Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်

GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင်
ရောင်းမည်

လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။ လာမယ့် ဘတ်ဂျက် နှစ်စမှာတော့ ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင် ဖြစ်မှာပါပဲ”ဟု မြန်မာ့ဆက်သွယ်
ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါဖုန်းများ ရောင်းချ
ရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်ရန် အစီအစဉ်များ
ဆောင်ရွက်လျက်ရှိပြီး ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချစဉ်က ရောင်းလို
အားနှင့် ဝယ်လိုအား မမျှတမှုကြောင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းတွေဈေးကျရင် လက်ရှိ ဖုန်းကိုင်နိုင်မယ့် လူဦးရေထက် ထက်ဝက်ကျော် ဖြစ်သွားမှာပါ။ လက်ရှိမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေလဲ ရှိပါတယ်” ဟု ယင်းက ထပ်မံပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန် GSMဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အိုင်တီလုပ်ငန်း လုပ်ကိုင်နေသူ ကိုမိုးဟိန်းက “လူတိုင်း ဖုန်းကိုင်နိုင်ရုံနဲ့ မပြီးဘူး။ လိုင်းတွေကောင်းဖို့လဲ အရေးကြီးပါတယ်။ တခြားနိုင်ငံတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို အမီလိုက်နိုင်မှ တော်ကာကျမယ်။ အခုဆိုရင် ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍက ပိုပြီး ပါဝင်လာတဲ့အတွက် အဆင့်တစ်ခုတော့
မြင့်မားလာမှာပါ” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကနဦး
အနေဖြင့် ဂျီအက်စ်အမ်ဖုန်းများကို ရောင်းဈေး ကျပ် ၁၅ သိန်းဖြင့် လည်းကောင်း၊ ယင်းမှတစ်ဆင့် ကျပ်ငါးသိန်းဖြင့် လည်းကောင်း လျှော့ချပေးခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်နှစ်သိန်းသို့ အဆင့်ဆင့် လျှော့ချပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
 

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး