Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု

ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု နှင့်ပတ်သက်၍ ဆောင်းပါးရှင် Lester R Brown ၏ဆောင်းပါးအား 23.5.2011 နေ့ထုတ် နိုင်ငံတကာသတင်းဂျာနယ်တွင်  ပြည်စိုး၏ ရေးသားဖော်ပြထားမှုအား ကောက်နုတ်ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
    စားနပ်ရိက္ခာကို တောင်းဆိုနေသော (Demand) ဘက်ကိုကြည့်ပါက အချက်သုံးချက်ကိုတွေ့နိုင်သည်ဟု ဆိုသည်၊ ပထမလူဦးရေတိုးတက်လာမှု(Population growth)ဖြစ်သည်၊ နေ့စဉ် ထမင်းစားဝိုင်းများတွင် လူဦးရေ 219000 ခန့်တိုးနေသည်ဟု ဆိုသည်၊ အချို့မှာ စားစရာပန်းကန်ရှိသော်လည်း ထမင်းနှင့်ဟင်းဗလာဖြစ်နေသည်၊ ဒုတိယအချက်မှာ ကြွယ်ဝချမ်းသာမှု (Affluence) တိုးပွားလာခြင်းဖြစ်၏၊ သုံးဘီလီယံမျှသော လူများသည် ပိုမိုစားသောက်နိုင်စွမ်းရှိကြသည်၊ အသား၊ နို့နှင့် ကြက်ဥများ၊ ဖြစ်သည်၊ အားလုံးမှာ ကောက်ပဲသီးနှံနှင့် ဆက်စပ်နေသော စားသောက်စရာများဖြစ်ကြသည်၊ ကောက်ပဲသီးနှံပမာဏ အမြောက်အမြားကို မော်တော်ကားများတွင် လောင်စာဆီအဖြစ် လွှဲပြောင်းအသုံးပြုရန် လုပ်ဆောင်နေသည့် ကိစ္စသည် တတိယအချက်ဖြစ်သည်၊
    အမေရိကန်နိုင်ငံတွင် သီးနှံတန်ပေါင်း 400 ခန့်သည် အီသနောလ် (Ethanol) စက်ရုံများဆီသို့ ရောက်ရှိနေသည် ဟု ၄င်းကဆိုသည်။
    9.5.2011 နေ့တွင်ထုတ်ဝေသော နိုင်ငံတကာသတင်းဂျာနယ်တွင် ဆောင်းပါးရှင် ကိုတင်ဇော်မင်း ၏ သတင်းဆောင်းပါးအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
အစားအစာ ငတ်မွတ်နေသော နိုင်ငံတွင် ကောက်ပဲသီးနှံတစ်စေ့ မျှပင် အလေအလွင့်ဖြစ်ပေါ်စေခြင်းသည် ရာဇ၀တ်မှု ဖြစ်သည်ဟု ဗဟိုတရားရုံးချုပ်ကပင် ပြောခဲ့သည်၊ အစားအသောက် ငတ်မွတ်သည့်နိုင်ငံများကိုစိစစ်သည့် International food Policy Research Institute ၏Global Hunger Index သတ်မှတ်ချက်အရ 84 နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် 67 အဆင့်တွင် ရှိပြီး ရ၀မ်ဒါ၊ ဇင်ဘာဘွေ၊ ပါကစ္စတန်တို့အောက်တွင် ရှိနေသည်ဟု ဆိုသည်၊ အိန္ဒိယနိုင်ငံအနေဖြင့် ဆိုခဲ့ပြီးသော အလေအလွင့် အားလုံးကို ရာနှုန်းပြည့် ထိန်းသိမ်းနိုင်သည့်တိုင် နိုင်ငံသူ၊ နိုင်ငံသားများအား ၀၀လင်လင်ကျွေးမွေးနိုင်ရန် နောက်ထပ်သီးနှံ တန်ပေါင်းသန်း 60 ခန့်လိုအပ်မည်ဟုဆိုသည်။



No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး