Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

‎ဂျပန် နစ်ဆန်း ကားစက်ရုံ တည်ရန် ပဲခူးတွင် မြေရှာနေ



ဂျပန်နစ်ဆန်းကား ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်အတွက် ပဲခူးတွင် မြေ ဧက ၁ဝဝရှာဖွေလျက်ရှိကြောင်း စက်မှုကုန်ထုတ်သူများ အသင်း မှ သိရသည်။
''ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို လည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်း လုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်''ဟု စက်မှုကုန်ထုတ်သူ အသင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မလေးရှား အခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည်ဆောက် ရန် မြေနေရာရှာဖွေခြင်းဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေနေရာအား လေ့လာ ၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
"CKD စနစ်နဲ့လုပ်မယ် ပြောတယ်။ ဟိုတယ်ကနေပစ္စည်းတွေ ယူလာပြီး ဒီမှာတပ်ဆင်ထုတ်လုပ်သွား မှာပါ''ဟု ကုန်သည်စက်မှု အသင်းချုပ် အလုပ်အမှုဆောင် ဦးအေးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီများအပြင် ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများလည်းများစွာ လိုအပ်နေသေးကြောင်း စက်မှု ကုန်ထုတ်သူများ အသင်းမှ ဦးဇော်မင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကားများ အနက် ၉၈ ရာခိုင်နှုန်းမှာ ဂျပန် ကားများဖြစ်ပြီးတရုတ်ကား မှာ ၂ ရာခိုင်နှုန်းခန့်ရှိကာ ကျန် ကားများမှာ ဝ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း ကုန်သည်စက်မှု အ သင်းချုပ် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။

ဝေယံမိုးမြင့်၊ ညွန့်ဝင်း

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး