Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

အော်ဂင်းနစ်ကွန်ပေါင်းဓာတ်မြေသြဇာများ အကြောင်း

ဓာတ်မြေသြဇာ၊ သဘာဝအော်ဂင်းနစ်မြေသြဇာ၊ အော်ဂင်းနစ်ကွန်ပေါင်းဓာတ်မြေသြဇာများအကြောင်း
ဂရိတ်ဝေါ(လ်)ကွန်ပေါင်းဓာတ်မြေသြဇာ မှထုတ်ဝေသော လက်ကမ်းကြော်ငြာအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
အပင်များအတွက် မရှိမဖြစ်လိုအပ်သော အဟာရဓါတ်(၃)မျိုး
    (၁)အပင်များကြီးထွားသန်မာဖွံ့ဖြိုးမှုနှင့်သီးနှံအထွက်တိုးစေရန်အတွက် မဖြစ်မနေ လိုအပ်သော အဟာရဓါတ်(၃)မျိုးမှာ (N.P.K) ဖြစ်ပြီး သဘာဝအော်ဂင်းနစ်မြေဆီလွှာများတွင် လည်းကောင်း၊ ဓါတုနည်းဖြင့်ပြုလုပ်ထားသော ပစ္စည်းများတွင် လည်းကောင်းပါဝင်ကြသည်။ N နိုက်ထရိုဂျင် ဓါတ်ပေါင်းသည် အပင်များ၏ ပင်စည်၊ အရွက်နှင့် အမြစ်၊ အသီးတို့အား ဖွံ့ဖြိုးကြီးထွားစေပြီး သီးနှံများ၏အရည်အသွေး၊ အဟာရ၊ အထွက်နှုန်းတို့ကို မြင့်မားစေသည်၊ P ဖော့စဖိတ်ဓါတ်ပေါင်းသည် သီးနှံများ၏ အရည်သွေး၊ အဟာရဓါတ်၊ အချိုဓါတ်၊ အဆီဓါတ်၊ ကော်မှုန့်ဓါတ်များအား တိုးပွားစေသည်။ အပင်များအား အမျိုးမျိုးသော ရာသီဥတုဒါဏ်နှင့်စိုက်ပျိုးမြေဆားဓါတ်မပေါက်စေရန် တို့ကို ကာကွယ်ပေးသည်။ K ပိုတက်ဆီယမ်ဓါတ်ပေါင်းသည် အပင်မပြိုလဲစေရန် အမြစ်နှင့်ပင်စည်တို့၏ ကြံ့ခိုင်မှုကို ဖြစ်စေသည်။ သီးနှံများ၏ ရင့်မှည့်မှုကို ညီစေပြီး သီးနှံများ၏ အရောင်၊ လတ်ဆတ်မှု၊ အရည်အသွေး၊ အထားခံနိုင်မှု တို့ကိုအားပေးသည်။ အမျိုးမျိုးသော ရာသီဥတုဒါဏ်၊ ပိုးမွှားဒဏ်တို့မှ လည်းကာကွယ်ပေးသည်။
ဓါတ်မြေသြဇာ(N.P.K)
    (၂)ဓါတုနည်းဖြင့် ပြုလုပ်ထားသော ဓါတ်မြေသြဇာ(N.P.K)၏အားသာချက်မှာ - အဟာရ ဓါတ်အားအပြည့်အ၀ပါရှိပြီး အပင်များအတွက် အကျိုးဖြစ်ထွန်းမှုလျှင်မြန်သည်၊ သစ်ပင်သီးနှံများ၏ ပင်စည်၊ အကိုင်း၊ အရွက်၊ အသီးအပွင့်၊ သစ်ဥတို့အား လျှင်မြန်စွာဖွံ့ဖြိုးကြီးထွားစေသည်။ သီးနှံများအား အဟာရဓါတ်မျိုးစုံပြည့်ဝစေသည့် အပြင် သစ်သီး၊ သစ်စေ့၊ သစ်ဆံ၊ သစ်ဥတို့၏ အချိုဓါတ်၊ အဆီဓာတ်၊ ကော်ဓါတ်များကို ပိုမိုဖြည့်တင်းပြည့်ဝ စေပါသည်။ (N.P.K) အားအချိုးကျထည့်ခြင်းဖြင့် သီးနှံအထွက်နှုန်းအောက်တန်းတက်စေပြီး ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိကာ ၀င်ငွေတိုးမြှင့်ရရှိစေပါသည်။
    (၃)ဓါတုနည်းဖြင့် ပြုလုပ်ထားသော (N.P.K)ဓါတ်မြေသြဇာများအား သီးသန့်ရေရှည်သုံးစွဲလျှင် မြေဆီလွှာအားပျက်စီးစေ၍ မြေဆီလွှာအား အလွှားလိုက်၊ အချပ်လိုက်မာကြောမှုဖြစ်စေပြီး မြေမျက်နှာပြင်ရှိ အော်ဂင်းနစ်မြေသြဇာများအား ခန်းခြောက်စေသည်၊ မြေကြီးလေ၀င်လေထွက်နှင့် ရေစုပ်ယူထိန်းသိမ်းနိုင်မှုအား လျော့နည်းစေခြင်း၊ အကျိုးပြုဇီဝပိုးမွှားအရေအတွက်လျှော့နည်းစေခြင်း၊ အချိန်နှင့်အမျှမြေဆီဆုတ်ယုတ်ခန်းခြောက်စေခြင်းတို့ဖြစ်စေပါသည်၊ ချက်ချင်းအကျိုးပြုနိုင်သော်လည်း ဓါတ်အားနှင့်မြေဆီတို့အား ကြာရှည်မထိန်းသိမ်းနိုင်ပါ။ အလွန်အကျွံသုံးစွဲလျှင် အချည်ဓါတ်နှင့်ဆားဓါတ်ပေါက်စေပြီး မြေပျက်စီးကာ ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည်။
သဘာဝအော်ဂင်းနစ်မြေသြဇာများ
    (၄)ဓါတုပစ္စည်းများမပါဝင်သော ကြံမြုပ်ချေးများ၊ တိရစ္ဆာန်တို့၏ စွန့်ပစ်ပစ္စည်းများ၊ သစ်ရွက်ဆွေးများ၊ သီးနှံများ၏ ကြိတ်ဖတ်များ၊ ပြာများ၊ စွန့်ပစ်ရေအနည်အနစ်တို့ဖြင့်စိမ်ထားသည့်မြေသားများပါဝင်သည်။ သဘာဝအော်ဂင်းနစ်ဓါတ်များပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်သည်-
    
စဉ်အမျိုးအမည်သဘာဝ အော်ဂင်းနစ်
ပါဝင်မှု%
N
ပါဝင်မှု%
P
ပါဝင်မှု%
K
ပါဝင်မှု%
N.P.K
ပါဝင်မှု%
ကြံမြုပ်ချေး ၆၀၁.၁၉၃.၁၃၀.၅၂၄.၈၄
ပဲဖတ်၆၅၅.၀၃၁.၂၁.၃၇.၅၃
နှမ်းဖတ်၆၀၄.၈၂.၂၁.၅၈.၅
ဆိတ်ချေး၂၈၀.၆၅၀.၅၀.၂၅၁.၎
ကြက်ချေး၂၅.၀၁.၆၃၁.၅၄၀.၈၅၄.၀၂
ဝက်ချေး၁၅၀.၅၆၀.၄၀၀.၄၄၁.၎
နွားချေး၁၄.၅၀.၃၂၀.၂၅၀.၁၅၀.၇၂
    (၅)သဘာဝအော်ဂင်းနစ်တွင် N.P.K (၃)မျိုးစလုံးပါဝင်ပြီးအကျိုးပြုဇီဝပိုးများရှင်သန်ပွားများစေခြင်း၊ မြေဆီမြေနစ်များအားအစဉ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းပေးခြင်း၊ မြေအစိုဓါတ်ကို ထိန်းသိမ်းပေးခြင်း၊ (N.P.K) အားမြေကြီးထဲကြာရှည်ထိန်းသိမ်းပေးခြင်း၊ အပင်များ၏အဟာရဓါတ်စုပ်ယူနိုင်မှုကို ပိုမိုအားပေးခြင်း၊ မြေ၏အညစ်အကြေးများအား ပြုပြင်ပေးခြင်းတို့ကို ဖြစ်စေပါသည်။

ဂရိတ်ဝေါ(လ်)ကုမ္မဏီမှ ထုတ်လုပ်ထားသည့် အော်ဂင်းနစ်ကွန်ပေါင်း ဓါတ်မြေသြဇာနှင့် အော်ဂင်းနစ်မြေသြဇာများ
    (၆)နိုင်ငံတကာစံသတ်မှတ်ချက်တွင် အော်ဂင်းနစ်ကွန်ပေါင်းမြေသြဇာ၌ N.P.K အား(15%)၊ အော်ဂင်းနစ်အား (20%)နှင့် အော်ဂင်းနစ်မြေသြဇာတွင် N.P.K အား (30%) အသီးသီးပါဝင်ရမည်၊ ဂရိတ်ဝေါ(လ်)အော်ဂင်းနစ်ကွန်ပေါင်းမြေသြဇာတို့သည် သကြားစက်ရုံထွက်သည့် ကြံမြုပ်ချေး၊ ပြာများနှင့်စိမ်ရည်တို့ဖြင့် ပြုစုထားရှိသည့် မြေဆီမြေနစ်များတို့ဖြင့် ပေါင်းစပ်ထားသည့် အင်းအားပြည့်အော်ဂင်းနစ်များနှင့် N.P.K ဓါတ်မြေသြဇာတို့အား နိုင်ငံတကာစံနှုန်းထက်မနည်းသည့် အချိုးဖြင့် ထည့်သွင်းပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် ဂရိတ်ဝေါ(လ်)မြေသြဇာများသည် အကောင်းဆုံးမြေသြဇာများ ဖြစ်သည်။
    (၇)သဘာဝအော်ဂင်းနစ်အား (၂၀%)ထက်မနည်းထည့်သွင်းထားခြင်းကြောင့် အကျိုးပြုဇီဝ ပိုးမွှားများ ရှင်သန်တိုးပွားစေခြင်း၊ မြေအစိုဓါတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာအား တစ်နှစ်ထက်တစ်နှစ်ကောင်းမွန်စေခြင်းတို့အပြင် အပင်များ၏ အဟာရထုတ်ယူစားသုံးမှု(၄)ဆမှ(၁၀)ထိတိုးမြှင့်စေပါသည်၊ ဂရိတ်ဝေါ(လ်)မှထုတ်လုပ်သော မြေသြဇာတစ်အိတ်(၃၀)ပိဿာသို့မဟုတ်(၅၀)ကီလိုတွင် ပါဝင်သော အော်ဂင်းနစ်အားသည် နွားချေး(၆၀)ပိဿာတွင် ရှိအော်ဂင်းနစ်အားထည့်သွင်းထားခြင်းနှင့် ညီမျှပါသည်။
    (၈)ဂရိတ်ဝေါ(လ်)အော်ဂင်းနစ်ကွန်ပေါင်းဓါတ်မြေသြဇာနှင့် အော်ဂင်းနစ်မြေသြဇာတို့သည် မည်သည့်သီးနှံမဆို စတင်စိုက်ပျိုးသည့် ရာသီတွင်ပင်လျှင်မြန်စွာ အကျိုးပြုပြီး သီးနှံအထွက်တိုးစေသည်။
အသုံးပြုရန် အညွှန်း
(၉)မြေခံ။    တစ်ဧကလျှင် N.P.K အား (၃၀%)မှ (၂၀%)ထိ ပါသော မြေသြဇာအမျိုးအစား(၂)အိတ်နှင့် N.P.K အား (၁၀%)နှင့်အော်ဂင်းနစ်အား(၃၀%)ပါဝင်သော ဓါတ်မြေသြဇာအမျိုးအစား(၁)အိတ်မှ (၂)အိတ်ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံသက်တမ်းတစ်လျှောက်လုံး အာနိသင်ရရှိပြီး အောက်တန်းတက်စေပါသည်။
(၁၀)မြေသြဇာများညံ့ဖျင်းပျက်စီးနေသောမြေ။    မြေတစ်ဧကလျှင် N.P.K အား(၁၀%)နှင့် အော်ဂင်းနစ်အား(၃၀%)ပါသော အော်ဂင်းနစ်မြေသြဇာ(၂)အိတ်မှ(၄)အိတ်အထိ ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း(သို့မဟုတ်)အော်ဂင်းနစ်မြေသြဇာ(၂)အိတ်နှင့် N.P.K အား(၂၀%)မှ(၃၀%)ပါရှိသော မြေသြဇာ(၁)အိတ်ဖြင့် ရောစပ်၍ ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ ရေခန်းခြောက်နေသောမြေအား အစိုဓါတ်တိုးတက်ရရှိကောင်းမွန်လာစေခြင်း၊ မြေဆီမြေနစ်များ အထူးကောင်းမွန်လာစေခြင်း၊ မြေသားအရောင်မည်းနက်လာစေခြင်း စသော အကျိုးထူးများ ရရှိစေပါသည်။
တောင်သူဦးကြီးများ မြေကြီးမှရွှေသီးဖို့ဂရိတ်ဝေါ(လ်)မြေသြဇာများကို ၀ယ်ယူအသုံးပြုကြပါစို့။
စပါးပြီး ပဲပါကောင်းစေဖို့ ဂရိတ်ဝေါ(လ်)မြေသြဇာများကို ၀ယ်ယူအသုံးပြုကြပါစို့။








No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး