Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

Hacker ဖြစ်ချင်သူများအတွက် လမ်းညွှန်

Hacker ဖြစ်ချင်သူများအတွက် လမ်းညွှန်
 ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး။ တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံး အခြေအနေအထိကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်။ တကယ့် ဟက်ကာ အစစ်တွေက သူတို့ကိုယ်သူတို့ ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်။ security တွေကို ချိုးဖောက်ကျော်လွန်ပြီး ၀င်ရောက်နိုင်ရုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး။ ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ့စာလုံးကို သုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး ဖော်ပြနေတော့တာပါပဲ။ အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ် အများစုနားလည် ထားကြသလိုပါပဲ။ Hackers build things, Crackers break them  ပဲဖြစ်ပါတယ်။
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါတယ်။ ပြသနာတွေကိုဖြေရှင်းပြီး အသစ် အသစ်တွေဖန်တီးတဲ့၊ တည်ဆောက်တဲ့ သူတွေမှသာ ဟက်ကာတွေပါ။ အင်တာနက်ကို ဖန်တီးခဲ့တဲ့သူတွေ၊ Operating System ကိုဖန်တီးခဲ့တဲ့သူတွေ၊ world wide web ကိုသက်ဝင် လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့။ ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုး တွေပါ။ ဟက်ကာဖြစ်ချင်ရင် အဲဒီစိတ်ဓာတ်မျိုး ရှိဖို့လိုပါပြီ။ တကယ်ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့။ ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကို အတုခိုးရမှာပေါ့။ ပညာရပ်ပိုင်းမှာသာမကဘဲ စိတ်ပိုင်းဆိုင်ရာလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့ စိတ်ဝင်စားစရာပြဿ နာတွေနဲ့ နေ့တိုင်းပြည့်နှက်နေပါတယ်။ ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရခြင်းအပေါ် ပီတိဖြစ်တတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မြနေအောင် သွေးနေရမယ်။ ကိုယ့်ပညာကို အမြဲတမ်း လေ့လာနေရပါမယ်။ သင်တစ်ခုခုလုပ်တဲ့ အခါမှာဖြစ်ဖြစ်၊ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုတော့ ထားရှိဖို့လိုပါလိမ့်မယ်။ ပြသနာတစ်ခုကို ဖြေရှင်းတော့မယ် ဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး အားလုံးကိုသင်သိထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့  တစ်စိတ်တစ်ပိုင်းတော့ သင်သိထားရပါလိမ့်မယ်။ အဲဒီ တစ်စိတ်တစ်ပိုင်း လေးကနေ ဆက်ပြီးလေ့လာရင်း၊ လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်း ပိုမိုနားလည်လာကာ နောက်ဆုံးမှာတော့ အောင်မြင်သွားမှာပါ။ 
 
Hacking အတွက် လိုအပ်ချက်များ (သို့) လေ့လာသင့်သည်များ 
ဟက်ကာတွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်။ သူတို့အပေါ် အာဏာလာပြတာကို ယေဘုယျအားဖြင့်မနှစ်သက်ကြပါဘူး။ ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်။ သူတို့က အတူတကွပူးပေါင်းလုပ်ဆောင်ရတာကို နှစ်သက်ကြတဲ့ သူတွေပါ။ အဲဒီစိတ်ထားမျိုးလေးလည်း ရှိရပါမယ်။ အထက်က စိတ်ထားမျိုးတွေ၊ အမူအကျင့်တွေ ရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။ Attitude တွေက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်က သင့်ကို ဟက်ကာတစ်ယောက်လို့ ခေါ်စေဖို့ ၊ သက်မှတ်လာစေဖို့ အတွက် သင်လုပ်ရဦးမယ့်အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါက ဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိဘဲနဲ့တော့ ဘယ်လို ဟက်ကာဖြစ်ပါ့မလဲ။  ဘာ language မှ မတတ်သေးဘူးဆိုရင် Python ကို စလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့ သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် အသင့်တော်ဆုံးဖြစ်သလို  powerful လည်းဖြစ်ပါတယ်။

ပရောဂျက်ကြီးကြီးမားမားတွေကိုလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ၊ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ။ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင် တစ်ခုခုကို ကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင် လွယ်တယ်လို့ မရှိပါဘူး။ ဟက်ကာတွေအတွက်အရေးကြီးတဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်တတ်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့ အားလုံးလေ့လာထားတာ အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချဉ်းကပ်ကြည့်တာပေါ့ ။
အဲဒါအားလုံးက သင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ရုံနဲ့လည်း မဖြစ်သေးပါဘူး။ Language တွေအပေါ်မှာ မှီခိုမှုမရှိဘဲ  ပြသနာတွေအပေါ်မှာ စဉ်းစားနိုင်ဖို့လည်းလိုပါသေးတယ်။ သိပြီးသား concept တွေကို ဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကို အသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ နားလည်နိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှ language တွေအားလုံး တတ်မြောက်ထားတယ်ပေါ့။ ရက်အနည်းငယ်နဲ့ တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲ။


programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ open source နဲပါတ်သက်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင် အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes၊ ဒါမှ မဟုတ်ရင်လည်း OpenSolaris တစ်ခုခုကို သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော် သင်က Windows က ဘာဖြစ်လို့လဲလို့မေးတယ်လား။ သူက binary တွေနဲ့ distribute လုပ်ထားတာလေ။ Code တွေမှ ဖတ်လို့မရတာ။  ပြင်လို့လည်းမရဘူးလေ။ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာရမယ်ဆိုရင် အလွယ်ကူဆုံး အနေနဲ့ Linux ကိုသာ ကောက်ကိုင်လိုက်စမ်းပါ။ မပူပါနဲ့ ။ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်း တွဲတင်ထားလို့ရပါတယ်။ ကဲ အခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနက်ကိုလည်း အပီ မွှေနှောက်တော့နော်။ အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ။ Beginner တွေအတွက် အသင့်တော်ဆုံးက Ubuntu ဖြစ်လာနေပြီ။  ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လည်း မပူပါနဲ့။ သင့်ကိုကူညီမယ့်သူတွေ အများကြီးရှိနေတယ်လေ။
  

ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုက World Wide Web ကြီးပဲ ဖြစ်ပါတယ်။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်။ HTML ရေးတတ်ဖို့တော့ အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကို စလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီကို ကူးကြည့်။ ဒါလောက်နဲ့တော့ ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခု ရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီး ကျန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ Web ပေါ်မှာ website တွေ များလွန်းလို့။ ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ၊ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကို ကောင်းကောင်းထည့်ရမယ်။ စိတ်ဝင်စားစရာကောင်းအောင် ရေးရမယ်။

ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ။ သင့်ရဲ့ English စာ တတ်မြောက်မှုအဆင့်အတန်းက စကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲ လွမ်းမိုးထားဆဲဖြစ်ပါတယ်။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာ အမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့  အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာ အဆင်ပြေတာများပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာ ပါလာမယ့် comment တွေကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာဟာ သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက်တောင်မှ တစ်ခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိထားရပါမယ်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး၊ သတ်ပုံအမှားကလည်း များမှများဆိုရင် ဘယ်ဟက်ကာကမှ သင့်ရေးတာကို ဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ။  

Hacking ယဉ်ကျေးမှု
 Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကို သင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ၊ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင် အဲဒါက သံသယဖြစ်စရာ ကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကို အခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့ တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေ ရေးကိုရေးရပါမယ်။ အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟက်ကာတွေ၊ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ Soruce တွေကို ချပြရပါမယ်။ အဲဒီ Software မျိုးကို လူတွေက Free Software လို့ခေါ်တတ်ကြပါတယ်။ တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းမှတ်တမ်းထဲမှာတော့ 1996 ခုနှစ်ပိုင်း လောက်အထိ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 ခုနှစ် နောက်ပိုင်းကျမှ ဒီ Culture က ပြောင်းလဲလာတာလို့ ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေ အစပြုသင့်ပါတယ်။ သင်စိတ်ဝင်စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကို ကူညီစမ်းသပ်ပေးမယ်။ ကူညီပြီး အမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်၊ အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီး သင်သိလာပါလိမ့်မယ်။ နောက်တစ်ခု အရေးကြီးသေးတာက  ဥပမာ FAQs  လိုဟာမျိုးတွေ သင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကို လူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ ရှိလေ့မရှိပါဘူး။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစား   ပေးပါတယ်။


Hacker Mindset (သို့) Hacker တစ်ယောက်ရဲ့ အမူအကျင့်များ

အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ရပါမယ်။  ဟက်ကာ တွေဟာ စာအရေးအသား အင်မတန်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ကရာတေး၊ တိုက်ကွန်ဒို၊ ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်း ကောင်းပါတယ်။ တေးဂီတကိုလည်း ခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကို တီးတတ်ရင် ကောင်းပါတယ်။ ဒါတွေက အရမ်းကြီး အရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ဟက်ကာအများစုဟာ အများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလည်း ကျွမ်းကျင်သူတွေပါ။ System Administration, web design ၊ ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလည်း  Skill ကောင်းကောင်း ရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်။ သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ဒါဆိုရင်တော့ Hacking အကြောင်းက တော်တော် ပြည့်စုံနေပြီလို့ထင်ပါတယ်။ သင်တို့အနေနဲ့လည်း ဟက်ကာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အဓိကက အမှန်အကန် ဟက်ကာ တစ်ယောက်လို ကျင့်ကြံဖို့ရယ်၊ အများကို ပြန်လည်မျှဝေမှသာလျှင် လူတကာလေးစား အားကျရတဲ့ ဟက်ကာတစ်ယောက်ဖြစ်လာမယ် ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။

အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် .. သူရ 

Source : Myanmar ICT Journal
 

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး