Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဓာတ်မြေသြဇာ အတုလျော့နည်းအောင်ပြုလုပ်သွားမည်ဟုဆို

ပြည်သူ့ခေတ်ဂျာနယ်မှ ကိုပိုင်စိုးဦး ၏ရေးသားတင်ပြထားမှုအား ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်-
    လတ်တလော လယ်သမားများတွင် ဖြစ်နေသည့်ပြဿနာများကို စစ်ဆေးပြီး လျော့နည်းအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေး မန်နေဂျာ ဦးအေးကိုကိုကပြောသည်၊ "ပထမအနေနဲ့ ဓာတ်မြေသြဇာအတုရောင်းတာလား အစစ်ရောင်းတာလားကို ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီက ရောင်းတဲ့ဆိုင်တွေကို လိုက်ပြီးစစ်မယ်၊ နောက်ပြီး လယ်သမားတွေကို ဓာတ်မြေသြဇာအတုနဲ့ပတ်သက်ပြီးပညာပေးမှုတွေ ပြုလုပ်သွားမယ်"ဟု ဦးအေးကိုကိုကရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချသည့်ဆိုင်များ မှတ်ပုံတင်ထာဒခြင်းရှိမရှိ ကိုလိုအပ်သလို စစ်ဆေးသွားမည် ဖြစ်ပြီး ရောင်းချသည့် ဓာတ်မြေသြဇာများလည်း မှတ်ပုံတင်ထားခြင်းရှိ/မရှိ ကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးခြင်းအပြင် ဓာတ်မြေသြဇာများတွင် ဖော်ပြထားသည့် ဓာတ်မြေသြဇာ အဟာရ အချိုးအဆများ မှန်မှန်ကန်ကန် သုံးစွဲထားခြင်းရှိ/မရှိ ကို ဓာတ်မြေသြဇာ ရောင်းချသည့် ဆိုင်များမှ နမူနာများ ယူကာ စိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "စစ်ဆေးလို့ မှတ်ပုံတင်ထားတာမရှိတဲ့ ဓာတ်မြေသြဇာ ရောင်းတာတွေ့ရင် ပထမအနေနဲ့ ပညာပေးမယ်၊ ဒုတိယ အနေနဲ့ပညာပေးမယ်၊ တတိယအကြိမ် ဆိုရင်တော့ လိုင်စင်သိမ်းသည်အထိ အရေးယူပါမယ်"ဟု ဦးအေးကိုကိုက ရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချခွင့်လိုင်စင်များကို 2010 ခုနှစ်မှစတင်ချထားပေးလျှက်ရှိရာ မှတ်ပုံတင်ထားသည့် မည်သည့် ဓာတ်မြေသြဇာမဆို ရောင်းချနိုင်ပြီး လိုင်စင် သက်တမ်းမှာ နှစ်နှစ်ခန့်ရှိကြောင်း၊ ဓာတ်မြေသြဇာ ရောင်းချခွင့် လိုင်စင်မှာ တစ်ဆိုင်လျှင် ကျပ် 5 သောင်းခန့် ရှိကြောင်း ဦးအေးကိုကိုက ပြောသည်၊ ဓာတ်မြေသြဇာ အတုဆိုသည်မှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဓာတ်မြေသြဇာများကို ဆိုလိုပြီး တောင်သူများအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာများသာ ၀ယ်သုံးသင့်ကြောင်း၊ တချို့အမျိုးအစားမှာ ဓာတ်မြေသြဇာအိတ်တွင် ဖော်ပြထားသည့် အဟာရပမာဏကို လျော့နည်းအောင် ပြန်လည်ပြုပြင်ပြုလုပ်ထားသည်ကိုတွေ့ရကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "ဒီနှစ် ဒီလောက်ကောင်းတဲ့ဟာက နောင်နှစ်လည်းကျရော အရည်အသွေးကလျော့သွားတယ် ဒါနဲ့ပြန်နောက်ထပ်အသစ်ကို ပြန်သုံးကြတယ်၊ အဲတော့ သူရဲ့အရည်အသွေးက မမှန်တော့လို့စပါးမှာ သွားပြီးထိခိုက်တာ" ဟုသနပ်ပင်မြို့နယ်ရှိတောင်သူတစ်ဦးကဆိုသည်၊ တောင်သာတို့ မြင်းခြံတို့ ဘက်ကထုတ်တဲ့ မြေသြဇာတစ်ခုဆိုရင် အိတ်ထဲမှာ မြေကြီးခဲတွေရောထည့်တာမျိုးတောင် လုပ်တယ်၊ တောင်သူတွေကလည်း အညိုရောင်တို့ အ၀ါရောင်တို့ ဆိုရင်ကောင်းတယ်ထင်တာ၊ နောက်ပြီး အဲဒါတွေကလည်း ဈေးပေါတယ်ဟု ဦးကိုကိုကြီးက ပြောသည်၊ 
    လယ်သမားများ အသုံးပြုနေကြသော နာမည်ကြီးဓာတ်မြေသြဇာများမှာ ပုလဲ၊ တီစူပါ၊ အစရှိသည်တို့ဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်၊ ထိုင်းအစရှိသည့် နိုင်ငံများမှတင်သွင်း သည့်ဓာတ်မြေသြဇာများလည်းရှိသေးကြောင်း တောင်သူများကဆိုသည်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်း ထုတ်လုပ်မှုမလုံလောက်သည့် အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှ မှာယူတင်သွင်းနေရပြီး ယင်း အခြေအနေအောက်တွင် ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမပြည့်မီသည့် ဓာတ်မြေသြဇာများ တဖြည်းဖြည်းများပြားလာနေကြောင်း သိရသည်၊



No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး