မကြည်မှုများစွာထဲကနေ ကိုယ်နားလည်လက်ခံနိုင်မှု အခြေအနေတန်ဖိုးတောင်ဆင်ခြင်မသုံးသပ်နိုင်ဘဲ ကိုယ့်လူမျိုးဂုဏ်သိက္ခာကိုတောင် နိမ့်ချပြောဆိုတတ်သူတချို့တောင် တွေ့ခဲ့ဖူးတာကြောင့် ... ဒီညီလေး ဆင်ခြင်သတိထားမိတဲ့ အခြေအနေ အပိုင်းအစလေးတွေကနေ ကိုယ့်လူမျိုး/ကိုယ့်ရိုးရာ/ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံ ဂုဏ်သိက္ခာကို ကိုယ်စီ ထိန်းသိမ်းစောင့်ရှောက် မြင့်တင်ပေးနိုင်ပါစေ မျော်လင့်ရင်း........
ဆြာပွ ... ညစ်ပြီး အိပ်မပျော်တဲ့ကြားကပဲ တဆင့်ပြန်ဖောက်သည်ချ တိုက်တွန်းလိုက်ပါရစေ .......

အထာကျတဲ့ ...ဆြာပွ(မိုက်ကယ်လင်း)

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး